• English
Sunday, June 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ညမထွက်ရ အမိန့် လူထုအတွက် အဆင်မပြေဟု ရခိုင် အမတ်များ ပြော

by ထက်နိုင်ဇော်
4 April 2019
in သတင်း
A A
အကြမ်းဖက်မှု ဖြစ်စဉ် နောက်ပိုင်း မောင်တောမြို့နယ် အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင် တချို့ကို တွေ့ရစဉ် / ဧရာဝတီ

အကြမ်းဖက်မှု ဖြစ်စဉ် နောက်ပိုင်း မောင်တောမြို့နယ် အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင် တချို့ကို တွေ့ရစဉ် / ဧရာဝတီ

9.1k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် မြို့နယ် ၅ ခုတွင် ထုတ်ပြန်ခဲ့သည့် ပုဒ်မ ၁၄၄ (ညမထွက်ရ အမိန့်)ကြောင့် ပြည်သူ လူထု အတွက် အဆင် မပြေ ဖြစ်ရကြောင်း ရခိုင် ပြည်နယ်ရှိ လွှတ်တော် ကိုယ်စားလှယ်များက ပြောဆိုသည်။

ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ထိခိုက် ကျဆင်းမှု မဖြစ် စေ ရေး၊ အုပ်ချုပ်ရေး ယန္တရား တည်ဆောက်နိုင်ရေး၊ ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး အတွက် မြို့နယ် ၅ ခုတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ကြောင်း ပြည်နယ် အစိုးရက ဧပြီလ ၁ ရက်၌ အမိန့် တရပ် ကြေညာခဲ့သည်။

RelatedPosts

တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

15 June 2025
281
စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲ ကုလသမဂ္ဂနဲ့ အာဆီယံ ဘယ်လိုမြင်လဲ (ရုပ်/သံ)

စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲ ကုလသမဂ္ဂနဲ့ အာဆီယံ ဘယ်လိုမြင်လဲ (ရုပ်/သံ)

15 June 2025
8
အစ္စရေးက အီရန်ကိုတိုက်ပြီးနောက် ကမ္ဘာ့ရေနံဈေးတက်

အစ္စရေးက အီရန်ကိုတိုက်ပြီးနောက် ကမ္ဘာ့ရေနံဈေးတက်

15 June 2025
616

ညမထွက်ရ အမိန့်သည် ဧပြီလ၂ ရက်နေ့မှ စ၍ ၂ လ အထိ အတည် ဖြစ်ကြောင်းလည်း ရေးသားထားသည်။

ယင်းအမိန့်ကြောင့် နေ့စဉ် သားငါး ရှာဖွေ စားသောက်ရသူများ၊ တံငါသည်များနှင့် အရေးတကြီး ကျန်းမာရေး ကိစ္စများ ကြောင့် ညဘက် မြို့သို့ ဆေးရုံ တက်ရောက် ကုသလိုသူများ အတွက် အခက်အခဲများ ရှိနေသည့်အပြင် သားငါး ဈေးနှုန်း လည်း ဧပြီ ၃ ရက်မှ စတင် မြင့်တက်သွားကြောင်း သိရသည်။

ရခိုင် ပြည်နယ် မင်းပြားမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်က“တနေ့စာ တနေ့ လုပ်ကိုင် စား သောက် နေရတဲ့ ကြားထဲမှာ ၉ နာရီ မထွက်ရတော့ဘူး ဆိုတာတော့ နေ့စဉ် အလုပ်လုပ်မှ လုပ်ကိုင် စားသောက်ရ သူတွေ အဖို့ အလွန်တရာ အခက်အခဲ ကြုံသွားတာပေါ့။ ညနေ ငါးရှာ မထွက်ရတဲ့ အတွက် သားငါး ဈေးက တအား တက်နေပြီ။ မနေ့ကပဲ အမိန့်ထုတ်တယ် ဒီနေ့စတက်ပြီ ဆိုတော့ နောင်မှာ ရေရှည်အတွက် ဒီကိစ္စက ဘယ်လိုမှ မကောင်းနိုင်ဘူး”ဟု ဧရာဝတီသို့ ပြောသည်။

ရသေ့တောင် မြို့နယ်တွင် ကျေးရွာပေါင်း ၁၆၀ ကျော် ရှိရာ ယင်းကျေးရွာ အားလုံးတွင် တိုက်ပွဲဖြစ်နေသည် မဟုတ် သော်လည်း ပုဒ်မ ၁၄၄ သည် တမြို့နယ်လုံးကို သက်ရောက်မှု ရှိသဖြင့် ပြည်သူများ အခက်အခဲများ ဖြစ်နေရ ကြောင်း၊ တိုက်ပွဲဖြစ်ရာ ဒေသရှိ ပြည်သူများလည်း ယင်းနေရာများတွင် မရှိတော့ကြောင်း မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က ပြောသည်။

၎င်းက“ဒီပုဒ်မက ရသေ့တောင် တမြို့လုံးနဲ့ အကျုံးဝင်တော့ မြစ်ချောင်းတွေကို အခြေပြုပြီး လုပ်တဲ့ ငါးဖမ်းသမားတွေ ရှိ တယ်။ ညအချိန် မတော် ငါးရဖို့ လှေပေါ်မှာ စောင့်ရတာမျိုး ရှိတယ်။ အဲဒီအတွက် အခက်အခဲတွေ ရှိတယ် ဆိုပြီး ပြော ပြကြတယ်။ ၉ နာရီ မထွက်ရဘူး ဆိုတာ ပြည်သူတွေ အတွက် စားဝတ်နေရေး အခက်အခဲ ရှိတယ်။ ကျန်းမာရေး ပြဿနာတွေ ရှိတယ်။ ၁၄၄ ပုဒ်မ မထုတ်ရင်လည်း ဘာမှမဖြစ်လောက်ဘူးလို့ ပြောချင်တယ်”ဟုလည်း ပြောဆိုသည်။

ယခု ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် မြို့နယ်များမှာ စစ်တွေ ခရိုင်တွင် ပုဏ္ဍားကျွန်း မြို့နယ်နှင့် ရသေ့တောင် မြို့နယ်၊ မြောက်ဦး ခရိုင်တွင် ကျောက်တော်၊ မင်းပြားမြို့နယ် တို့ ဖြစ်ကြပြီး ရခိုင် မြောက်ပိုင်းရှိ ဘူးသီးတောင်၊ မောင်တော မြို့နယ် တို့တွင်မူ ၂၀၁၆ ခုနှစ်ကတည်းက ပုဒ်မ ၁၄၄ ကို သက်တမ်းတိုး၍ ဆက်တိုက် ထုတ်ပြန်ထားသည်မှာ ယနေ့ အချိန်ထိ ဖြစ်သည်။

ယင်းဒေသတို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည်မှာ ကြာနေပြီဖြစ်ပြီး သားငါးရှာဖွေရန်မှအစ ကျန်းမာရေးအဆုံး အစစ အရာရာ အဆင်မပြေခဲ့ကြောင်း၊ အစိုးရက လိုအပ်၍ ထုတ်ပြန်သည်ဟု ပြောဆိုထားရာ ဒေသခံများအနေဖြင့် မည်သို့မျှ မတတ်နိုင်ကြောင်း ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောသည်။

၎င်းက“ဒီက လူတွေက ဘာတတ်နိုင်မှာလဲ။ ၁၄၄ ထုတ်လို့လည်း ဘယ်လိုလုပ်ပြီး ပိုတည်ငြိမ် အေးချမ်းမလဲ။ အတူတူ ပဲ၊ ဘာမှ မထူးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ညကျရင် ကြောက်ပြီး ပြည်သူတွေက သွားမှ မသွားတော့တာ။ အဲဒါက လူတွေကို ကြောက်အောင် တမင်တကာ ထုတ်ထားတာ ဖြစ်တယ်”ဟု ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၈ ရက် က တပ်မတော်နှင့် ရက္ခိုင့် တပ်မတော် (AA) အဖွဲ့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် ရခိုင် ပြည်နယ် မြောက်ဦးမြို့တွင်လည်း ပုဒ်မ ၁၄၄ ထုတ်ပြန်ခြင်းကြောင့် သိသာသည့် ပြောင်းလဲမှုမျိုး မရှိနိုင်ဘဲ မြို့မှာ နဂို အတိုင်းပင် ပုံမှန် လည်ပတ်လျက် ရှိရာ ယခု အမိန့်ကို ထုတ်ပြန်ရန် မလိုအပ်ဟု ထင်ကြောင်း မြောက်ဦး မြို့နယ် ပြည် သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစော က ဆိုသည်။

“စစ်ပွဲ ဖြစ်တာကတော့ ဘယ်သူမှ တားလို့ ရတာ မဟုတ်ဘူးလေ။ မြို့တွေရဲ့ လူမှုစီးပွား ဘဝတွေမှာ ဈေးတွေကို မှီပြီး တော့ လည်ပတ် နေရတာဆိုတော့ စစ်ပွဲတွေကတော့ ယဉ်ပါးသွားတာပဲ။ သ့ူဟာသူ ပုံမှန်ပဲ။ ကချင်မှာလည်း ဒီလိုပဲ။ ရှမ်းမှာလည်း ဒီလိုပဲ”ဟု ၎င်းက ပြောသည်။

ဦးဦးလှစောက ဆက်လက်၍“မြောက်ဦးလို နယ်မြေမျိုးကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ မီဒီယာသမားတွေ၊ ပြန်ကြား ရေး က တာဝန်ရှိသူတွေ၊ ယဉ်ကျေးမှု ဝန်ကြီး ဌာန၊ လူမှုဝန်ထမ်း ဝန်ကြီးဌာနတို့က တာဝန်ရှိသူတွေ လာကြည့်စေချင် တယ်။ သူတို့လာရင် မြို့က လူတွေကလည်း ဝမ်းသာမှာ။ ဒီအခြေအနေတွေကို သိရအောင်လို့။ အခုက ဘယ်သူမှ မလာတာက ပြဿနာ”ဟု ပြောဆိုသည်။

ပုဒ်မ ၁၄၄ ထုတ်ပြန်ခြင်းသည် အစိုးရ ပြောဆိုသည့် အတိုင်း တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး အတွက် ထုတ်ပြန်ခြင်း ဖြစ်ပြီး ညဘက် လူများကို အပြင်မထွက်ခိုင်းသဖြင့် ညဘက်တွင် ဖြစ်ပေါ်နိုင်သည့် မသမာမှု များ လျော့နည်းသွားနိုင်ကြောင်း တပ်မတော်မှ ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“မြို့တွေ ရွာတွေနားမှာ တိုက်ပွဲဖြစ်တာတွေက ညဘက်တော့ လျော့သွားနိုင်တယ်။ နေ့ ဘက်တော့ မပြောနိုင်ဘူး။ တိုက်ပွဲတွေက မြောက်ဦးနဲ့ ကျောက်တော် ဘက်တွေမှာ ရှိနေတုန်းပဲ။ ပုံမှန် တိုက်နေကြ တုန်း”ဟု ဆိုသည်။

ပြည်နယ် ဝန်ကြီးချုပ် ကိုယ်စား လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့် ၏ ပုဒ်မ ၁၄၄ ထုတ်ပြန် ချက် တွင် ရခိုင် ပြည်နယ်အတွင်း ၂၀၁၉ ဇန်နဝါရီလမှ မတ်လ ၂၆ ရက်အထိ နိုင်ငံတော် တည်ငြိမ်ရေး၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တရား ဥပဒေ စိုးမိုးရေးကို ထိခိုက်စေသော အကြမ်းဖက်မှုများကြောင့် တပ်မတော် တပ်ဖွဲ့ဝင်များ၊ ရဲတပ် ဖွဲ့ ဝင်များ ကျဆုံးခဲ့ပြီး နိုင်ငံပိုင် ယာဉ်များ ပျက်စီးခဲ့ရသည်ဟု ဖော်ပြထားသည်။

Your Thoughts …
Tags: ပုဒ်မ ၁၄၄ရခိုင်ပြည်နယ်
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
93.4k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

by ဟိန်းထူးဈာန်
28 November 2023
20.1k

စစ်ပွဲသည် နိုင်ငံ၏ အတိတ်မှ ပဋိပက္ခများနှင့် မတူကြောင်း AA က ဧရာဝတီသတင်းဌာနနှင့် သီးသန့်တွေ့ဆုံ မေးမြန်းခန်းတွင် ပြောသည်။

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

by မိုးစက်ငြိမ်းချမ်း
21 December 2023
19.2k

အနောက်ဘက်စစ်မျက်နှာသည် အရှေ့မြောက်ကဲ့သို့ နိုင်ငံတခုတည်းနှင့် နယ်နိမိတ်ဆက်စပ်နေ‌သည် မဟုတ်ပေ။ အနောက်ပိုင်းတွင် ရခိုင်သည် ဘင်္ဂလားဒေ့ရှ်နှင့်ရော အိန္ဒိယနှင့်ပါ နယ်နိမိတ်ချင်း ဆက်စပ်နေ၏။

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

by အေးချမ်းဆု
10 February 2024
17.9k

မြန်မာစစ်တပ်၏ တပ်ချုပ်အား ဗိုလ်မြောက်ရှုံး၊ တပ်ချုပ်နှင့် ဒုတပ်ချုပ်အား တပ်ပြုန်းညီနောင်ဟု ခေါ်ဆိုနေကြ၏။

စစ်ကောင်စီကို ကိုင်လှုပ်သည့် ရခိုင် ရေကြောင်းတိုက်ပွဲ

စစ်ကောင်စီကို ကိုင်လှုပ်သည့် ရခိုင် ရေကြောင်းတိုက်ပွဲ

by မိုးစက်ငြိမ်းချမ်း
24 February 2024
14.9k

ရခိုင်ကမ်းရိုးတန်းတလျှောက် နှစ်စဉ် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး ဆိုသည်ကို လေ့ကျင့်ခဲ့သည့် စစ်တပ်သည် လက်ရှိ ရခိုင်ပြည်တွင် အရှုံးကြီးရှုံးနေ၏။

ရခိုင်စစ်မျက်နှာ တတိယအဆင့် ထိုးစစ် အလားအလာ

ရခိုင်စစ်မျက်နှာ တတိယအဆင့် ထိုးစစ် အလားအလာ

by အေးချမ်းဆု
2 April 2024
14.6k

ရခိုင်စစ်မျက်နှာတွင် စစ်ပွဲရပ်တန့်အောင် ကြိုးစားနေမှုများ ရှိနေသော်လည်း ရက္ခိုင့်တပ်တော်၏ တတိယအဆင့်ထိုးစစ် စတင်နေပြီဖြစ်၏။

Next Post
၂၀၁၇ ခုနှစ်အတွင်းက မန္တလေးမြို့တွင် ကျင်းပခဲ့သော ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ဖွင့်ပွဲ / ဇော်ဇော်

ရုပ်တုများကို ငြင်းပယ်ခြင်း

မြန်မာနိုင်ငံတွင် အိမ်တွင်းအကြမ်းဖက်မှုအတွက် ထိရောက်သည့် ဥပဒေနည်းပါးနေသည်။

နေပြည်တော်ရှိ ကျား၊မ အခြေပြုစင်တာသို့ တလအတွင်း အကြမ်းဖက်ခံရသူ ၁၂ ဦး ရောက်ရှိ

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

6 days ago
5.6k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

4 days ago
5.2k

Most Read

  • မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate