• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဘူးသီးတောင်တွင် ဗုံးဆန်မှန်၍ ရွာသား ၆ ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရ

by မင်းအောင်ခိုင်
4 April 2019
in သတင်း
A A
ဘူးသီးတောင်မြို့ ဆိုင်းဘုတ်  / ဧရာဝတီ

ဘူးသီးတောင်မြို့ ဆိုင်းဘုတ် / ဧရာဝတီ

16k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် အတွင်း ဗုံးဆန်ထိမှန်၍ ဒေသခံ ရွာသား ၆ ဦးသေဆုံးပြီး ၁၅ ဦး ထိခိုက် ဒဏ်ရာ ရရှိကြောင်း သတင်း ရရှိသည်။

ဧပြီလ ၃ ရက်နေ့က စိုင်းဒင်ချောင်း အနီးရှိ ရေချမ်းပြင်၊ သပြုချောင်း၊ ထိပ်တူးပေါက်၊ ကင်းတောင် စသည့် ကျေးရွာ များ မှ ဘင်္ဂါလီ ကျေးရွာသားများသည် လူအုပ်စုဖြင့် စိုင်းဒင် ချောင်းထဲရှိ ခုတ်ထားသော ဝါးလုံးများကို တောင်ပေါ်က နေ ချောင်းထဲသို့ သယ်ယူနေစဉ် ဗုံးသီးများ ကျခဲ့ခြင်း ဖြစ်ကြောင်း ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် ဘင်္ဂါလီ ရွာသားများက ပြောပြသည်။

RelatedPosts

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

13 May 2025
123
ငလျင်နိုင်ငံရေးနှင့် မြန်မာ့နိုင်ငံရေးပြတ်ရွေ့များ

ငလျင်နိုင်ငံရေးနှင့် မြန်မာ့နိုင်ငံရေးပြတ်ရွေ့များ

13 May 2025
14
VOA ဝန်ထမ်းများ အယူခံ ထပ်တင်

VOA ဝန်ထမ်းများ အယူခံ ထပ်တင်

13 May 2025
16

ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းကလည်း ဖြစ်ပွားသည့် အခြေအနေကို အသေးစိတ် မသိရှိ သေး သော်လည်း လက်ရှိ ရရှိထားသော စာရင်းအရ သေဆုံးသူ ၆ ဦးနှင့် ဒဏ်ရာ ရရှိသူ ၁၅ ဦး ရှိကြောင်း ဧရာဝတီ သို့ ပြော သည်။

၎င်းက“ဖြစ်စဉ်နဲ့ ပတ်သက်လို့ကတော့ ကျနော်တို့ စုံစမ်းနေဆဲပါ။ လောလောဆယ် ရရှိထားတဲ့ စာရင်းအရတော့ သေဆုံးတာ ၆ ဦး ရှိပါတယ်။ ဒဏ်ရာရတာကတော့ ၁၅ ဦးပါ”ဟု ပြောသည်။

ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူ ဘူးသီးတောင်မြို့နယ် ထိပ်တူးပေါက် ကျေးရွာနေ အသက် ၄၀ အရွယ် ဦးအလီ မာမောက် က အလုပ်လုပ်နေစဉ် ရဟတ်ယာဉ်ဖြင့် ဗုံးလာကြဲခြင်း ဖြစ်သည်ဟု ဆိုသည်။
ဦးအလီ မာမောက်က“ကျနော်တို့ အဲဒီမှာ အလုပ်လုပ်နေတဲ့ ရွာသား အယောက် ၂၀၀ လောက်ရှိပါတယ်။ ဝါးခုတ်ပြီး ချောင်းထဲကို သယ်ယူနေတာပါ။ အဲဒီမှာ ရဟတ်ယာဉ်လာပြီးတော့ ပစ်ပါတယ်။ တောင်တလုံးကို ၅ ချိန်း ပစ်ပါတယ်။ ကျနော် မြင်တာကတော့ ရွာသား ၆ ဦးသေပါတယ်။ ဒဏ်ရာ ရသူတွေလည်း ရှိပါတယ်။ လူဘယ်လောက် ဒဏ်ရာ ရ တယ် ဆိုတာတော့ သေချာ မသိဘူး”ဟု ဧရာဝတီသို့ ပြောသည်။

ဒဏ်ရာ ရသူများထဲတွင် မိသားစုဝင်များ ပါဝင်သည့်အတွက် ဦးအလီမာမောက်သည် အနီးရွာက စက်လှေ တစီးငှားပြီး ဒဏ်ရာ ရရှိသူတချို့ကို တင်ဆောင်ကာ ကင်းတောင် ကျေးရွာသို့ ယူဆောင်လာကြောင်း၊ ထိုမှတဆင့် ကားဖြင့် ဘူးသီး တောင် ဆေးရုံသို့ လူနာများကို ပို့ဆောင်ပေးကြောင်းလည်း ရှင်းပြသည်။

ရန်ကုန်အခြေစိုက် အစ္စလမ် သာသနာရေး ကောင်စီမှ ရခိုင်ပြည်နယ် တာဝန်ခံ ဦးဝင်း ထွန်းစိုးက ဘင်္ဂါလီရွာသားများ အလုပ်လုပ်နေရင်း ဗုံးဆန် ထိမှန်၍ သေဆုံး၊ ထိခိုက်မှု ဖြစ်စဉ်မှာ မှန်ကန်ပြီး ထိခိုက်သည့် အရေအတွက် စုံစမ်းနေဆဲ ဖြစ်၍ အတည် မပြုနိုင်သေးကြောင်း ပြောသည်။

ဦးဝင်းထွန်းစိုးက“ဗုံးဆန် လာမှန်လို့ ထိခိုက်သေဆုံးတဲ့ ဖြစ်စဉ်ကတော့ မှန်တယ်ဗျ။ တချို့က ၅ ဦးသေတယ်။ တချို့ က ၇ ဦး ၊ ၁ဝ ဦး အဲဒီလို ပြောနေကြတော့ ထိခိုက်မှု အရေအတွက်ကိုတော့ အတည် မပြုနိုင်သေးဘူး။ ပျောက်ဆုံး နေတဲ့ လူတွေလည်း ရှိနေတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ဘင်္ဂါလီရွာသားများ ထိုခိုက်သေဆုံးသည့် ဖြစ်စဉ်တွင် နှစ်ဘက် တိုက်ပွဲဖြစ်ပွားခြင်းကြောင့် မဟုတ်ဘဲ တပ်မတော် ဘက် က နယ်မြေ ရှင်းလင်းရေး လုပ်ငန်းစဉ်တွင် ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း ဦးဝင်းထွန်းစိုးက ဆက်လက် ပြောကြားသည်။

ဦးဝင်းထွန်းစိုးက“နှစ်ဘက် တိုက်ပွဲရယ်လို့ ဖြစ်တာ မဟုတ်ဘူးဗျ။ ငြိမ်နေတဲ့ အချိန် ရွာသားတွေက ကိုယ့်အလုပ် ကိုယ် လုပ်နေကြတာ။ ဟိုဘက် (AA) က ပစ်တာလည်း မဟုတ်ဘူး။ တပ်မတေ်က နယ်မြေရှင်းလင်းရေး လုပ်တယ်ပေါ့။ ရည်ရွယ်ချက် ရှိရှိ ပစ်တာလား၊ မှားပစ်တာလား ဆိုတာကိုတော့ ကာယကံရှင်တွေပဲ သိလိမ့်မယ်”ဟု ပြောဆိုသည်။

ဘူသီးတောင် မဲဆန္ဒနယ်နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ယခုကဲ့သို့ အရပ်သားများ သေကြေပျက်စီး ရမှုများကို အစိုးရအနေဖြင့် အကာအကွယ်ပေးရန် လိုအပ်ကြောင်း ပြောသည်။

ဦးအောင်သောင်းရွှေက“ကျနော်ကြားတာကတော့ လေယာဉ်နဲ့ ပစ်တာမှာ လာထိတာလို့တော့ ကြားတယ်။ ဘူးသီး တောင် ဆေးရုံကို ရောက်နေတာလည်း ရှိတယ်။ ဒီလို အရပ်သားတွေ သေကြပျက်စီးနေတာကိုတော့ အစိုးရအနေနဲ့ ကာကွယ် ပေးသင့်တယ်လို့ တင်တယ်”ဟု ဧရာဝတီကို ပြောပြသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဧရာဝတီမှ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးတို့ အပါအဝင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်ထံ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်မတော် (AA) နှင့် တပ်မတော်တို့ လက်ရှိဖြစ်ပွားနေသော တိုက်ပွဲကြောင့် စစ်ဘေး ရှောင် အရေအတွက် ၂ သောင်းကျော်ထိ တိုးပွားလာနေသလို ဒေသခံ ရခိုင် တိုင်းရင်းသားများနှင့် မျိုးနွယ်စု တိုင်းရင်း သား များမှာလည်း ဖမ်းဆီးတရားစွဲခံရမှု၊ ထိခိုက်သေဆုံးမှု၊ ပျောက်ဆုံးနေမှု များလည်း တိုးလာကြောင်း သိရသည်။

ထို့ပြင် ဘင်္ဂါလီ ရွာသားများသည်လည်း မိုင်းနင်းမိခြင်း လက်နက်ကြီး အစ လာမှန်ခြင်းကြောင့် ထိခိုက်မှုများ ရှိသလို ယခုတကြိမ် ထိခိုက်မှု အရေအတွက် များပြားကြောင်းလည်း ဘင်္ဂါလီ အသိုင်းအဝိုင်းမှ ခေါင်းဆောင်များက ပြောဆို ကြ သည်။

Your Thoughts …
Tags: ဘူးသီးတောင်
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

မေယုတောင်ကြောတွင် AA နှင့် ARSA တိုက်ပွဲဖြစ်

မေယုတောင်ကြောတွင် AA နှင့် ARSA တိုက်ပွဲဖြစ်

by ဧရာဝတီ
21 July 2023
6.7k

ဘူးသီးတောင်မြို့နယ်အတွင်းရှိ မေယုတောင်ကြောတွင် စိမ့်ဝင်လှုပ်ရှားနေသော ARSA အဖွဲ့နှင့် စစ်ကောင်စီတပ်မှ အောက်ခြေအရာရှိတချို့နှင့် AA ၏အောက်ခြေ အရာရှိတချို့တို့သည် မူးယစ်ဆေးဝါးလုပ်ငန်းများ တွင် ဆက်နွယ်မှုရှိသည်

ရခိုင်တွင် စစ်ရှုံးနေသော စစ်ကောင်စီ လူမျိုးရေး အမုန်းတရား မီးရှို့

ရခိုင်တွင် စစ်ရှုံးနေသော စစ်ကောင်စီ လူမျိုးရေး အမုန်းတရား မီးရှို့

by နေ့သစ်
22 May 2024
4.3k

"စစ်ကောင်စီဟာ AA ကို မချေမှုန်းနိုင်တော့လို့ မွတ်စလင်နဲ့ မွတ်စလင် မဟုတ်သူတွေအကြား အမုန်းတရား လှုံဆော်တဲ့နည်းကို သုံးနေတာ သေချာတယ်"

တိုက်ပွဲမဖြစ်ဘဲ ဘူးသီးတောင် မြို့လုံးကျွတ်နီးပါး မီးရှို့ခံရ

တိုက်ပွဲမဖြစ်ဘဲ ဘူးသီးတောင် မြို့လုံးကျွတ်နီးပါး မီးရှို့ခံရ

by ဧရာဝတီ
18 April 2024
4k

ဘူးသီးတောင်မြို့၌ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်( ARSA) က အပြစ်မဲ့ အရပ်သားများကို ဖမ်းဆီးကာ နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း၊ ARSA နှင့်အတူ အာရကန် ရိုဟင်ဂျာတပ် (ARA)လည်းပါဝင်ပြီး မြို့ပေါ်ရှိ အရပ်သားပြည်သူ ၁,၇၂၀ ဦးကို ဓားစာခံအဖြစ်...

လူမျိုးရေးပုံစံမျိုး စစ်တပ်ဘက်က အသုံးချနေတယ်

လူမျိုးရေးပုံစံမျိုး စစ်တပ်ဘက်က အသုံးချနေတယ်

by ဧရာဝတီ
23 March 2024
3.8k

ဘူးသီးတောင်မှာရှိတဲ့ တပ်ရင်းတွေ စတိုက်ဖို့လုပ်နေပြီလို့ ကြားတယ်။ စစ်ကောင်စီတပ်သားတွေက အဲဒီမှာရှိတာကိုး။ မောင်တောဘက်မှာလည်း စစ်ကောင်စီက လူတွေကို ခံစစ်ပုံစံမျိုး လုပ်ထားတယ်၊ ရေတပ်ကလူတွေ ကျသွားပြီလို့ ကြားတယ်။ ရဲစခန်းဘက်မှာကျတော့ ရဲတွေက တဖြည်းဖြည်းနဲ့ မြို့ပေါ်ကို ဆုတ်လာပြီ။

ဘူးသီးတောင်တိုက်ပွဲနှင့် ရခိုင် လူမျိုးရေးပဋိပက္ခ စစ်တမ်း

ဘူးသီးတောင်တိုက်ပွဲနှင့် ရခိုင် လူမျိုးရေးပဋိပက္ခ စစ်တမ်း

by ဗညားအောင်
21 May 2024
3.4k

ရခိုင်အခြေအနေသည် ၂၀၁၂ ခုနှစ်နှင့် များစွာ ကွာခြားသွားပြီ ဖြစ်သည်။

ဘူးသီးတောင်တွင် မွတ်စလင်ရွာသား ၁ ဦးအား ARSA အဖွဲ့ ဖမ်းဆီးသတ်ဖြတ်

ဘူးသီးတောင်တွင် မွတ်စလင်ရွာသား ၁ ဦးအား ARSA အဖွဲ့ ဖမ်းဆီးသတ်ဖြတ်

by ဧရာဝတီ
12 September 2023
2.9k

ဘူးသီးတောင်မြို့နယ်အတွင်း၌ မွတ်စလင်ရွာသား ၁ ဦးကို အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) က ဖမ်းဆီးသတ်ဖြတ်

Next Post
ကရင်ပြည်နယ်တွင်း မြေမြှုပ်မိုင်း နင်းမိ၍ ခြေထောက်ပြတ်သွားသူ တဦး  / ထွန်းထွန်း  / ဧရာဝတီ

မိုင်းအန္တရာယ် သတိပေး အမှတ်အသားများ တိုင်းရင်းသား ဘာသာနှင့် ထားရှိရန် စီစဉ်

မန္တလေးမြို့ရှိ Hotel Mandalay / ဇော်ဇော် / ဧရာဝတီ

မန္တလေး နာမည်ကြီး ဟိုတယ် ၃ ခု စည်ပင်ပိုင် မြေငှားခ တိုးမြှင့်ရန် အဆင်မပြေသေး

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

1 week ago
7.4k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate