• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

AA နှင့် ARSA ကို မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးပေါင်း နှိမ်နင်းရန် သဘောတူ

by ထက်နိုင်ဇော်
9 April 2019
in သတင်း
A A
ရခိုင်ပြည်နယ်တွင် လုံခြုံရေး ယူနေသည်ကို တွေ့ရသော တပ်မတော်သား တဦး  / ကျော်ခ /  ဧရာဝတီ

ရခိုင်ပြည်နယ်တွင် လုံခြုံရေး ယူနေသည်ကို တွေ့ရသော တပ်မတော်သား တဦး / ကျော်ခ / ဧရာဝတီ

53.1k
VIEWS
Share on FacebookShare on Twitter

ရက္ခိုင့် တပ်မတော် (AA) နှင့် မွတ်စလင် လက်နက်ကိုင် အဖွဲ့ တခုဖြစ်သည့် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ် (ARSA) တို့ကို မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ ပူးပေါင်း နှိမ်နင်းရန် နေပြည်တော်တွင် မနေ့က ကျင်းပခဲ့သည့် ၆ ကြိမ်မြောက် ၂ နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့ များကြား အဆင့်မြင့် အရာရှိ ကြီးများ အစည်းအဝေး သဘောတူညီခဲ့ကြသည်ဟု သိရသည်။

နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ၂ နိုင်ငံ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးတွင် နယ်စပ်ဒေသ ပစ်ခတ်မှုများ အပါအဝင် ၂ နိုင်ငံကြား မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုများ အကြောင်း ဆွေးနွေးခဲ့ရာ ယနေ့တွင် ပူးတွဲ ကြေညာချက်တစောင်လည်း ထုတ်ပြန်သည်။

RelatedPosts

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

18 May 2025
427
နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
275
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
4.5k

ယခုလို ၂ နိုင်ငံ နယ်စပ်တလျှောက်တွင် အကြမ်းဖက်မှုများ ဆောင်ရွက်နေသည့် AA နှင့် ARSA တို့ကို ၂ နိုင်ငံ ပူးပေါင်း နှိမ်နင်း တိုက်ခိုက်တော့မည် ဖြစ်၍ နယ်စပ်လုံခြုံရေးအတွက် များစွာ အထောက်အကူ ဖြစ်ကြောင်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က သတင်းထောက်များကို ပြောသည်။

ဦးစိုးအောင် က “၂ နိုင်ငံ သဘောတူညီချက် ရသွားပြီ ဖြစ်တဲ့အတွက် အင်မတန် အဆင်ပြေပါတယ်။ AA တို့ ARSA တို့ ဆိုတာလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှာ အခြေပြုပြီးတော့ မောင်တောတို့ ဘူးသီးတောင်ဘက်မှ အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတာ ဖြစ်တဲ့အတွက် ၂ နိုင် ငံ သဘောတူညီချက် ရသွားပြီဆိုတော့ အကြမ်းဖက် နှိမ်နင်းရေး ပိုထိရောက်သွားမှာပါ”ဟု ပြောသည်။

ဦးစိုးအောင်သည် နေပြည်တော်တွင် ပြုလုပ်ခဲ့သော မြန်မာ-ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးသို့ ကိုယ်တိုင် တက်ရောက်ခဲ့သူဖြစ်သည်။

၂ နိုင်ငံ ပူးတွဲ ထုတ်ပြန်ချက်တွင် ဘင်္ဂလားဒေ့ရှ် အစိုးရက ၎င်းတို့နိုင်ငံတွင် မည့်သည့် အကြမ်းဖက်ဝါဒကိုမဆို လုံးဝ သည်းခံမည် မဟုတ်ကြောင်း၊ မည်သည့် အကြမ်းဖက် အုပ်စုမျိုးကိုမဆို အခြားမည်သည့်နိုင်ငံအပေါ် ဆန့်ကျင် တိုက်ခိုက်ရေးအတွက် မိမိနယ်မြေ အား အသုံးချခွင့်ပြုမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) သည် နယ်စပ်ဒေသတလျှောက် တက်ကြွစွာ စိစစ်ကြပ်မတ်မည် ဖြစ်ပြီး အကြမ်းဖက် သမားများ ဝင်ရောက် ဖြတ်သန်းလာမည့် သတင်းအချက်အလက်များကို လက်ခံရရှိပါက တားဆီးပိတ်ဆို့ ရှာဖွေမှုများ ပြုလုပ်သွား မည်ဟု ပူးတွဲ ထုတ်ပြန်ချက်တွင် ပါဝင်သည်။

AA ကို အကြမ်းဖက်သမား အဖြစ် သတ်မှတ်ထားပါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အနှောက်အယှက် ဖြစ်နေဦးမည် ဖြစ်ပြီး လက် တွေ့ မြေပြင် သတင်း အရလည်း AA နှင့် ARSA ပူးပေါင်းသည် ဆိုသည့် ကိစ္စမျိုး မတွေ့ မိကြောင်း၊ AA အဖွဲ့ ၏ အခြေပြုမှုသည်လည်း ဘင်္ဂလားဒေ့ရှ် နယ်စပ်ထက် အိန္ဒိယနယ်စပ်မှာ ပိုများသလို နယ်စပ် စည်းမျဉ်းထက် အတွင်းပိုင်းသို့ ပိုဝင်ရောက်နေပြီ ဖြစ်ကြောင်း ရခိုင်အရေး လေ့လာစောင့်ကြည့်သူ ဦးမောင်မောင်စိုးက ပြောသည်။

၂ နိုင်ငံ နယ်စပ် ပြဿနာ ဖြေရှင်းရေး ၂ ဘက် သဘောတူ လက်မှတ်ရေးထိုးမှုကို လဲလှယ်နေကြစဉ် ဓာတ်ပုံ (ထက်နိုင်ဇော်/ဧရာဝတီ)

ဦးမောင်မောင်စိုး က “AA ထက်စာရင် ARSA ကို အစိုးရ စွပ်စွဲသလို ဟိုဘက်မှာ စခန်းတွေ ရှိနေတယ်။ ကျနော်တို့ဘက်နေပြီးတော့ ၂၀၁၇ အကြမ်းဖက် မှုမှာ ပါဝင်တဲ့ စာရင်းကို တင်ထားတာ ရှိတယ်။ အဲလူတွေရော ဖမ်းပေးမှာလား ဆိုတာ သဘောတူညီချက်နဲ့ ပတ်သက်နဲ့ Result ကို သိရမှာ ဖြစ်ပါတယ်။ သူတို့ကို ဖမ်းပေးမယ်ဆိုရင်တော့ ၂ နိုင်ငံ သဘောတူညီချက်က အကောင်အထည် ဖော်ပါလိ့မ်မယ်”ဟု ပြောသည်။

၎င်းက ဆက်၍ “အစိုးရရဲ့ ရှင်းလင်းချက်ရော၊ တပ်ရဲ့ ရှင်းလင်းချက်ကိုရော ကြည့်မယ်ဆိုရင် သောင်းကျန်းသူဆိုတဲ့ အမြင်မျိုးကို ဒီ ဘက်က စဉ်းစား တာပေါ့။ ဘင်္ဂလားဒေ့ရှ်ဘက်က စဉ်းစားတာတော့ AA ရဲ့ တိုက်ခိုက်မှုတွေ ရှိနေလို့ ရှိရင် ဒုက္ခသည်တွေ ပြန်ပို့ရေး က ပိုဝေးသွားမယ် ဆိုတဲ့ဘက်က စဉ်းစားမယ်နဲ့ တူပါတယ်”ဟု ပြောသည်။

ARSA သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း မဟုတ်ဘဲ AA သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တခု ဖြစ် ကြောင်း၊ ARSA သည် စေ့စပ်ညှိနှိုင်းရမယ့် အဖွဲ့ အစည်း မဟုတ်ဘဲ မြန်မာနိုင်ငံရှိ နိုင်ငံသား အားလုံးက ARSA ကို လက်ခံမည် မဟုတ်ကြောင်း မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက ပြောသည်။

ဦးဦးလှစော က “သူတို့(ARSA)က ကျနော်တို့ မြန်မာပြည်ကို ပြည်ထောင်စု နယ်မြေထဲက ဖဲ့ယူမယ့်သူတွေ။ AA က FPNCC မှာလည်း ပါခဲ့တယ်။ AA နဲ့ အစိုးရ၊ တပ်မတော်တို့ ကြားထဲမှာ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးနိုင်မယ့် ပုံစံမျိုးကို ကျနော်တို့က မျှော်လင့်နေတယ်။ ARSA နဲ့ တပ်မတော်ကြားထဲမှာတော့ မျှော်လင့်စရာ အကြောင်းကို မရှိဘူး”ဟု ပြောသည်။

ရခိုင်အရေး လေ့လာ စောင့်ကြည်သူများက AA နှင့် ARSA တတန်းတည်း ထားသည်ကို သဘောမတွေ့ ကြဘဲ AA ကို နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးရန်နှင့် ARSA ကို အပြတ်ချေမှုန်းရာတွင် တပ်မတော်ကို ထောက်ခံမည် ဖြစ်ကြောင်း ပြောဆိုကြသည်။

နေပြည်တော်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ ရဲတပ်ဖွဲ့ ကြား ပြုလုပ်ခဲ့သည့် အစည်းအဝေးသည် ၂ နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မြဲ စေရန်၊ နယ်စပ်ဒေသ အတွင်း ဖြစ်ပေါ်နေသည့် ပြဿနာရပ်များကို ရင်းနှီးပွင့်လင်းစွာ အပြု သဘောဆောင်သည့် ဆွေးနွေးမှုများနှင့် ဖြေရှင်းနိုင်ရေး၊ ၂ နိုင်ငံ ပြည်သူများ အတွက် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး ကို လက်တွဲပူးပေါင်း ဆောင်ရွက်နိုင်ရေး ရည်ရွယ် ချက်များနှင့် အစည်းအဝေး ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ရခိုင်ပြည်နယ်တွင် AA နှင့် ARSA တို့ ကဲ့သို့ အခြေစိုက် လှုပ်ရှားသည့် လက်နက်ကိုင် အဖွဲ့ တချို့ ရှိနေပြီး ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိရာ ၂ နိုင်ငံ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ခြိမ်းခြောက်လျက် ရှိနေသည့် အနေအထား ဖြစ်သည်။

၆ ကြိမ်မြောက် အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးအပြီး ပူးတွဲ ထုတ်ပြန်ချက် အခမ်းအနား
ဓာတ်ပုံ (ထက်နိုင်ဇော်/ဧရာဝတီ)

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့က ရခိုင်ပြည်နယ် အနောက်ဘက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ပစ်ခတ်မှုတွင် နယ်ခြား စောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး နှင့် နယ်စပ်ခြံစည်းရိုး ကာရန်နေသည့် တပ်မတော်အင်ဂျင်နီယာတပ် (GE) မှ ဝန်ထမ်း တဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ဖူးသည်။

ထိုနေ့က မောင်တောမြို့နယ် မိုင်တိုင်အမှတ် ၄၁ အနီးတွင် နယ်စပ်လုံခြုံရေး ဆောင်ရွက်နေသော မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ ကို ဘင်္ဂလားဒေ့ရ်ှ နိုင်ငံဘက်မှ လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ မည်သည့် လက်နက်ကိုင် အဖွဲ့ ဖြစ်သည်ကိုမူ သေချာ မသိရ သော်လည်း တပ်မတော်က ARSA ၏ လုပ်ရပ်ဟု နောက်ပိုင်း တွင် ပြောဆိုခဲ့သည်။

ယခု ၂ နိုင်ငံ ရဲတပ်ဖွဲ့ အစည်းအဝေးတွင်မူ နယ်စပ်ဒေသအနီး ပစ်ခတ်မှုများ ဖြစ်ပွားပါက သေချာမှု မရှိဘဲ အမည်တပ် မစွပ်စွဲရန် ကြနှင့် ကန့်ကွက်မှုများကိုလည်း သတင်းသေချာမှ အတည်ပြုဆောင်ရွက်ရန် ၂ ဖက် သဘောတူညီခဲ့ကြသည်ဟု သိရသည်။

မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင် က “AA ပစ်တာ ရှိမယ်။ ARSA ပစ်တာ ရှိမယ်။ လက်နက်ကိုင်ထားတဲ့အတွက် ဘယ်သူပစ်မှန်းတော့ မသိဘူးပေါ့နော်။ သေချာမှပဲ အ ပြန်အလှန် ကန့်ကွက်တာတွေ လုပ်ဖို့ ပြောဆိုထားပါတယ်”ဟု ပြောသည်။

လတ်တလောတွင် မြန်မာ နယ်စပ်အနီး ဘင်္ဂလားဒေ့ရှ် တောင်ပိုင်းရှိ ကျွန်းတခုဖြစ်သည့် စိန့်မာတင် ကျွန်းသို့ နှစ်ပေါင်း ၂၀ ခန့် အတွင်း ပထမဆုံးအကြိမ် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ များကို ဧပြီလ ၇ ရက်နေ့က ချထားလိုက်ပြီ ဖြစ်ကြောင်း ဘင်္ဂလား ဒေ့ရှ်မှ လာသော သတင်းများတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂ လခန့်က မြန်မာနိုင်ငံ၏ မြေပုံတချို့ တွင် စိန့်မာတင်ကျွန်းကို မြန်မာပိုင်နက်တွင် ထည့်သွင်းဖော်ပြခဲ့သဖြင့် ဘင်္ဂလား ဒေ့ရှ်မှ မြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ် အစိုးရက ဆင့်ခေါ်ခဲ့သေးသည်။ ယခု နေပြည်တော် ဆွေးနွေးပွဲတွင်မူ ယင်းကိစ္စ မပါဝင်သလို ဆွေးနွေးပြောဆိုခြင်းလည်း မရှိကြောင်း သိရသည်။

Your Thoughts …
Tags: AAARSAဘင်္ဂလားဒေ့ရှ်မြန်မာ
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.3k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.3k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.1k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
နာမည်ကျော် အဆိုတော် Jacky Cheung

တီယန်မင် ရင်ပြင်အရေးအခင်းနှင့် ဆက်စပ်နေသော Jacky Cheung ၏ သီချင်း ဖယ်ရှားခံရ

ရန်ကုန်မြို့ရှိ ရှေ့ဆောင် ရုပ်ရှင်ရုံ  / အောင်ကျော်ထက် / ဧရာဝတီ

နိုင်ငံပိုင် ရုပ်ရှင်ရုံ ငှားခများ ကာလပေါက်ဈေးနှင့် အညီ ရရှိရန် စီစဉ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

7 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

7 days ago
3.5k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • မဟာ အလက်ဇန္ဒား

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate