• English
Saturday, December 2, 2023
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

    ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

    ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

    ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

    ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

    ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

    နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

    နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

    စစ်ကောင်စီ ပိတ်ဆို့မှုကြောင့် လားရှိုးမြို့အဝင်တွင် အရပ်သားများ သောင်တင်နေ

    စစ်ကောင်စီ ပိတ်ဆို့မှုကြောင့် လားရှိုးမြို့အဝင်တွင် အရပ်သားများ သောင်တင်နေ

    ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

    ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

    ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

    ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

    မူဆယ် ၁၀၅ မိုင်တွင် တိုက်ပွဲများ ဆက်ဖြစ်၊ နမ့်ပေါ်တံတားတပ်စခန်း TNLA သိမ်းပိုက်

    မူဆယ် ၁၀၅ မိုင်တွင် တိုက်ပွဲများ ဆက်ဖြစ်၊ နမ့်ပေါ်တံတားတပ်စခန်း TNLA သိမ်းပိုက်

    ၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ

    ၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      အမျိုးသမီး သတင်းစာဆရာ

      အမျိုးသမီး သတင်းစာဆရာ

      လောင်စာ

      လောင်စာ

      ခေတ် နှင့် မိန်းမ

      ခေတ် နှင့် မိန်းမ

      တနှစ်တခါ …

      တနှစ်တခါ …

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate

          Home သတင်း

          ရခိုင်ပြည်နယ်တွင် စစ်အုပ်ချုပ်ရေး ကြေညာရန် မရှိဟု သမ္မတရုံး ပြော

          by ထက်နိုင်ဇော်
          30 March 2019
          in သတင်း
          Reading Time: 1 min read
          A A
          မတ်လ ၂၉  ရက်နေ့က သမ္မတရုံး သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရသည့် ဦးဇော် ဌေး  / ထက်နိုင်ဇော် / ဧရာဝတီ

          မတ်လ ၂၉ ရက်နေ့က သမ္မတရုံး သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရသည့် ဦးဇော် ဌေး / ထက်နိုင်ဇော် / ဧရာဝတီ

          18.5k
          VIEWS
          Share on FacebookShare on Twitter

          ရခိုင်ပြည်နယ်တွင် မြန်မာ့ တပ်မတော်နှင့် ရက္ခိုင့် တပ်မတော် (AA)တို့ကြား တိုက်ပွဲများ ဖြစ်ပွား လျက်ရှိသဖြင့် တည်ငြိမ် အေးချမ်းမှု မရှိဖြစ်နေသော်လည်း အစိုးရအနေဖြင့် ယင်းဒေသကို စစ်အုပ်ချုပ်ရေး ကြေညာရန် အစီအစဉ် မရှိကြောင်း သိရသည်။

          နေပြည်တော်၊ သမ္မတအိမ်တော်တွင် မတ်လ ၂၉ ရက်နေ့က ကျင်းပပြုလုပ်သည့် သမ္မတရုံး၏ သတင်းစာ ရှင်းလင်း ပွဲတွင် သတင်းထောက်တဦး၏ အမေးကို အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ် သည်။

          RelatedPosts

          ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

          ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

          2 December 2023
          192
          ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

          ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

          2 December 2023
          485
          ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

          ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

          1 December 2023
          1.9k

          AA အဖွဲ့ သည် ကျေးရွာများကို အခြေပြုလျက် ပျောက်ကြား စစ်ဆင်ရေး ဆောင်ရွက်နေသဖြင့် တိုက်ပွဲများမှာ ပိုကြာနိုင်ကြောင်း၊ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ သမိုင်းကြောင်းကို ပြန်ကြည့် ပါက ယခုလို လူထုကို အကာ အကွယ်ယူသည့် ကိစ္စရပ်မျိုးသည် ကိုင်တွယ်ရခက်ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

          “ဒီအခြေအနေပေါ်မှာတော့ ဒီနေ့အချိန်အထိ ရခိုင်ပြည်နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာဖို့ ဆိုတာတော့ အစိုးရမှာ အစီအစဉ် မရှိ သေးပါဘူး”ဟု ဦးဇော်ဌေးက ပြောသည်။

          ရခိုင်ပြည်နယ်တွင် လက်ရှိ အခြေအနေမှာ စစ်အုပ်ချုပ်ရေးဟု မပြောရုံတမယ်သာ ရှိပြီး တပ်မပေါင်း များစွာ ရောက်ရှိ နေပြီ ဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်ပွားရားနေရာများတွင် ၂ ဖက် ပစ်ခတ်မှုကြောင့် အရပ်သား သေဆုံးမှုများ ရှိနေကြောင်း၊ AA က ရွာထဲမှ ပစ် သည်ဟုဆိုကာ အစိုးရတပ်မတော်က ရွာထဲသို့ ပစ်သဖြင့် အရပ်သား သေဆုံးမှုများ ဖြစ်နေ ကြောင်း ရခိုင်ပြည်နယ်တွင် အင်အား အကြီးဆုံး ပါတီတခု ဖြစ်သည့် ရခိုင် အမျိုးသား ပါတီမှ ဗဟိုအလုပ်မှုဆောင် အဖွဲ့ ဝင် ဦးဖေသန်းက ထောက်ပြပြောဆိုသည်။

          “စစ်အုပ်ချုပ်ရေး လုပ်တယ်ဆိုရင်လည်း AA နဲ့ တိုက်ပွဲကတော့ ဖြစ်နေမှာပဲ။ ဒါပေမယ့် စစ်အုပ်ချုပ် ရေး တရားဝင် ကြေညာလိုက်ရင် တော့ လူထုတွေ အနေအထိုင် ပိုပြီး ကျဉ်းကျပ်သွားမှာပေါ့။ အဲဒါ ကြောင့် ကျနော်တို့ ရခိုင်မှာက တခြား ဘင်္ဂလီကိစ္စတွေလည်း ရှိနေ သေးတာဆိုတော့ စစ်အုပ်ချုပ်ရေး ကို သိပ်မမျှော်လင့်ဘူး။ ပြည်သူတွေရဲ့ အခွင့်အရေးတွေလည်း ပိုပြီး ဆုံးရှုံးသွားနိုင်တယ်”ဟု မြေပုံမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးဖေသန်းက ဆက်ပြောသည်။

          ၎င်းက ဆက်၍ “စစ်အုပ်ချုပ်ရေး ဖြစ်သွားရင် အမှန်တရားကို ရပ်တည်ပြောဆိုပေးမယ့် ကိုယ်စားလှယ် တွေရဲ့ အသံ ပျောက်သွားနိုင်တယ်။ စစ်အုပ်ချုပ်ရေးကတော့ တနိုင်ငံလုံးလည်း ခံဖူးတဲ့ ကိစ္စပဲလေ။ စစ်အုပ်ချုပ်ရေး လုပ်ချလိုက် လို့လည်း ဒီတိုက်ပွဲတွေက ပြီးမှာ မဟုတ်ဘူး”ဟု ပြောသည်။

          ရခိုင်ပြည်နယ် ပြဿနာသည် AA ပြဿနာ တခုတည်း မဟုတ်ဘဲ ဘင်္ဂလီ ပြဿနာ၊ ARSA ပြဿနာ များပါ တွဲလျက် ရှိနေသဖြင့် ယခုလို အခြေအနေမျိုးတွင် တပ်မတော်အနေနှင့် အားလုံးကို ခေါင်းခံလိမ့် မည် မဟုတ်ဘဲ အစိုးရနှင့် တွဲ၍ ဖြေရှင်းလိမ့်မည်ဟု ထင်ကြောင်း၊ တပ်မတော်ကိုယ်တိုင်လည်း စစ်အုပ်ချုပ်ရေးကို လိုလားလိမ့်မယ် မထင်ကြောင်း ရခိုင်အရေး လေ့လာသူ ဦးမောင် မောင်စိုးက ပြောသည်။

          “စစ်ဆိုတာ ဖြစ်လာရင် ကိုယ်နိုင်တဲ့ နည်းနဲ့ တိုက်ကြတာပဲ။ တပ်မတော် အနေနဲ့လည်း ကိုယ်အားသန် ရာ လက်နက် ကြီးတွေနဲ့ လေကြောင်းတွေနဲ့ တိုက်တာပဲ။ စစ်ဆိုတာ ဖြစ်ရင်တော့ ကိုယ်အားသန် တဲ့ ဟာကို အသုံးပြုကြတာ ထုံးစံပဲ။ ဒါပေမယ့် စစ်ကို ရပ်အောင် ဆွေးနွေးဖြေရှင်းမယ်ဆိုတဲ့ စိတ်ဓါတ်ရှိ မယ်၊ ဆွေးနွေး ဖြေရှင်းကြမယ်ဆိုရင်တော့ ဖြေရှင်း လို့ရနိုင်ပါတယ်”ဟု ၎င်းက ပြောသည်။

          ရခိုင်ပြည်နယ်တွင် စစ်အုပ်ချုပ်ရေး ဆောင်ရွက်သွားနိုင်ရေးမှာ နိုင်ငံတော်တာဝန်ရှိသူများ၏ ဆောင် ရွက်ရမည့် အစီအစဉ်များ ဖြစ် ကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ထွန်းထွန်းညီက မတ်လ ၂၅ ရက်နေ့တွင် သတင်းထောက်များကို ပြောဆိုခဲ့ သည်။

          ရခိုင်ပြည်နယ်တွင် သောင်းကျန်းသူ မရှိသည်မှာ ကြာပြီ ဖြစ်ကြောင်း၊ နယ်စပ်တွင် ရိုဟင်ဂျာ နာမည်ခံ သည့် မူဂျာဟစ် သောင်းကျန်းသူ တချို့သာ ကျန်ရှိကြောင်း၊ ရခိုင်အမည်ခံသည့် အကြမ်းဖက် သောင်း ကျန်းသူ မရှိကြောင်း၊ ယခုအခါ AA သည် ဒီမိုကရေစီ ပထမ သက်တမ်းတွင် ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီမှ ဒုတိယ ဗိုလ်ချုပ်ကြီး ဟောင်း ဦးသောင်းအေးက ပြောသည်။

          “ရခိုင်က ကျနော်တိုင်းမှူး လုပ်ခဲ့တာပဲ။ AA ကို KIA က အသက်သွင်းပေးလိုက်တာ။ “ဝ” ဘက်မှာ ငြိမ်နေတော့ ဒီဘက်ကို လှည့် ပေးလိုက်တာ။ AA တောင်းဆိုနေသလို ကိုယ်ပိုင်ပြည်နယ်၊ ကိုယ်ပိုင် လက်နက်ကိုင်အဖွဲ့ ဆိုတာမျိုး ကတော့ မဖြစ်သင့်ဘူး။ ဒီကြား ထဲမှာ တပ်မတော်ကလည်း ဒေသအေး ချမ်းအောင် ဆောင်ရွက်ရတဲ့ အချိန်မှာ ဒေသခံ ပြည်သူတွေက ကြားညှပ်နေတာပေါ့”ဟု ၎င်းက ပြောသည်။

          ရခိုင်ပြည်နယ်တွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှ မတ်လ ၂၈ ရက်နေ့အထိ AA နဲ့ ထိတွေ့မှု ပေါင်း တိုက်ပွဲ ၁၀၃ ကြိမ်၊ မိုင်း ပေါက်ကွဲမှု ဖြစ်စဉ်ပေါင်း ၄၄ ကြိမ်၊ ကျဆုံး ရဲတပ်ဖွဲ့ ဝင် ၂၇ ဦး၊ အရပ်သား ၁၂ ဦး သေဆုံးခဲ့ကြောင်း၊ ဒဏ်ရာရသူ ရဲတပ်ဖွဲ့ ဝင် တွေကတော့ ၂၀ ဦး၊ အရပ်သား ၂၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သမ္မတရုံးက မနေ့က သတင်းထုတ်ပြန်သည်။

          တပ်မတော်နှင့် တိုက်ပွဲများအတွင်း AA ဘက်မှ ၅၈ ဦး သေဆုံးပြီး ၈ ဦး အရှင် ဖမ်းမိခဲ့ကြောင်း၊ လက်နက်ငယ် ၂၂ လက် ဖမ်းဆီး ရမိခဲ့ကြောင်း၊ တပ်မတော်ဘက်မှ အကျအဆုံးစာရင်းကိုမူ တပ်မတော်ကသာ ထုတ်ပြန်လိ့မ်မည် ဖြစ်ကြောင်း၊ အပြစ်မဲ့ ပြည်သူ ၆ ဦးကို AA က သတ်ဖြတ်ခဲ့ပြီး ၂ ဦး ပျောက်ဆုံးနေကြောင်းလည်း သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

          “ဒဏ်ရာရတဲ့ အရပ်သား ၂၀ စာရင်းကို အသေးစိတ် ပြန်ကြည့်လိုက်ရင် ရခိုင်တိုင်းရင်းသား ၁၇ ယောက် ဒဏ်ရာ ရပါတယ်။ ခမီ တိုင်းရင်းသား ၂ ဦး ဒဏ်ရာ ရပါတယ်။ နောက်ဘဂါင်္လီ ၂ ဦး ဒဏ်ရာ ရရှိပါတယ်။ ဒီဖြစ်စဉ်တွေမှာ အရပ်သားတွေ သေဆုံးမှု၊ အ ရပ်သားတွေ ဒဏ်ရာ ရရှိမှုမှာ ကြည့်လိုက်ရင်လည်း ဒေသခံ တိုင်းရင်းသားတွေ ထိခိုက်နစ်နာတယ်ဆိုတာ တွေ့ ရှိရပါတယ်”ဟု သမ္မတရုံးမှ ဦးဇော်ဌေးက ပြောသည်။

          ဇန်နဝါရီလ ၄ ရက်နေ့မှ စတင်ပြီး ရခိုင်ပြည်နယ်တွင် လူပေါင်း ၁၇၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး ဘူးသီးတောင် မြို့နယ်တွင် ၂၇၀၀၊ ကျောက်တော်တွင် ၃၈၀၀ ကျော်၊ မင်းပြားတွင် ၂၀၀၀ ကျော်၊ မြောက်ဦးတွင် ၃၅၀၀၊ ပုဏ္ဍား ကျွန်းတွင် ၁၉၀၀ ကျော်၊ ရသေ့တောင်တွင် ၂၅၀၀ ကျော်နှင့် ချင်းပြည်နယ် ပလက်ဝတွင် ၅၀၀ ကျော် ရှိကြောင်း သိရသည်။

          တိုင်းပြည်တွင် နှစ်ပေါင်း ၇၀ ကျော် လက်နက်ကိုင် ပဋိပက္ခသည် အဖြေမထွက်ခဲ့ဘဲ အခြား ပြည်နယ်များသည်လည်း လက်နက်ကိုင် ဖြေရှင်းခဲ့ပြီးနောက် ယခုအခါ ငြိမ်းချမ်းရေး လမ်းကြောင်းကို လျှောက်လှမ်းနေချိန်တွင် AA သည် တစ် ကနေ ပြန်စသည့် သဘော ဖြစ်နေကြောင်း၊ ၂၁ ရာစုသို့ ရောက်ရှိနေချိန် ၂၀ ရာစု အတွေးအခေါ်များနှင့် လက်နက် ပြန်ကိုင်ခြင်းသည် အဖြေဟုတ်၊ မဟုတ် သမိုင်းက သင်ခန်းစာ ပေးထားပြီး ဖြစ်ကြောင်း သမ္မတရုံး ပြောခွင့်ရသူက မနေ့က သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

          AA ကမူ ရခိုင်ပြည်နယ်တွင် ရက္ခိုင့် တပ်မတော် တည်ရှိရေးသည် ၎င်းတို့၏ အဓိက ရည်မှန်းချက် ဖြစ်ပြီး တိုက်ပွဲများ မှာလည်း မလွှဲမရှောင်သာ တိုက်ခိုက်နေရခြင်း ဖြစ်ကြောင်း၊ ၎င်းတို့ နှစ်ပေါင်း ၂၀၀ ကျော် ခံစားခဲ့ရသည့် ဒဏ်ရာဒဏ် ချက်များ ပပျောက်ရန် အပြန်အလှန် လေးစားမှု၊ နိုင်ငံရေးအရ တန်းတူရည်မှုများ ရရှိရန် လိုကြောင်း ဧရာဝတီသို့ ထုတ်ဖော်ပြောဆိုထားသည်။

          ဆက်စပ် ဖတ်ရှု့ရန် – မြောက်ဦး အောက်သားကန်ရွာကို တပ်က ပစ်၍ ၂ ဦးသေဆုံးဟုဆို

          Your Thoughts …
          Tags: စစ်အုပ်ချုပ်ရေးရခိုင်ပြည်နယ်သမ္မတရုံး
          ထက်နိုင်ဇော်

          ထက်နိုင်ဇော်

          ဧရာဝတီ

          Similar Picks:

          မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

          မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

          by ဧရာဝတီ
          6 November 2023
          46.8k

          ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          by ဟိန်းထူးဈာန်
          28 November 2023
          13.8k

          စစ်ပွဲသည် နိုင်ငံ၏ အတိတ်မှ ပဋိပက္ခများနှင့် မတူကြောင်း AA က ဧရာဝတီသတင်းဌာနနှင့် သီးသန့်တွေ့ဆုံ မေးမြန်းခန်းတွင် ပြောသည်။

          ရှမ်းမြောက်ပိုင်းနှင့် ရခိုင်မှာ သေနတ်ပြန်ပေါက်နိုင်လား

          ရှမ်းမြောက်ပိုင်းနှင့် ရခိုင်မှာ သေနတ်ပြန်ပေါက်နိုင်လား

          by မိုးစက်ငြိမ်းချမ်း
          22 July 2023
          13.1k

          ၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ထိုနယ်မြေနှစ်ခုလုံးတွင် တိုက်ပွဲများ လျော့ကျသွားခဲ့ရာ မြန်မာစစ်တပ် အသက်ရှူချောင်သွားခဲ့၏။ ဤသို့သော အခြေအနေသည် မည်သည့်အတိုင်းတာအထိ ဆက်သွားမည်နည်း

          စစ်ကောင်စီ၏ အသုံးချခံ ရုပ်သေးသမ္မတ ဦးမြင့်ဆွေ

          စစ်ကောင်စီ၏ အသုံးချခံ ရုပ်သေးသမ္မတ ဦးမြင့်ဆွေ

          by ဒေးဗစ်အောင်
          28 July 2023
          11.3k

          သမ္မတ ဦးမြင့်ဆွေသည် နေအိမ်အကျယ်ချုပ် ခံထားရသကဲ့သို့ ဖြစ်နေသည်ဟု စစ်တပ်ဝါရင့်အရာရှိများနှင့် ဌာနအကြီးအကဲများက မှတ်ချက်ချသည်။

          မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

          မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

          by အေးချမ်းဆု
          26 October 2023
          10.2k

          စစ်တပ်လက်အောက်ခံ ပသစ အဖွဲ့များမှာလည်း လက်နက်ကိုင်တပ်ဖွဲ့များဖြစ်၍ ထည့်သွင်းတွက်ချက်ထားရန် လိုအပ်၏။

          စစ်တပ်နှင့် AA ပဋိပက္ခ ရခိုင်ရဲတို့ ကြားညပ်နေဟုဆို

          စစ်တပ်နှင့် AA ပဋိပက္ခ ရခိုင်ရဲတို့ ကြားညပ်နေဟုဆို

          by ဧရာဝတီ
          9 November 2023
          8k

          ရခိုင်ပြည်နယ်အတွင်း စစ်ရေးပြင်ဆင်မှုများရှိနေပြီး မြေပြင်တွင် စစ်ရေးတင်းမာမှုများကြောင့် ရဲတပ်ဖွဲ့ဝင်များမှာ ကြားညပ်ကာ အသုံးချခံဖြစ်နေရကြောင်း

          Next Post
          ခရုကမာလိုရေသတ္တဝါ တွေမှာ Domoic Acid လို့ခေါ်တဲ့ အဆိပ်ပမာဏတွေများစွာရှိရင် လူကိုအစာဆိပ်သင့်စေပါတယ်

          အလွန်အကျွံစားမိရင် လူကိုအန္တရာယ်ဖြစ်စေနိုင်တဲ့ ပင်လယ်စာများ

          ထိုင်းနိုင်ငံရှိ စူပါမားကတ်တွေမှာ အသီးအရွက်များကို ပလတ်စတစ် အစားထိုး ငှက်ပျောရွက်တွေနဲ့ ထုပ်ပိုးလာကြပါတယ်

          ထိုင်း စူပါမားကတ်များတွင် ပလတ်စတစ် အစားထိုး ငှက်ပျောရွက် ထုပ်ပိုးမှုများ အသုံးပြုလာ

          No Result
          View All Result

          Recommended

          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

          4 days ago
          12.1k
          ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

          ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

          16 hours ago
          11k

          Most Read

          • ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

            ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

            shares
            Share 0 Tweet 0
          • စစ်ရှိန်မြင့်လာချိန် စစ်သားဇနီးတွေလည်း ကင်းစောင့်နေရ

            shares
            Share 0 Tweet 0
          • ၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ

            shares
            Share 0 Tweet 0
          • ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

            shares
            Share 0 Tweet 0
          • မူဆယ် ၁၀၅ မိုင်တွင် တိုက်ပွဲများ ဆက်ဖြစ်၊ နမ့်ပေါ်တံတားတပ်စခန်း TNLA သိမ်းပိုက်

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved