• English
Wednesday, June 25, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တနင်္သာရီ ဝန်ကြီးချုပ်ဟောင်း အာမခံလျှောက်ထားမှု ပယ်ချခံရ

by ဇူးဇူး
22 April 2019
in သတင်း
A A
တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်  / ဧရာဝတီ

တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော် / ဧရာဝတီ

27.6k
VIEWS
Share on FacebookShare on Twitter

တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်၏ အာမခံ လျှောက်ထားမှုကို တနင်္သာရီတိုင်း တရားလွှတ်တော်က ယနေ့ (ဧပြီ ၂၂ ရက်) ရုံးချိန်တွင် ပယ်ချလိုက်ကြောင်း သိရသည်။

လတ်တလော တရားရုံး၏ မှတ်ချက်ကို မိတ္တူကူးထားဆဲဖြစ်၍ ရရှိမှသာ မည်သည့်အတွက် ပယ်ချကြောင်း တိတိကျကျ သိရမည်ဟု ဒေါက်တာလဲ့လဲ့မော်၏ ရှေ့နေဖြစ်သူက ဧရာဝတီကို ပြောသည်။

RelatedPosts

မြန်မာနိုင်ငံပို့မယ့် Y-8 နှစ်စီး တရုတ်လေဆိပ်မှာတွေ့ (ရုပ်/သံ)

မြန်မာနိုင်ငံပို့မယ့် Y-8 နှစ်စီး တရုတ်လေဆိပ်မှာတွေ့ (ရုပ်/သံ)

24 June 2025
81
တိုက်နေသူတွေမပါတဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိုရမ် (ရုပ်/သံ)

တိုက်နေသူတွေမပါတဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိုရမ် (ရုပ်/သံ)

24 June 2025
82
အစ္စရေး-အီရန်စစ်ပွဲကို ကြုံတွေ့နေရတဲ့ မြန်မာတွေ (ရုပ်သံ)

အစ္စရေး-အီရန်စစ်ပွဲကို ကြုံတွေ့နေရတဲ့ မြန်မာတွေ (ရုပ်သံ)

24 June 2025
74

“ရုံးက ပယ်လိုက်ပါတယ်။ အမှုက ဒီတိုင်းဖတ်သွားတော့ ကျနော်တို့လည်း မိတ္တူကူးထားတယ်။ မိတ္တူရမှပဲ တိတိကျကျ သိ ရမယ်” ဟု ၎င်းက ဆိုသည်။

ဆက်လက်၍ ၎င်းက တရားရုံးက ပယ်လိုက်သည့် အမိန့်နှင့် ပတ်သက်၍ ဒေါက်တာလဲ့လဲ့မော်၏ မိသားစုကို ပြောပြကာ ရှေ့ဆက်ဆောင်ရွက်မည့် ကိစ္စကို တိုင်ပင်မည်ဖြစ်ကြောင်း၊ မိသားစုက အယူခံ ထပ်တက်မည်ဆိုပါက ထပ်မံ လျှောက် ထား ပိုင်ခွင့် ရှိကြောင်း ရှင်းပြသည်။

“ဝန်ကြီးချုပ်ရဲ့ ကျန်းမာရေး အခြေအနေကို အဓိက ဦးတည်ပြီး လျှောက်တာ။ ပြီးတော့ ရုံးပိုင်းဆိုင်ရာ စာရွက်စာတမ်းတွေ ကျတော့ သူကိုယ်တိုင် ရှာဖွေစုဆောင်းမှ ရမှာလေ။ အဲဒီစာရွက်တွေ ကျတော့ ကျနော်တို့ ရှေ့နေအနေနဲ့ သူ့မိသားစု အနေနဲ့ သွားပြီး ရုံးတွေမှာ တောင်းမယ် ပြုမယ်ဆိုရင် ဘယ်သူမှ ထုတ်ပေးမှာ မဟုတ်ဘူး။ အဲဒီနှစ်ချက်ပါပဲ” ဟု အာမခံ လျှောက်ထားသည့် အကြောင်းရင်းနှင့် ပတ်သက်၍ အဆိုပါ ရှေ့နေက ပြောသည်။

စွပ်စွဲခံရသူ၏ အာမခံ လျှောက်ထားမှုအပေါ် တရားလိုဘက်မှ တနင်္သာရီတိုင်းဒေသကြီး ဥပဒေအရာရှိက နိုင်ငံတော် မူဝါဒ အရ စွဲဆိုသည့် အမှုဖြစ်ခြင်း၊ လက်ရှိ စွဲဆိုထားသည့် အမှုမှာ အာမခံပေး၍ မရသော အမှုဖြစ်ခြင်း စသည်တို့ကြောင့် အာမခံ မပေးသင့်ဟု ကန့်ကွက်ထားကြောင်း သိရှိရသည်။

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်၏ လက်ရှိ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍ ၎င်း၏ ရှေ့နေက “သူက ကင်ဆာရောဂါ ဖြစ်နေတာ။ Breast (ရင်သား) တဖက် ဖြတ်ထားတယ်။ ကင်ဆာဆေးကို အခု လက်ရှိကို ပုံမှန်သွင်းနေရ တယ်။ အခု လတ်တလောကတော့ ဝမ်းကိုက်တာတို့ဘာတို့ ဖြစ်တာပေါ့။ ရာသီဥတုကလည်း တအားပူတယ်လေ။ သူက ကင်ဆာဆေးတွေ သောက်နေရတဲ့ လူဖြစ်တော့ အပူတွေက အရမ်းများတာပေါ့” ဟု ပြောသည်။

ယနေ့ ရုံးချိန်းတွင် တရားလိုဖြစ်သူ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ စုံစမ်းစစ်ဆေးရေးမှူး ဦးသန်းဇော်ဝင်း ကို စတင်စစ်ဆေးခဲ့ရာ အမှုနံပါတ် (၁)နှင့် (၂)ပြီးသွားကြောင်း၊ လာမည့် မေလ ၆ ရက်နေ့ ရုံးချိန်းတွင် အမှုနံပါတ် (၃)နှင့် (၄) အတွက် တရားလိုကို ဆက်လက် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

တနင်္သာရီ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ ဖြင့်လည်း ကောင်း၊ GGS ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နှင့် ဦးသူရအုံတို့အား အဂတိလိုက် စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅/၆၃ တို့ဖြင့် သီးခြားပြစ်မှုများအတွက် သီးခြားစွဲချက်များဖြင့် အမှု ၄ မှု ခွဲ၍ အရေးယူ ဆောင်ရွက်ရန် ထားဝယ်မြို့မ ရဲစခန်း၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ စစ်ဆေးရေးမှူး ဦးသန်းဇော်ဝင်းက တရားလိုပြုလုပ်၍ ပြီးခဲ့သည့် မတ်လ ၁၀ ရက်တွင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ အရ နိုင်ငံရေး ရာထူး လက်ရှိ ဖြစ်သူ (သို့) နိုင်ငံရေး ရာထူး လက် ရှိဖြစ်ခဲ့စဉ်က မည်သူမဆို အဂတိ လိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ၁၅ နှစ် ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ဆက်စပ်ဖတ်ရှု့ရန် – တနင်္သာရီ ဝန်ကြီးချုပ် အပါအဝင် ၄ ဦး အဂတိလိုက်စားမှုဖြင့် အရေးယူခံရ 

တနင်္သာရီ ဝန်ကြီးချုပ် အမှု သက်သေ ၉၀ ကျော် စစ်ဆေးခဲ့ရ ဟုဆို

Your Thoughts …
Tags: တနင်္သာရီဒေါ်လဲ့လဲ့မော်ဝန်ကြီးချုပ်ဟောင်း
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

တနင်္သာရီနှင့် ရခိုင်မှ ပြည်တွင်းလေကြောင်းဖြင့် ခရီးသွားသူများ ထောက်ခံစာလို

တနင်္သာရီနှင့် ရခိုင်မှ ပြည်တွင်းလေကြောင်းဖြင့် ခရီးသွားသူများ ထောက်ခံစာလို

by ဧရာဝတီ
12 February 2024
2.1k

ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူ စသည့်မြို့များမှ ရန်ကုန်သို့ လေကြောင်းဖြင့် သွားမည့် ခရီးသည်များ သည် ခရိုင်အထွေ ထွေအုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်ပါရမည်ဖြစ်ပြီး ကျန်းမာရေးမကောင်းသည့်သူများ၊ ကျောင်းတက်နေ သည့် ကျောင်းသူ၊ ကျောင်းသားများနှင့် ခွင့်ပြုချက် ရရှိထားသည့် ဌာနဆိုင်ရာ...

ထားဝယ်မြို့

ထားဝယ်မြို့

by ဧရာဝတီ
4 May 2025
1k

နာမည်ကျော် မောင်းမကန် ကမ်းခြေ စခန်းဟာ ထားဝယ်မြို့ အနောက်မြောက်ဘက်ရှိ ပင်လယ် ကမ်းခြေမှာ တည်ရှိပါတယ်…မောင်းမကန် ကမ်းခြေဟာ မြန်မာနိုင်ငံမှာ အရှည်ဆုံးနဲ့ အဖြောင့်တန်းဆုံး ကမ်းခြေ ဖြစ်ပါတယ်…

တနင်္သာရီမြို့နယ်၌ လူနာတင်ယာဉ်များ ညဘက်သွားလာခွင့် ပိတ်ပင်

တနင်္သာရီမြို့နယ်၌ လူနာတင်ယာဉ်များ ညဘက်သွားလာခွင့် ပိတ်ပင်

by ဧရာဝတီ
6 September 2023
973

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ အဝင်အထွက် လမ်း၊ တံတားများတွင် ည ၈ နာရီမှ နံနက် ၄ နာရီထိ လူနာတင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို စစ်ကောင်စီတပ်က စက်တင်ဘာလဆန်းပိုင်းမှစပြီး ပိတ်ပင်တားမြစ်မှုများ ပြုလုပ်လာကြောင်း ဒေသခံများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များထံမှ သိရသည်။

မြိတ်မြို့

မြိတ်မြို့

by ဧရာဝတီ
11 May 2025
701

ထိုင်း (ယိုးဒယား) နဲ့ နယ်ချင်း ဆက်စပ်နေလို့ မြိတ်မြို့မှာ မြန်မာဘုရင် နဲ့ ထိုင်း ဘုရင်တို့ လက်အောက်ကို အပြန်အလှန် ကျရောက်ခဲ့ပြီး မြိတ်ဒေသမှာလည်း စစ်တလင်း ဖြစ်ခဲ့ရဖူးပါတယ်။

ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် စစ်ဆင်ရေး တာဝန်ယူရသော စစ်တပ်အရာရှိကြီးများ အပြောင်းအလဲ ဖြစ်ခဲ့သည်

ကရင်၊ မွန်နှင့် တနင်္သာရီ စစ်ဆင်ရေးများ ကွပ်ကဲသူ စစ်အရာရှိကြီးများ အပြောင်းအလဲဖြစ်

by ဧရာဝတီ
1 April 2023
12.1k

ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် စစ်ဆင်ရေး တာဝန်ယူရသော စစ်တပ်အရာရှိကြီးများ အပြောင်းအလဲ ဖြစ်ခဲ့သည်။

--

တနင်္သာရီမှာ သင်းခွေချပ် ရောင်းရန်ရှိသည်

by ဟိန်းထက်
31 August 2020
10k

သင်းခွေချပ်များသည် ကမာ္ဘပေါ်တွင် တရားမဝင် ကုန်ကူးမှု အများဆုံးခံရသည့် တောရိုင်းတိရိစ္ဆာန်ဖြစ်သည်ဟု ယုံကြည်ရသည်။

Next Post
နေပြည်တော် ဒက္ခိဏ ခရိုင် တရားရုံး  / မိုးမိုး / ဧရာဝတီ

ဖြိုးကိုကိုတင့်ဆန်း အမှု ပြန်ခေါ် သက်သေ အားလုံး စစ်ဆေးပြီး

ကမ္ဘာပေါ်က သရဲအခြောက်ဆုံး ရေကန်များ

ကမ္ဘာပေါ်က သရဲအခြောက်ဆုံး ရေကန်များ

No Result
View All Result

Recommended

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

7 days ago
9.2k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

5 days ago
4.8k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate