သတင်း

ခွေး သောင်းကျန်းများ ရှိက တိုင်ကြားနိုင်

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့ ရပ်ကွက်၊ မြို့နယ်များ၌ ခွေးလေ ခွေးလွင့် သောင်းကျန်းမှု ရှိပါက ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ် စည်ပင် သာယာ ရုံးများမှ တဆင့် ဆက်သွယ်ပြီး သတင်းပေး တိုင်ကြားနိုင်ကြောင်း YCDC က ပြောကြားသည်။

သတင်းပေး တိုင်ကြားသည့် နေရာများကို ဦးစားပေး ဖြေရှင်းနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) မှ တွဲဖက် အတွင်းရေးမှူး ဦးသန်းက ဧရာဝတီသို့ ပြောသည်။

“ဒီနေရာမှာတော့ ခွေးတွေ သောင်းကျန်းနေတယ် ဆိုရင် မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးတွေ ရှိပါတယ်။ သူ တို့က တဆင့် ဆက်သွယ်လိုက်ရင် အဓိက သောင်းကျန်းနေတဲ့ နေရာတွေကို ဦးစားပေးပြီးတော့ လိုက်ဖြေရှင်းပေး နေပါ တယ်။ နည်းလမ်း ၃ သွယ်နဲ့တော့ ခွေးလေခွေးလွင့် ထိန်းသိမ်းရေးကို လုပ်ပေးနေတယ်”ဟုလည်း ၎င်းက ပြောပြသည်။

ခွေးစောင့်ရှောက်ရေး ဂေဟာ ပို့ခြင်း၊ သားဆက်ခြား ထိန်းသိမ်းရေး လုပ်ငန်းလုပ်ခြင်းနှင့် ရှင်းလင်းခြင်း စသည့် နည်းလမ်း သုံးခုကို အသုံးပြုနေသော်လည်း လတ်တလော၌ ခွေးလေခွေးလွင့် ပြဿနာရပ်ကို သီးခြား ဖြေရှင်းရန် အတွက် ဘတ် ဂျက် လျာထားချက် မရှိသဖြင့် နိုင်နင်းရန် မလုပ်နိုင်သေးကြောင်း YCDC က သိရသည်။

ဦးသန်းက“လူအင်အားလည်း လိုတယ်၊ ငွေအင်အားလည်း လိုတယ်။ ဆေးထိုးဖို့ အတွက် ပစ္စည်း ဝယ်ရမယ်။ ဒီလုပ်ငန်း အတွက် တိ/ကုမှာ ခန့်ထားတာက အများကြီး မရှိဘူးလေ။ ရှိတဲ့သူကပဲ သွားပြီးတော့ Dog Shelter တွေ လိုက်ပို့ရတယ်။ ထိန်းသိမ်းရေး လုပ်ငန်းတွေ လုပ်ရတာ ရှိတယ်။ မလွှဲမရှောင်သာရင် တခြားနည်းလမ်းနဲ့ ဖြေရှင်းရတာ ရှိတယ်”ဟု ဆို သည်။

မြို့တော် စည်ပင်မှ ခွေးလေခွေးလွင့် ပြဿနာကို ဖြေရှင်းနေကြောင်း ဆိုသော်လည်း ပြည်သူ လူထုကြားတွင် ခွေးလေ ခွေးလွင့် ပြဿနာသည် ကြီးမားလျက် ရှိသည်။

စမ်းချောင်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုဦးက ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အတွင်း စမ်းချောင်း မြို့နယ် တွင် လူဦးရေ ၆၀၀ ကျော် ခွေးကိုက်ခံခဲ့ရကာ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး မလုံလောက်မှုများ ကြုံတွေ့ခဲ့ရကြောင်း ပြောသည်။

“ကျနော့် မြို့နယ်မှာ မနှစ်က ဆိုရင် အားလုံးပေါင်း ၆၀၀ ကျော် အကိုက်ခံရတာ ရှိတယ်။ ကျနော်တို့ ကတော့ ဒီလိုဒီလိုပဲ အန္တရာယ် ရှိတယ် ဆိုတာကို ပြောပြီးပြီ ကျန်တာကတော့ စည်ပင်သာယာရေး ကနေ လုပ်ရမယ့် ကိစ္စ ဖြစ်ပါတယ်။ ခွေးလေ ခွေးလွင့်တွေကို ဖမ်းပြီးတော့ ခွေးကာကွယ်ရေး စောင့်ရှောက်တဲ့ ဂေဟာကို ပို့တယ် ဆိုတာ ဟန်ပြပုံစံပဲ ဖြစ် နေတယ်”ဟု ၎င်းက ဆိုသည်။

ဆက်လက်ပြီး ဦးဘိုဘိုဦးက“ခွေးလေခွေးလွင့် စောင့်ရှောက်ရေး ဂေဟာက ၂၀၁၇ ခုနှစ် နှစ်ကုန်ခါနီးမှာ ကတည်းက ပြီးပြီ ဗျာ။ ရွှေ့မယ် ဆိုရင် အကုန်လုံး ဖမ်းပေါ့ဗျာ။ အခုက ကျနော်တို့ဆီမှာ လျော့မှ မသွားတာ၂၀၁၈ ခုနှစ်ထဲမှာတင် အကိုက်ခံ ရ တာ ၆၀၀ ကျော်တယ်”ဟုလည်း ပြောဆိုသည်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၊ ကမ္ဘာ့ တိရစ္ဆာန် ကျန်းမာရေး အဖွဲ့တို့က တိရစ္ဆာန်မှ လူသို့ ကူးစက်တတ်သော အရေးကြီးဆုံး ရောဂါ သုံးမျိုး အနက် ခွေးရူး ရောဂါကို ပထမ အရေးကြီးဆုံး အဖြစ် ထည့်သွင်းထားကြောင်းနှင့် မြန်မာနိုင်ငံတွင် ခွေး ကောင်ရေ ၃ ဒသမ ၈ သန်း ခန့်ရှိပြီး လူကို ခွေးကိုက်ခံရမှု တသောင်းခွဲမှ ၂ သိန်းခန့် အထိ ရှိနေကြောင်း ဇန်နဝါရီလက ပြည်သူ့လွှတ်တော်၌ မင်းလှ ကိုယ်စားလှယ် ဒေါက်တာ သန်းအောင်စိုးက တင်ပြသွားသည်။

မကြာခင်ကပင် ခွေးကိုက်ခံရသည့် ကုမ္ပဏီ ဝန်ထမ်း မဝေနှင်းက“အကိုက်ခံရတဲ့ ဒဏ်ရာကြောင့် အလုပ်ပျက် အကိုင်ပျက် ထိုင်ထရလည်း ခက် ဒုက္ခ ရောက်တယ်။ အခုဆို ခွေးတွေ့တာနဲ့ သူနဲ့ အဝေးဆုံးက ကွေ့ပတ်ပြီး သွားတယ်။ ဝေးဝေးက ရှောင်တယ်။ နောက်တခုက အရင်ကဆို ခွေးရူး ကာကွယ်ဆေးကို ဆေးရုံတွေက အခမဲ့ ထိုးပေးပေမယ့် အခုကျတော့ ဝယ်ထိုးရတယ်။ ၁ လုံး ၁ သောင်းခွဲနဲ့ ၄ လုံးကို ၆ သောင်း ဖိုးထိုးရတော့ ငွေကြေး မပြည့်စုံတဲ့သူတွေဆို အခက်အခဲ ရှိ နိုင်ပါတယ်”ဟု ပြောဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading