• English
Monday, June 16, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အစိုးရအဖွဲ့ဝင်ဟောင်းတွေ “စစ်သား ပြန်ဖြစ်သွားတဲ့ နေ့”

by ငြိမ်းငြိမ်း
28 March 2019
in သတင်း
A A
စစ်ယူနီဖောင်းဝတ် သမ္မတဟောင်း ဦးသိန်းစိန်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ မြင်ရသည် / Office of the Commander-in-Chief of Defense Services

စစ်ယူနီဖောင်းဝတ် သမ္မတဟောင်း ဦးသိန်းစိန်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ မြင်ရသည် / Office of the Commander-in-Chief of Defense Services

22.2k
VIEWS
Share on FacebookShare on Twitter

နိုင်ငံတော်သမ္မတဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး သိန်းစိန်ကို စစ်ယူနီဖောင်းဖြင့် နောက်ဆုံးမြင်တွေ့ခဲ့ရသည်မှာ လွန်ခဲ့သော ၉ နှစ် နီးပါးက ဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် သမ္မတတာဝန်ထမ်းဆောင်ချိန်မှစကာ သူ့ကို အရပ်သား ဝတ်စုံဖြင့် မြင်ခဲ့ရသည်။ သူ၏ အစိုးရအဖွဲ့တွင် ၂၀၁၆ ခုနှစ် မတ်လအထိ ပြည်ထောင်စုဝန်ကြီးများအဖြစ် တာဝန်ထမ်းဆောင် ခဲ့ကြသော သူ၏ လုပ်ဖော်ကိုင်ဖက် ဗိုလ်ချုပ်ကြီးများနှင့် ထိပ်တန်းတပ်မတော်အရာရှိကြီးများသည်လည်း ထိုနည်းတူပင် ဖြစ်သည်။

သို့သော်လည်း မတ်လ ၂၆ ရက်နေ့ အခန်းအနားတခုတွင် ၎င်းတို့အားလုံးကို စစ်ယူနီဖောင်းများနှင့် တွေ့လိုက်ကြရသည်။

RelatedPosts

တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

15 June 2025
839
စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲ ကုလသမဂ္ဂနဲ့ အာဆီယံ ဘယ်လိုမြင်လဲ (ရုပ်/သံ)

စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲ ကုလသမဂ္ဂနဲ့ အာဆီယံ ဘယ်လိုမြင်လဲ (ရုပ်/သံ)

15 June 2025
64
အစ္စရေးက အီရန်ကိုတိုက်ပြီးနောက် ကမ္ဘာ့ရေနံဈေးတက်

အစ္စရေးက အီရန်ကိုတိုက်ပြီးနောက် ကမ္ဘာ့ရေနံဈေးတက်

15 June 2025
872

သမ္မတဟောင်း ဦးသိန်းစိန် အပါအဝင် ယခင်အစိုးရမှ ထိပ်တန်းစစ်ဘက် အငြိမ်းစားအရာရှိအများစုက နေပြည်တော် သူရဲကောင်းစစ်သည်ဗိမာန် ရုပ်တုဖွင့်လှစ်ပွဲ အခမ်းအနားတခုတွင် စုစည်းခဲ့ကြခြင်း ဖြစ်သည်။ ထိုအခမ်းအနားမှာ စစ်ဘက်ဆိုင်ရာ အမြင့်ဆုံးစွမ်းရည်ဆုတံဆိပ်ဖြစ်သော အောင်ဆန်းသူရိယဘွဲ့ ရရှိခဲ့သူ ၆ ဦး (အားလုံး ကွယ်လွန်ခဲ့ပြီးဖြစ်သည်) ကို ဂုဏ်ပြုခြင်း ဖြစ်ပြီး လက်ရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တာဝန် ထမ်းဆောင်ဆဲ အရာရှိကြီးများလည်း တက်ရောက်ခဲ့ကြသည်။

တက်ရောက်ကြသူများထဲတွင် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအုန်းမြင့်လည်း ပါဝင်သည်။ အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး တဦး ဖြစ်ပြီး ယခင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနကို ဦးဆောင်နေခဲ့စဉ် ၂၀၁၄ ခုနှစ်က ဦးအုံးမြင့်သည် မကွေးတိုင်း သစ်ရာကောက်ရွာ လူထုတွေ့ဆုံပွဲတွင် “ခင်များတို့ ကျနော်နာမည် မှတ်ထား။ ဗိုလ်ချုပ်အုန်းမြင့်။ ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး နယ်တကာလှည့်ပြီး ပါးရိုက်ရဲတယ်ကွ ဆိုပြီး မိန့်ခွန်း ပြောလာတာ။ …. နိုင်ငံရေးစကား စပြောတာ အခုမှ။ နိုင်ငံရေးစကား ဆိုတာ တက်နေတဲ့ အစိုးရ အပေါ်မှာ စော်ကားတဲ့ကောင် တွယ်မှာပဲ။ ပါးစပ်နဲ့ တွယ်လို့မရရင် အချုပ်ထဲ ထည့်မှာပဲ။ နိုင်ငံတကာမှာ ဒီလိုပဲ ကျင့်သုံးနေတယ်” ဟု ပြောဆိုခဲ့သူ ဖြစ်သည်။ အခြားတက်ရောက်သူများထဲတွင် ယခင် ဗိုလ်မှူးချုပ် နှင့် အငြိမ်းစားရဲချုပ်၊ လူဝင် မှုကြီးကြပ်ရေး ဝန်ကြီးဟောင်း ဦးခင်ရီ နှင့် ပြည်ထောင်စု ရွေးကောက်ပွဲကျင်းပရေးကော်မရှင် ဥက္ကဌဟောင်း၊ အငြိမ်းစားဒုတိယ ဗိုလ်ချုပ်ကြီး ဦးတင်အေးတို့ လည်းပါဝင်ကြသည်။

မတ်လ ၂၆ ရက်နေ့တွင် ၎င်းတို့ အားလုံးက စစ်ယူနီဖောင်းများနှင့် ဖြစ်ကြသည်။ စစ်ယူနီဖောင်း ပြန်ဝတ်ထား သည့် ဝန်ကြီးဟောင်း ဦးအုန်းမြင့်က ၎င်း၏ ဇနီးသည်နှင့် အတူ ဓာတ်ပုံများရိုက်၍ Facebook တွင်တင်ကာ “ဆရာသမားများ၊ ငယ်ပေါင်းကြီးဖော်များ ညီငယ်စစ်သည်များနဲ ပြန်လည်ဆုံဆည်းချိန်မှာတော့ စစ်သားပြန် ဖြစ်သွားတယ်” ဟု ရေးသားခဲ့သည်။

စစ်ဗိုလ်ချုပ်ဟောင်းများ ယခင်ယူနီဖောင်းများနှင့် ရောက်လာခြင်းက ထူးခြားနေသည့် အသွင်ပေါ်နေသည်။ အဘယ်ကြောင့်ဆိုသော် နှစ်စဉ် နှစ်တိုင်း မတ်လ ၂၇ ရက်နေ့တွင်ပြုလုပ်သည့် တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်လာခြင်းမှ လွဲ၍ ၎င်းတို့ကို ယူနီဖောင်းများနှင့် မြင်ရခဲသောကြောင့် ဖြစ်သည်။ ယခင်အစိုးရအဖွဲ့မှ လူတိုင်းနီးပါးက ရုပ်တုဖွင့်ပွဲ အခမ်းအနားတခုတွင် ၎င်းတို့ ယခင်စစ်ဝတ်စုံများနှင့် ရုတ်တရက်ကြီး အတူတကွပေါ်လာခြင်းကလည်း စိတ်ဝင်စားစရာ၊ ခန့်မှန်းတွေး တောစရာဖြစ်သည်။

စစ်မှုထမ်းဟောင်းများက တပ်မတော်နှင့် သက်ဆိုင်သော အခမ်းအနားတခုသို့ စစ်ယူနီဖောင်း အပြည့်အစုံဖြင့် တက် ရောက်ခြင်းက ပုံမှန်ပင်ဖြစ်ကြောင်း ရန်ကုန် အခြေစိုက် နိုင်ငံရေးလေ့လာဆန်းစစ်သူ တဦးဖြစ်သည့် ဦးမောင်မောင်စိုး က ဆိုသည်။

“ဒါပေမယ့် အရင်အစိုးရအဖွဲ့က လူတိုင်းနီးပါး တပြိုင်နက်တည်းပေါ်လာတာက ထူးဆန်းတယ်” ဟု သူကပြောသည်။

သူတို့ပေါ်လာခြင်းက လက်ရှိ မြန်မာနိုင်ငံတဝှမ်း ပြည်သူအများဆန္ဒ ဖော်ထုတ်နေကြသော NLD က ဦးဆောင်သည့် အခြေခံ ဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုတခု နှင့် တပြိုက်နက်တည်းလို ဖြစ်နေသည်ဟု သူက ထောက်ပြသည်။ တပ်မတော်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ တို့က NLD ၏ ဖွဲ့စည်းပုံပြင်ဆင်ရေး ချဉ်းကပ်မှုက အခြေခံ ဥပဒေနှင့် မညီကြောင်း စောဒကတက်ထားကြသည်။

“သူတို့က အင်အားပြပွဲတခု လုပ်ချင်တာ သက်သက်လဲ ဖြစ်ချင်ဖြစ်မှာပေါ့။ ဘယ်သူသိနိုင်မလဲ” ဟု ဦးမောင်မောင်စိုးက သုံးသပ်သည်။

နေပြည်တော် သူရဲကောင်းစစ်သည်ဗိမာန်တွင် အောင်ဆန်းသူရိယဆုရှင်များ ရုပ်တုဖွင့်လှစ်ပွဲ အခမ်းအနား /Office of the Commander-in-Chief of Defense Services

မြန်မာ့အရေး ကျွမ်းကျင်သူတဦး ဖြစ်သည့် ဒေါက်တာမင်းဇော်ဦးကလည်း မတ်လ ၂၇ ရက်နေ့တွင် ကျင်းပမည့် တပ်မတော်နေ့ အခမ်းအနား အတွက် နေပြည်တော်တွင် ဗိုလ်ချုပ်ကြီးဟောင်းများ စုရုံးရောက်ရှိနေခြင်းက အံ့အားသင့်စရာမဟုတ်ကြောင်းနှင့် စည်းလုံးညီညွတ်မှုကို ပြသရန် ရောက်လာခြင်းဖြစ်နိုင်ကြောင်း ပြောသည်။

“တခုက အခု အမြင်ဆုံး စွမ်းရည်ဘွဲ့ရထားတဲ့ ဒီရုပ်ထုနဲ့ ဂုဏ်ပြုခံရတဲ့ ၆ ဦးထဲမှာ ဗမာ မဟုတ်တဲ့ တိုင်ရင်းသားတွေ ပါတယ်။ ဒါက တပ်မတော်က သူတို့တပ်မတော်မှာ ဗမာတွေချည်းပဲမဟုတ်ဘဲ ပြည်ထောင်စုထဲက တိုင်းရင်းသားတွေပါ ပါတယ်၊ ဗိုလ်ချုပ်ကြီးဟောင်းတွေနဲ့ လက်ရှိတာဝန်ထမ်းဆောင်ဆဲသူတွေက သူရဲကောင်းတွေကို လူမျိုးရေးမပါဘဲ အလေးထားတယ်ဆိုတာကို ပြချင်တာလည်း ဖြစ်နိုင်ပါတယ်” ဟု သူက ထပ်ပြောသည်။ အောင်ဆန်းသူရိယ ဘွဲ့ ရရှိခဲ့သူ ၆ ဦးထဲတွင် ၄ ဦးမှာ ကရင်၊ ချင်း နှင့် ဂေါ်ရခါးလူမျိုးများ ဖြစ်သည်။

တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက သူရဲကောင်းစစ်သည်ဗိမာန် (နေပြည်တော်) တွင် မတ်လ ၂၆ ရက်နေ့က ပြုလုပ်ခဲ့သော အခမ်းအနားသည် ၁၉၄၈ ခုနှစ်မှ ၁၉၅၀ နှစ်များအတွင်းတွင် တိုင်းပြည်၏ အချုပ်အချာ အာဏာကို ရဲရင့်ပြောင်မြောက်စွာ ကာကွယ်ခဲ့ခြင်းအတွက် ချီးမြှင့်သည့် အမြင့်ဆုံး စစ်ဘက်ဆိုင်ရာ စွမ်းရည် ဆုတံဆိပ်ဖြစ်သည့် အောင်ဆန်းသူရိယ ဘွဲ့ရရှိခဲ့သူ ၆ ဦးကို ဂုဏ်ပြုရန်အတွက် ဖြစ်ကြောင်း မတ်လ ၂၆ ရက်နေ့က ဧရာဝတီသို့ ပြော ကြားခဲ့သည်။ စစ်မှုထမ်းဟောင်းများကို စစ်ဝတ်စုံဖြင့် မြင်တွေ့ရခြင်းမှာ ပုံမှန်သာဖြစ်သည်ဟု သူကဆိုသည်။

နိုင်ငံတကာမှာကဲ့သို့ပင် စစ်ပြန်စစ်မှုထမ်းဟောင်းများက ၎င်းတို့ သူရဲကောင်းများအပေါ် အလေးအနက်ထား ဂုဏ်ပြုခြင်း ဖြစ်သည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

( Nyein Nyein ၏ Ex-Gov’t Figures Back Together—and Back in Uniform—for a Day ကို ဘာသာပြန်သည်။)

Your Thoughts …
Tags: စစ်ယူနီဖောင်းသမ္မတဟောင်း ဦးသိန်းစိန်သူရဲကောင်းစစ်သည်ဗိမာန်
ငြိမ်းငြိမ်း

ငြိမ်းငြိမ်း

ဧရာဝတီ

Similar Picks:

စစ်ယူနီဖောင်းများ ဧပြီလ အပြီးချုပ်ရန် ညွှန်ကြား

စစ်ယူနီဖောင်းများ ဧပြီလ အပြီးချုပ်ရန် ညွှန်ကြား

by ဧရာဝတီ
20 February 2024
11.8k

လှိုင်မြို့နယ်ရှိ စစ်တပ်ပိုင် အထည်ချုပ်စက်ရုံတွင် ယခုလ ၁၆ ရက်မှ စတင်ပြီး စစ်ယူနီဖောင်း အများအပြားအား အချိန်မီ ပြီးစီးရန် ချုပ်လုပ်နေရကြောင်း ယင်းစက်ရုံ၏ ဝန်ထမ်းတဦးက ဧရာဝတီသို့ ပြောသည်

တနင်္ဂနွေနေ့တွင် နေပြည်တော်၌ ကျင်းပသော အခမ်းအနား တက်ရောက်လာသူ သမ္မတဟောင်း ဦးသိန်းစိန်ကို အာဏာသိမ်းခေါင်းဆောင်က အလေးပြုနေစဉ်

နေပြည်တော် စစ်ရေးပြပွဲ ဗိုလ်ချုပ်ဟောင်းများ ပြန်ပေါ်လာ

by ဧရာဝတီ
31 March 2022
15.6k

တပ်မတော်နေ့အထိမ်းအမှတ် အခမ်းအနားများ၏ အစိတ်အပိုင်းအဖြစ် အာဏာသိမ်းခေါင်းဆောင်က အငြိမ်းစား စစ်အရာရှိ ၂၅ ဦးကို ဂါရဝပြုခဲ့သည်။

လူကိုယ်တိုင် သတင်းစကား ပေးပို့နိုင်ခဲ့သောကြောင့် သူ၏ ခရီးစဉ်အောင်မြင်သည်ဟု ဘန်ကီမွန်း ယူဆပုံရ

မင်းအောင်လှိုင်နှင့် တွေ့ဆုံမှု ဘန်ကီမွန်း ကျေနပ်ပုံရ

by ဧရာဝတီ
2 May 2023
12.7k

ဘန်သည် သူ၏နေပြည်တော်ခရီးနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားရန် NUG ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးနှင့် လွန်ခဲ့သောကြာသပတေးနေ့က တွေ့ဆုံခဲ့သည်။

ယနေ့ နေပြည်တော်ရှိ ဒို့သမ္မတ တက္ကသိုလ် ဝင်တန်း ပညာရေးကူညီမှု သင်တန်းကျောင်း တွင် တွေ့ရသည့် သမ္မတဟောင်း ဦးသိန်းစိန် / ထက်နိုင်ဇော် / ဧရာဝတီ

ကြိုးစားလျှင် မည်သူမဆို သမ္မတ ဖြစ်နိုင်ကြောင်း ဦးသိန်းစိန်ပြော

by ထက်နိုင်ဇော်
11 October 2017
20.2k

မြန်မာနိုင်ငံတွင် ရိုးသားကြိုးစားသူ မည်သူမဆို သမ္မတ ဖြစ်နိုင်သောကြောင့် လူကောင်းလူတော် ဖြစ်အောင် ကြိုးစား ကြရန် သမ္မတဟောင်း ဦးသိန်းစိန်က ၎င်းကိုယ်ကို ဥပမာပေး၍

နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီ ဌာနချုပ်တွင် တွေ့ ရသည့် သမ္မတဟောင်း ဦးသိန်းစိန် / ထက်နိုင်ဇော် / ဧရာဝတီ

ကြံ့ခိုင်ရေးပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး သမ္မတဟောင်း ဦးသိန်းစိန် ကူမည်

by ထက်နိုင်ဇော်
6 August 2020
37.8k

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ အောင်နိုင်ရေး သမ္မတဟောင်း ဦးသိန်းစိန်က အကူအညီ ပေးမည် ဖြစ်ကြောင်း သိရသည်။

နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီ ဌာနချုပ်တွင် တွေ့ ရသည့် သမ္မတဟောင်း ဦးသိန်းစိန်  / ထက်နိုင်ဇော်  / ဧရာဝတီ

ဘယ်သူပဲနိုင်နိုင် တိုင်းပြည်ကောင်းဖို့ အရေးကြီးဟု သမ္မတဟောင်း ဦးသိန်းစိန် ပြော

by ထက်နိုင်ဇော်
22 October 2020
24.9k

လာမည့် ရွေးကောက်ပွဲတွင် မည်သည့်ပါတီ နိုင်သည်ဖြစ်စေ တိုင်းပြည်ကောင်းအောင် လုပ်ရန်သာ အ ရေးကြီးကြောင်း သမ္မတဟောင်းလည်းဖြစ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ ဥက္ကဌဟောင်းလည်း ဖြစ်သူ ဦးသိန်းစိန်က ပြောသည်

Next Post
နေပြည်တော် လွှတ်တော်သို့ တက်ရောက်နေကြသော တပ်မတော်သား ကိုယ်စားလှယ်များ / Reuters

တပ်မတော်ရဲ့ နောက်ဆုံးခံစစ်စည်းကို NLD ကျော်လွှားနိုင်မလား

နိုင်ငံရေး တာဝန်တွေကို ဆက်လက်ပါဝင် ဆောင်ရွက်သွားမယ်လို့ ဒုတပ်ချုပ် ပြော  (ရုပ်/သံ)

နိုင်ငံရေး တာဝန်တွေကို ဆက်လက်ပါဝင် ဆောင်ရွက်သွားမယ်လို့ ဒုတပ်ချုပ် ပြော (ရုပ်/သံ)

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

5 days ago
5.7k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

4 days ago
4.9k

Most Read

  • မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ ဘာကြောင့် ဒီမိုကရေစီရရန် ခက်နေသနည်း

    shares
    Share 0 Tweet 0
  • မြောက်ပိုင်းလမ်း ပြန်ပွင့်မှာလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate