ထိုင်းနိုင်ငံ တပ်ခ်ခရိုင် မဲဆောက်မြို့နှင့် မြန်မာဘက်ခြမ်း နယ်စပ်ထွက်ပေါက် မြဝတီမြို့တို့ကို ဆက်သွယ်ထားသည့် ထိုင်း- မြန်မာ ချစ်ကြည်ရေး ဒုတိယမြောက် ချစ်ကြည်ရေးတံတားကို အင်္ဂါနေ့တွင် ဖွင့်လှစ်ရန် ပြင်ဆင်လျှက်ရှိသည်။
တံတားဖွင့်ပွဲကို နှစ်နိုင်ငံ နယ်ခြား တံတားအလယ်တွင် ပြုလုပ်မည်ဖြစ်ပြီး အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာတို့ တက်ရောက်မည်ဖြစ်သည်။
ယခုအခါ ဒေါ်အောင်ဆန်းစုကြည်သည် ဘားအံမြို့သို့ ရောက်ရှိနေပြီဖြစ်သည်။
မဲဆောက်မြို့တော်ဝန် Therdkiat Chinsoranand ဖွင့်ပွဲ ပြင်ဆင်နေမှုကို ယမန်နေ့က လာရောက်ကြည့်ရှု့ စစ်ဆေးခဲ့ပြီး တံတားနှင့်အတူ ဒုတိယမြောက်မဲဆောက်နယ်စပ်စခန်းကိုလည်း ဖွင့်လှစ်သွားရန်ရှိသည်။
အခမ်းအနားသို့ တက်ရောက်ကြမည့်ပြည်သူများအတွက် ထိုင်းဘက်ခြမ်းတံတားထိပ်တွင် ယာယီရွက်ဖျင်တဲများနှင့် ယာယီရေအိမ်တို့ ထားရှိပြီးဖြစ်သည်။