သတင်း

ထောင်ထဲတွင် နိုင်ငံရေး အကျဉ်းသားမရှိဟု အကျဉ်းဦးစီးထုတ်ပြန်

Want create site? Find Free WordPress Themes and plugins.

အကျဉ်းထောင်များတွင် နိုင်ငံံရေးအကျဉ်းသား သတ်မှတ်ချက်ဖြင့် အကျဉ်းကျခံနေရသည့် အကျဉ်းသား/သူများ မရှိ ကြောင်း အကျဉ်းဦးစီးဌာနက ယနေ့ဧပြီ ၂၂ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

တည်ဆဲဥပဒေများတွင် မည်သည့်ပုဒ်မများသည် နိုင်ငံရေးပြစ်မှုဖြစ်ကြောင်း သတ်မှတ်ထားခြင်းမရှိသကဲ့သို့ နိုင်ငံရေး အ ကျဉ်းသား ဟူ၍လည်း အဓိပ္ပါယ်ဖွင့်ဆို ပြဌာန်းထားခြင်းမရှိကြောင်း သတင်းထုတ်ပြန်ချက်တွင်ဆိုထားသည်။

နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုချက်အား တရားဝင်သတ်မှတ် ပြဌာန်းမှုမရှိသော်လည်း လွတ်ငြိမ်းချမ်းသားခွင့်ပေးရာ တွင် အစိုးရအဆက်ဆက် အနေဖြင့် နိုင်ငံရေးအကျဉ်းသားဟူ၍ သုံးသပ်စဉ်းစားလေ့ရှိသည့်အပြင် သမ္မတ (ငြိမ်း) ဦးသိန်း စိန် အစိုးရလက်ထက်တွင် လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေး ကော်မတီ ဖွဲ့စည်းလုပ်ဆောင်မှုများရှိခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ဦးတိတ်နိုင်ကပြောသည်။

ဦးတိတ်နိုင်က “ထောင်ကျဝရမ်းမှာတော့ နိုင်ငံရေးပြစ်မှုဆိုပြီးတော့ ဘယ်ပါပါ့မလဲ၊ ဘယ်ပုဒ်မတွေ၊ ဘယ်လိုပြစ်မှုတွေက နိုင်ငံရေး အကျဉ်းသား ဆိုတာ အစိုးရက တရားဝင်ပြဌာန်းတာမရှိဘူးလေ၊ ကျနော်တို့ကတော့ နိုင်ငံရေးအကျဉ်းသား အဓိ ပ္ပါယ် ဖွင့်ဆိုချက်ကို တရားဝင်သတ်မှတ် ပြဌာန်းဖို့ ဆက်ပြီးတိုက်တွန်းနေမှာပါ” ဟု ပြောသည်။

အသင်းအဖွဲ့တခုမှ နိုင်ငံရေး အကျဉ်းသားဟူ၍ ပေးပို့သည့် စာရင်းတွင်ပါဝင်သည့် ပြစ်ဒဏ်ကျခံနေဆဲ ၃၇ ဦးသည် နိုင်ငံရေး ဆောင်ရွက်ခြင်းကြောင့် ပြစ်ဒဏ်ကျခံရနေသူများ မဟုတ်ဘဲ နိုင်ငံတော်လုံခြုံရေးအား ထိပါးနှောက်ယှက်ခြင်း၊ လက်နက် ကိုင်ဆောင်ခြင်း၊ နိုင်ငံတော် ပုန်ကန်ခြင်း၊ အကြမ်းဖက်မှု ဆောင်ရွက်ခြင်း၊ မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်ခြင်းနှင့် ရာဇဝတ်ပြစ်မှု အသီးသီးကျူးလွန်၍ ပြစ်ဒဏ်ကျခံနေခြင်းဖြစ်သည်ကို စိစစ်တွေ့ရှိရကြောင်း အကျဉ်းဦးစီးက ဆိုထားသည်။

ထိုထုတ်ပြန်ချက်တွင် “ယင်းတို့သည် ယင်းတို့၏ ကျူးလွန်ခဲ့သောပြစ်ဒဏ်များကို လျော့နည်းသက်သာစေလိုခြင်း အလို့ငှာ နိုင်ငံရေးအကျဉ်းသားဟူ၍ အမည်ခံ ဆောင်ရွက်လာခြင်းသာ ဖြစ်ပါသည်” ဟု ဆိုထားသည်။

အကျဉ်းဦးစီးဌာနအနေဖြင့် နိုင်ငံရေးအကျဉ်းသား မရှိဟု ငြင်းပယ်နေခြင်းသည် သမိုင်းမှန်ဖုံးကွယ်နေခြင်းသာဖြစ်ပြီး အကျဉ်းထောင်များနှင့် စစ်ကြောရေးစခန်းများတွင် ညှင်းပမ်းနှိပ်စက်ခံခဲ့ရသည့် သက်ရောက်မှုများကို နိုင်ငံရေး အကျဉ်းသား ဟောင်းများ အနေဖြင့် ယနေ့အထိခံစားနေရဆဲဖြစ်ကြောင်း AAPP က ပြောဆိုထားသည်။

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာအနေဖြင့် ဧပြီ ၁၆ ရက်နေ့ (နှစ်ဆန်းတရက်နေ့) က လွတ်ပေးခဲ့သူ ၉၅၃၅ ဦးတွင် နိုင်ငံရေးအကျဉ်းသား ဟူ၍ ဦးဇော်လနှင့် ဦးမရမ်ဂမ်တို့နှစ်ဦးသာ ပါဝင်ခဲ့ကြောင်းလည်း AAPP ထံကသိရသည်။

လက်ရှိ AAPP ၏ စာရင်းများအရလည်း အကျဉ်းကျနေဆဲ နိုင်ငံရေးအကျဉ်းသား ၄၄ ဦးနေပြီး ထောင်တွင်းမှ အမှုရင်ဆိုင် နေရသူ ၉၀ ဦးနှင့် အာမခံဖြင့် အချုပ်လွတ် အမူရင်ဆိုင်နေရသူ ၂၂၈ ဦးရှိနေကြောင်း သိရသည်။

ဆက္စပ္ဖတ္ရႈရန္

သမ္မတ လွတ်ငြိမ်းချမ်းသာခွင့် မူးယစ်ဖြင့် ကျနေသူ အများစု လွတ်မည်

အစိုးရက နိုင်ငံရေး အကျဉ်းသားကိစ္စကို ဒီထက်ပိုအာရုံစိုက်ဖို့ လိုအပ်တယ်

Did you find apk for android? You can find new Free Android Games and apps.
Loading