• English
Saturday, June 21, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တောင်သာ ဘုန်းကြီးကျောင်း ပဋိပက္ခ ၂၇ ဦး အမှုဖွင့်ထား

by ဒီလှိုင်းဝင်း
19 April 2019
in သတင်း
A A
ပဋိပက္ခ ဖြစ်ပွားခဲ့သော ငြိမ်းချမ်းတောရ ဓမ္မရိပ်သာ ကျောင်းတိုက်  / mgwa / Facebook

ပဋိပက္ခ ဖြစ်ပွားခဲ့သော ငြိမ်းချမ်းတောရ ဓမ္မရိပ်သာ ကျောင်းတိုက် / mgwa / Facebook

55.1k
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်း ဒေသကြီး တောင်သာ မြို့နယ် ငြိမ်းချမ်းတောရ ဓမ္မရိပ်သာ ကျောင်းတိုက် ပဋိပက္ခ ဖြစ်စဉ်အတွင်း ကျေးရွာ ၂ ရွာမှ ၂၇ ဦးကို အမှု ဖွင့်လှစ်ထားကြောင်း သတင်း ရရှိသည်။

တောင်သာ မြို့နယ် ကြာပို့ ကျေးရွာရှိ ငြိမ်းချမ်း တောရ ဓမ္မရိပ်သာ ကျောင်းတိုက်တွင် ဧပြီလ ၁၇ ရက်က ဖြစ်ပွားခဲ့ သည့် ပဋိပက္ခ ဖြစ်စဉ်အတွင်း ၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ရာ ထို ၈ ဦးထဲမှ ၆ ဦး အတွင်းလူနာ အဖြစ် ဆေးကုသမှု ခံယူ နေရကြောင်း ကျောင်းတိုက် ၏ ဂေါပက အဖွဲ့ဝင် ဦးဝင်းတင် က ပြောသည်။

RelatedPosts

အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

21 June 2025
259
တရုတ်၏ မြန်မာနယ်စပ်ဖြတ်ကျော် ရာဇဝတ်နှိမ်နင်းမှု နောက်ဆက်တွဲ ဆိုးကျိုးများ

တရုတ်၏ မြန်မာနယ်စပ်ဖြတ်ကျော် ရာဇဝတ်နှိမ်နင်းမှု နောက်ဆက်တွဲ ဆိုးကျိုးများ

21 June 2025
208
အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

21 June 2025
581

လတ်တလောတွင် အတွင်းလူနာ ၆ ဦးသည် မြင်းခြံ ဆေးရုံကြီးတွင် ၅ ဦးနှင့် မန္တလေး ဆေးရုံကြီးသို့ ၁ ဦး လွှဲပြောင်း ကုသမှု ပြုလုပ်လျက် ရှိသည်ဟု ဆိုသည်။

အဆိုပါ ဖြစ်စဉ်သည် ငြိမ်းချမ်း တောရ ကျောင်း၌ သြဝါဒ ပေးသည့် ဆရာတော် မရှိဘဲ သီတင်းသုံး နေထိုင်လျက် ရှိသော သံဃာများက မြို့နယ်နှင့် တိုင်း သံဃနာယက အဖွဲ့၏ ဆုံးဖြတ်ချက်ကို လိုက်နာ၍ နှစ်ဆန်း ၁ ရက်နေ့ ညနေ ၅ နာရီ ထွက်ခွာ ပေးမည်ဟု ကတိပြုကြ သဖြင့် စောင့်ကြည့်နေစဉ် နှစ်စဉ် ကျင်းပသည့် နှစ်ဦး ဘုရား ရေသပ္ပာယ် ကြ သည့် ရွာသူ ရွာသားများ ရောက်ရှိလာပြီး လေးခွများ၊ ခဲများဖြင့် ခြောက်လှန့် ပစ်ခတ်ခြင်းများ ပြုလုပ်ရာမှ စတင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ဦးဝင်းတင်က“နှစ်ဆန်း ၁ ရက်နေ့ ညနေပိုင်းက ငြိမ်းချမ်း တောရ ဓမ္မရိပ်သာကျောင်းကို တုတ်တွေ၊ ဓားတွေနဲ့ လူအုပ် ကြီး က ဝိုင်းလာပြီး တော့ ဝင်ရောက် ရိုက်နှက်တာကြောင့် လူ ၈ ဦး ဒဏ်ရာရရှိခဲ့တဲ့ အပြင် သာသနိက အဆောက် အအုံ တွေလည်း တော်တော် များများ ပျက်စီးခဲ့ပါတယ်”ဟု ပြောသည်။

ငြိမ်းချမ်း တောရ ဓမ္မရိပ်သာ ကျောင်းကို ဆရာတော် ဦးသုဘောဂမှ တရားဝင် လက်ခံထားသည့် တပည့် ဦးပဉ္ဇင်း တပါး ကို ကျောင်း၌ သီတင်းသုံးရန် အတွက် လွန်ခဲ့သည့် ၁၂ နှစ်ခန့်က နေရာချ၍ လွှဲပြောင်း ပေးခဲ့သည်ဟုလည်း ဆိုသည်။

၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းက ကန်တော် ကျေးရွာ ရပ်/ကျေး သံဃနာယ အဖွဲ့နှင့် အဆိုပါ ဦးပဉ္စင်းတို့ ကျောင်း ပိုင်ဆိုင်မှု နှင့် ပတ်သက်ပြီး အငြင်းပွားသည့် ဖြစ်စဉ် ပေါ်ပေါက်လာခဲ့ကြောင်း ဦးဝင်းတင်က ပြောသည်။

ကျောင်းပိုင်ဆိုင်မှု အငြင်းပွားနေခြင်းကို မြို့နယ် သံဃနာယက အဖွဲ့ထံ တိုင်ကြားခဲ့ကြရာ မြို့နယ် သံဃနာယက အဖွဲ့ က ရပ်/ကျေး သံဃနာယက ဘက်ကို အနိုင်ပေးခဲ့သည့် အတွက် တိုင်း သံဃနာယက အဖွဲ့သို့ ထပ်မံ တိုင်ကြား ရာ တိုင်း သံဃနာယက အဖွဲ့က မူလ ကျောင်းတိုက် ပိုင်ဆိုင်သူ ဦးသုဘောဂမှ လွဲ၍ မည်သူမျှ ကျောင်းမထိုင်ရဟု ညွှန်ကြားချက် ထုတ်ပြန် ပေးခဲ့ကြောင်း သိရသည်။

တိုင်း သံဃနာယက အဖွဲ့၏ ညွှန်ကြားချက်ကို ကျေနပ်မှု မရှိကြသဖြင့် နိုင်ငံတော် သံဃ မဟာနာယက ဗဟိုဝန်ဆောင် အဖွဲ့ သို့ တက်ရောက်ခဲ့ရာ ဗဟိုမှ ၂ ကြိမ် လာရောက် စစ်ဆေးခဲ့ပြီး ဆုံးဖြတ်ချက် မကျသေးခင် အချိန်အတွင်း ယခု ကဲ့သို့ ဖြစ်စဉ် ဖြစ်သွားခြင်း ဖြစ်ကြောင်း ဦးဝင်းတင်က ရှင်းပြသည်။

၎င်းက ဆက်လက်၍“အဲဒီနေ့က လက်ရှိ ကျောင်းစောင့်ထားတဲ့ ဦးပဉ္ဇင်းလေးကို ဆွဲထုတ်တဲ့အပြင် အခါတွင်း ကျောင်း မှာ ဥပုသ် သီလ ယူပြီးနေကြတဲ့ သက်ကြီးရွယ်အိုတွေပါ နှင်ထုတ်ပြီး ဝိုင်းရိုက်ကြတာပါပဲ။ ခံကြရတဲ့သူတွေက ကြာပို့ ရွာ က ကျောင်းဒကာများ ဖြစ်ကြပါတယ်။ သူတို့ကတော့ အခုကိစ္စကို ဘာမှမလုပ်ပါဘူး။ ကျနော့် အနေနဲ့ တရားလို လုပ်ပြီး အမှု ဖွင့်လှစ်ခဲ့တာပါ။ သာသနာ့ နယ်မြေမှာ အခုလို ဖြစ်တာမျိုးကတော့ တကယ်ကို ရှက်စရာကိစ္စ တခုပါပဲ။ ကျောင်းလု ကြရာ ကနေ ဒီကျောင်းကို မကိုးကွယ်တဲ့ သူတွေနဲ့ သံဃနာယက ပေါင်းမိသွားလို့သာ အခုလို ကိစ္စမျိုးတွေ ဖြစ်တယ်လို့ပဲ မြင်ပါတယ်”ဟုလည်း ပြောသည်။

ယင်း ပဋိပက္ခ ဖြစ်စဉ်အား ဦးဝင်းတင် တရားလို ပြုလုပ်၍ သာသနာ ညှိုးနွမ်းစေမှု၊ အပြင်းအထန် ထိခိုက် နာကျင်စေမှု၊ သာသနိက အဆောက်အအုံ ဖျက်ဆီးမှု၊ အားပေးကူညီမှု ပုဒ်မများနှင့် အမှုဖွင့်ရာ ကျောဇီ နယ်မြေ ရဲစခန်းက အမှုကို ဧပြီ ၁၈ ရက်၌ လက်ခံခဲ့ပြီး အမှုဖွင့်ခံရသူများအဖြစ် ကြာပို့ ကျေးရွာနှင့် ကန်တော် ကျေးရွာမှ ၂၇ ဦး ဖြစ်ကြောင်း သိရသည်။

ကြာပို့ ကျေးရွာမှ ဦးအောင်နိုင်ဝင်းက“ငြိမ်းချမ်း တောရလို့လည်း ခေါ်တယ်၊ ကြာပို့ကြီး တောရ ကျောင်းလို့လည်း ခေါ် တယ်။ အဲဒီတောရကျောင်းမှာ အငြင်းပွားမှု ဖြစ်ပေါ်ခဲ့တာကို မြို့နယ်နဲ့ တိုင်း သံဃနာယက အဖွဲ့တွေက နှစ်ဘက် သံဃာ တွေကို ကျောင်းမှာ သီတင်းသုံး နေထိုင်ခွင့်မပြု ဆိုတဲ့ အမိန့်ကို စာနဲ့ပါဆုံးဖြတ် ညွှန်ကြားပြီး ဖြစ်ပါတယ်။ ဒါကို တိကျ သေချာစွာ မလိုက်နာကြတာကြောင့် ဖြစ်ကြရတာပါ”ဟု ပြောဆိုသည်။

အမှုကို စစ်ဆေးနေပြီ ဖြစ်ကြောင်း၊ ယခုကဲ့သို့ ထပ်မံ မဖြစ်ပွား စေရန် သံဃနာယက ဆရာတော်များ၏ သြဝါဒ ခံယူပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း တောင်သာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်းက ပြောသည်။

ဧပြီ ၁၉ ရက်တွင် တောင်သာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာမှ ဒုမြို့နယ်မှူး ဦးလှမျိုးနိုင် ဦးစီးပြီး သာသနာ ရေး ဦးစီး ဌာန မြို့နယ်ရဲတပ်ဖွဲ့မှ ဒုမြို့နယ်မှူး၊ ကျောဇီ စခန်းမှူး၊ မြို့နယ် သံဃနာယက၊ ကျေးရွာဂေါပက အဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့က ကျောင်းတိုက်၏ ပျက်စီး ဆုံးရှုံးသည့် စာရင်းများ စစ်ဆေးခြင်း၊ သက်သေခံ ပစ္စည်းများ သိမ်းဆည်းခြင်း၊ ကျန်ရှိ ပစ္စည်းများ သိမ်းဆည်းခြင်းများကို ပြုလုပ်ခဲ့ သလို ကျောင်းတိုက်အား ယာယီ ထိန်းသိမ်းထား ကြောင်း သိရသည်။

ဦးဝေလင်းထွန်း က“လက်ရှိ အခြေအနေ အရ ဒီကျောင်းတိုက်ထဲမှာ သံဃာတွေ သီတင်းသုံးပြီး တရားပွဲတွေ လုပ်ခြင်း အားဖြင့် မလိုလားအပ်တဲ့ ပြဿနာတွေ ထပ်မံ ဖြစ်လာမှာစိုးတာကြောင့် နိုင်ငံတော် သံဃနာယက အဖွဲ့ရဲ့ ဆုံးဖြတ် ချက် နဲ့ သြဝါဒ ရရှိပြီး မှသာ ခွင့်ပြု ပေးနိုင်မှာ ဖြစ်တဲ့ အတွက် မြို့နယ် သံဃနာယက ဆရာတော်များက ယာယီ ထိန်းသိမ်း စောင့်ရှောက်တဲ့ သဘောပါပဲ။ ချိတ်ပိတ်တာမျိုး မဟုတ်ပါဘူး”ဟု ပြောဆိုသည်။

Your Thoughts …
Tags: ငြိမ်းချမ်းတောရ ကျောင်းတောင်သာပဋိပက္ခအငြင်းပွားမှု
ဒီလှိုင်းဝင်း

ဒီလှိုင်းဝင်း

Reporter

Similar Picks:

စစ်ကောင်စီကြောင့် ပဋိပက္ခပြန်ဖြစ်နိုင်ကြောင်း AA သတိပေး

စစ်ကောင်စီကြောင့် ပဋိပက္ခပြန်ဖြစ်နိုင်ကြောင်း AA သတိပေး

by ဧရာဝတီ
20 July 2023
6.5k

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်များ AA ထိန်းချုပ်ထားသည့် နယ်မြေများသို့ စစ်ကားများဖြင့် ဝင်ရောက်ရန် ကြိုးစားသည့်အတွက် နှစ်ဖက် တင်းမာမှု ဖြစ်ပွားခဲ့သည်။

မြင်းခြံခရိုင်စစ်ဆင်ရေးက အလယ်ပိုင်းမြို့များအား ခြိမ်းခြောက်နိုင်မှုကို ပြ

မြင်းခြံခရိုင်စစ်ဆင်ရေးက အလယ်ပိုင်းမြို့များအား ခြိမ်းခြောက်နိုင်မှုကို ပြ

by ဧရာဝတီ
19 August 2024
5.3k

လွတ်လပ်ရေးရပြီးနောက်ပိုင်း ကွန်မြူနစ်တပ်များ ကြီးစိုးခဲ့သဖြင့် မသုံးလုံးနယ်မြေဟု နာမည်ကျော်ခဲ့ သည့် မန္တလေး၊ မြင်းခြံ၊ မိထ္တီလာတို့မှာ တဆက်တစပ်တည်းရှိနေသည့်ဒေသဖြစ်ပြီး မြင်းခြံခရိုင်အရှေ့မြောက်ဘက်၌ မန္တလေးမြို့၊ အရှေ့ ဘက်တွင် တံတားဦး၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား

စစ်တပ် ဖမ်းသွားသည့် မြင်းခြံနယ်ခံ ၉ ဦး၏ အလောင်းများ လမ်းဘေး၌တွေ့ရှိ

စစ်တပ် ဖမ်းသွားသည့် မြင်းခြံနယ်ခံ ၉ ဦး၏ အလောင်းများ လမ်းဘေး၌တွေ့ရှိ

by The Irrawaddy
30 January 2024
3.9k

မြင်းခြံနှင့် တောင်သာမြို့နယ်များသို့ ဇန်နဝါရီ ၂၈ ရက် ၂၉ ရက်များတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီး များ ဝင်ရောက်ကာဒေသခံ ၉ ဦးကို ဖမ်းဆီး ခေါ်ဆောင်သတ်ဖြတ်၍ လမ်းဘေး၌ ရုပ်အလောင်းများ စွန့်ပစ်ခဲ့

မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း ၁ ရာခိုင်နှုန်းသာ ရှိမည်ဟု ကမ္ဘာ့ဘဏ်ဆို

မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း ၁ ရာခိုင်နှုန်းသာ ရှိမည်ဟု ကမ္ဘာ့ဘဏ်ဆို

by ဧရာဝတီ
12 December 2023
1.7k

အရှေ့အာရှဒေသတွင်း ကိုဗစ် ၁၉ ကပ်ရောဂါ မတိုင်မီက ရှိခဲ့သော စီးပွားရေးအခြေအနေသို့ ပြန်၍ မရောက်နိုင်သည့် တခုတည်းသော နိုင်ငံအဖြစ် နောက်ကျကျန်နေခဲ့ပြီဖြစ်ကြောင်း

ရခိုင်ပြည်နယ် မြောက်ပိုင်းက ထောင်ချောက် (ရုပ်/သံ)

ရခိုင်ပြည်နယ် မြောက်ပိုင်းက ထောင်ချောက် (ရုပ်/သံ)

by စောမေရီ
31 May 2024
1.7k

ရခိုင်စစ်မျက်နှာမှာ အာရက္ခတပ်တော် (AA) ဟာ ရခိုင်ပြည်နယ်ရဲ့ ထက်ဝက်ကျော်ကို သိမ်းပိုက် ထိန်းချုပ်ထားလိုက်ပြီ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က စတင်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း ပြည်နယ်ရဲ့ မြို့နယ် ၁၇ မြို့နယ်ရှိတဲ့အနက်...

တောင်သာက တရုတ်ပိုက်လိုင်း ကာကွယ်ဖို့ စစ်တပ်အင်အားဖြည့်

တောင်သာက တရုတ်ပိုက်လိုင်း ကာကွယ်ဖို့ စစ်တပ်အင်အားဖြည့်

by ဧရာဝတီ
1 June 2025
1.7k

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်း တရုတ်ဂတ်စ်ပိုက်လိုင်း ဖြတ်သန်းသည့်နေရာများအား ပြန်လည် ထိန်ချုပ်နိုင်ရေးအတွက် စစ်ကြောင်းထိုးရန် စစ်ကောင်စီဘက်မှ အင်အားဖြည့်တင်းနေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

Next Post
AA တပ်ဖွဲ့ဝင်များ  / နန်းလွင်နှင်းပွင့် / ဧရာဝတီ

ဆုထူးစံ လုပ်ငန်းခွင်မှ ဖမ်းထားသူ ၈ ဦးအား ပြန်မလွတ်သေးဟု AA ပြော

၁၉၆၁ ခုနှစ်က သွေးသောက် မဂ္ဂဇင်းပါ ရိုဒါးနီးယား နာရီ ကြော်ငြာ

မြန်မာ့အသံ (ရေဒီယို)မှ စီးပွားရေး ကြော်ငြာများ ရပ်ဆိုင်းခြင်း

No Result
View All Result

Recommended

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

1 week ago
26.8k
တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

5 days ago
4.6k

Most Read

  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0
  • စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ် ချောင်ပိတ်မိနေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate