• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နိုင်ငံရေး အကျပ်အတည်း မဖြစ်အောင် ဖွဲ့ စည်းပုံ ပြင်ဖို့ တပ်မတော် တိုက်တွန်း

by ထက်နိုင်ဇော်
27 March 2019
in သတင်း
A A
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မနေ့က ရုံးဆင်းချိန်တွင် ခြေချော်သဖြင့် ဒူးနာနေေ၍ ဒုတပ်ချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်သည် / မျိုးမင်းစိုး  / ဧရာဝတီ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မနေ့က ရုံးဆင်းချိန်တွင် ခြေချော်သဖြင့် ဒူးနာနေေ၍ ဒုတပ်ချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်သည် / မျိုးမင်းစိုး / ဧရာဝတီ

42.7k
VIEWS
Share on FacebookShare on Twitter

လွှတ်တော်တွင်း ကြိုးစားလျက်ရှိသည့် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်ရာတွင် မလိုလားအပ်သည့် နိုင် ငံရေး အကျပ်အတည်းနှင့် ဘေးထွက်ဆိုးကျိုးများ မဖြစ်ပေါ်စေရန် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်များအတိုင်း ဥပဒေနှင့် အညီ အဆင့်ဆင့် လုပ်ဆောင်ကြရန် တပ်မတော် ဒုတိယ ခေါင်းဆောင်က တိုက်တွန်း ပြောဆိုလိုက်သည်။

ယနေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် တပ်မတော်နေ့ အခမ်းအနားတွင် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိ ယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်ပြီး ဒီမိုကရေစီစနစ်တွင် လူနည်းစု၏ ဆန္ဒကိုလည်း လေးစား ကြရန် ၎င်းက တိုက်တွန်းသွားသည်။

RelatedPosts

အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

19 May 2025
519
တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

19 May 2025
484
ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

19 May 2025
154

“လူအများညီလို့ ဤကို ကျွဲ ဆိုပြီး ဆောင်ရွက်တာမျိုးဟာ စည်းမျဉ်း၊ စည်းကမ်းနှင့် မညီတဲ့ လုပ်ဆောင်ချက် ဖြစ်တဲ့အတွက် ဒီမိုက ရေစီနဲ့ အညီ စည်းကမ်းတကျ လုပ်ဆောင်ချင်သူများအတွက် အခက်အခဲ ဖြစ်စေသလို တည်ငြိမ်းအေးချမ်းမှုကိုပါ ထိခိုက်လာနိုင် တယ်ဆိုတာ သမိုင်းဖြစ်ရပ်များ၊ အဖြစ်အပျက်များပေါ်မှာ သင်ခန်းစာယူဖို့ လိုတယ်”ဟုလည်း ပြောကြားခဲ့သည်။

၇၄ ကြိမ်မြောက် တပ်မတော်နေ့ အခမ်းအနားကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျန်းမာရေး အခြေအနေအရ တက်ရောက်နိုင်ခြင်း မရှိသောကြောင့် ဒုတပ်ချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် မိန့်ခွန်းပြောခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မနေ့က ရုံးဆင်းချိန်တွင် ခြေချော်သဖြင့် ဒူးနာနေကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ထားသည်။

ယခုနှစ်တွင် အရင်နှစ်များကကဲ့သို့ စစ်ယန္ထရားတပ်များ မပါဝင်ဘဲ တပ်မတော်သား စစ်သည် ၁ သောင်းကျော်၊ လေယာဉ်ပျံ၊ ရဟတ်ယာဉ်များဖြင့်သာ ဒုတပ်ချုပ်အား ချီတက် အလေးပြုခဲ့ကြသည်။

လွတ်လပ်ရေး ကြိုးပမ်းမှုနှင့်အတူ ပေါက်ဖွားလာသော တပ်မတော်သည် တိုင်းရင်းသား ပြည်သူလူထုနှင့် လက်တွဲပြီး ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ဖက်ဆစ်တော်လှန်ရေးကြီးကို ဆင်နွဲခဲ့ကြောင်း ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အဖွင့်မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုသည်။

၂၀၀၈ ဖွဲ့ စည်းပုံ ပြင်ဆင်ရေး ဒုတပ်ချုပ်၏ မိန့်ခွန်းနှင့် ပတ်သက်၍ အာဏာရ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွှန့်က လက်ရှိ လွှတ်တော်တွင် ဆောင်ရွက်နေသည့် နည်းလမ်းသည် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လမ်းကြောင်း၊ လုပ်ထုံး လုပ် နည်းများအတိုင်း ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ဒီလုပ်ထုံးလုပ်နည်းဟာ အဖွဲ့ အစည်းတခု အကျိုးစီးပွားအတွက် ကန့်ကွက်ပိတ်ဆို့ရင်တော့ ကျနော်တို့ အခက်အခဲတွေ တွေ့ နိုင် တာပေါ့။ ကျနော်တို့ကတော့ လုပ်ထုံးလုပ်နည်းအတိုင်းပဲ ဆောင်ရွက်မှာပါ။ အဲဒါကြောင့် ကျနေ်ာတို့ အဖွဲ့ ချုပ်ရဲ့ လုပ်ဆောင်ချက် ကြောင့် နိုင်ငံမှာ ဘယ်လိုအခက်အခဲ အကြပ်အတည်းမှ မဖြစ်စေပါဘူးလို့ ပြောချင်ပါတယ်”ဟု ဒေါက်တာ မျိုးညွှန့်က ဆိုသည်။

လက်ရှိ အချိန်တွင် တပ်မတော်သည် နိုင်ငံရေးမှ ထွက်ခွာရန် အဆင်သင့် မဖြစ်သေးဘဲ အခြေခံ ဥပဒေ ပြင်ဆင်ရေးတွင် ၎င်းတို့၏ ရပ်တည်မှုကို ပြနေကြောင်း၊ တပ်မတော်သည် နိုင်ငံရေးတွင် ထဲထဲဝင်ဝင် ပါဝင်ခွင့်ရနေသည်မှာ လက်ရှိ အခြေခံ ဥပဒေအရ ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောသည်။

“ဒီပြဿနာကို ကိုင်တွယ်တဲ့ နေရာမှာ ထိန်းထိန်းညှိညှိ ကိုင်တွယ်သင့်တယ်လို့ မြင်တယ်။ တပ်မတော်ဘက်က ပုဒ်မ ၂၆၁ ပြင်ဖို့ ပြောတာပေါ့ဗျာ။ တကယ်တော့ တိုင်ရင်းသား အခွင့်အရေး၊ တိုင်းရင်းသား ပြည်နယ်တွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ အလေးထားပြင်သင့်တယ်လို့ မြင်တယ်။ ဒါကိုလည်း တပ်မတော် အနေနဲ့ ငြင်းဖို့ ခက်ခဲလိ့မ်လို့ ထင်ပါတယ်”ဟုလည်း ပြောသည်။

ပုဒ်မ ၂၆၁ ပြင်ဆင်ရေးကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှ တိုင်းနှင့် ပြည်နယ် ဝန်ကြီး ချုပ်များကို သက်ဆိုင်ရာ လွှတ်တော်များကသာ တိုက်ရိုက် ရွေးချယ်ခွင့် ရရှိစေရန် ရည်ရွယ်၍ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်သည့် ဥပဒေ ကြမ်းကို ကြံ့ခိုင်ရေးပါတီမှ ကျောင်းကုန်းမြို့နယ် ကိုယ်စားလှယ် ဦးသိန်းထွန်းက တင်သွင်းခဲ့ခြင်း ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးနှင့် ပတ်သက်၍ သမ္မတ ဦးသိန်းစိန်လက်ထက် ပထမ အကြိမ် လွှတ်တော် သက်တမ်း၌ တပ်မတော်က ကန့်ကွက်သော်လည်း ယခုအခါ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်တွင် ပြင်ဆင်ပေးရန် ပြည်ထောင်စု လွှတ်တော်၌ တောင်းဆိုမှု ပြုလုပ်သည်။

ယခုအခါ လွှတ်တော်ထဲတွင် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို စောလျင်စွာ ပြင်ဆင်နိုင်ရေးအတွက် ကိုယ်စားလှယ် ၄၅ ဦး ပါ ဝင်သည့် ကော်မတီ တခုနှင့် ပုဒ်မ ၂၆၁ ပြင်ဆင်ရေးအတွက် အစီရင်ခံစာတခု တင်ပြရန် ကော်မတီတခု စုစုပေါင်း ကော်မတီ ၂ ခု ရှိနေပြီး ယင်းကော်မတီ ၂ ခုစလုံး၏ လုပ်ငန်းများမှာ မပြီးပြတ်သေးပေ။

ဆွေးနွေးလျက်ရှိသည့် ပုဒ်မ ၂၆၁ ကို ပြင်ဆင်လိုပါက ပြည်ထောင်စု လွှတ်တော်တွင် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင် နှုန်း ကျော်က ပြင်ဆင်ရန် သဘောတူညီမှု ရရုံဖြင့် ပြင်ဆင်နိုင်သည့် ပုဒ်မတခု ဖြစ်သည်။

လွှတ်တော်တွင် ဖွဲ့ စည်းပုံ ပြင်ဆင်ရေး လမ်းကြောင်းမှာ စတင်နေပြီ ဖြစ်သော်လည်း ၃၀ ဦး ကော်မတီနှင့် ၄၅ ဦး ကော်မတီတွင်သာ ပြောဆိုဆွေးနွေးနေသည့် အဆင့်တွင်သာ ဖြစ်ပြီး အများပြည်သူ ပါဝင်ဆွေးနွေးခွင့်နှင့် လွှတ်တော်များတွင် ငြင်းခုံဆွေးနွေးခွင့် ရသော အဆင့်သို့ မရောက်သေးကြောင်း ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ ချုပ်မှ ဦးစိုင်းသီဟကျော်က ပြောသည်။

“ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်တဲ့ဆီကို မရောက်သေးဘူး။ ဒါကိုလည်း တပ်ဖက်အနေနဲ့ စိုးရိမ်နေတဲ့ အနေအထားမှာ တွေ့ရ တယ်။ စိုးရိမ်တယ်ဆိုတာက ဖွဲ့ စည်းပုံ ပြင်ဆင်ရေးကို တခြားနည်း တခုခုနဲ့ ဖိအားပေးပြီး ပြင်သွားမယ့် အပေါ်မှာ တပ်က စိုးရိမ် နေတယ်လို့ မြင်ပါတယ်”ဟု သုံးသပ်သည်။

လက်ရှိ ပြည်ထောင်စု လွှတ်တော်တွင် NLD ပါတီမှ ကိုယ်စားလှယ် ၅၉ ရာခိုင်နှုန်း၊ တိုင်းရင်းသားပါတီ အသီးသီးမှ ကိုယ်စားလှယ် ၁၁ ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းနှင့် တပ်မတော်မှ ၂၅ ရာခိုင်နှုန်း အသီးသီး ပါဝင်ပြီး ကိုယ်စားလှယ် စုစုပေါင်း ၆၅၇ ဦး ရှိကြောင်း သိရသည်။ ဖွဲ့ စည်းပုံ၏ မည်သည့်ပုဒ်မကို ပြင်ဆင်ဖြစ်စေ ကိုယ်စားလှယ် ဦးရေ၏ ၇၅ ရာခိုင် နှုန်းနှင့်အထက် ရရှိရန် လိုအပ်သည်။

၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို ရေးဆွဲရာတွင် နိုင်ငံရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဥပဒေရေးရာ ရှု့ထောင့် များ အမျိုးမျိုးက အတွေ့အကြုံ ကြွယ်ဝသည့် ပုဂ္ဂိုလ်များ၊ တိုင်းရင်းသားများ ပါဝင်ခဲ့ပြီး မည့်သည့် ခြိမ်းခြောက်မှု၊ ဖိအားပေးမှုမှ မပါ ဘဲ တနိုင်ငံလုံး၏ အကျိုးစီးပွားကို ပကတိအခြေအနေနှင့် ကိုက်ညီမှုရှိအောင် အချိန်ယူ ဆွေးနွေး ညှိနှိုင်းရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း ဒုတပ်ချုပ်က ယနေ့ နေပြည်တော်တွင် ပြောသည်။

“အနာဂတ်ကာလမှာလည်း ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရာမှာ အမျိုးသား နိုင်ငံရေး တာဝန်တွေကို ကျရာ အခန်းကဏ္ဍကနေ ဦးလည်မသုန် ဆက်လက် ပါဝင်ဆောင်ရွက်သွားမှာပဲ ဖြစ်တယ်”ဟု ဒုတိယ ဗိုလ်ချုပ်မှူးကြီးက ဆက်လက် ပြောကြာသည်။

Your Thoughts …
Tags: တပ်မတော်နေ့ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

စစ်ရှုံးနယ်မြေများ ပြန်သိမ်းပိုက်ရေး စစ်ခေါင်းဆောင် ပြော

by ဧရာဝတီ
28 March 2024
10.6k

ဆုံးရှုံးထားသည့်နယ်မြေများ ပြန်လည်ထိန်းချုပ်ရေး၊ ရွေးကောက်ပွဲကျင်းပရေး၊ ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် စစ်အင်အားတည်ဆောက်ရေး ပြောဆိုနေသော်လည်း ၇၉ နှစ်မြောက် တပ်မတော်နေ့အခမ်းအနားအား စစ်ကောင်စီအခြေစိုက် နေပြည်တော်တွင် ကျင်းပနေကျအချိန်မဟုတ်သည့် ညနေပိုင်းကို ပြောင်းလဲပြုလုပ်ခြင်းကပင် ဝေဖန်စရာဖြစ်ခဲ့သည်

တပ်မတော်နေ့ ပွဲကို ဘာ့ကြောင့်ညနေပိုင်းအချိန်လုပ်တာလဲ (ရုပ်/သံ)

တပ်မတော်နေ့ ပွဲကို ဘာ့ကြောင့်ညနေပိုင်းအချိန်လုပ်တာလဲ (ရုပ်/သံ)

by ဧရာဝတီ
26 March 2024
7.3k

တပ်မတော်အခမ်းအနားတွေကို နှစ်စဥ် နှစ်တိုင်း မနက်ပိုင်းတွေမှာ ပြုလုပ်လေ့ရှိပေမယ့် အခုလို ညနေပိုင်း ပြောင်းလဲ လုပ်ဆောင်တာဟာ စစ်တပ် သမိုင်းမှာ ထူးခြားတဲ့ ဖြစ်စဉ် CDM စစ်အသိုင်းအဝိုင်းက လူတွေက ပြောပါတယ်။

နေမင်းအိမ်ကို ထုတ်ပယ်လိုက်တဲ့ တီးဝိုင်းအဖွဲ့ကို စစ်ကောင်စီဖမ်းဆီး

နေမင်းအိမ်ကို ထုတ်ပယ်လိုက်တဲ့ တီးဝိုင်းအဖွဲ့ကို စစ်ကောင်စီဖမ်းဆီး

by မိုးသောက်
5 April 2024
2.5k

၇၉နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြုညစာစားပွဲမှာ သီဆိုဖျော်ဖြေခဲ့တဲ့ အဆိုတော်နေမင်းအိမ်ကို အဖွဲ့ကနေ ထုတ်ပယ်ကြောင်း ကြေညာလိုက်တဲ့ Velocity တီးဝိုင်းအဖွဲ့သား ၄ ဦးကို စစ်ကောင်စီက ဖမ်းဆီး လိုက်ပါတယ်။

မြန်မာ့တပ်မတော်ရဲ့ တကယ့် သူရဲကောင်းများ

မြန်မာ့တပ်မတော်ရဲ့ တကယ့် သူရဲကောင်းများ

by ဧရာဝတီ
27 March 2017
29.6k

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်ချုပ်နေဝင်းမှာ စစ်တပ်နဲ့ပတ်သက်ပြီး လုံးဝကွဲပြားတဲ့ အမြင်တွေရှိတယ်လို့ သမိုင်းဆရာတွေက ကောက်ချက်ချကြတယ်။ ပြည်သူ့ဆန္ဒကိုဦးထိပ်ထားပြီးပြည်သူ့ဘက်ကရပ်တည်ကြတဲ့ စစ်ခေါင်းဆောင်တွေရှိခဲ့ကြပါတယ်။ တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးသွားကြတဲ့ အမည်မသိအညတြရဲဘော်တွေလည်း အများအပြား ရှိကြပါတယ်။ ဒီနှစ် မတ်လ (၂၇) ရက် ၇၂ နှစ်မြောက်...

တနင်္ဂနွေနေ့တွင် နေပြည်တော်၌ ကျင်းပသော အခမ်းအနား တက်ရောက်လာသူ သမ္မတဟောင်း ဦးသိန်းစိန်ကို အာဏာသိမ်းခေါင်းဆောင်က အလေးပြုနေစဉ်

နေပြည်တော် စစ်ရေးပြပွဲ ဗိုလ်ချုပ်ဟောင်းများ ပြန်ပေါ်လာ

by ဧရာဝတီ
31 March 2022
15.6k

တပ်မတော်နေ့အထိမ်းအမှတ် အခမ်းအနားများ၏ အစိတ်အပိုင်းအဖြစ် အာဏာသိမ်းခေါင်းဆောင်က အငြိမ်းစား စစ်အရာရှိ ၂၅ ဦးကို ဂါရဝပြုခဲ့သည်။

နေဝင်ချိန် အမှောင်ရိပ်အောက် ကျင်းပခဲ့ရတဲ့ တပ်မတော်နေ့ (ရုပ်/သံ)

နေဝင်ချိန် အမှောင်ရိပ်အောက် ကျင်းပခဲ့ရတဲ့ တပ်မတော်နေ့ (ရုပ်/သံ)

by ယဉ်မွန်
28 March 2024
1.1k

ဒါ့အပြင် အရင်နှစ်တွေမှာ မြင်တွေ့ရတဲ့ လက်နက်ကြီးယန္တယား စစ်ကြောင်းတွေ မတွေ့ရသလို တိုက်လေယာဉ်တွေလည်း ပြသနိုင်ခဲ့ခြင်း မရှိတာကို တွေ့ရပါတယ်။

Next Post
ကျောက်တော်မြို့နယ်ထဲတွင် လုံခြုံရေးတပ်ဖွဲ့များ ခရီးသွားများကို စစ်ဆေးနေစဉ် / Zaw Win / Facebook

AA အားကစားဝတ်စုံ ဝတ် လှုပ်ရှားဟု တပ်မတော် ပြောဆိုချက် ရခိုင်တိုင်းရင်းသားများ ဝေဖန်

စစ်ယူနီဖောင်းဝတ် သမ္မတဟောင်း ဦးသိန်းစိန်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ မြင်ရသည် / Office of the Commander-in-Chief of Defense Services

အစိုးရအဖွဲ့ဝင်ဟောင်းတွေ "စစ်သား ပြန်ဖြစ်သွားတဲ့ နေ့"

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.3k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate