• English
Saturday, June 21, 2025
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဧရာဝတီ သတင်းဌာန ခြိမ်းခြောက်ခံရ

by ကျော်ခ
4 April 2019
in သတင်း
A A
ဧရာဝတီ သတင်းဌာန ရုံးတွင်း / အောင်ကျော်ထက်

ဧရာဝတီ သတင်းဌာန ရုံးတွင်း / အောင်ကျော်ထက်

19k
VIEWS
Share on FacebookShare on Twitter

ဧရာဝတီ သတင်းဌာနကို ယခုရက်ပိုင်းအတွင်း ကျည်ဆံများ ပေးပို့လိုက်မည်ဟုဆိုကာ အမျိုးသား တဦးက တယ်လီဖုန်းဖြင့် ဆက်သွယ်၍ ခြိမ်းခြောက်မှုကို ခံခဲ့ရသည်။

ဧရာဝတီသတင်းဌာန ရုံးဖုန်းကို မတ်လ ၃၁ ရက်နေ့ ညပိုင်းက ဆက်သွယ်ပြောဆိုလာခြင်း ဖြစ်ကြောင်း ယင်းဖုန်းကို ကိုင်လိုက်သည့် တာဝန်ကျ ရုံးလုံခြုံရေး ဝန်ထမ်းက အယ်ဒီတာများထံ ဧပြီ ၃ ရက်နေ့က အကြောင်းကြားခဲ့သည်။

RelatedPosts

စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

20 June 2025
1.5k
စစ်ကောင်စီအမြစ်မပြတ်သရွေ့ ဘယ်နယ်မြေသိမ်းပိုက်မှုမှ အာမခံချက်မရှိဘူး (ရုပ်/သံ)

စစ်ကောင်စီအမြစ်မပြတ်သရွေ့ ဘယ်နယ်မြေသိမ်းပိုက်မှုမှ အာမခံချက်မရှိဘူး (ရုပ်/သံ)

20 June 2025
58
မြန်မာစစ်တပ် ကလေးစစ်သား စုဆောင်းအသုံးပြုမှု တိုးလာဟု HRW ပြော

မြန်မာစစ်တပ် ကလေးစစ်သား စုဆောင်းအသုံးပြုမှု တိုးလာဟု HRW ပြော

20 June 2025
197

“မင်းတို့ကောင်တွေ သတိထားနေ၊ ဒီရက်ပိုင်းအတွင်း မင်းတို့ဆီကို ကျည်ဆံတွေပို့လိုက်မယ် စောင့်ကြည့်နေ” ဟု ပြောဆိုပြီး ဖုန်းချသွားကြောင်း လုံခြုံရေးဝန်ထမ်း က ပြောသည်။

သို့သော်လည်း မည်သည့် အတွက်ကြောင့် ယင်းသို့ ခြိမ်းခြောက် ပြောဆိုခြင်းဖြစ်ကြောင်းနှင့် မည်သည့် အဖွဲ့အစည်း၊ ပုဂ္ဂိုလ် ဖြစ်ကြောင်းကိုတော့ ပြောခြင်း မရှိပါ။ ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး သိရှိနိုင်ရန်အတွက်လည်း ဧရာဝတီက ဆောင်ရွက်နေလျှက် ရှိသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း 7 Days ၊ The Voice ၊ Eleven Media Group၊ Mizzima၊ MCN၊ ရန်ကုန် ခေတ်သစ် အပါအဝင် သတင်းမီဒီယာ အချို့ကို အီးမေး၊ မက်ဆင်ဂျာများမှတဆင့် ခြိမ်းခြောက်စာများ ရရှိခဲ့ကြောင်း စုံစမ်း သိရှိရသည်။

၎င်းတို့ရရှိသည့် ခြိမ်းခြောက်စာထဲတွင် ရက္ခိုင့် တပ်မတော် (AA) အကြောင်း ရေးသား ဖော်ပြရာတွင် မဟုတ် မမှန် ဖော်ပြခြင်း၊ အကြမ်းဖက် သောင်းကျန်းသူဟု သုံးနှုန်းခြင်းနှင့် အစိုးရဘက်သို့ ဘက်လိုက် ဖော်ပြခြင်းများ ပြုလုပ်လျင် ပြင်းပြင်းထန်ထန် တုန့်ပြန်သွားမည်ဟု ဖော်ပြပါရှိသည်ဟု သိရသည်။

AA က ထိုကဲ့သို့ ခြိမ်းခြောက်စာများကို ၎င်းတို့ မပို့ကြောင်း အဆိုပါလုပ်ရပ်သည် မသမာသူ လူတစု၏ လက်ချက် ဖြစ်နိုင်ပြီး သတင်းမီဒီယာများကို ၎င်းတို့နှင့် ရန်တိုက်ပေးသည့် သဘောဖြစ်ကြောင်း ဧပြီ ၃ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန် ထားသည်။

သတင်းမီဒီယာကို ခြိမ်းခြောက်မှုများထဲတွင် AA နှင့် ပတ်သက်၍ ခြိမ်းခြောက်မှုများ ရှိသကဲ့သို့ တပ်မတော်နှင့် ပတ်သက်၍ ခြိမ်းခြောက်မှုများလည်း ရှိကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ (MPC) အထွေထွေ အတွင်းရေးမှူး ဦးမြင့်ကျော်က ပြောသည်။

ထိုဖြစ်စဉ်သည် တပ်မတော်နှင့် AA အကြား ဖြစ်ပွားနေသည့် ပဋိပက္ခနှင့် ပတ်သက်၍ မီဒီယာကို အပြစ်ပုံချသည့် သဘောဖြင့် လမ်းကြောင်းဖော်ပေးသည့် အနေအထားမျိုး ဖြစ်နိုင်သလို အကြမ်းဖက်စေရန် လမ်းကြောင်း ဖော်ပေးသည့် လှုံ့ဆော်မှုမျိုးလည်း ဖြစ်နိုင်သည်ဟုဆိုသည်။

ဦးမြင့်ကျော် က “ဒီဟာက တကယ့်ကို အခြေအမြစ်ရှိတဲ့ အကြမ်းဖက်တဲ့အထိ ရောက်နိုင်တဲ့ ခြိမ်းခြောက်မှုလား၊ ဒါမှမဟုတ် စိတ်ဓာတ် စစ်ဆင်ရေး လိုမျိုး ခြိမ်းခြောက်မှုလားဆိုတာမျိုးတော့ သဲသဲကွဲကွဲ မသိရဘူးပေါ့လေ။ သို့သော်လည်း သတိထားစရာ အနေအထားတခုလို့တော့ ထင်တယ်” ဟု ဧရာဝတီသို့ပြောသည်။

အဆိုပါ ခြိမ်းခြောက်စာ ရရှိမှုများနှင့် ပတ်သက်၍ MPC ထံသို့ သတင်းဌာန တချို့မှ တိုင်ကြားမှုများ ရှိနေကြောင်း ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဆောင်ရွက်သွားရန်နှင့် ပတ်သက်၍ အဖွဲ့ဝင်များအတွင်း အစည်းအဝေး ခေါ်ယူ၍ ဆက်လက် ဆောင်ရွက်သွားရန် ရှိကြောင်းလည်း သိရသည်။

ခြိမ်းခြောက်မှုနှင့် ပတ်သက်၍ ဥပဒေအရ ဖော်ထုတ် အရေးယူနိုင်ရန် သက်ဆိုင်ရာ အာဏာပိုင် အဆင့်ဆင့်မှ တဆင့် ဆောင်ရွက်သွားမည်ဖြစ်သလို သတင်းမီဒီယာ ကောင်စီနှင့် ပြန်ကြားရေး ဝန်ကြီးဌာနတို့ကိုလည်း အကြောင်းကြားသွားမည် ဟု ဧရာဝတီ မြန်မာပိုင်း တာဝန်ခံ အယ်ဒီတာ ဦးရဲနည် က ပြောသည်။

“ဒီလို ခြိမ်းခြောက်လို့ ကျနော်တို့ နောက်တွန့်သွားမှာ မဟုတ်ပါဘူး။ ဒီကိစ္စ သတင်းမီဒီယာ ကောင်စီ၊ ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ သမ္မတရုံးတို့အပြင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ကျနော်တို့ တင်ပြသွားပါမယ်။ နိုင်ငံတကာက ကျနော်တို့ မိတ်ဆွေတွေကိုလည်း အသိပေး အကြောင်းကြားထားပါတယ်” ဟု ဦးရဲနည်က ပြောသည်။

၎င်းက ဆက်၍ “ဒီခြိမ်းခြောက်မှုဟာ ကျနော်တို့ ဂျာနယ်လစ်တွေကိုသာမက အမှန်တရားကို ရှာဖွေ သိရှိလိုသူတွေ အားလုံးကို ခြိမ်းခြောက်တာ ဖြစ်တယ်။ ဘယ်ပဋိပက္ခမဆို ဝါဒဖြန့်ချိမှုတွေ၊ အခုခေတ်ဆိုရင် သတင်းတုတွေ အောက်မှာ ဘာတွေ တကယ်ဖြစ်ခဲ့သလဲဆိုတဲ့ အမှန်တရားဟာ ပျောက်ကွယ်နေတတ်တယ်။ ဒါကို ဖော်ထုတ် ရေးသားကြရတာ ကျနော်တို့ ဂျာနယ်လစ်တွေရဲ့ တာဝန်ပဲ” ဟု ပြောသည်။

နယူးယောက်မြို့ အခြေစိုက် စာနယ်ဇင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) ၏ အရှေ့တောင်အာရှဆိုင်ရာ ကိုယ်စားလှယ် ရှောင်စခရစ်ပင်ကလည်း သက်ဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် ပဋိပက္ခသတင်းများကို ဖော်ထုတ်ရေးသားနေသည့် မြန်မာ သတင်း မီဒီယာများ အပေါ် လေးစားရန် လိုအပ်ပြီး ခြိမ်းခြောက်နေမှုများ ရပ်တန့်လိုအပ်ကြောင်း ပြောသည်။

ရှောင်စခရစ်ပင် က “မြန်မာအစိုးရရော AA ကိုပါ CPJ အနေနဲ့ တောင်းဆိုချင်တာက ဂျာနယ်လစ်တွေ သတင်း ရယူရာမှာ လက်တုံ့ပြန်မှာကို ကြောက်မနေရဘဲ အလုပ်လုပ်ပိုင်ခွင့်အပေါ် ၂ ဘက်စလုံးက လေးစားဖို့ပါ။ ပဋိပက္ခ အကြောင်း သတင်း ရေးသားတာကြောင့် သတင်းစာတိုက်တွေကို အမည်မသိသူတွေက ခြိမ်းခြောက်တယ်ဆိုတဲ့ သတင်းတွေ ကျနော်တို့ ကြားရပါတယ်။ ဒီခြိမ်းခြောက်မှုတွေ ခြွင်းချက်မရှိ ချက်ချင်း ရပ်တန့်ဖို့ ကျနော်တို့ တောင်းဆိုပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဆက်စပ်ဖတ်ရှုရန် – AA နှင့် ပတ်သက်၍ ဖော်ပြသည့် သတင်း ဌာန တချို့ စာပို့ ခြိမ်းခြောက်ခံရ

Your Thoughts …
Tags: ခြိမ်းခြောက်မှုဂျာနယ်လစ်သတင်းမီဒီယာ
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
41.4k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

by ခင်နဒီ
7 February 2024
10.1k

မြန်မာသည် အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့နှင့်အတူ ကမ္ဘာ့အငတ်ဘေး ဗဟိုချက်တွင် ပါဝင်ပြီး လူဦးရေ ၄ ပုံ ၁ ပုံသည် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂက ဖော်ပြသည်။

စစ်ကောင်စီပဲ အမြတ်ထွက်မယ့် အနေအထားဖြစ်နေတယ် (ရုပ်/သံ)

စစ်ကောင်စီပဲ အမြတ်ထွက်မယ့် အနေအထားဖြစ်နေတယ် (ရုပ်/သံ)

by ဧရာဝတီ
10 March 2025
3k

လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ရပ်သွားရင် ပြည်သူလူထုအပေါ် သတင်းအမှောင်ချဖို့နဲ့ သတင်းမှားတွေ ထုတ်လွှင့်ပြီး ဝါဒဖြန့်ဖို့အချိန်ပြည့် ကြိုးပမ်းနေတဲ့ အာဏာသိမ်း စစ်ကောင်စီ အတွက် အမြတ်ထွက်လိမ့်မယ်လို့ သတင်းစာဆရာတွေက ပြောပါတယ်။

ငလျင်က မင်းအောင်လှိုင် ဓာတ်ပုံအရိုက်ခံဖို့လား

ငလျင်က မင်းအောင်လှိုင် ဓာတ်ပုံအရိုက်ခံဖို့လား

by ဧရာဝတီ
3 April 2025
2.9k

မင်းအောင်လှိုင်၏ တုံ့ပြန်မှုသည် စစ်မှန်သော လူသားချင်းစာနာမှု မဟုတ်ဘဲ နိုင်ငံကို ထိန်းချုပ်မှု ခိုင်မာရေးနှင့် သူ၏ပုံရိပ်ကောင်းရေး ဖြစ်သည်ဟု လေ့လာသူများက ပြောသည်။

မှတ်တမ်းတင် စစ်ရာဇဝတ်မှုများကို စစ်ကောင်စီ ဘူးခံ ငြင်း

မှတ်တမ်းတင် စစ်ရာဇဝတ်မှုများကို စစ်ကောင်စီ ဘူးခံ ငြင်း

by ဧရာဝတီ
12 February 2024
2.8k

မျက်မြင်သက်သေများ အများအပြား ရှိသော်လည်း စစ်ကောင်စီက ထိုတိုက်ခိုက်မှုများကို ငြင်းဆိုသည်။

ပြင်သစ် ဓာတ်ပုံဆရာမ တဦး၏ တီယန်မင် အတွေ့အကြုံ

ပြင်သစ် ဓာတ်ပုံဆရာမ တဦး၏ တီယန်မင် အတွေ့အကြုံ

by ဧရာဝတီ
4 June 2024
1.2k

တရုတ်နိုင်ငံသို့ သွားရန် ဆုံးဖြတ်လိုက်ချိန်တွင် ပြင်သစ်ဓာတ်ပုံဆရာမ ကက်သရင်း ဟန်နရီယပ်ချ်သည် အာရှဘာသာစကားများ မဟာဘွဲ့ ရကာစသာ ရှိသေးသည်။

Next Post
မြန်မာ့ဆန် ပြည်ပ တင်ပို့ရန် သင်္ဘောပေါ် တင်နေသည်ကို ရန်ကုန် ဆိပ်ကမ်းတွင် တွေ့ရစဉ်  / ဧရာဝတီ

မြန်မာ့ စီးပွားရေး တိုးတက်မှုနှုန်း ၆ ဒသမ ၆ ရာခိုင်နှုန်း အထိရှိလာမည်ဟု ADB ဆို

Nokia X71 စမတ်ဖုန်း

မျက်နှာပြင်မှာ ကင်မရာအပေါက် ပါဝင်တဲ့ Nokia X71 စမတ်ဖုန်း ထွက်ရှိ

No Result
View All Result

Recommended

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

1 week ago
26.8k
တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

5 days ago
4.5k

Most Read

  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0
  • စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    shares
    Share 0 Tweet 0
  • ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ် ချောင်ပိတ်မိနေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate