သတင်း

ရခိုင် မြောက်ပိုင်း ၅ မြို့နယ်၌ ပုဒ်မ ၁၄၄ ထုတ်ပြန်

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင် ၊ ပုဏ္ဏားကျွန်း ၊ ကျောက်တော် ၊ မြောက်ဦး ၊ မင်းပြား စသည့် မြို့နယ် ၅ မြို့နယ်ကို ပြည်နယ်အစိုးရအဖွဲ့မှ ညမထွက် ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်သည်။

အဆိုပါ ညမထွက်ရအမိန့်ကို ဧပြီလ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ရန် ခွင့်ပြုချက်ပေးလိုက်ခြင်း ဖြစ်ပြီး ည ၉နာရီမှ နောက်တနေ့ နံနက် ၅ နာရီ အချိန်အထိ သတ်မှတ်ထား ကြောင်းလည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

ထိုသို့ ညမထွက်ရ အမိန့်ထုတ်ပြန်ခြင်းမှာ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများကို လုပ်ဆောင်နိုင် ရန်အတွက် ခွင့်ပြုရခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုး ရပြောရေး ဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

“မြို့နယ် ၅ မြို့နယ် ကို ပုဒ်မ ၁၄၄ ထုတ်ပြန်ရန် ခွင်ပြုလိုက်တာ ဟုတ်ပါတယ်။ ဘယ်အချိန်အထိ ထုတ်ပြန်မယ်ဆိုတော့ သတ်မှတ်ချက်တော့ မရှိသေးဘူး။ ကျနော်တို့ တရားဥပဒေ စိုးမိုးရေး လုပ်ငန်း များ စိတ်ချရမယ့် အခြေအပေါ် မည်တည်ပြီး ဆောင်ရွက်သွားပါမယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

ယင်း မြို့နယ် ၅ မြို့နယ် အတွင်း ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ရန် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ကိုယ်စား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီး ဖုန်းတင့်က လက်မှတ်ထိုးကာ ခွင်ပြုထားသည်။

အစိုးရ ထုတ်ပြန်ထားသော ညမထွက်ရ အမိန့် ထုတ်ပြချက်နှင့် ပတ်သက်၍ ကျောက်တော်မဲဆန္ဒနယ်မှ ပြည်နယ် လွှတ် တော် ကိုယ်စားလှယ် ဦးမောင်မောင်ကတော့ ၎င်းအနေဖြင့် သေသေချာချာ မသိရှိ သေးကြောင်း၊ ဖေ့စ်ဘုတ် လူမှု ကွန်ရက်ပေါ်၌သာ မြင်တွေ့ရသည့် အနေအထားသာ ရှိသေးကြောင်း ပြောသည်။

“တကယ်လို့ အစိုးရ အနေနဲ့ ထုတ်ပြန်မယ် ဆိုလည်း သေချာ မတည်ငြိမ်တဲ့ ဒေသတွေကို သေချာ စိစစ်ပြီးမှ နိုင်ငံတော် သမ္မတအထိ အဆင့်ဆင့် တင်ပြပြီး ထုတ်ပြန်သင့်တယ်။ ဒီလို ထုတ်ပြန်တာဟာ တဘက်မှာ ဒေသခံပြည်သူတွေ ဒုက္ခတွေ့ မယ်။ တချို့ ရွာသားတွေဆို မနက်အစောကြီး ထပြီး ငါးရှာ ထွက်ရတာ ရှိတယ်။ မိုးချုပ်မှ အလုပ်က အိမ်ပြန်ရတာ ရှိ တယ်။ ရွာသားတချို့ဆို မြို့ပေါ်ကို ဈေး ဝယ်ဖို့ မနက် အစောကြီးက လာရတာ ရှိတယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့် ရှိသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်ကတော့ ဒေသခံများ အနေဖြင့် မဖြစ်မနေ သွား လာရမည့် အရေးပေါ် အခြေအနေများနှင့် ကြုံပါက သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးများထံ သတင်းပို့ပြီး သွားမည် ဆိုပါ ခွင့်ပြုပေးမည် ဖြစ်ကြောင်း ပြောသည်။

ယနေ့ ဧပြီလ ၂ ရက်နေ့ ညနေပိုင်းက ကျောက်တော် နှင့် မင်းပြားမြို့ပေါ် ရပ်ကွက်များတွင် ညမထွက်ရ အမိန့်ကို မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ကားဖြင့် လှည့်လည်ကာ အသိပေး လိုက်လံ ကြေညာနေကြောင်း လည်း သိရသည်။

ယခု ညမထွက်ရ အမိန့်သည် ထုတ်ပြန်သည့် နေ့မှ စ၍ ၂ လအထိ အတည်ဖြစ်ကြောင်း ရေးသားထား သည်။

အစိုးရအနေဖြင့် ညမထွက်ရ အမိန့် ထုတ်ပြန်ရသည့် အကြောင်းမှာ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး ၊ ရပ်ကွက် အေး ချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေသော အကြမ်းဖက်မှုများ ဖြစ်သည့် မိုင်းထောင် ဖောက်ခွဲခြင်း ၊ ချောင်းမြောင်း တိုက်ခိုက်ခြင်း ၊ ရဲစခန်း ၊ ရဲကင်းများကို ဝင် ရောက် တိုက်ခိုက်ခြင်း စသည့်ဖြစ်စဉ်များကြောင့် ရပ်ကွက် အေးချမ်း သာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများ ထိခိုက်သည့် အတွက် ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း အစိုးရ ထုတ်ပြန်ချက် တွင် ရေးသားထားသည်။

ထိုလုပ်ရပ်များကြောင့် ရပ်ကွက် အေးချမ်း သာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများ ကို ဆောင်ရွက်နေ သော တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ ကျဆုံးခြင်း၊ ထိခိုက် ဒဏ်ရာ ရရှိခြင်းတို့ အပြင် နိုင်ငံတော်ပိုင် အဆောက်အဦး ၊ ယာဉ်များ ပျက်စီး ဆုံးရှုံးခဲ့ရမှုများ ရှိကြောင်းလည်း အစိုးရ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading