နိုင်ငံရေးသမားများ၊ ကထိကများ၊ ကျောင်းသားများသည် စည်းမျဉ်း စည်းကမ်းများကို လိုက်နာရမည် ဖြစ်ပြီး စည်းမျဉ်းခံ ဘုရင်စနစ်ကို ဖြုတ်ချရန် အားထုတ်ရမည် မဟုတ်ကြောင်း၊ သို့မဟုတ်ပါက နောက်ထပ်ပြည်တွင်းစစ်မီး တောက်လောင်ဦး မည်ဖြစ်ကြောင်း ကြည်းတပ် ဦးစီးချုပ် အပီရတ် ကောင်ဆွမ်ပေါင်က ပြောကြောင်း Bangkok Post သတင်းတွင် ဖော်ပြသည်။
“နိုင်ငံခြားမှာ ဒီမိုကရေစီ လေ့လာခဲ့သူ တွေနဲ့ တခြားနိုင်ငံက ပြဋ္ဌာန်းချက်တွေ ဖတ်လာခဲ့သူတွေဟာ စည်းမျဉ်းခံ ဘုရင် စနစ်ကို ပြောင်းလဲဖို့ ကြိုးစားမယ့်အစား ဘယ်လို ဆီလျော်အောင် ကျင့်သုံးရမယ် ဆိုတာ ထည့်စဉ်းစားဖို့ လိုပါတယ်။ ခင်ဗျားတို့ သင်ခဲ့တဲ့ လက်ဝဲလမ်းစဉ်နဲ့ မိတ်ဆက်မပေးပါနဲ့၊ အသွင်ယူဖို့ မကြိုးစားကြပါနဲ့။ တခြားနိုင်ငံတွေလိုမျိုး မရပါ ဘူး”ဟု ၎င်းက ဘုရင့်သက်တော်စောင့် တပ်ဖွဲ့ ပထမတပ်ခွဲကို အင်္ဂါနေ့က မိန့်ခွန်းပြောကြားရာတွင် ပြောဆိုခြင်းဖြစ် သည်။
“ဘုရင့်နန်းတော်ကနေ ပညာသင်ဆုရပြီး နိုင်ငံခြားမှာ ပညာသင်လာတဲ့ ကျောင်းသားတွေ၊ ကထိက တွေ၊ အရာရှိတွေ အတွက် ကျနော် အလေးပေး ပြောလိုတာက ခင်ဗျားတို့ သင်လာတဲ့ ဒီမိုကရေစီဟာ ဘာ အမျိုးအစားဖြစ်ဖြစ် ကိစ္စမရှိ ပါဘူး။ တကမ္ဘာလုံးမှာ ဒီမိုကရေစီဟာ ကွဲပြားခြားနားတဲ့ ယဉ်ကျေး မှုနဲ့ လိုက်လျောညီထွေဖြစ်အောင် ကူးယူပုံဖော်ရပါ တယ်။ ကမ္ဘာ့ ဒီမိုကရေစီမှာ ဒီမိုကရေစီပုံစံမျိုးစုံ ရှိနေပါတယ်” ဟု စစ်ဦးစီးချုပ်က ဆက်လက်ပြောကြားသည်။
စည်းမျဉ်း စည်းကမ်းများ လိုက်နာရန် ငြင်းဆန်ခြင်းသည် ပြဿနာ ဖန်တီးခြင်းသာ ဖြစ်ကြောင်း၊ ပါတီအချို့က “ဒီမိုကရေ စီ”နှင့် “အာဏာရှင်”တို့ကို အကန့်ခွဲ ကိုးကားလျက် ထိုင်းပြည်သူများကို သွေးခွဲနေခြင်းကို ရပ်တန့်သင့်ကြောင်း ၎င်းက သတိပေးသည်။
“အတိတ်တချိန် ကလိုမျိုး နောက်ထပ ်ပြည်တွင်းစစ်မျိုး ကျနော်တို့ လိုလားနေကြလား။ ဘာကြောင့် စည်းမျဉ်းမလိုက်နာဘဲ လွှတ်တော်ထဲမှာ တိုက်ခိုက်နေကြတာလဲ” ဟု ဗိုလ်ချုပ်ကြီးအပီရတ်က မေးခွန်းထုတ်လိုက်သည်။
“နိုင်ငံရေး လေလုံးထွားတယ် ဆိုတာ နိုင်ငံရေးသမားတွေ၊ လက်ဝဲအစွန်းရောက် သမားတွေရဲ့ စကားလုံးဟောင်း (ဓာတ် ပြားဟောင်းတွေ) ဦးတည်တဲ့လှုပ်ရှားမှုတခုပါ” ဟု ၎င်းက ပြောသည်။
နိုင်ငံရေး ကိစ္စရပ်များသည် ချဲ့ကား ပြောဆိုကြသည့် သတင်းအချက်အလက်များ အပေါ် အခြေခံ ကြောင်း ၎င်းက ထပ် လောင်းပြောကြားသည်။
“တရားစွဲ၊ ထောင်ချလည်းပဲ လူချမ်းသာတချို့က ထွက်မပြေးပါဘူး။ သူတို့က တရားဥပဒေစနစ်ကို လက်ခံတယ်။ တချို့လူ တွေလို လက်မခံဘဲ (ဒါမှမဟုတ်) လက်မခံနိုင်ဘဲ နိုင်ငံခြားထွက်ပြေးတာမျိုးနဲ့ မတူပါဘူး” ဟု သူက ပြောသည်။
“ကစားပွဲမှာ ဒိုင်လူကြီးဟာ ဘယ်သူရှုံးတယ် ဆိုတာ အဆုံးအဖြတ် ပေးရပါတယ်။ တကယ်လို့ ဒိုင်လူ ကြီးကို အပြစ်တင် နေမယ် ဆိုရင် နိဂုံးချုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ အဲဒီတော့ နိဂုံးတခု ဘယ်လိုရ နိုင်တော့မှာလဲ။ ဒီထက်ပိုပြီးတော့ ကျနော် လည်း ရှင်းမပြတော့ဘူး။ ဒါမှမဟုတ်လည်း ခပ်ကြမ်းကြမ်း ပြောရမှာပဲ” ဟု ဗိုလ်ချုပ်ကြီးအပီရတ်က ဆိုသည်။
အမျိုးသား ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ကောင်စီ(NCPO)သည် အာဏာရှင် မဟုတ် ကြောင်း စစ်ဦးစီးချုပ်က ငြင်းဆိုလိုက်သည်။ အခြားတဖက်တွင်လည်း ကောင်စီသည် အခြားနိုင်ငံမှ အာဏာရှင်များ ကျင့်သုံးပုံများကို ပုံတူကူးချ လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
စစ်တပ်သည် နိုင်ငံရေးမှ ကင်းလွတ်ပြီး (Professional-ကိုယ့်အလုပ်ကိုယ်လုပ်) နေကြောင်း ဗိုလ်ချုပ် ကြီး အပီရတ်က ပြော သည်။ တိုင်းပြည်၊ ဘာသာနှင့် အမျိုးသားဘုရင်စနစ် တို့ကို ကာကွယ်စောင့် ရှောက်ရန် တာဝန်အား ဦးလည်မသုန်ယူ ထား ပြီး ဘုရင်မင်းမြတ်၏ ညွှန်ကြားချက်များကို လိုက်နာရကြောင်း သူက ဆက်လက်ပြောကြားသည်။
ယင်းကဲ့သို့ မိန့်ခွန်းမျိုးကို ၎င်းအနေဖြင့် မကြာခဏပြောလေ့မရှိသော်လည်း ထိုင်းဘုရင် ဘိသိက်ခံပြီး ချိန်အထိတိုင်အောင် ၎င်း၏ နိုင်ငံရေးအမြင်ကို ထုတ်ပြောခြင်းမှ ရှောင်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး အပီရတ်က ပြောကြားခဲ့သည်။