• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထိုင်းစစ်တပ် လိုလားသောပါတီ ရွေးကောက်ပွဲတွင် ဦးဆောင်သောကြောင့် သံသယဖြစ်နေ

by ဧရာဝတီ
25 March 2019
in သတင်း
A A
ထိုင်းနိုင်ငံမြောက်ပိုင်း မဲဟောင်ဆောင်ခရိုင်အတွင်း ကယန်းအမျိုးသမီးများ မဲထည့်စဉ် / Reuters

ထိုင်းနိုင်ငံမြောက်ပိုင်း မဲဟောင်ဆောင်ခရိုင်အတွင်း ကယန်းအမျိုးသမီးများ မဲထည့်စဉ် / Reuters

10.8k
VIEWS
Share on FacebookShare on Twitter

ထိုင်းအထွေထွေရွေးကောက်ပွဲရလဒ်တွင် စစ်တပ်နှင့် ပတ်သက်သောပါတီတခုက ဦးဆောင်နေပြီး စစ်တပ်အကြီးအကဲသည် ဆက်လက်အာဏာရမည့် သဘော ဖြစ်နေသောကြောင့် အဓိက နိုင်ငံရေးပါတီကြီးနှစ်ခုက သံသယဖြစ်ကြောင်း သတင်းများ တနင်္လာနေ့တွင် ဖေါ်ပြကြသည်။

ထိုစစ်တပ်၏ လက်ဝေခံပါတီသည် ပရာယွဒ် ချန်အိုချာ ဝန်ကြီးချုပ်ဆက်ဖြစ်ရေးအတွက် အောက်လွှတ်တော်တွင် မဲအလုံအလောက်ရမရ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

RelatedPosts

ရန်ကုန်ဆန္ဒပြပွဲမှာ အလုပ်သမား ဒုဝန်ကြီး ဘာပြောလဲ (ရုပ်/သံ)

ရန်ကုန်ဆန္ဒပြပွဲမှာ အလုပ်သမား ဒုဝန်ကြီး ဘာပြောလဲ (ရုပ်/သံ)

19 May 2025
135
အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

19 May 2025
2.3k
ကြံ့ခိုင်ရေးပါတီဝင်တွေ လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို ( ရုပ်/သံ)

ကြံ့ခိုင်ရေးပါတီဝင်တွေ လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို ( ရုပ်/သံ)

19 May 2025
127

၂၀၁၄ ခုနှစ်အာဏာသိမ်းမှုအပြီး ပထမဆုံးကျင်းပသော ထို ရွေးကောက်ပွဲ၏ တရားဝင် ရလဒ်ကို အတည်ပြုခြင်း မရှိသေးပေ။

မဲများ၏ ၉၄ ရာခိုင်နှုန်းကို ရေတွက်ပြီးချိန်တွင် ၂၀၀၁ မှစတင်ပြီးရွေးကောက်ပွဲတိုင်းတွင် အနိုင်ရသော ပြည်ပြေးဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို သစ္စာခံသော ဖွေ့ထိုင်းပါတီသည် မျှော်မှန်းထားသကဲ့သို့ ဖြစ်မလာကြောင်း ရှင်းရှင်းလင်းလင်း သိလာရသည်။

ထိုပါတီသည် ပါလီမန်နေရာ အများစုကို ရဖွယ်ရှိနေသော်လည်း အစိုးရကို လွတ်လွတ်ကျွတ်ကျွတ် ဖွဲ့နိုင်မည့် အမတ်နေရာ ၃၇၅ နေရာနှင့် အလှမ်းဝေးနေသေးသည်။

စစ်တပ်လိုလားသော ပလမ် ပရာချာရက်ပါတီက အမတ်နေရာ ၉၈ နေရာသာ နိုင်နေသေးသော်လည်း စစ်တပ်က ခန့်ထားသော ရွေးကောက်ခံရန် မလိုသည့် အထက်လွှတ်တော် အမတ် ၂၅၀ နှင့် ပေါင်းလျှင် ၃၄၈ မဲရနေပြီ ဖြစ်သောကြောင့် ဝန်ကြီးချုပ်ရာထူးအတွက် လုံလောက်သော မဲရရန် ၂၇ မဲသာ လိုတော့သည်။

စစ်တပ်လိုလားသော ပါတီ ထောက်ခံမဲအများအပြားရခြင်းကြောင့် ယခုရွေးကောက်ပွဲသည် တိုင်းပြည်ကို စစ်တပ်နှင့် အထက်လွှာ၏ ချုပ်ကိုင်မှု လျှောချပေးမည်ဟု မျှော်လင့်နေသည့် မဲဆန္ဒရှင်များကို အံ့သြစေခဲ့သည်။

ရွေးကောက်ပွဲစတင်ချိန်ကပင် စစ်တပ်အတွက် စနစ်တကျ မဲလိမ်သည်ဟု ဝေဖန်ကြသော ရွေးကောက်ပွဲရလဒ်အပေါ် သံသယများကို လူမှုကွန်ရက်တွင်ဖေါ်ပြသူ အများအပြားရှိသည်။

“ရွေးကောက်ပွဲ ကော်မရှင် ဖိအားပေးခံရ” နှင့် “ ရွေးကောက်ပွဲကိုလိမ်လည်ခြင်း” စသည့် ထိုင်းဘာသာဖြင့် ရေးသားမှုများသည် ထိုင်းနိုင်ငံ တွစ်တာတွင် ပထမ နှင့် တတိယ ရေပမ်းအစားဆုံးဖြစ်နေသည်။

အချို့မဲဆန္ဒနယ်များတွင် မဲပေးသူအရေအတွက်နှင့် မဲအရေအတွက် ကိုက်ညီမှုမရှိကြောင်း တွစ်တာတွင် ရေးသားသူအများအပြားရှိသည်။

“ တချို့နေရာတွေမှာ မဲအရေအတွက်က မဲပေးသူအရေအတွက်ထက် များနေတာကို သံသယရှိတယ်” ဟု ဖွေ့ထိုင်းပါတီ ပြောခွင့်ရသူ လာဒါဝန် ဝေါင်ဆရီဝေါင်ပြောသည်။ “ မဲဝယ်တယ်ဆိုတဲ့သတင်းတွေကြောင့်လည်း သံသယရှိတယ်” ဟုလည်း သူပြောသည်။ ပါတီ၏ ဥပဒေအဖွဲ့သည် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားရန် စဉ်းစားနေကြောင်းလည်း သူပြောသည်။

လူငယ်များကို ဆွဲဆောင်နိုင်သောကြောင့် ရွေးကောက်ပွဲတွင် ပထမဆုံးဝင်ရောက်သည့် ပါတီသစ်ဖြစ်သည့် Future Forward ပါတီကလည်း မဲအရေအတွက်ကို မေးခွန်းထုတ်နေသည်။

“ သူတို့ထည့်မပေါင်းလို့ ကိန်းဂဏန်းတွေ နဲ့ပတ်သက်ပြီး မူမမှန်တာတွေ အများအပြားရှိနေတာထင်ရှားတယ်။ ဒါကြောင့်လူတွေက ရွေးကောက်ပွဲရလဒ်ကို သံသယဖြစ်တာ” ဟု ပါတီပြောခွင့်ရသူ ပန်နီကာ ဝါနစ်ပြောသည်။

“လူတွေက မဲရလဒ်ကို မယုံကြည်တော့ ကော်မရှင်အနေနဲ့ ဒီပြဿနာတွေကို ဖြေရှင်းရမယ်။ ပြဿနာတွေ အများကြီးဖြစ်လာမယ်” ဟုသူပြောသည်။

စစ်တပ်လိုလားသော ပလန် ပရာချာရက်ပါတီပြောခွင့်ရသူက ပြိုင်ဖက်ပါတီများ၏ ပြောကြားချက်များကို လတ်တလောတုံ့ပြန်ခြင်း မရှိပေ။

ကိုယ်စားလှယ် ၅၀၀ ရှိအောက်လွှတ်တော်ရွေးကောက်ပွဲ၏ တရားမဝင်သေးသော ရလဒ်များကို တနင်္ဂနွေနေ့ ကကြေညာရန် ကော်မရှင်က စီစဉ်ထားသော်လည်း အကြောင်းပြချက်မပေးဘဲ ကြေညာရန် ရွှေ့ဆိုင်းခဲ့သည်။

မဲများ၏ ၉၄ ရာခိုင်နှုန်းကိုရေတွက်ပြီးချိန်တွင် စစ်တပ်လိုလားသော ပလန် ပရာချာရက်ပါတီက မဲ ၇.၆၉ သန်းဖြင့် ဦးဆောင်နေကြောင်း ကော်မရှင်ကကြေညာသည်။ သက်ဆင်နှင့်ပတ်သက်သော ဖွေ့ထိုင်းပါတီက မဲ ၇.၂၃ သန်းရသည်ဟုဆိုသည်။

ဘန်ကောက်နှင့် တောင်ပိုင်းဒေသတွင် လူအများကြိုက်ခဲ့သော ဒီမိုကရက်ပါတီ အမတ် ၃၄ နေရာသာနိုင်သောကြောင့် ပါတီခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း အဘီဆစ် ပါတီခေါင်းဆောင်နေရာမှ နုတ်ထွက်သွားသည်။ ပရာရွတ်ကို ဝန်ကြီးချုပ်အဖြစ် မထောက်ခံဟု မဲဆွယ်ခဲ့သော ပါတီခေါင်းဆောင် အဘီဆစ် နုတ်ထွက်ခဲ့၍ ပါတီအနေဖြင့် စစ်တပ်လိုလားသော နောက်အစိုးရဖွဲ့စည်းရေးတွင် ပါဝင်ရန် လမ်းပွင့်သွားသလို ဖြစ်သည်။

Your Thoughts …
Tags: ထိုင်းစစ်တပ်ထိုင်းရွေးကောက်ပွဲပရာယွဒ် ချန်အိုချာ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

UWSA နှင့်ထိပ်တိုက်မတွေ့ရန် ညွှန်ကြားထားကြောင်း ထိုင်းစစ်တပ်ပြော

UWSA နှင့်ထိပ်တိုက်မတွေ့ရန် ညွှန်ကြားထားကြောင်း ထိုင်းစစ်တပ်ပြော

by ဧရာဝတီ
26 November 2024
9.4k

“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ တပ်စခန်းများဆုတ်ခွာရန် ထိုင်းဘက်မှ တောင်းဆိုပြီးနောက် စစ်ရေးတင်းမာနေချိန်တွင် ထိပ်တိုက်တွေ့မည့်အန္တရာယ်မရှိစေရန် ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Pana Klaewplodtuk က ညွှန်ကြားထားကြောင်း ထိုင်းအခြေစိုက် Khaosod သတင်းဌာန၌ ယနေ့ ဖော်ပြသည်။

UWSA ကို အကျပ်ရိုက်စေတဲ့ ထိုင်းရဲ့ ရာဇသံ

UWSA ကို အကျပ်ရိုက်စေတဲ့ ထိုင်းရဲ့ ရာဇသံ

by ဧရာဝတီ
27 November 2024
5.8k

ရှမ်းပြည်နယ်တောင်ပိုင်း ထိုင်း-မြန်မာနယ်စပ်ဒေသရှိ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၁၇၁ စစ်ဒေသ၏ တပ်စခန်းများ ဖယ်ရှားရေး ဖိအားပေးသည့်အနေဖြင့် ထိုင်းစစ်တပ်က နယ်စပ်တွင် စစ်ပြင်လျက်ရှိသည်။

မဲဆောက်ရောက် စစ်ရှောင်များ နေရေးနှင့် စားသောက်ရေး အခက်ကြုံ

မဲဆောက်ရောက် စစ်ရှောင်များ နေရေးနှင့် စားသောက်ရေး အခက်ကြုံ

by စောလွင်
10 April 2024
1.2k

တိုက်ပွဲများကြောင့် မဖြစ်မနေ တိမ်းရှောင်လာကြသူများအများစုမှာ မဲဆောက်ဘက်တွင် အသိမိတ်ဆွေ မရှိသလို မည်သည့်နေရာသို့ သွားရမည်ကို မသိသောကြောင့် ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတား အမှတ် ၁ အောက်တွင် နေထိုင်နေရကြောင်း

ဝ တပ်စခန်းတွေ နောက်မဆုတ်ရင် စစ်ဖြစ်နိုင်သလား(ရုပ်/သံ)

ဝ တပ်စခန်းတွေ နောက်မဆုတ်ရင် စစ်ဖြစ်နိုင်သလား(ရုပ်/သံ)

by ဧရာဝတီ
26 November 2024
318

ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ ထိုင်းနိုင်ငံနယ်စပ်မျဉ်းအနီးမှာရှိတဲ့ ဝ တပ်စခန်းတွေကို ဒီဇင်ဘာ ၁၈ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးဖို့ ထိုင်းဘက်က ဖိအားပေးထားပြီး ထိုင်းစစ်တပ်ကလည်း စစ်ရေးပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ ဝ ပြည်​သွေးစည်းညီညွတ်​ရေးတပ်မ​တော် (UWSA ) ရဲ့...

ပီတ သည် အိမ်နီးချင်းမှ စစ်ကောင်စီခေါင်းဆောင်များအတွက် စိုးရိမ်စရာဖြစ်နေသည်။

Move Forward ပါတီကို မြန်မာ ဒုစစ်ခေါင်းဆောင် မနှစ်မြို့

by ဧရာဝတီ
23 May 2023
22.7k

ထိုင်း လစ်ဘရယ် တက်ကြွလှုပ်ရှားသူများ၏ ပါတီဖြစ်သည့် Move Forward ပါတီ (MFP) သည် အိမ်နီးချင်းမှ စစ်ကောင်စီခေါင်းဆောင်များအတွက် စိုးရိမ်စရာဖြစ်နေသည်။

၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့က ဘန်ကောက်တွင် ရွေးကောက်ပွဲအနိုင်ရမှု အောင်ပွဲခံနေသော Move Forward ပါတီခေါင်းဆောင် မစ္စတာ ပီတ လင်ဂျာရွန်ရတ် / AFP

ဒီမိုကရေစီလှိုင်းကြားက ထိုင်းစစ်တပ်

by Andrew Nachemson
31 May 2023
13.2k

အပေးအယူလုပ်နိုင်သည့် အနေအထားရှိသော်လည်း Move Forward ပါတီက ၎င်းတို့၏ အစီအစဉ်တွင် ကြီးကြီးမားမား လိုက်လျောပေးမည့် သဘောမရှိနိုင်ပေ။

Next Post
ယနေ့ နေပြည်တော် တပ်မတော် စစ်သမိုင်း ပြတိုက်တွင် ပြုလုပ်သည့် တပ်မတော် သတင်းစာ ရှင်းလင်းပွဲ  / ထက်နိုင်ဇော် / ဧရာဝတီ

AA ကို “အကြမ်းဖက် သောင်းကျန်းသူ”ဟု သတ်မှတ်ထားဆဲ ဖြစ်ကြောင်း တပ်မတော် ပြော

ကြည့်မြင်တိုင်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့၏ တပ်ဖွဲ့မှူး၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း (ကြည့်မြင်တိုင်မြို့နယ်) ၏ အတွင်းရေးမှူး ဦးလှမြင့် / ဧရာဝတီ

ပီတိကို စားသုံး၍ အသက်ရှင်သူ ဦးလှမြင့်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.5k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate