• English
Sunday, December 3, 2023
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    ဗုံးတွေ ကျည်ဆံတွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

    ဗုံးတွေ ကျည်ဆံတွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

    မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

    မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

    အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

    စစ်ကိုင်းနှင့်ကချင် ထိစပ်နေသည့် မြို့များ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာလာကြ

    အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

    အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

    တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

    တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

    ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

    ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

    ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

    ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

    ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

    ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

    နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

    နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      မိန်းမ နှင့် ငွေ

      မိန်းမ နှင့် ငွေ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      အမျိုးသမီး သတင်းစာဆရာ

      အမျိုးသမီး သတင်းစာဆရာ

      လောင်စာ

      လောင်စာ

      ခေတ် နှင့် မိန်းမ

      ခေတ် နှင့် မိန်းမ

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate
      • Home
      • သတင်း
        • All
        • Crime
        • Development
        • Environment
        • Ethnic Issues
        • Human Rights
        • Military
        • Obituary
        • Politics
        • Religion
        • Women
        • သတင်းတို
        ဗုံးတွေ ကျည်ဆံတွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

        ဗုံးတွေ ကျည်ဆံတွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

        မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

        မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

        အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

        စစ်ကိုင်းနှင့်ကချင် ထိစပ်နေသည့် မြို့များ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာလာကြ

        အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

        အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

        တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

        တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

        ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

        ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

        ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

        ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

        ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

        ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

        နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

        နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

        Trending Tags

          • All
          • Crime
          • Development
          • Environment
          • Ethnic Issues
          • Human Rights
          • Military
          • Obituary
          • Politics
          • Religion
          • Women
          • သတင်းတို
        • ဆောင်းပါး
        • စီးပွားရေး
        • အာဘော်
          • All
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • အယ်ဒီတာ့အာဘော်
          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

          ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

          ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

          “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

          “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

          • All
          • အယ်ဒီတာ့အာဘော်
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
        • Lifestyle
          • All
          • Automobile
          • Coronavirus Update
          • Culture
          • Education
          • Entertainment
          • Event
          • Food
          • Health
          • Travel
          • Trend
          • အားကစား
          မိန်းမ နှင့် ငွေ

          မိန်းမ နှင့် ငွေ

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          ထရဂျဒီ၊ ကွန်မီဒီ

          ထရဂျဒီ၊ ကွန်မီဒီ

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          အမျိုးသမီး သတင်းစာဆရာ

          အမျိုးသမီး သတင်းစာဆရာ

          လောင်စာ

          လောင်စာ

          ခေတ် နှင့် မိန်းမ

          ခေတ် နှင့် မိန်းမ

          Trending Tags

            • All
            • Entertainment
            • Event
            • Travel
            • Food
            • Trend
            • Culture
            • Health
            • Coronavirus Update
            • Automobile
            • အားကစား
          • Cartoon
          • Photo Essay
          • Women & Gender
          • Labor Rights
          • Election
          • Organized Crime Guide
          • Donate
          No Result
          View All Result
          
          No Result
          View All Result
          Home သတင်း

          ဝါးခယ်မက အချုပ်သား သေဆုံးမှု တာဝန်ရှိ ရဲဝန်ထမ်းများကို အရေးယူရန် MNHRC အကြံပြု

          by ဇူးဇူး
          24 April 2019
          in သတင်း
          Reading Time: 1 min read
          A A
          မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် (MNHRC) က ကွင်းဆင်း စစ်ဆေးမှု ပြုလုပ်စဉ်  / MNHRC

          မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် (MNHRC) က ကွင်းဆင်း စစ်ဆေးမှု ပြုလုပ်စဉ် / MNHRC

          108.1k
          VIEWS
          Share on FacebookShare on Twitter

          ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်က အချုပ်သားတဦး သေဆုံးမှုနှင့် ပတ်သက်၍ တာဝန်ရှိ ရဲဝန်ထမ်း များကို အရေးယူရန် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် (MNHRC) က အကြံပြုလိုက်သည်။

          ဝါးခယ်မမြို့နယ် ဆူးတွင်းကျေးရွာအုပ်စု မြစ်ကလေး ကျေးရွာနေ ဦးကျော်အေး (၅၀ နှစ်)အား ဝါးခယ်မမြို့မရဲစခန်း အချုပ် တွင် ချုပ်နှောင်ထားစဉ် သေဆုံးမှုနှင့် ပတ်သက်၍ MNHRC က ကွင်းဆင်းစုံစမ်းစစ်ဆေးရေးအဖွဲ့က ဧပြီ ၁၁ မှ ၁၃ ရက်ထိ အမှုနှင့် စပ်လျဉ်းသူ၊ တာဝန်ရှိသူ ၁၆ ဦးကို တွေ့ဆုံမေးမြန်းမှုများ၊ ကွင်းဆင်းစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ယင်းသို့ အကြံပြုလိုက်ခြင်းဖြစ်သည်။

          RelatedPosts

          ဗုံးတွေ ကျည်ဆံတွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          ဗုံးတွေ ကျည်ဆံတွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          3 December 2023
          2.6k
          မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

          မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

          3 December 2023
          570
          အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

          စစ်ကိုင်းနှင့်ကချင် ထိစပ်နေသည့် မြို့များ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာလာကြ

          3 December 2023
          2.1k

          “ဘယ်လိုပဲ သေသေ တာဝန်ရှိတယ်။ အချုပ်ခန်းထဲမှာ သေသွားတဲ့အတွက်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈) ပုဒ်မ ၃၅၃ မှာလည်း ပါပြီးသား ဖြစ်တယ်။ ဖြေရှင်းဖို့ တာဝန်ရှိတယ်။ လူ့အခွင့်အရေးအရလည်း မိသားစုတွေ ယုံကြည်မှု မပျက်အောင် ကြိုတင်ကာကွယ်မှုတွေ မလုပ်ခဲ့လို့ ဒီလိုပြဿနာ ပေါ်ပေါက်တယ်လို့ သုံးသပ်တယ်။ ဒါကြောင့် တာဝန်ရှိတယ်။ အရေးယူ ပေးပါလို့ ပြောတာ” ဟု MNHRC အတွင်းရေးမှူး ဦးဘုန်းကြွယ်က ဧရာဝတီကို ပြောသည်။

          ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း(၈) ပုဒ်မ ၃၅၃ တွင် မည်သူ့ကိုမျှ တည်ဆဲဥပဒေနှင့် အညီမှတပါး အသက်ကိုဖြစ် စေ၊ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကိုဖြစ်စေ နစ်နာဆုံးရှုံးမှု မရှိစေရဟု ဖော်ပြထားသည်။

          သေဆုံးသူ၏ ခယ်မဖြစ်သူ ဒေါ်သန်းသန်းမိုးက ဦးကျော်အေးအား ငှက်ပျောချောင်း ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၃ ဦး လာရောက် ဖမ်းဆီးပြီး ၆ ရက် အကြာတွင် သေဆုံးသွားသည့်အတွက် စစ်ဆေးဆောင်ရွက်ပေးရန် ဧပြီ ၆ ရက်၌ MNHRC ရုံးသို့ လာ ရောက် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

          ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ် ၂၀ ရက်က ဦးကျော်အေးနှင့် ၎င်း၏ ဇနီးတို့ လင်မယားချင်း စကားများနေစဉ် ကျေးရွာအုပ်ချုပ် ရေးမှူး ရောက်ရှိလာပြီး ဝင်ရောက် ပြောဆိုရာမှ အပြန်အလှန် စကားများခဲ့ကြောင်း၊ အုပ်ချုပ်ရေးမှူးက ရဲစခန်းသို့ တိုင်ကြား သဖြင့် မတ် ၂၁ ရက်တွင် ဦးကျော်အေးအား အရေးယူရန်ဟု ဆိုကာ စခန်းမှ လာရောက် ဖမ်းဆီးသွားကြောင်း ဒေါ်သန်း သန်းမိုးက ပြောသည်။

          ထိုနေ့က ဝါးခယ်မ မြို့နယ် ငှက်ပျောချောင်း တိုက်နယ် အမှတ်(၂) ရဲစခန်းမှ ရဲတပ်ကြပ် စန်းနိုင်၊ ရဲတပ်ကြပ် မြင့်မောင် နှင့် ရဲတပ်သား မျိုးမင်းထက်တို့ ၃ ဦးက လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း၊ မတ် ၂၂ ရက်တွင် ဦးကျော် အေးအား ငှက်ပျောချောင်း ရဲစခန်းမှ ဝါးခယ်မ မြို့မ ရဲစခန်း ထံ ပြောင်းပြီး တရားရုံးတွင် ပုဒ်မ ၅၁/စ /ဆ (ခြေချုပ်နှင့် ခံဝန် ပုဒ်မ)ဖြင့် အာမခံ မပေးဘဲ ဆက်လက် ချုပ်နှောင်ထားခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

          ထို့နောက် မည်သည့် သတင်းမှ မကြားရတော့ဘဲ မတ် ၂၇ ရက် နံနက်ပိုင်းတွင် အုပ်ချုပ်ရေးမှူးက ဦးကျော်အေး သေဆုံး သွားပြီ ဖြစ်သဖြင့် ဝါးခယ်မ ပြည်သူ့ဆေးရုံကြီးတွင် အလောင်းသွား သယ်ရန် ပြောဆိုရာ မိသားစုဝင်များ သွားသယ်ခဲ့ ကြောင်း၊ အလောင်းကို အိမ်ရောက်မှ ဖွင့်ကြည့်ရန် မှာလိုက်သဖြင့် ၂၈ ရက် နံနက်ပိုင်းမှ အလောင်းကို ဖွင့်ကြည့်ရာ လူမြင် မကောင်းလောက်အောင် ဒဏ်ရာများနှင့် သေဆုံးနေသည်ကို တွေ့ရသည်ဟု ဒေါ်သန်းသန်းမိုးက ဆိုသည်။

          သေဆုံးသူ ဦးကျော်အေးသည် အရက်သောက်စားတတ်ကြောင်း၊ အချုပ်ကျစဉ် အရက် မသောက်ရသည့်အခါ စိတ်ပိုင်း ဆိုင်ရာ ကစဉ့်ကလျားဖြစ်ပြီး မတ် ၂၇ နံနက် ၁၀ နာရီခန့်တွင် ပိုမို ပြင်းထန်လာကာ အချုပ်ခန်း သံတိုင်များကို ခေါင်းဖြင့် ဆောင့်ခြင်း၊ အချုပ်ခန်း သံတိုင်ကို တွယ်ပြီး မျက်နှာကြက်သို့ တက်ခြင်းများ ပြုလုပ်သည်ဟု စုံစမ်းသိရှိရကြောင်း ဦးဘုန်း ကြွယ်က ရှင်းပြသည်။

          အခြား အချုပ်သားများက ဝိုင်းအော်သည့်အခါ လန့်ပြီး အောက်သို့ ပြုတ်ကျကြောင်း၊ ယင်းသို့ ပြုတ်ကျရာတွင် အကျယ် ၂ လက်မ၊ ထု ၁ လက်မခန့်ရှိ အချုပ်ခန်း သံတိုင်များကို ချုပ်ထားသော အချုပ်တန်းနှင့် ဦးကျော်အေး၏ ဦးခေါင်း ဆောင့်မိပြီး နောက် အချုပ်ခန်းအောက်ခြေ အုတ်ဖောင်ဒေးရှင်းနှင့် မျက်နှာရိုက်မိကာ ထပ်မံဒဏ်ရာ ရရှိခဲ့ကြောင်း ၎င်းက ပြောသည်။

          ဦးဘုန်းကြွယ်က“ဒီလိုဖြစ်စဉ်တွေကို သက်ဆိုင်ရာ အဲဒီအချိန်မှာ ရှိနေတဲ့ အချုပ်သားတွေ ပတ်ဝန်းကျင်က သက်သေတွေ အကုန်လုံးကို မေးတဲ့အခါ ဒီတိုင်းပဲ သူတို့ ထွက်ဆိုတာပေါ့နော်”ဟု အတည်ပြု ပြောဆိုသည်။

          ရဲစခန်းမှ ဝါးခယ်မ ဆေးရုံသို့ ချက်ချင်း ပို့ဆောင်ခဲ့သော်လည်း ဆရာဝန်၏ ပြင်ပ အခြေအနေ စစ်ဆေးကြည့်မှုအရ သွေး ထွက်မှု သိပ်မရှိသော်လည်း ထိုအချိန်ကတည်းက ဦးခွံရိုးကွဲသွားသည်ကို (ဆေးရုံ၌ ဦးခေါင်းခွံကို ရိုက်နိုင်သည့် ဓာတ်မှန် မရှိ၍) ဆရာဝန်အနေဖြင့် မခန့်မှန်းနိုင်ခဲ့ကြောင်း၊ လိုအပ်သည့်ကုသမှုများ ပြုလုပ်ပြီးနောက် ပြန်လည်စစ်ဆေးမှုအတွက် ညနေ ၄ နာရီ တခေါက် ပြန်လာရန် မှာလိုက်ပြီး ပြန်လွှတ်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

          “၃ နာရီကျော် ၄ နာရီလောက်ကျတော့ အထဲမှာသွေးတွေက များလာတယ်။ အတွင်းသွေးယိုစိမ့်မှု ဖြစ်လာတော့ သူ ကယောင် ကတမ်း ဖြစ်တဲ့အခါ ရဲက တန်းပြီးဆေးရုံခေါ်သွားတယ်။ ဆေးရုံရောက်တော့ပဲ တော်တော်ကြီး သေခါနီး ဖြစ်နေ ပြီ။ သတိလစ်တာတို့ ဘာတို့ ဖြစ်နေပြီ။ ဆရာဝန်ဆေးကုသမှု ဆောင်ရွက်နေရင်းမှာ ပဲ ဆုံးပါးသွားတယ်”ဟု ဦးဘုန်းကြွယ် က ပြောပြသည်။

          ကော်မရှင်အနေဖြင့် ဦးကျော်အေးအမှုကို ရဲများ ကိုင်တွယ်မှုနှင့် ပတ်သက်၍လည်း စစ်ဆေးခဲ့ရာ ၂၁ ရက် ငှက်ပျောချောင်း ရဲစခန်းတွင် ချုပ်ထားသည့်အခါ ရိုက်နှက်မှုမရှိကြောင်း၊ မတ် ၂၂ ရက်တွင် တရားသူကြီးက ချောချောမွေ့မွေ့ပင် ချုပ်မိန့်ပေး ခဲ့ကြောင်း တွေ့ရှိရသည်ဟု ၎င်းက ပြောသည်။

          “မြို့မရဲစခန်းရောက်တော့ စခန်းမှူးနဲ့ တာဝန်မှူးတွေကလည်း ရဲရဲ့ လုပ်ငန်းသဘာဝအရ အပြင်ကလာတဲ့ တရားခံ တ ယောက်ကို သူတို့လက်ခံဖို့ဆိုတာ လက်မခံခင် သေချာ ဖင်ပြန်ခေါင်းပြန် ကြည့်တယ်။ သူတို့ လက်ထဲကျမှ ပြဿနာ တက် မှာစိုးလို့။ အဲဒီ အချိန်တုန်းက ဒဏ်ရာဒဏ်ချက်တွေ မတွေ့တော့ သူတို့ လက်ခံလိုက်တယ်။ ဒီတချက်ကတော့ အရှေ့ ပိုင်း မှာ ဘာမှမဖြစ်ခဲ့ဘူး ဆိုတာလေးတော့ ပေါ်လွင်သွားတာပေါ့”ဟု ဦးဘုန်းကြွယ်က ပြောသည်။

          သို့သော် တိုင်ကြားသူ ဒေါ်သန်းသန်းမိုးက ၂၂ ရက် တရားရုံးသို့ တရားစွဲတင် ပို့ချိန်ကတည်းက ဦးကျော်အေးတွင် ဒဏ်ရာ ဒဏ်ချက်များ ရှိနေကြောင်း ပြောဆိုသည်။

          “ကိုကျော်အေးကို တရားစွဲတင်ပို့တဲ့ အချိန်မှာ ကျမတို့က တရားရုံးကို ရောက်နေတယ်။ အစည်းအဝေးရှိလို့ အားလုံးသွား ကြတာ။ ကိုကျော်အေးကို ရဲတွေ ခေါ်လာတဲ့အချိန်မှာပဲ ဒဏ်ရာဒဏ်ချက်တွေလည်း ပါလာတယ်။ ကျမတို့ မျက်မြင်သက် သေ ၅ ယောက်ရှိတယ်”ဟု ၎င်းက ပြောသည်။

          ဆက်လက်၍ ဒေါ်သန်းသန်းမိုးက ဦးကျော်အေးသည် အရက်ဖြတ်ထားသည်မှာ တနှစ်ခန့် ရှိပြီဖြစ်ပြီး အနည်းငယ် ပြန် သောက် နေသည်မှာ နှစ်ရက် သုံးရက်သာ ရှိသေးကြောင်း၊ အရက်ကြောင်ကြောင်ပြီး အချုပ်တိုင်ကို ခေါင်းဖြင့် ဆောင့်ရ လောက်သည်အထိ (လုံခြုံရေး ရဲများလည်း ရှိနေရာ) မဖြစ်နိုင်ကြောင်း ပြောဆိုသည်။

          “ဒါ မတရားမှု သက်သက်ပဲ။ ကြောင်တယ်ဆိုတာ လုံးဝ မဟုတ်ဘူးဆိုတာ ရဲရဲကြီး ပြောရဲတယ်။ အလောင်းကို မြေပြင် ကွင်းဆင်း ဆောင်ရွက်ပြီး သုတေသန ဓာတ်ခွဲ စစ်ဆေးစေချင်တယ်”ဟုလည်း ၎င်းက ပြောသည်။

          ဦးကျော်အေးအား ရဲများက နှိပ်စက်မှု ပြုသလားဟူသည့် အထောက်အထား ရှာမတွေ့သော်လည်း ၎င်းတို့ မလုပ်ကြောင်း အခိုင်အမာ တင်ပြနိုင်သလားဟု တောင်းသည့်အခါ အချုပ်ခန်းတွင်း တပ်ဆင်ထားသည့် CCTV သည် မှတ်တမ်းတင်သည့် မန်မိုရီ မပါဘဲ ကြည့်ရုံသက်သက်သာ ဖြစ်နေပြီး မည်သည့် မှတ်တမ်းမှ မပြနိုင်ဟု ဦးဘုန်းကြွယ်က ရှင်းပြသည်။

          ဆက်လက်၍ ၎င်းက ရဲစခန်း လှုပ်ရှားမှုများကို နေ့စဉ် မှတ်တမ်းတင်ရသည့် မှတ်တမ်းစာအုပ် (General Diary) ကို စစ် ဆေးရာတွင်လည်း ၂၇ ရက်နေ့ ဦးကျော်အေးအား ဆေးရုံပို့ခြင်းကို ရေးသားထားသော်လည်း ဖြစ်စဉ်ကို သေချာမဖော်ပြ ထားသည့်အတွက် ရဲလုပ်ငန်းဆောင်ရွက်မှုတွင် လိုအပ်ချက်၊ အားနည်းချက်များ ရှိသည်ကို တွေ့ရသည်ဟုလည်း ဆိုသည်။

          “CCTV တပ်ထားတယ် ကြည့်ရုံသက်သက်ပဲဆိုတာ ဘာအဓိပ္ပာယ် ရှိမလဲ။ Record ယူထားရင် ဘာပဲပြောပြော တချိန်မှာ ပြဿနာတက်ရင် ရှင်းပြလို့ ရတာပေါ့။ CCTV မရှိတာတောင်မှ ရဲလုပ်ငန်းစဉ်အရ General Diary မှာ ဖော်ပြသင့်တဲ့ဟာ တွေ ဖော်ပြမယ်ဆို တနည်းတလမ်းအားဖြင့် အထောက်အကူ ဖြစ်တာပေါ့။ ဒါတွေက တခုမဟုတ် တခု လုပ်သင့်တယ်။ သူ တို့ဘက်က ဒါတွေ အားနည်းတယ်”ဟု ဦးဘုန်းကြွယ်က ပြောဆိုသည်။

          ကော်မရှင်၏ တွေ့ရှိချက်များနှင့် ပတ်သက်၍ သက်ဆိုင်သူများနှင့် တိုင်ကြားထားသူများကို အမြန်ဆုံး ခေါ်ယူတွေ့ဆုံ ရှင်း ပြမည်ဖြစ်ကြောင်း၊ ခံစားရသည့် မိသားစုဝင်များအနေဖြင့် ကော်မရှင်၏ ဆောင်ရွက်ချက်များအပေါ် အပြည့်အဝ ကျေနပ် မည် မဟုတ်သော်လည်း သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းက မည်မျှအထိ အလုပ်လုပ်သည်ကို စောင့်ကြည့်ရမည် ဖြစ် ကြောင်း ဦးဘုန်းကြွယ်က ပြောသည်။

          “ကျနော်တို့ဟာကလည်း ၁၀၀ ရာခိုင်နှုန်းတော့ မဟုတ်ဘူး။ အချိန်တိုအတွင်းမှာ အများကြီး လုပ်ခဲ့ရတာကိုး။ လိုအပ်ချက် တွေ ရှိကောင်းရှိမယ်။ ဒါပေမယ့် လူ့အခွင့်အရေးအရ အမှန်ကန်ဆုံး ဖြစ်အောင်တော့ လူ့အခွင့်အရေး ရှုထောင့်အရ စုံစမ်း စစ်ဆေး ဆောင်ရွက်ခဲ့တာပဲ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

          ရဲအချုပ်ခန်းတွင် တရားခံ သေဆုံးရခြင်း၊ ပြည်သူများနှင့် မိသားစုဝင်များ အထင်အမြင်လွဲမှား ယုံကြည်မှုကို မပျက်ပြားစေ ရန် ကြိုတင်ကာကွယ်တားဆီးမှု လုံလောက်စွာ မပြုလုပ်နိုင်ခြင်းတို့ကြောင့် တာဝန်ရှိသဖြင့် အရေးယူသင့်ကြောင်း အပါအ ဝင် အကြံပြုချက် ၄ ချက် ပါဝင်သောထုတ်ပြန်ချက်ကို MNHRC ၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့ နေ့လယ် ပိုင်းက ထုတ်ပြန်ကြေညာခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာနသို့လည်း ပေးပို့ထားကြောင်း သိရသည်။

          ဆက်စပ် ဖတ်ရှုရန်

          ဝါးခယ်မက အချုပ်သား တဦး သေဆုံးမှု လူ့ အခွင့်အရေး ကော်မရှင် စစ်ဆေးမည်

          Your Thoughts …
          Tags: MNHRCရဲဝန်ထမ်းလူ့အခွင့်အရေး ကော်မရှင်အချုပ်သား
          ဇူးဇူး

          ဇူးဇူး

          ဧရာဝတီ

          Similar Picks:

          မိမိကိုယ်ကို မိမိ အဆုံးစီရင်သွားသည့် ကိုကျော်ဇင်ဝင်း အတွက် ဆုတောင်းပွဲ ပြုလုပ်စဉ် / ဧရာဝတီ

          ကျော်ဇင်ဝင်းသေဆုံးမှု နိုင်ထက်စီးနင်း ပြုကျင့်ခံရမှုကြောင့် မဟုတ်ဟု MNHRC ပြော

          by ဇူးဇူး
          16 August 2019
          19.9k

          ကျော်ဇင်ဝင်း သေဆုံးမှုတွင် လုပ်ငန်းခွင်အတွင်း လိင်ဝိသေသကွဲပြားမှုကို အဓမ္မဖော်ထုတ်ခံရပြီး နိုင်ထက်စီးနင်း ပြုကျင့်ခံရမှုကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည်ဟူသော အထောက်အထားများ မတွေ့ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် (MNHRC)က သိရှိရသည်။

          အချုပ်သား သေဆုံးမှု ဖြစ်ပွားခဲ့သည့် မြင်းကကုန်း ရဲစခန်း / ဧရာဝတီ

          မြင်းကကုန်းရဲစခန်း၌ အချုပ်သား ၁ ဦး သေဆုံးမှု ရဲတပ်ဖွဲ့ဝင်များကို စစ်ဆေးနေ

          by ဆလိုင်းသန့်စင်
          10 August 2020
          6.1k

          အချုပ်သား သေဆုံးမှုနှင့်ပတ်သက်၍ မြင်းကကုန်းနယ်မြေ စခန်းမှူး ရဲအုပ် ဇော်မျိုးထက်အပါအဝင် တာ ဝန်ရှိသူများအား ဖျာပုံခရိုင် ရဲတပ်ဖွဲ့က ခုံရုံးဖွဲ့ စစ်ဆေးသွားမည် ဖြစ်ပြီး စစ်ဆေးပေါ်ပေါက်ချက် အရ ဥပဒေအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့က...

          ၂၀၁၆ ခုနှစ် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးရှေ့ ဆန္ဒပြစဉ် / ဧရာဝတီ

          အသံတိတ်နေသော အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဖျက်သိမ်းချိန်တန်ပြီ

          by ဧရာဝတီ
          9 March 2021
          18.2k

          မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှာ ဆက်လက်တည်ရှိရန် မသင့်တော်တော့ပါကြောင်း။

          ဆန္ဒပြပွဲတခုကို ဖြိုခွင်းရန် ကြိုးပမ်းနေသည့် ရဲတပ်ဖွဲ့ ဝင်များ / ဧရာဝတီ

          တနိုင်ငံလုံးတွင် CDM ပြုလုပ်သည့် ရဲဝန်ထမ်း ၆၀၀ ကျော်အထိ ရှိလာ

          by ဧရာဝတီ
          5 March 2021
          10.3k

          အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်လာသည့် ရဲဝန်ထမ်း လူဦးရေ ၆၀၀ ကျော် အထိ ရှိလာပြီး ရခိုင်ပြည်နယ်မှ လွဲ၍ တနိုင်ငံလုံးရှိ ဌာနပေါင်းစုံမှ ရဲများ ပါဝင်ကြောင်း

          ပုသိမ်နယ်မြေရဲစခန်း / ဆလိုင်းသန့်စင် / ဧရာဝတီ

          ပုသိမ်ရဲစခန်းမှ ထွက်ပြေးသည့် အချုပ်သား ပြန်လည်ဖမ်းမိ

          by ဆလိုင်းသန့်စင်
          13 November 2019
          7.6k

          အချုပ်သားများ ထွက်ပြေးသည့်အတွက် တာဝန်ကျသည့် ပုသိမ်မြို့၊ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၆ ဦးတို့ကို တာဝန်ပေါ့လျော့မှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီး ခုံရုံးဖွဲ့ စစ်ဆေးနေ

          စစ်ကောင်စီ၏ သတင်းစာများက ဖော်ပြထားသည့် အင်းစိန်ထောင်တွင်း ကိုဗစ်ကာကွယ်ဆေး ထိုးနှံနေပုံ

          အကျဉ်းသား/အချုပ်သား ၆ ထောင်ကျော် ကိုဗစ်ကာကွယ်ဆေးထိုး

          by ဧရာဝတီ
          5 August 2021
          28.1k

          ဇူလိုင် ၂၆ ရက်နေ့အထိ အကျဉ်းထောင်များအတွင်း ရောဂါပိုး ကူးစက်ခံရသူ ၅၆၆ ဦးရှိပြီး သေဆုံးသူ ၉ ဦးရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

          Next Post
          AA တပ်ဖွဲ့ဝင်များ  / နန်းလွင်နှင်းပွင့် / ဧရာဝတီ

          ထိုးစစ် အရှိန်မြှင့်လျှင် AA ကို ဝန်းရံမည်ဟု မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ ထုတ်ပြန်

          ကချင်ပြည်နယ်အတွင်းက KIA တပ်စခန်းတချို့  / ဧရာဝတီ

          KIA တပ်စခန်း တချို့ကို သိမ်းပိုက်နိုင်ခဲ့ဟု တပ်မတော်ပြော

          No Result
          View All Result

          Recommended

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          5 days ago
          14k
          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

          5 days ago
          12.6k

          Most Read

          • ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

            ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

            shares
            Share 0 Tweet 0
          • ဗုံးတွေ ကျည်ဆံတွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

            shares
            Share 0 Tweet 0
          • အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

            shares
            Share 0 Tweet 0
          • စစ်ကိုင်းနှင့်ကချင် ထိစပ်နေသည့် မြို့များ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာလာကြ

            shares
            Share 0 Tweet 0
          • ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved