ဝီကီလိခ် တည်ထောင်သူ ဂျူလီယန် အက်ဆန်ခ်အား အီကွေဒေါ အစိုးရက လန်ဒန်ရှိ သံရုံးတွင် ၇နှစ်ကြာ ခိုလှုံခွင့်ပေးပြီး နောက် ရုပ်သိမ်းလိုက်ခြင်းမှာ အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေ အဖွဲ့(IMF)ထံမှ ချေးငွေရရှိရေး အမေရိကန်၏ ထောက် ခံမှုရရှိရန် အလဲအလှယ် လုပ်ခြင်းဖြစ်ကြောင်း အက်ဆန်၏ ဖခင်က စွပ်စွဲ ပြောဆိုလိုက်သည်။
ဂျူလီယန် အက်ဆန်၏ ဖခင် ဂျွန်ရှစ်ပ်တန်က Channel 9၏ မိနစ် ၆၀ အစီအစဉ်တွင် “ မိမိ၏ သားဖြစ်သူကို အီကွေဒေါ အစိုးရ နိုင်ငံတကာ ငွေကြေးရံပုံငွေ ချေးငွေ ကိစ္စ အမေရိကန်နှင့် အလဲအလှယ်လုပ်ရန် လူကုန်ကူးခံရခြင်း ဖြစ်ကြောင်း၊ အမေရိကန်အကျဉ်းထောင်တခုတွင် ထောင်ချခံတော့မည်ဖြစ်ကြောင်း” ထုတ်ဖော်ပြောကြားသည်။
“ဇန်နဝါရီလနောက်ဆုံးတွေ့ခဲ့ရသော မိမိသားသည် အချိန်တိုအတွင်း ကျန်းမာရေးနှင့်ဥပဓိရုပ် ကျဆင်းသွားခဲ့သည်ကို မြင်ရသဖြင့် တုန်လှုပ်မိကြောင်း” လည်း ဆိုသည်။
ဝီကီလိခ် တည်ထောင်သူ ဂျူလီယန် အက်ဆန်ခ်မှာ လန်ဒန်မြို့ရှိ အီကွေဒေါသံရုံးတွင် ၇နှစ်အကြာ ခိုလှုံနေထိုင်စဉ် နိုင်ငံ တကာ ကွန်ဗင်းရှင်းများနှင့် နေ့စဉ် လူမှုဘ၀ ကျင့်ဝတ်များကို အကြိမ်ကြိမ် ချိုးဖောက်မှုဖြင့် အီကွေဒေါ အစိုးရက နိုင်ငံရေး ခိုလှုံခွင့် ရုပ်သိမ်းခဲ့ခြင်း ဖြစ်ပြီး၊ ၎င်းသည် ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့ နံနက်တိုင် လန်ဒန်ရှိ အီကွေဒေါ သံရုံးတွင် နေထိုင်သွားခဲ့သည်။
အီကွေဒေါ သမ္မတ လီနင် မိုရီနိုက အချုပ်အခြာအာဏာနှင့် ပတ်သက်၍ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း ဆိုသော်လည်း နောက်ပိုင်းတွင် ဂျုလီယန် အက်ဆန်ခ်ကို အမေရိကန်အာဏာပိုင်များကိုယ်စား ဖမ်းဆီးလိုက်သည်ဟု ဗြိတိန်ရဲတပ်ဖွဲ့က အတည်ပြုသည်။
ဂျုလီယန် အက်ဆန်ခ် သည် သြစတြေးလျ တွင် မေးဖွားခဲ့သည့် သတင်းသမားတဦးဖြစ်သည့် အပြင် ကွန်ပြူတာ ပရိုဂရမ်မာလည်း ဖြစ်သည်။
သူသည် ဝီကီလိခ်ကို တည်ထောင်သူနှင့် ဒါရိုက်တာ တဦးဖြစ်ပြီး ၎င်း၏ ဝီကီလိခ် ဝက်ဘ်ဆိုက်တွင် အီရတ်နှင့် အာဖဂန် နစ္စတန် စစ်ပွဲများအတွင်း အမေရိကန် ကြေးနန်းစာများ သာမက ဂွါတာနာမို လျှို့ဝှက်ချက်များကိုပါ ဖွင့်ချခဲ့ရာ အာဆန်း၏ အမည်မှာ ကမ္ဘာ့ထိပ်တန်းသတင်းများတွင် ပါဝင်လာခဲ့သည်။
ထို့အတွက် အမေရိကန်ကလည်း ၎င်းအား အလိုရှိနေခြင်းဖြစ်ပြီး ဆွီဒင်နိုင်ငံတွင်လည်း လိင်ပိုင်းဆိုင်ရာ ကျုးလွန်တခုဖြင့် စစ်ဆေးခံခဲ့ရပြီး ယင်းအမှုကို အကြိမ်ကြိမ် ငြင်းဆန်ခဲ့၍ ဆွီဒင်သို့ တရားခံလွှဲပေးခြင်းနှင့် အမေရိကန်၏ ပြစ်ဒဏ် ချမှတ်ဖွယ် အလားအလာ တို့မှ ရှောင်ရှားရန် လန်ဒန်ရှိ အီကွေဒေါသံရုံး၌ ၂၀၁၂ ခုနှစ်တွင် နိုင်ငံရေးခိုလှုံခွင့် တောင်းခံ ခဲ့ခြင်း သည်။