• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သမ္မတ လွတ်ငြိမ်း ဘက်လိုက်သည်ဟုဆိုကာ အကျဉ်းထောင် ၂ ခုတွင် ဆန္ဒပြမှုဖြစ်

by ထွန်းထွန်း
23 April 2019
in သတင်း
A A
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က မုပ္ပလင် ကုန်ထုတ်စခန်းကို ဧပြီ ၁၉ ရက်နေ့က သွားရောက်စစ်ဆေးစဉ်  / MNHRC

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က မုပ္ပလင် ကုန်ထုတ်စခန်းကို ဧပြီ ၁၉ ရက်နေ့က သွားရောက်စစ်ဆေးစဉ် / MNHRC

33.4k
VIEWS
Share on FacebookShare on Twitter

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာ ပေးအပ်မှုတွင် အခွင့်အရေး တန်းတူ မရရှိဘဲ ဘက်လိုက်မှုရှိနေသည်ဟု ဆိုကာ ထပ်မံစိစစ် ဆောင်ရွက်ပေးရန် ရွှေဘိုထောင်နှင့် မုပ္ပလင် ကုန်ထုတ်စခန်းတို့တွင် အကျဉ်းကျခံနေရသူများက ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့သည်။

တောင်းဆိုမှုများကို မူးယစ်ဆေးဝါး ဥပဒေပုဒ်မ ၁၅၊ ပုဒ်မ ၁၆ တို့ဖြင့်ကျခံနေရသူများက အဓိကလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့တောင်းဆိုချက်များအား နိုင်ငံတော်သမ္မတထံ တင်ပြပေးရန်နှင့် အများပြည်သူသိရှိရေး မီဒီယာများသို့ အကြောင်း ကြားပေရန် ပြောဆိုခဲ့ကြကြောင်း သွားရောက်ညှိနှိုင်းခဲ့သူများကပြောသည်။

RelatedPosts

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

16 May 2025
1
စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

16 May 2025
29
အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

16 May 2025
176

ရွှေဘိုမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမိုးကျော်သူ က “အဓိကတော့ ပုဒ်မနဲ့ပြစ်ဒဏ်တူပေမယ့် လွတ်တဲ့သူကလွတ်ပြီး ကျန်ခဲ့တဲ့သူက ကျန်ခဲ့တယ်ပေါ့၊ မူးယစ်ပုဒ်မ ၁၅၊ ၁၆ တွေပေါ့၊ သူတို့လည်း အချင်းချင်း ဘယ်သူ ဘယ်လောက် ကျလဲသိကြ မှာပဲ၊ အဲ့ဒီမှာ မမျှတသလို ခံစာရပြီး ပြန်စိစစ်ပေးပါဆိုပြီး တောင်းဆိုကြတာပါ၊ ဒါကို ဝန်ကြီးချုပ်ကလဲ သမ္မတရုံးကိုတင်ပြမှာပါ” အကျဉ်းထောင်ဆူပူမှုအား သွားရောက်ညှိနှိုင်းခဲ့သည့် အခြေအနေကို ပြန်ရှင်းပြသည်။

သမ္မတ၏ လွတ်ငြိမ်းသက်သာ အနေဖြင့် ဧပြီ ၁၇ ရက်နေ့က အကျဉ်းသား/သူ ၉၅၃၅ ဦးအား လွတ်ပေးခဲ့ပြီး ကျန်ရှိသည့် အကျဉ်းသား/သူများထဲမှ လွှတ်သင့်လွှတ်ထိုက်သူများကိုလည်း စနစ်တကျ စိစစ်ကာ လွတ်ငြိမ်းသက်သာခွင့် ဆက်လက် ပေးအပ်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် (MNHRC) အဖွဲ့ဝင် ဦးယုလွင်အောင် က “သူများတော့လွတ်တယ်၊ သူတို့လဲ လွတ်သင့်ရဲ့သားနဲ့ မလွတ်ဘူး၊ ထည့်သွင်းစဉ်းစား မခံရဘူး၊ ခွဲခြားဆက်ဆံခံရတယ်လို့ဆိုပြီး ဒီလိုဖြစ်လာတာပါ၊ သူတို့ရဲ့ တောင်းဆိုချက်တွေကို မနေ့ကပဲ သမ္မတရုံးကို တင်ပြပေးလိုက်ပါပြီ” ဟု ဧရာဝတီသို့ပြောသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က မုပ္ပလင် ကုန်ထုတ်စခန်းကို ဧပြီ ၁၉ ရက်နေ့က သွားရောက်စစ်ဆေးစဉ် (ဓာတ်ပုံ -MNHRC)

ရွှေဘိုထောင်ဆူပူမှုသည် ဧပြီ ၂၂ ရက်နေ့ မနက် ၈ နာရီခွဲခန့်တွင် အဆောင် ၁ မှစတင်၍ ကျန်အဆောင်များကိုပါ ကူးစက် ခဲ့ခြင်းဖြစ်ပြီး ဝန်ကြီးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ဆုံတင်ပြလိုကြောင်း တောင်းဆိုမှုရှိခဲ့သည့်အတွက် ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်ကိုယ်တိုင် အကျဉ်းသားများနှင့် တွေ့ဆုံကာ ညှိနှိုင်းပေးခဲ့သည်။

နှစ်ဆန်း တရက်နေ့ (ဧပြီ ၁၇) က နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသားဖြင့် အကျဉ်းသား/သူ ၉၅၃၅ ဦး လွတ်ပေးခဲ့ရာ တွင် ရွှေဘို အကျဉ်းထောင်မှ ၇၂၀ ဦးခန့် ပြန်လည်လွတ်မြောက်ခဲ့ပြီး လက်ရှိတွင် ဆက်လက်ပြစ်ဒဏ်ကျခံနေရဆဲ ဦးရေမှာ ၁၀၀၀ ခန့်ရှိနေသေးကြောင်း ဦးမိုးကျော်သူက ပြောသည်။

မွန်ပြည်နယ်ရှိ မုပ္ပလင် ကုန်ထုတ်စခန်းမှ အကျဉ်းသား ၄၀၀ ဦးခန့်မှလည်း နှစ်ဆန်းတရက်နေ့ လွတ်ငြိမ်းချမ်းသာတွင် အ ကျဉ်းသား အချင်းချင်း တန်းတူအခွင့်အရေးရရှိခဲ့ခြင်းမရှိဟုဆိုကာ လုပ်ငန်းခွင်ဆင်းခြင်းမပြုဘဲ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး MNHRC က ဧပြီ ၁၉ ရက်နေ့တွင် သွားရောက်တွေ့ဆုံညှိနှိုင်းခဲ့ခြင်း ဖြစ်သည်။

ဦးမိုးကျော်သူ က “ဒီလို ဆူပူတောင်းဆိုမှုတွေကို တခြားထောင်တွေကို ကူးစက်ပြီးသွားရင် ကြီးမားတဲ့ရာဇဝတ်မှု ကျူးလွန်ထားသူတွေပါ ပါဝင်ပတ်သက်လာမှာ စိုးရိမ်မိတယ်” ဟုပြောသည်။

မုပ္ပလင် ကုန်ထုတ်စခန်းမှ အကျဉ်းကျနေသူများ၏ တောင်းဆိုချက်များတွင် ပြင်ဆင်လိုက်သည့် မူးယစ်ဆေးဥပေဒအရ သက်သာခွင့်များမရရှိခြင်း၊ လွတ်ငြိမ်းတွင် ပုဒ်မတူပြစ်ဒဏ်တူများ လွတ်သော်လည်း ကျန်သူများရှိနေခြင်း၊ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူမှ လွတ်ငြိမ်းတွင်ပါခဲ့သော်လည်း ၎င်းနှင့်အတူရှိနေခြင်း၊ အနီးအနားရှိခြင်းကြောင့် အားပေးကူညီမှုဖြင့် စွပ်စွဲပြစ်ဒဏ်ချခံရသူမှာ လွတ်ငြိမ်းတွင်မပါဝင်ခြင်း၊ ပြစ်မှုအမျိုးမျိုးဖြင့် ကျခံနေရသူများ သက်သာခွင့်တစုံတရာ မရရှိခြင်း၊ စည်းကမ်းကောင်းသူများအား လွှတ်ပေးခြင်းဟုဆိုခြင်းကြောင့် ကျန်ရှိသူများ စည်းကမ်းမကောင်းသူများဟု ထင်မြင်နိုင်ခြင်း တို့ကြောင့် ပြန်လည်စိစစ်ပေးရန်တို့ ပါဝင်လျှက်ရှိသည်။

Your Thoughts …
Tags: မုပ္ပလင် ကုန်ထုတ်စခန်းရွှေဘိုထောင်သမ္မတ လွတ်ငြိမ်းအကျဉ်းသားဆန္ဒပြ
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

ရွှေဘိုထောင် ဆူပူမှု ဖြစ်စဉ်တွင် ၄ ဦးသေဆုံးခဲ့  / ဧရာဝတီ

ထောင်ပိုင်ကြီး ပြန်ရှင်းပြတဲ့ ရွှေဘိုထောင် ဆူပူမှုဖြစ်စဉ်

by ထက်ခေါင်လင်း
15 May 2019
59.4k

ထောင်စည်းကမ်းချိုးဖောက်မှုနှင့် အရေးယူ ဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်ပြီး ရွှေဘိုထောင်ပိုင်ကြီး ဦးဇော်ထွန်း ကို ဧရာဝတီ အကြီးတန်း သတင်းထောက် ထက်ခေါင်လင်း က ဆက်သွယ် မေးမြန်းထားသည်။

သမ္မတ လွတ်ငြိမ်း မျှတမှုရှိရေး တောင်းဆိုနေကြသည့် အကျဉ်းသားများ  / KyawThet Win / Facebook

ကလေးထောင်တွင် အကျဉ်းသားများ ဆူပူမှုဖြစ်

by ထက်ခေါင်လင်း
8 May 2019
20.2k

စစ်ကိုင်းတိုင်း၊ ကလေးထောင်တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသားများ လွှတ်ပေးခဲ့ရာတွင် တန်းတူညီမျှမှု မရှိဟုဆိုကာ ယနေ့ မနက် ၈ နာရီခန့်က စပြီး ထောင်တွင်းဆူပူမှု ဖြစ်ပွားခဲ့ကြောင်း ကလေးခရိုင် ဒုတိယရဲမှူးကြီး အောင်ကျော်က ဧရာဝတီသို့ အတည်ပြုသည်။

ရွှေဘိုထောင် ဆူပူမှု ဖြစ်စဉ်တွင် သေဆုံးသွားသူများ၏ရုပ်အလောင်းကို ထောင်ဘူးဝမှ သယ်ထုတ်လာစဉ်  / ဧရာဝတီ

ရွှေဘိုထောင် ဆူပူမှု အကျဉ်းသားတချို့ကို ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှုဖြင့် အရေးယူမည်

by ထက်ခေါင်လင်း
31 May 2019
18.3k

ရွှေဘိုထောင် ဆူပူမှုဖြစ်စဉ်တွင် ထောင်ဆေးရုံ အပါအဝင် ထောင်တွင်းရှိ ပစ္စည်းများ ဖျက်ဆီးခဲ့သည့် အကျဉ်းသားများ ကို ပြည်သူူပိုင်ပစ္စည်း ဖျက်ဆီးမှု ပုဒ်မ ၆(၁) ဖြင့် အမှုဖွင့် အရေးယူမည် ဖြစ်ကြောင်း

မသင်္ကာမှုဖြင့် ဖမ်းဆီးထားသူ အောင်ကျော်နိုင် (ခ) ကျော်လေး / ဇော်ရှင်း

သမ္မတ လွတ်ငြိမ်းဖြင့် လွတ်လာသူ နာရီပိုင်းအတွင်း ပြန်အဖမ်းခံရ

by ကောင်းမြတ်မင်း
18 April 2019
32.1k

ပဲခူးမြို့တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နှစ်ဆန်း ၁ ရက်နေ့က လွတ်မြောက်လာသူ တဦးအား နာရီပိုင်း အတွင်းမှာပင် ခိုးမှုဖြင့် မသင်္ကာ၍ ရဲက ဖမ်းဆီးလိုက်ကြောင်း ပဲခူးမြို့ အမှတ် (၂) နယ်မြေရဲစခန်း စခန်းမှူး ချစ်ကြည်...

၂၀၁၉ ခုနှစ် မေလ ၇ ရက်နေ့ မနက်ပိုင်းတွင် လွတ်မြောက်လာသော ရိုက်တာသတင်းထောက် ၂ ဦး / Reuters

သမ္မတ လွတ်ငြိမ်းက သတင်းလွတ်လပ်ခွင့်နှင့် ရင်ကြားစေ့ရေး အပြုသဘောဆောင်လာစေသည်

by ဧရာဝတီ
10 May 2019
751.3k

ယခု သတင်းထောက်နှစ်ဦး ပြန်လွတ်လာခြင်းနှင့်အတူ သတင်းသမားများကို ဖမ်းဆီးမှုများ အဆုံးသတ်ပြီဟု ကျွနု်ပ်တို့ မျှော်လင့်မိနေပါသည်။

Next Post
နေပြည်တော်ရှိ စီးပွား/ကူးသန်း ရုံးတွင် ယနေ့ ပြုလုပ်သော ညှိနှိုင်း အစည်းအဝေး  / မိုးမိုး / ဧရာဝတီ

အိုင်ဗရီကို့စ် ဆန်ပြဿနာကြောင့် ပြည်ပ ဆန်တင်ပို့မှု မူဝါဒ ပြန်သုံးသပ်ရန် လိုအပ်လာဟု ဆို

မော်ဒယ် ပိုင်တံခွန် / ချစ်ပိုး / ဧရာဝတီ

"Pokemon ဂိမ်း ကစားခဲ့လို့ Ex နဲ့တောင် ရန်ဖြစ်ခဲ့ဖူးတယ်"လို့ ပိုင်တံခွန် ပြော

No Result
View All Result

Recommended

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

6 days ago
7.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.2k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate