ထိုင်းနိုင်ငံ ဆုန်ခရမ် ပိတ်ရက် ခရီးသွားကာလ အန္တရာယ်များသော ၇ ရက်အတွင်း ပထမနေ့ နိုင်ငံတဝန်း လမ်းမများပေါ် ယာဉ် မတော်တဆမှု များကြောင့် လူ ၄၆ ဦးသေဆုံးပြီး ၄၈၂ ဦး ဒဏ်ရာရခဲ့သည်။
ဧပြီလ ၁၁ ရက်တွင် ယာဉ် မတော်တဆမှုပေါင်း ၄၆၈ မှုရှိခဲ့ကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီး အာခွန် တာရမ်ပစ်တီ ယာပိုင် ဆစ်က သောကြာနေ့တွင် ကုန်းလမ်းဘေးကင်းရေးညွှန်ကြားမှုဌာန အစီရင်ခံစာကို ကိုးကားလျက် ပြောကြားသည်။
ယမန်နှစ်များကဲ့သို့ ယာဉ်မတော်ဆမှု အများစုမှာ မူးယစ်သောက်စားပြီး ယာဉ်မောင်းခြင်းကြောင့် ဖြစ်ပွားမှုနှုန်း ၃၄ဒဿမ၆ ရာခိုင်နှုန်း၊ အရှိန်ပြင်းထန်စွာမောင်းနှင်မှုကြောင့် ၂၆ဒဿမ၉ ရာခိုင်နှုန်း ရှိကြောင်း၊ ယာဉ်မတော်တဆမှုအများစုသည် မော်တော်ဆိုင်ကယ်များကြောင့် ၇၈ဒသမ၄၇ ရာခိုင်နှုန်းဖြစ်ပွားကြောင်း ထိုင်းသယ်ယူပို့ဆောင်ရေးဝန်ကြီးက ပြောသည်။
ရဲများနှင့် အစိုးရအမှုထမ်းများကို ဆုန်ခရမ်ပွဲတော် ကာလအတွင်း နိုင်ငံတဝန်း လမ်း စစ်ဆေးရေးဂိတ် ၂၀၃၆ ဂိတ်တွင် တာဝန်ချထားပြီး၊ အဆိုပါ စစ်ရေးဂိတ်များတွင် ယာဉ် စုစုပေါင်း ၇၀၉၄၆၄ စီး ရပ်တန့်၍ စစ်ဆေးမှုခံယူခဲ့ရပြီး ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်းချိုးဖောက်မှုကြောင့် အရေးယူခံရသည့် ယာဉ်မောင်းစုစုပေါင်း ၁၆၃၅၈၄ ဦး ရှိသည်။
အရေးယူမှုများအနက် ၄၅၂၃၀ မှုမှာ ဆိုင်ကယ်စီးဦးထုပ်မဆောင်းမှုများဖြစ်ပြီး ၄၁၄၈၅ မှုမှာ လိုင်စင်မပါဘဲ မောင်းနှင်မှုများ ဖြစ်သည်။
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်မှုပေါင်း ၁၆၀၉ မှုရှိခဲ့ပြီး ယင်းအမှုများကို မြို့နယ် တရားရုံးများသို့ ကြာသပ တေးနေ့က စွဲဆို တင်ပို့ခဲ့ကြောင်း တရားရေးဆိုင်ရာပြောခွင့်ရသူ စူရီယန်ဟောင်ဝီလိုင်းက ပြောသည်။
မြို့နယ်တရားရုံးများတွင် စစ်ဆေးသည့် အမှုပေါင်း ၁၆၀၉ (သို့မဟုတ်) ဖြစ်ပွားမှုနှုန်း ၇၃ဒသမ၈ ရာခိုင်နှုန်း ရှိနေသည်။
အမှုအများစုမှာ မူးယစ်သောက်စား ယာဉ်မောင်းမှု ၁၁၀၆ မှုဖြစ်ကြပြီး ဆေးဝါးသုံးစွဲပြီး ယာဉ်မောင်း သည့်အမှုများလည်း အကျုံးဝင်သည်။ အခြားမှုများမှာ လိုင်စင်မပါဘဲ ယာဉ်မောင်းမှုများ ဖြစ်သည်။