• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

35 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဧရာဝတီတိုင်း လွှတ်တော် ဒု ဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်ကို အမှုဖွင့် စစ်ဆေးနေ

by ဆလိုင်းသန့်စင်
4 April 2019
in သတင်း
A A
ဧရာဝတီတိုင်း လွှတ်တော် ဒုဥက္ကဋ္ဌ, ဦးစံမင်းအောင်  / ဆလိုင်းသန့်စင်  / ဧရာဝတီ

ဧရာဝတီတိုင်း လွှတ်တော် ဒုဥက္ကဋ္ဌ, ဦးစံမင်းအောင် / ဆလိုင်းသန့်စင် / ဧရာဝတီ

27k
VIEWS
Share on FacebookShare on Twitter

ကိုယ်ကျိုး အတွက် ငွေကြေး အလွဲသုံးစား လုပ်သည်ဟု ဆိုကာ ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ဒု ဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်ကို ပုသိမ် မြို့မ ရဲစခန်းက စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သတင်း ရရှိသည်။

ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့် ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက“ဦးစံမင်းအောင်ကို ပုဒ်မ ၄၀၉ နဲ့ အမှု ဖွင့် ထားပါတယ်။ အမှုဖွင့်တာတော့ မတ်လကုန်ပိုင်းက ဖွင့်ခဲ့တာပါ။ အမှုနဲ့ ပတ်သက်ပြီး ပုသိမ်မြို့မ ရဲစခန်းက စစ်ဆေးမှု တွေ ဆောင်ရွက်နေတယ်”ဟု ဧရာဝတီကို ပြောသည်။

RelatedPosts

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

18 May 2025
94
နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
225
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
3.8k

ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၀၉ သည် ယုံကြည်စွာ အပ်နှံမှုကို ဖောက်ဖျက် ကျူးလွန်သည့် ပုဒ်မ ဖြစ်ပြီး ပြစ်မှု ထင်ရှား
ပါက ထောင်ဒဏ် ၁၀ နှစ်မှ တသက်တကျွန်း အထိ ချမှတ်နိုင်၍ ငွေဒဏ်ပါ ပူးတွဲ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်း ထားသည်။

ဧရာဝတီတိုင်း လွှတ်တော် အတွက် ပြည်ထောင်စု လွှတ်တော် ရန်ပုံငွေမှ ခွင့်ပြုငွေ ကျပ်သိန်း ၁၅၈၀ ကို အသုံးပြု၍ ကားများ ဝယ်ယူရာတွင် အဖွဲ့ခေါင်းဆောင် ဦးစံမင်းအောင် အနေဖြင့် ငွေကြေး အလွဲသုံးစား လုပ်ခဲ့သည်ဟု ပုသိမ်မြို့တွင် နေထိုင် သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီနှင့် နီးစပ်သူ တဦးက တိုင်ကြားခဲ့သည့် အတွက် NLD ပါတီ ဗဟိုမှ အရန် ဗဟို ကော်မတီဝင် ဦးကျော်ဟိုး ဦးဆောင်သည့် အထူး စုံစမ်းရေး အဖွဲ့ဖြင့် ပါတီတွင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် ပါတီ ဗဟို အလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ဦးစံမင်းအောင်ကို ဇန်နဝါရီလ ၁၅ ရက်တွင် ပါတီ မှ ရာသက်ပန် ထုတ်ပယ်ခဲ့ပြီး အဆိုပါ ကိစ္စကိုလည်း NLD ပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့က လိုအပ်သလို ဆက်လက် ဆောင်ရွက်နိုင်ရန် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားခဲ့သည်ဟု ဆိုသည်။

ပါတီမှ ထုတ်ပယ်ခံခဲ့ရသူ ဦးစံမင်းအောင်သည် ဇန်နဝါရီလ ၃၁ ရက်တွင် လွှတ်တော် ဒုဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်ခဲ့ပြီး ဘိုကလေး မြို့နယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဆက်လက် ရပ်တည်ခဲ့သည်။

ဦးစံမင်းအောင်ကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ဇန်နဝါရီလကုန်ပိုင်းနှင့် ဖေဖော်ဝါရီလ အတွင်း စစ်ဆေး မှုများ ဆောင်ရွက်ခဲ့ကြောင်း လွှတ်တော် အသိုင်းအဝိုင်းက တဆင့် သိရသည်။
ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က“ကော်မရှင်ဆီက အဂတိ မမြောက်ဘူး ဆိုပြီး စာပြန် လာ တယ်။ အဂတိ မမြောက်ရင် ဌာနဆိုင်ရာ ဥပဒေ၊ ကျန်တဲ့ ဥပဒေနဲ့ ငြိစွန်းတယ် ဆိုရင် ဆက်လက် ဆောင်ရွက်ဖို့ ဆိုပြီး ကော် မရှင်က စာဝင်ထားပါတယ်။ ဒါကြောင့် ဒီကိစ္စကို တိုင်း ဥပဒေချုပ်ဆီ အကြံတောင်းခံတဲ့ အခါ သူက ဒီအခြေအနေ ဆိုရင် ဒီလို လုပ်ရမယ် ဆိုပြီး အကြံပြုတဲ့ အတွက် လွှတ်တော်ရုံး ဒုတိယ ညွှန်ကြားရေးမှူးကနေ တရားလိုပြုလုပ်ပြီး အမှု ဖွင့်ခဲ့ တာပါ”ဟု ပြောသည်။

လွှတ်တော် ဒုဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်သည် လွှတ်တော်တွင် အသုံးပြုရန် ကားဝယ်ယူရေး အဖွဲ့ ခေါင်းဆောင် အဖြစ် တာဝန်ယူ၍ မော်တော်ယာဉ် အသစ်တစီးနှင့် အဟောင်း ၄ စီးကို ဝယ်ယူခဲ့ပြီး မော်တော်ယာဉ် အဟောင်း ၄ စီးကို ၎င်း၏ ဆန္ဒအလျောက် ပြင်ဆင်ခဲ့ကြောင်း၊ ပြင်ဆင်ရန် ကုန်ကျစရိတ်များကိုလည်း ယာဉ်ဝယ်ယူသည့် တန်ဖိုးတွင် မမှန်မကန် ထည့်သွင်းကာ အရောင်းအဝယ် စာချုပ်ကို နောက်ကြောင်းပြန် ရက်စွဲဖြင့် ချုပ်ဆိုခဲ့သည့် အတွက် အမှုဖွင့် တိုင်ကြားခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ မှတ်တမ်းများတွင် ဖော်ပြထားသည်။

ကားဝယ်ယူရေး အဖွဲ့တွင် အဖွဲ့ဝင် ၈ ဦးပါဝင်ပြီး လွှတ်တော် ဒု ဥက္ကဋ္ဌ ဦးစံမင်းအောင်က အဖွဲ့ ခေါင်းဆောင်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် အဆင့် အရာရှိကြီး တဦးအား အတွင်းရေးမှူး အဖြစ် တာဝန် ပေးအပ်ခဲ့ပြီး ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ အရာရှိများနှင့် တိုင်း လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်ကြောင်း သိရသည်။

ဦးစံမင်းအောင်က“ကျနော့်အနေနဲ့ တဦးတယောက်တည်း သဘောနဲ့ လုပ်ခဲ့တာ မဟုတ်ပါဘူး။ အဖွဲ့အစည်း သဘောထားနဲ့ လုပ်ခဲ့တယ် ဆိုတာ အကြိမ်ကြိမ် ရှင်းပြခဲ့ပြီးလည်း ဖြစ်ပါတယ်။ ကျနော် ပြောနိုင်တာကတော့ ကားဝယ်ယူရေးကိစ္စမှာ ကျနော် တို့ ဝယ်ယူရေးအဖွဲ့ အနေနဲ့ ငွေကြေး အလွဲသုံးစား လုံးဝမလုပ်ခဲ့ဘူး ဆိုတာကိုတော့ အခိုင်အမာ ပြောနိုင်ပါတယ်” ဟု ပြောသည်။

ဘိုကလေးမြို့နယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည့် လွှတ်တော် ဒုဥက္ကဋ္ဌ ဦးစံမင်းအောင် သည် အသက် ၃၈ နှစ်အရွယ်ရှိသည့် အထက်တန်း ရှေ့နေ တဦးဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ဘိုကလေး မဲဆန္ဒနယ်၌ ခိုင်လုံမဲ ၃၃၃၈၉ မဲဖြင့် အနိုင်ရကာ လွှတ်တော် ဒု ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသူတဦး ဖြစ်သည်။

ဆက်စပ် ဖတ်ရှုန် 

ဧရာဝတီတိုင်း လွှတ်တော် ဒု ဥက္ကဋ္ဌ နုတ်ထွက်

ငွေကြေး အလွဲသုံးစား မလုပ်ခဲ့ကြောင်း ဧရာဝတီတိုင်းလွှတ်တော် ဒု ဥက္ကဋ္ဌ ပြန်ရှင်း

ဧရာဝတီတိုင်းလွှတ်တော် ဒုဥက္ကဋ္ဌ ရာထူးမှနုတ်ထွက်ခွင့် တင်ပြ

Your Thoughts …
Tags: လွှတ်တော် ဒု ဥက္ကဋ္ဌဟောင်းဦးစံမင်းအောင်ဧရာဝတီတိုင်း
ဆလိုင်းသန့်စင်

ဆလိုင်းသန့်စင်

ဧရာဝတီ

Similar Picks:

ရခိုင်တိုက်ပွဲများ ဧရာဝတီတိုင်းနှင့် နီးလာ

ဧရာဝတီတိုင်းမှာ စစ်ရိပ်စစ်ငွေ့သန်းပြီ

by ဧရာဝတီ
24 December 2024
9.9k

ဂွမြို့ကျသွားပြီးနောက် ဧရာဝတီတိုင်းသို့ စစ်မီး ကူးစက်လာမည်မှာ မလွဲမသွေဖြစ်သည်။

ရိုးမကို ကျော်လာသည် ရခိုင်စစ်

ရိုးမကို ကျော်လာသည် ရခိုင်စစ်

by စောလွင်
25 January 2025
9.6k

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသော ရခိုင်ပြည်နယ်၊ ဂွမြို့နယ်နှင့် ထိစပ်နေသည့် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် အတွင်း ယခုလဆန်းပိုင်းမှစတင်၍ AA နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲများပြင်းထန်လျက်ရှိကြောင်း သိရသည်။

၂၀၂၅ တွင် တွေ့ရမည့် အနောက်ဘက် စစ်မျက်နှာ

၂၀၂၅ တွင် တွေ့ရမည့် အနောက်ဘက် စစ်မျက်နှာ

by အေးချမ်းဆု
5 January 2025
9k

တပြည်လုံး အတိုင်းအတာအရ ကပစ စက်ရုံ ၂၅ ခု ရှိသည့်အနက် ကပစ စက်ရုံ ၁၆ ရုံနှင့် ငွေစက္ကူစက်ရုံကို ဧရာဝတီအနောက်ခြမ်း အနောက်ဘက် စစ်မျက်နှာတွင် တွေ့ရှိရ၏။

အမ်းလည်း ပေးရ၊ ဂွလည်း ကျရတဲ့ စစ်ကောင်စီ

အမ်းလည်း ပေးရ၊ ဂွလည်း ကျရတဲ့ စစ်ကောင်စီ

by စွယ်တော်
5 January 2025
8.4k

“အဘက အမ်းပေးခဲ့တာတောင် ဂွကျတဲ့အထိဖြစ်ရပြီ” ဆိုသည့်စကားက စစ်တပ်တွင် အခုလတ်တလော ပြောစမှတ်တွင်နေသည့်စကား ဖြစ်သည်။

ဂွ မကျရေး စစ်ကောင်စီ တပ်အင်အားဖြည့်နေ

ဂွ မကျရေး စစ်ကောင်စီ တပ်အင်အားဖြည့်နေ

by ရိုးကျော်
18 August 2024
8.2k

ရခိုင်ပြည်နယ်မှ ဧရာဝတီတိုင်းသို့ ယခင်က ဂွ-ငါးသိုင်းချောင်း ရိုးမဖြတ်ကျော်လမ်းကိုသာမက ပြီးခဲ့သည့်နှစ်က ဖွင့်ခဲ့သည့် ဂွမြစ်ကူးတံတားမှတဆင့် မန်ကျည်းစင်-ဘောမိ-ရွှေသောင်ယံ ကမ်းခြေပတ်လမ်းမှလည်း သွားလာနိုင်သည်။

AA ထိုးစစ် ဘယ်ကို ဦးတည်မလဲ

AA ထိုးစစ် ဘယ်ကို ဦးတည်မလဲ

by စွယ်တော်
21 January 2025
8.1k

စစ်ကောင်စီ၏ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းကမူ စစ်တွေကို AA လာမတိုက်စေရန် ယတြာများချေနေကြောင်း သိရသည်။

Next Post
သရုပ်ဆောင် ရန်အောင်  /  ချစ်ပိုး / ဧရာဝတီ

ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းကို အထင်မလွဲကြဖို့ ရန်အောင် ပြော

"ဇာတ်လမ်းတွဲ အမျိုးသမီး ဇာတ်ဆောင်ဆု" တစ်ပြေးနေကြသူများ

Star Awards က ပေးမယ့် "ဇာတ်လမ်းတွဲ အမျိုးသမီး ဇာတ်ဆောင်ဆု" တစ်ပြေးနေကြသူများ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

6 days ago
3.4k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate