• English
Thursday, July 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

BRI စီမံကိန်းများကို ပူးပေါင်း ဆောင်ရွက်မည်ဟု တပ်ချုပ်ပြော

by ထွန်းထွန်း
11 April 2019
in သတင်း
A A
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်သမ္မတ ရှီကျင့်ပင်  / seniorgeneralminaunghlaing.com.mm

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်သမ္မတ ရှီကျင့်ပင် / seniorgeneralminaunghlaing.com.mm

9.4k
VIEWS
Share on FacebookShare on Twitter

တရုတ်နိုင်ငံ၏ ရပ်ဝန်းတခု၊ လမ်းတခု (BRI) စီမံကိန်းများတွင် မြန်မာနိုင်ငံအတွက် အကျိုးဖြစ်ထွန်းမည့် စီမံကိန်းများအား တပ်မတော် အနေဖြင့် ပူးပေါင်း ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်း၏ ချစ်ကြည်ရေး ခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ပင်နှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပေကျင်းမြို့၊ ပြည်သူ့ခန်း မဆောင်တွင် ဧပြီ ၁၀ ရက်နေ့ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ ကြခြင်းဖြစ်ပြီး BRI ကိစ္စ အပါအဝင် နှစ်နိုင်ငံတပ်မတော်များအကြား ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ရန် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း တပ်မ တော်က သတင်းထုတ်ပြန်ခဲ့သည်။

RelatedPosts

မြန်မာပြည်သူတွေထိတ်လန့်ခဲ့ရတဲ့ အိန္ဒိယရဲ့ နယ်ကျော်တိုက်ခိုက်မှု (ရုပ်/သံ)

မြန်မာပြည်သူတွေထိတ်လန့်ခဲ့ရတဲ့ အိန္ဒိယရဲ့ နယ်ကျော်တိုက်ခိုက်မှု (ရုပ်/သံ)

16 July 2025
94
မွန်တော်လှန်ရေးတပ်တွေ ဘာကြောင့် မပေါင်းစည်းနိုင်သေးလဲ (ရုပ်/သံ)

မွန်တော်လှန်ရေးတပ်တွေ ဘာကြောင့် မပေါင်းစည်းနိုင်သေးလဲ (ရုပ်/သံ)

16 July 2025
38
နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

16 July 2025
953

BRI ၏အစိတ်အပိုင်းတခုဖြစ်သည့် တရုတ်-မြန်မာ စီးပွားရေးစြင်္ကန် (CMEC) နှင့်ပတ်သက်ပြီး တရုတ်ဘက်မှ စီမံကိန်း ၃၀ ကို အဆိုပြု ထားပြီး ထိုအထဲတွင် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် ရန်ကုန်မြို့သစ် စီမံကန်းတို့လို စီမံကိန်းများလည်း ပါဝင်လျှက်ရှိသည်။

နိုင်ငံရေးသုတေသီ ဦးမောင်မောင်စိုး က “အနောက်တိုင်းက ပိတ်ဆို့မှုတွေများလာတယ်၊ ကုလသမဂ္ဂမှာ ICC နဲ့ပတ်သက်လို့ တင်လာ တာတွေ ရှိနေတယ်၊ တပ်အနေနဲ့ကတော့ သူ့အတွက် အကာအကွယ်ပေးနိုင်မယ့် မဟာမိတ်ရှာတယ်လို့ပဲ ယူဆရမှာပေါ့။ BRI စီမံ ကိန်းတွေနဲ့ ပတ်သက်လို့တော့ အစိုးရက သဘောတူမယ်ဆိုရင် တပ်အနေနဲ့ ကန့်ကွက်မှာမဟုတ်ဘူးလို့ မီးစိမ်းပြတဲ့သဘောလို့ ယူဆရပါတယ်” ဟု ပြောသည်။

ယခုလအတွင်း တရုတ်နိုင်ငံ ဘေကျင်းမြို့တွင် BRI ၏ ဒုတိယအကြိမ်ညီလာခံ ကျင်းပရန်ရှိနေပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဖြစ်ကာ အငြင်းပွားဖွယ်ဖြစ်နေသည့် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍လည်း ဆွေးနွေးဖွယ် ရှိကြောင်း သုံးသပ်မှုများလည်းရှိနေသည်။

သမ္မတရှီကျင့်ပင်၏ အဓိကနိုင်ငံခြားမူဝါဒဖြစ်သည့် BRI စီမံကိန်းနှင့်ပတ်သက်ပြီး နိုင်ငံအချို့တွင် ဆန့်ကျင့်မှုများရှိလာနေပြီး ပါဝင် ဆက်နွယ်သည့် နိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုများ ရှိလာမည်ဖြစ်သော်လည်း တဖက်တွင် တရုတ်၏ ကြွေးမြီးထောက်ချောက်ကို စိုးရိမ်မှုများရှိနေကြသည်။

ထိုညီလာခံတွင် ဒေါ်အောင်ဆန်စုကြည် အနေဖြင့် BRI ၏အစိတ် အပိုင်းဖြစ်သည့် တရုတ်-မြန်မာစီးပွးရေးစြင်္ကန်တွင် ပါဝင်သည့် မန္တလေး-မူဆယ် ရထားလမ်းနှင့် ပြင်ဦးလွင်မြို့အနီး အကောင် အထည်ဖော်မည် New Mandalay Resort City စီမံကိန်းတို့ကို လက်မှတ် ရေးထိုးသွားဖွယ် ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် က ပြောထားသည်။

ဦးမောင်မောင်စိုး က “ကုန်သွယ်ရေးလမ်းတွေက အရေးပါတယ်ဆိုပေမယ့် နှစ်နိုင်ငံစီးပွားရေးကုန်သွယ်မှုအရ တဖက်စောင်းနင်း ဖြစ်မှုတွေကို မြန်မာအစိုးရက ကိုင်တွယ်ဖို့တော့ လိုတယ်၊ အခုလဲ မူဆယ်မှာ တရုတ်ဘက်က ပိတ်ထားလို့ မူဆယ်မှာ နွားတွေ၊ အသီးအနှံကုန်တွေ သောင်တင်နေပြီး ဒုက္ခတွေ ရောက်နေကြတယ်၊ ဒါကိုမြန်မာအစိုးရ ထိန်းချုပ်ဖို့လိုတယ်” ဟု ပြောသည်။

တရုတ်နှင့်မြန်မာ အကြားတွင် ပိုမိုရင်းနှီးကျယ့်ပြန့်သည့် ဆက်ဆံရေးရှိနေသည့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်သွားမည်ဖြစ်ပြီး ပြဿနာများအား အတူတကွညှိနှိုင်းဖြေရှင်းသွားရန်နှင့် နှစ်နိုင်ငံအကျိုးရှိစေမည့် ကိစ္စရပ်များအာ Win-Win အနေအထား ရောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း သမ္မတ ရှီကျင့်ပင်က ပြောသည်။

Your Thoughts …
Tags: BRIဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရှီကျင့်ပင်
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

ဘွဲ့ရစစ်ဗိုလ်များ ဗိုလ်ချုပ်ဖြစ်မလာတော့

ဘွဲ့ရစစ်ဗိုလ်များ ဗိုလ်ချုပ်ဖြစ်မလာတော့

by အောင်သူရ
29 July 2024
21.4k

စစ်ကောင်စီတပ်၏ စစ်တိုင်းမှူးများထဲတွင် အရပ်ဖက်မှ ဘွဲ့တခုရပြီး စစ်ဗိုလ်ဖြစ်လာသော Officer Training School-OTS ကျောင်းဆင်း စစ်ဗိုလ်ချုပ်များကို ယခု မတွေ့ရတော့ပေ။

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည် 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖုံးဝှက်ထားသော ရုပ်ပုံလွှာ

by ပေါ်ထွန်း
26 March 2022
51.3k

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည်။

စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

by ဧရာဝတီ
26 September 2023
14.1k

စစ်ကောင်စီဝန်ကြီးများ တရုတ်သို့ ခပ်စိပ်စိပ် သွားရောက်ခြင်းသည် ရပ်ဝန်းနှင့်လမ်းအစီအစဉ် ၁၀ နှစ်မြောက် အခမ်းအနား လာမည့်လတွင် ကျင်းပမည့်အချိန်နှင့် တိုက်ဆိုင်နေသည်။

မြန်မာ့လုံခြုံရေးစည်းအတွင်း တရုတ်စစ်တပ် ကိုယ်ယောင်ဖျောက် ထိုးဖောက်ဝင်ရောက်

မြန်မာ့လုံခြုံရေးစည်းအတွင်း တရုတ်စစ်တပ် ကိုယ်ယောင်ဖျောက် ထိုးဖောက်ဝင်ရောက်

by Ankit K
18 March 2025
10.9k

တရုတ်၏ မြန်မာကို ချဉ်းကပ်ပုံနည်းလမ်းသည် ပါကစ္စတန်နှင့် အခြား BRI နိုင်ငံများဖြစ်သည့် သီရိလင်္ကာနှင့် အာဖရိက နိုင်ငံအများအပြားတွင် လုပ်သည့်နည်းလမ်းကို ထင်ဟပ်နေသည်။

တရုတ်လုံခြုံရေးကုမ္ပဏီက မြန်မာ့အနာဟောင်းကို ဆွနေသည်

တရုတ်လုံခြုံရေးကုမ္ပဏီက မြန်မာ့အနာဟောင်းကို ဆွနေသည်

by သက်ထားမောင်
19 November 2024
10.6k

တရုတ်တို့သည် ၎င်းတို့ လုံခြုံရေးကုမ္ပဏီအား မြန်မာပြည်သို့ စေလွှတ်ရန် ၂၀၁၉ ခုနှစ်ကတည်းက စီစဉ်ဆောင်ရွက်မှုများရှိပြီး ယခု လက်တွေ့အကောင်အထည် ဖော်လာသည်ဟု ဆိုရမည်။

မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃

မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃

by ဧရာဝတီ
2 January 2024
9.6k

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက် စစ်နည်းဗျူဟာသစ်က မြေပြင်နှင့်ဝေဟင် ပူးတွဲစစ်ဆင်ရေးဖြစ်ပြီး စခန်းတခု တိုက်ခိုက်ခံရပါက လေကြောင်းပစ်ကူ ရောက်လာသည့်တိုင် ထိန်းထားပြီး ယင်းနောက် ပစ်ကူနှင့် အတူ လေကြောင်း ချီတပ်များက ဝိုင်းပတ်ပိတ်ဆို့ကာ တိုက်ခိုက်သည့် ဗျူဟာဖြစ်သည်။

Next Post
ဖမ်းဆီးခံထားရသည့် ဦးကျော်ဝမ်းစိန်ကို အစိုးရနှင့် NSCN-K တို့ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လက ငြိမ်းချမ်းရေး ဆွေးနွေး တခုတွင် တွေ့ရစဉ် / ဧရာဝတီ

ဖမ်းဆီးခံထားရသည့် NSCN-K မှ ခေါင်းဆောင် ၅ ဦး ပြန်လွတ်လာ

ပစ်ခတ် ခံရသူများ၏ မိသားစုဝင်များက ဧပြီ ၁၁ ရက်တွင် ရန်ကုန်မြို့ အိုလံပစ် တာဝါရှိ Myanmar Press Freedom Center ၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ်  / ချစ်မင်းထွန်း / ဧရာဝတီ

ပစ်ခတ်ခံရ၍ သေဆုံးသူများ အတွက် ကျပ်သိန်း ၁၀၀ စီ ထောက်ပံ့ရန် တောင်းဆို

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

7 days ago
5.8k
အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

5 days ago
3.4k

Most Read

  • နောင်ချိုကို စစ်တပ် ပြန်ရ

    နောင်ချိုကို စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate