သတင်း

လူမြင်ကွင်း၌ မျက်နှာဖုံးတပ် သွားလာမှုများ သီရိလင်္ကာ အစိုးရ တားမြစ်

Want create site? Find Free WordPress Themes and plugins.

သီရိလင်္ကာနိုင်ငံတွင် အီစတာနေ့ ဗုံးပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပွားပြီး တပတ်အကြာ လူမြင်ကွင်းတွင် မျက်နှာဖုံး တပ်၍ သွားလာနေမှုများကို တားမြစ်ကြောင်း သမ္မတရုံးက ယမန်နေ့က အမိန့်ထုတ်ပြန်လိုက်သည်။

ယင်းအမိန့်သည် ယနေ့မှ စ၍ အသက်ဝင်မည်ဖြစ်ပြီး မျက်နှာဖုံးတပ် သွားလာခြင်းကို သမ္မတ ဆရီစီနာသည် ယင်းဆုံးဖြတ် ချက်ကို အရေးပေါ် စီံမံချက် အောက်တွင် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

အီစတာနေ့ အခင်းဖြစ်ပွားပြီး နောက်ပိုင်း ပထမ တနင်္ဂနွေနေ့တွင် နိုင်ငံတဝန်းရှိ မည်သည့် ခရစ်ယာန် ဘုရားရှိခိုး ကျောင်း တွင်မှ လူအများစုဝေးခြင်း မရှိတော့ပေ။ အရေးပေါ်ကာဖြူးအမိန့် ပြန်ရုတ်သိမ်းပြီးဖြစ်သော်လည်း လူအများမှာ နီးစပ်ရာ ဘုရားရှိခိုးကျောင်းများ(သို့မဟုတ်) နေအိမ်များတွင် ဝတ်ပြုဆုတောင်းနေခဲ့ကြပြီး ကာလ် မူနိုင်း၊ ဆမ်မန်သူရိုင်းနှင့် ချာဗာလာကတီအစရှိသည့် ဒေသများတွင်မူ ကန့်သတ်အချို့ ရှိနေဆဲဖြစ်သည်။

မြို့တော် ကိုလံဘိုရှိ ဒီမာတာဂိုဒါ တွင် ဝင်ရောက်စီးနင်းမှု တခုပြုလုပ်ခဲ့ရာ အထူးတာဝန်တပ်ဖွဲ့များက အသေခံဗုံးခွဲ သည့် ညီနောင်နှစ်ဦး အနက်မှ အစ်ကိုဖြစ်သူ မိုဟာမက် အီဘရာဟင် အစ်ဖ်ရန် အာမက်ကို ဖမ်းဆီးရမိခဲ့သည်။ အာမက်ကို ဒီမာတာဂိုဒါ၊ မဟာဝီလစီမံကိန်းမြေ၊ နေအိမ်တလုံးမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရသူ ရူဝမ်ဂူနာ ဆက်ကာရာက မီဒီယာရှင်းလင်းပွဲတွင် ပြောကြားသည်။

ရဲနှင့် စစ်တပ် ပူးပေါင်းအဖွဲ့သည် နိုင်ငံတဝန်း ရှာဖွေမှုစစ်ဆင်ရေးပြုလုပ်ခဲ့ရာ သံသယရှိသည့်စစ်သွေးကြွများကို ဖမ်း ဆီးခဲ့ပြီး အကြမ်းဖက်ပစ္စည်းကိရိယာများကို သိမ်းဆည်းရမိခဲ့သည်။ အာမက်ထံမှ ဂျာမနီလုပ် ဝေဟင်ပစ်သေနတ် တလက်နှင့် ဓါးနှစ်ချောင်းကို သိမ်းဆည်းနိုင်ခဲ့သည်။

အီစတာပွဲတော် တနင်္ဂနွေနေ့ ဗုံးကွဲအပြီး မကြာမီတွင် အာမက်၏ ဖခင်ဖြစ်သူ အမွှေးအကြိုင်ကုန်သည် ဘီလျံနာသူဌေး မိုဟာမက် အီဘရာဟမ်ကို ရဲက ဖမ်းဆီးခဲ့သည်။ ၎င်းအားဖမ်းဆီးရခြင်းမှာ သားနှစ်ဦးဖြစ်သူ အီဘရာဟင် အဆစ်ဖ် အာမက်နှင့် မိုဟာမက်အီဘရာဟင်အီဟန်အာမက်တို့နှစ်ဦးသည် လူ ၂၅၃ ဦးသေဆုံးခဲ့ရသည့် ဗုံးခွဲတိုက်ခိုက်မှုတွင် ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်၍ ဖြစ်သည်။

အဆိုပါ ညီနောင်သည် စီနာမွန်ဂရင်းဟိုတယ်တွင် အသေခံဗုံးခွဲခဲ့ကြသည်။ ဘီလျံနာ သူဌေး အီဘရာဟင်တွင် သားသမီး ၉ ဦးရှိရာ သားများအနက် နောက်တဦးမှာ ထွက်ပြေး တိမ်းရှောင်နေကြောင်း သိရသည်။

ပြီးခဲ့သည့် သောကြာနေ့က သီရိလင်္ကာ အရှေ့ပိုင်းပြည်နယ် အမ်ပါရာ ခရိုင်၊ ဆဟင်ဒါ မရူဒူတွင် အကြမ်းဖက်သမားများ နှင့် အပြန်အလှန်ပစ်ခတ်ခဲ့မှုဖြစ်ပွားခဲ့ရာ အီစတာနေ့ ဗုံးဖောက်ခွဲမှုအား ဦးစီးကြိုးကိုင်သူ ဇာရန်ဟက်စ်ဟင်း၏ ဇနီးနှင့် ကလေး တို့ကို သက်သေ အထောက်အထား နှင့်တကွ တွေ့ခဲ့ရပြီး ကယ်ဆယ်နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရသူ ဂူနာဆက် ကာရာ က ရှင်းပြသည်။

တချိန်တည်းမှာပင် သီရိလင်္ကာရဲတပ်ဖွဲ့က ဒါမာတာဂိုဒါတွင် ဝင်ရောက်စီးရင်းခဲ့သည့်နေအိမ်အတွင်းမှ သီရိလင်္ကာရူပီ သန်း ၃၀ ကျော် တန်ဖိုးရှိ ကျောက်မျက်ရတနာများနှင့်ငွေသားများ သိမ်းဆည်းရမိခဲ့သည်။ ဝါနာသာဗယ်လူဝါတွင် နောက်ထပ်ရှာဖွေမှုအတွင်း မြေကြီးအောက်မြှုပ်နှံထားသော ခြောက်လုံးပြူးသေနတ် ၆ လက်၊ T56 တလက်နှင့် ခဲယမ်းမီးကျောက်များကို သိမ်းဆည်းရိခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading