• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒေါ်အောင်ဆန်းစုကြည် တရုတ် ခရီးစဉ်တွင် မန္တလေး စီမံကိန်း ၂ ခု လက်မှတ် ထိုးရန် ရှိ

by မြတ်ပြည့်ဖြိုး
9 April 2019
in သတင်း
A A
၂၀၁၇ ခုနှစ် မေလအတွင်း ဘေဂျင်းမြို့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရှီကျင့်ဖျင်တို့ တွေ့ဆုံစဉ် / Reuters

၂၀၁၇ ခုနှစ် မေလအတွင်း ဘေဂျင်းမြို့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရှီကျင့်ဖျင်တို့ တွေ့ဆုံစဉ် / Reuters

15.5k
VIEWS
Share on FacebookShare on Twitter

တရုတ်နိုင်ငံ ဘေကျင်း သို့ ဧပြီ နောက်ဆုံးပတ်တွင် သွားရောက်မည့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၏ ခရီးစဉ်၌ မန္တလေးတိုင်းနှင့် ပတ်သက်သော စီမံကိန်း နှစ်ခုကို သဘောတူ လက်မှတ်ထိုးရန် အစီအစဉ် ရှိ ကြောင်း တိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ဧရာဝတီကို ပြောသည်။

ဒေါက်တာ ဇော်မြင့်မောင်က“ပွင့်ပွင့်လင်းလင်း ပြောရရင် သူတို့(တရုတ်)ဘက်က စိတ်ဝင်စားနေတာ အများကြီးပဲ။ ဒါပေမယ့် ကျနော်တို့ဘက်က သေသေချာချာ စိစစ်ပြီးမှ လက်မှတ်ထိုးဖို့ ရှိတယ်။ လောလောဆယ် သိသလောက် ပြောရရင် မူဆယ်-မန္တလေး ရထားလမ်းနဲ့ New Mandalay Resort City စီမံကိန်းတို့ ပါနိုင်တယ်”ဟု ဆိုသည်။

RelatedPosts

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

21 May 2025
146
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

21 May 2025
1.3k
တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

21 May 2025
35

တရုတ်၏ မဟာဗျူဟာ စီမံကိန်း တရပ် ဖြစ်သော ပိုးလမ်းမသစ် စီမံကိန်း (One Belt One Road – OBOR) ၏ အစိတ်အပိုင်း ဖြစ်သည့် တရုတ်-မြန်မာ စီးပွားရေး စြင်္ကံတွင် အကောင်အထည် ဖော်ရန် တရုတ်နိုင်ငံက အဆိုပြုထားသော စီမံချက် လုပ်ငန်း များ အနက် မန္တလေးတိုင်းနှင့် ဆက်စပ် သက်ဆိုင်သော မန္တလေး-မူဆယ် ရထားလမ်းနှင့် New Mandalay Resort City အိမ်ရာ စီမံကိန်းတို့ ဖြစ်ကြကြောင်း ၎င်းက ပြောဆိုသည်။

မန္တလေး-မူဆယ် ရထားလမ်းသည် အရှည် ၂၆၈ မိုင်ရှိပြီး တရုတ်ပြည် ကူမင်းမှ ရခိုင်ပြည်နယ် ကျောက်ဖြူ အထိ တဆက် တည်း ဖြစ်မည့် ရထားလမ်း၏ တစိတ်တပိုင်း ဖြစ်ကာ ယခုနှစ်ဆန်းပိုင်းမှ စတင်၍ စီမံကိန်း ဖြစ်မြောက်နိုင်ခြေ လေ့လာမှုများ (Feasibility Study) ပြုလုပ်ရန် နှစ်နိုင်ငံ သဘောတူ လက်မှတ်ထိုးပြီး အဆင့် ဖြစ်ကြောင်း သိရသည်။

ထို့အတူ ပြင်ဦးလွင် မြို့နယ်တွင် ဆောင်ရွက်မည့် New Mandalay Resort City အိမ်ရာ စီမံကိန်းသည် ပြည်ထောင်စု ဆောက်လုပ်ရေး ဝန်ကြီးဌာနက အကောင်အထည် ဖော်မည့် နိုင်ငံတော် စီမံကိန်း တရပ်လည်း ဖြစ်သည်။

ဝန်ကြီးချုပ်က“ဒါကြောင့် ပြည်သူတွေကို အသိပေးချင်တာက BRI ကတော့ ကျနော်တို့ဆီကို ဝင်လာပြီ။ ဒီအပေါ်မှာ မူတည်ပြီး ကျနော်တို့ ပြည်သူတွေ ဘာလုပ်နိုင်မလဲ၊ ဘာတွေပြင်ဖို့ လိုမလဲ။ သူတို့ (တရုတ်) အကျိုးရှိသလို ကျနော် တို့လည်း အကျိုးရှိဖို့ လိုအပ်တယ်။ ရှိပြီးသား ဥပဒေတွေ အတိုင်း လုပ်နိုင်ဖို့ လိုအပ်တယ်”ဟု ရှင်းပြပြောဆိုသည်။

တရုတ် ကောင်စစ်ဝန်ချုပ် Mr. Wang Zongying က မန္တလေးတိုင်းသည် လမ်းပန်းဆက်သွယ်ရေး အရ အချက်အချာ ကျပြီး စီးပွားရေး အလားအလာကောင်းများ ရှိသည့်အတွက် တရုတ်နိုင်ငံသားများက ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ရန် စိတ်အား ထက်သန်မှု ရှိပြီး နှစ်နိုင်ငံ ချစ်ကြည်ရေးမှ နှစ်ဖက် အကျိုးရှိသော စီးပွားရေး မိတ်ဖက်များ အဖြစ် ထူထောင် ရန် ဆန္ဒရှိကြောင်း မတ်လက ပြုလုပ်ခဲ့သော မန္တလေး စီးပွားရေး ဖိုရမ်တွင် ပြောကြားခဲ့သည်။

တရုတ်-မြန်မာ စီးပွားရေး စြင်္ကံကို အကောင်အထည် ဖော်ရန်၂၀၁၈ ခုနှစ် စက်တင်ဘာက နှစ်နိုင်ငံ နားလည်မှု စာချွန် လွှာ လက်မှတ် ရေးထိုးခဲ့ပြီးနောက် ယင်းအတွက် ပဏာမ အဆင့် အစည်းအဝေးကို ပြီးခဲ့သည့် ဖေဖော်ဝါရီက ကူမင်း မြို့ တွင် နှစ်နိုင်ငံ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြပြီး ဖြစ်သည်။

အဆိုပါ အစည်းအဝေးအား အခြေခံကာ အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ဧပြီလ တရုတ်ပြည် ခရီးစဉ်တွင် ဆွေးနွေးသွားမည် ဖြစ်ပြီး ဖေဖော်ဝါရီလက ကူမင်း အစည်းအဝေးတွင် တရုတ်ဘက်က မန္တလေး-မူဆယ် ရထားလမ်း၊ New Mandalay Resort City အိမ်ရာ စီမံကိန်း အပါအဝင် ကျောက်ဖြူ ရေနက် ဆိပ်ကမ်း၊ ရန်ကုန်မြို့သစ် စီမံကိန်း တို့တွင် ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ခွင့် ရရန် အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု ယင်း အစည်းအဝေးကို တက်ရောက်ခဲ့သော တိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြတ်သူက ဧရာဝတီကို ပြောသည်။

အတိုင်ပင်ခံ၏ ဘေကျင်း ခရီးစဉ် အတွင်း မန္တလေးနှင့် သက်ဆိုင်သော စီမံကိန်း နှစ်ခု သဘောတူ လက်မှတ် ရေးထိုး ခြင်းမှ အပ အခြား စီမံကိန်းများနှင့် ပတ်သက်၍ မည်သို့ ဆောင်ရွက်မည်ကို အသေးစိတ် မသိရှိဟု တိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် က ဆိုသည်။

တရုတ်-မြန်မာ အရေး လေ့လာနေသူ နိုင်ငံရေး သိပ္ပံ မဟာကျောင်းသား ဦးခင်မောင်စိုးက“ဒီလို စီမံကိန်းကြီးမှာ ပါဝင် ဖို့ အတွက် ကိုယ့်ဘက်က ဘာမှ မပြင်ဆင်ထားရင်တော့ အားကြီးတဲ့သူက အားနည်းတဲ့သူကို စားသွားတာ ခံရမှာပါပဲ။ တကျပ်ဖိုးချင်း တူနေရင်တောင် အားနည်းတဲ့သူရဲ့ တကျပ်ဖိုးက ပိုဆုံးရှုံးမှုကြီးမှာ”ဟု ဧရာဝတီကို ပြောသည်။

တရုတ်နိုင်ငံ၏ OBOR စီမံကိန်းတွင် ပါဝင်မည့် နိုင်ငံများ အနေဖြင့် အခြေခံ အဆောက်အအုံ ဖြစ်သော လမ်းပန်း ဆက်သွယ် ရေး ဖွံ့ဖြိုးလာမည် ဖြစ်သော်လည်း ကောင်းမွန်သော မူဝါဒများ၊ ပြင်ဆင်မှုများ မပြုလုပ်နိုင်ပါက ကြွေးမြီ ထောင်ချောက် မိနိုင်ခြင်း၊ ကိုလိုနီ လက်သစ်ဝါဒ သက်ရောက်ခံရနိုင်ခြင်း၊ လူမှုရေးနှင့် ဂေဟဗေဒ သက်ရောက်မှုများ ရှိလာနိုင်ခြင်း၊ လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များ စသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရနိုင်သည်ဟု ပညာရှင် တချို့၏ လေ့ လာ သုံးသပ်မှုများလည်း ရှိနေသည်။

ဆက်စပ် ဖတ်ရှုရန်

တရုတ်-မြန်မာ စီးပွားရေး စြင်္ကံ အတွက် ဒေါ်အောင်ဆန်းစုကြည် ဘေဂျင်းသို့ သွားမည်

Your Thoughts …
Tags: BRIတရုတ် ခရီးဒေါ်အောင်ဆန်းစုကြည်မန္တလေး စီမံကိန်း
မြတ်ပြည့်ဖြိုး

မြတ်ပြည့်ဖြိုး

ဧရာဝတီ

Similar Picks:

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.2k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.1k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.4k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.3k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

by ဇုန်းရိန်
27 July 2023
22.8k

စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

by ဝေမင်းထွန်း
12 July 2024
20.2k

ယခုအခါ သူတို့၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက် စစ်တပ်ခေါင်းဆောင်ပိုင်းကို ပုန်ကန်ရန် လိုအပ်လာပြီ ဖြစ်၏။

Next Post
မတူကွဲပြားတဲ့ အမှတ် သရုပ်လက္ခဏာ အသီးသီးရှိတဲ့ မျိုးနွယ်စုတွေ နေထိုင်တဲ့ ဒီတိုင်းပြည်မှာ  Nation Building ဟာ ဖက်ဒရယ် တည်ဆောက်ရေးလို့လည်း ဖွင့်ဆိုထားတယ် / ဧရာဝတီ

ခေတ်ဟောင်း နိုင်ငံတော်လား၊ ခေတ်သစ်နိုင်ငံတော်လား

၂၀၁၈ ခုနှစ် အောက်တိုဘာ အတွင်း ကျင်းပသည့် ၁၀+၁၀ ထိပ်သီး အစည်းအဝေးပွဲ  / နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ရုံး

အစိုးရနှင့် KNU ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး တွေ့ဆုံ ဆွေးနွေးမည်

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

6 days ago
2.3k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate