သတင်း

ပဲခူးမြို့ အမှိုက်ပုံ မီးလောင်မှု မြို့နေလူထု ထိခိုက်မှု မရှိဟုဆို

Want create site? Find Free WordPress Themes and plugins.

ပဲခူးမြို့ မဲခုံ ကျေးရွာ အုပ်စု မြသီတာ ကျေးရွာ ဆင်ဖြူကွင်း သုသာန် အနီးရှိ စည်ပင်သာယာ စွန့်ပစ် အမှိုက်ပုံ မီးလောင်မှု သည် မြို့နှင့် အလှမ်းဝေး သဖြင့် ဒေသခံ လူထုကို ထိခိုက်မှု မရှိကြောင်း သတင်း ရရှိသည်။

ပဲခူး ခရိုင် မီးသတ် ဦးစီးမှူး ဦးဟိန်းသူဟန်က“အမှိုက်ပုံ ဖြစ်တဲ့အတွက် နည်းနည်း ပွန်းပဲ့တာပဲ ရှိပါတယ်။ မြို့ပြင်မှာ ဖြစ် လို့ လေထု ညစ်ညမ်းမှုက သိပ်မရှိဘူး ထင်တာပဲ။ မြို့ရှောင်လမ်းရော မိန်းလမ်းမကြီး(လမ်းဟောင်း)ရော နှစ်လမ်း ခြားနေ တာကြောင့် မြို့ထဲထိတော့ မရောက်ပါဘူး”ဟု ယနေ့ နေ့လယ်ပိုင်းတွင် ဧရာဝတီကို ပြောဆိုသည်။

ဆက်လက်၍ ၎င်းက ဧပြီ ၄ ရက် နေ့လယ် ၁၂ နာရီခွဲလောက်ကတည်းက စတင် လောင်ခဲ့သည့် အဆိုပါ မီးလောင်မှုသည် ယနေ့ ၆ ရက်မြောက် အချိန်တွင် ငြိမ်းသွားပြီ ဖြစ်ပြီး စိတ်ချရသည့် အနေအထားသို့ ရောက်ရှိနေပြီဟုလည်း ဆိုသည်။

ဦးဟိန်းသူဟန်က“လက်ရှိ အချိန်က မီးက လုံးဝ ငြိမ်းသွားပါပြီ။ စိတ်ချရတဲ့ အနေအထားမျိုးထိ ရောက်နေပါပြီ။ ဘေးကူး စက်မှုလည်း မရှိတော့ပါဘူး။ ဒီနေ့ အခြေအနေကြည့်ပြီး မနက်ဖြန် အကုန် အပြီးသတ်ဖို့ မှန်းထားပါတယ်”ဟု ရှင်းပြသည်။

ပဲခူးတမြို့လုံး၏ အမှိုက်များ လာရောက် စွန့်ပစ်ရာ ယင်းအမှိုက်ပုံသည် ၁၁ ဧက ကျယ်ဝန်းပြီး တနေ့လျှင် အမှိုက်တန်ချိန် ၆၀ ခန့် လာရောက် စုပုံမှု ရှိကြောင်း၊ အမှိုက်ပုံ သက်တမ်း ၂ နှစ်ခန့်သာ ရှိဦးမည် ဖြစ်ကြောင်း၊ မီးလောင်မှုမှ မြို့ထဲသို့ မီးခိုး နှင့် ညှော်နံ့များ မရောက်ရှိကြောင်း ပဲခူးမြို့ မဲဆန္ဒနယ်အမှတ်(၁) တိုင်း လွှတ်တော် ကိုယ်စားလှယ် ဦးညွှန့်ရွှေ ကလည်း ပြောဆိုသည်။

“သူက ပဲခူးမြို့ရဲ့ မြောက်ဘက် ဖြစ်နေတယ်။ အခုက တောင်လေ တိုက်နေတဲ့ အခါကျတော့ ပဲခူးမြို့ထဲ မလာဘူး။ သူ့ ပတ်ဝန်းကျင်မှာလည်း သစ်တောတွေ ရော်ဘာ စိုက်ခင်းတွေ ရှိတယ်။ ကျနော်တို့မြို့ထဲကို မီးခိုးတွေ မလာပါဘူး။ ၂ မိုင် လောက် ဝေးတော့ အညှော်နံ့လည်း မရပါဘူး”ဟု ၎င်းက ပြောသည်။

ပဲခူး တမြို့လုံးမှ တနေ့လျှင် စွန့်ပစ် အမှိုက် တန်ချိန် ၈၀ ခန့် ထွက်ရှိပြီး တန်ချိန်၂၀ ကို ပဲခူးမြို့ နန်းတော်ရာ ရပ်ကွက်၊ ဟင်္သာကုန်း ရပ်ကွက်နှင့် ကတွင်းခြံ ကျေးရွာ ကြားရှိ ဖဲဖောင်တော်ကွင်း သုသာန်ဟောင်း နေရာ၌ တည်ဆောက်ထား သည့် အမှိုက်ခွဲခြား သန့်စင်စက်သို့ ပို့ဆောင်ကြောင်း၊ ထိုနေရာသည် အမှိုက်ပုံဟောင်း ဖြစ်ကြောင်း ဦးညွန့်ရွှေ က ရှင်းပြ သည်။

ဆင်ဖြူကွင်း သုသာန် အမှိုက်ပုံ မီးလောင်မှုသည် အပူရှိန်ကြောင့် ဖြစ်ပေါ်ခြင်း ဖြစ်ပြီး မီးငြှိမ်းသတ်နိုင်ရန် မီးသတ် တပ်ဖွဲ့ ဝင် သန္ဓေ အင်အား ၄၀၊ မြို့နယ် စည်ပင်နှင့် လူမှု ကူညီရေး အသင်းမှ လူအင်အား ၇၀ တို့က နေ့ရော ညပါ ဝိုင်းဝန်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ဦးဟိန်းသူဟန် က ပြောသည်။

“ဆင်ဖြူကွင်း အမှိုက်ပုံ မီးငြိမ်းသတ်ခြင်း စတုတ္တမြောက်နေ့ပါ။ နေပူရှိန် ပြင်းလို့ ရှေ့ကငြှိမ်း နောက်က (မီး)ထထောက်နဲ့ မီးသတ် တပ်ဖွဲ့ဝင်တွေလည်း တော်တော် ပင်ပန်းနေကြပြီ။ နေပူပူထဲ အဆိပ်ဓာတ်ပါတဲ့ မီးခိုးငွေ့တွေကြား ပြေးလွှား မီး သတ်နေကြရတာပါ။ မြို့လူထုကလည်း လိုအပ်သမျှ ရေသန့် အချိုရည် ထမင်းဟင်းများ အလှည့်ကျ ကျွေးမွေးနေသလို သူတို့လည်း ကြိုးစား ငြှိမ်းသတ်နေပါတယ်”ဟု ပဲခူး ဒေသခံ တဦး ဖြစ်သူ Ko Ko Naing ဟူသည့် အကောင့်ပိုင်ရှင်က ၎င်း ၏ လူမှုကွန်ရက် စာမျက်နှာတွင် ဧပြီလ ၇ ရက် က ရေးသားထားသည်။

မီးလောင်မှု ဖြစ်စဉ်မှ မီးခိုးငွေ့များကြောင့် မီးငြှိမ်းသတ်သူများ၏ ကျန်းမာရေး ထိခိုက်မှုများ ရှိရာ ပဲခူး ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေး ဝန်ထမ်းများ လာရောက် ကုသပေးလျက် ရှိကြောင်းလည်း ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁၈ ဧပြီလကလည်း ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် ထိန်ပင် သုသာန် အနီးရှိ ဧက ၃၀၀ ကျယ်သော စည် ပင် သာယာ အမှိုက်ပုံ ရက်ရှည် မီးလောင်ခဲ့မှုကြောင့် မီးခိုးလုံးနှင့် ညှော်နံ့များ အနီးဝန်းကျင် အပြင် ရန်ကုန်ရှိ မြို့နယ်များ စွာသို့ ပျံ့နှံ့ခဲ့သည်။

မီးခိုးငွေ့သင့်မှုကြောင့် သာမန် လူကောင်းများပင်လျှင် အသက်ရှူကြပ်ခြင်း၊ မျက်ရည်ဝဲခြင်း၊ ချောင်းဆိုးခြင်း စသည်တို့ကို ကြုံတွေ့ခံစားရပြီး အမှိုက်ပုံမီး စတင်လောင်သည့် အချိန်မှစ၍ မီးခိုးမွှန်ခြင်းနှင့် ဆက်စပ် ရောဂါများဖြင့် လှိုင်သာယာ ပြည် သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူရသူ ၇၁ ဦး ရှိခဲ့ကြောင်း ကျန်မာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်း ထုတ် ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် စွန့်ပစ် အမှိုက်နှင့် ပတ်သက်၍ နည်းပညာ မြင့်မားပြီး ငွေကုန်ကြေးကျများသော အမှိုက်မှ စွမ်းအင် ထုတ် လုပ်သည့် စက်ရုံများ အသုံးမပြုနိုင်သေးချိန်တွင် တခြားသော ဖွံ့ဖြိုးဆဲ နိုင်ငံများ၌ ကျင့်သုံးနေသည့် စရိတ်စက အနည်းဆုံး သော နည်းလမ်းများကို အတုယူသင့်ကြောင်း မြို့ပြ ကျွမ်းကျင် ပညာရှင်များက အကြံပြုထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading