• English
Tuesday, June 17, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ငပလီ ကမ်းခြေ သဲသောင်ပြင်ပေါ် ဟိုတယ်များ ကျူးကျော်ထားမှု အရေးယူရန် အဆိုတင်

by မင်းအောင်ခိုင်
30 April 2019
in သတင်း
A A
ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက  /  မင်းအောင်ခိုင် / ဧရာဝတီ

ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက / မင်းအောင်ခိုင် / ဧရာဝတီ

9.1k
VIEWS
Share on FacebookShare on Twitter

ရခိုင် ပြည်နယ် သံတွဲမြို့နယ် ငပလီ ကမ်းခြေ သဲသောင်များပေါ်တွင် ကျူးကျော်ပြီး ဆောက်လုပ်ထားသော ဟိုတယ်များကို ဥပဒေနှင့် အညီ အရေးယူရန် တိုက်တွန်းကြောင်း အဆိုကို ရခိုင် ပြည်နယ် လွှတ်တော်၌ တင်သွင်းခဲ့ကြောင်း သိရသည်။

ကျူးကျော်ထားသည့် ဟိုတယ် ၉ လုံး အနက် Aureum Palace ဟိုတယ်ကို တရားစွဲ သကဲ့သို့ ကျန် ဟိုတယ် ၈ လုံးကို လည်း ဥပဒေ နှင့် အညီ တရားစွဲဆိုရန် အတွက် သံတွဲ မဲဆန္ဒနယ် အမှတ်(၂) မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက ဧပြီလ ၂၉ ရက်တွင် အဆိုတင်ခဲ့ခြင်း ဖြစ်သည်။

RelatedPosts

ချင်းမိုင်မှာလုပ်မယ့် မြန်မာ့အရေးဆွေးနွေးပွဲ ပျက်ဟုဆို (ရုပ်/သံ)

ချင်းမိုင်မှာလုပ်မယ့် မြန်မာ့အရေးဆွေးနွေးပွဲ ပျက်ဟုဆို (ရုပ်/သံ)

16 June 2025
114
ဖယ်ခုံ ဘက ကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့တိုက် (ရုပ်/သံ)

ဖယ်ခုံ ဘက ကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့တိုက် (ရုပ်/သံ)

16 June 2025
55
ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့ ဆုတောင်းစကားများ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့ ဆုတောင်းစကားများ (ရုပ်/သံ)

16 June 2025
40

ဦးနိုင်ကြွေအေးက“ဒီလို ကျူးကျော် ဝင်ရောက်ထားတာကို ပိုက်ဆံပေးတဲ့ ဟိုတယ်ကို တရား မစွဲဘူး။ ပိုက်ဆံ မပေးတဲ့ ဟိုတယ်ကို တရားစွဲတယ် ဆိုတဲ့ဟာက ဥပဒေကြောင်း အရ ကျောသား ရင်သား ခွဲခြား ဆုံးဖြတ်သလို ဖြစ်နေပါတယ်။ အများပြည်သူပိုင် နေရာကို ကျူးကျော်တဲ့ အတွက် ငွေကြေးနဲ့ ဒဏ်ရိုက်မယ်၊ ပေးသွင်းမယ် ဆိုရင်လည်း ငွေကြေး ပေးဆောင်ပြီး ကျနော်တို့ ကမ်းခြေကြီးကို သိမ်းပိုက်တော့မှာ ဖြစ်ပါတယ်”ဟု တင်ပြ ဆွေးနွေး သွားသည်။

ထိုသို့ ကျူးကျော် ဆောက်လုပ်ထားသော ဟိုတယ်များတွင် Aureum Palace ဟိုတယ် အပါအဝင် Jasmine Hotel ၊ Amazing Hotel ၊ Ngapali Paradise Hotel ၊ Hilton Hotel ၊ PVI Hotel ၊ BT Bay Hotel ၊ Memento Hotel ၊ Jate Marina Hotel စသည့် ဟိုတယ်များ ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ငပလီ ကမ်းခြေ သဲသောင်မြေများပေါ်တွင် ဟိုတယ်များမှ ရှေ့မျက်နှာစာများတွင် ရေကူးကန်၊ လှိုင်းကာ၊ စားသောက် ဆိုင်၊ ဟိုတယ် ဝရံတာ ၊ လုံခြုံရေး ဆိုက် စသည်တို့ကို ကျူးကျော် ဆောက်လုပ် ထားခြင်းကြောင့် ကမ်းခြ၏ သဘာဝ အလှအပ များ ပျက်စီးကာ သဲသောင်များလည်း ဆုံးရှုံး ပျောက်ကွယ်လာပြီး ကမ္ဘာလှည့် ခရီးသွားများ၏ စိတ်ဝင်စားမှု လျော့ကျလာ နေကြောင်း၊ ယခုအခါတွင် အချိန်မီ မထိန်းသိမ်းပါက ကမ္ဘာကျော်သည့် ငပလီ ကမ်းခြေသည် တစစ တိမ်ကော ပျောက်ကွယ် သွားမည် ဖြစ်ကြောင်း ဦးနိုင်ကြွေအေးက တင်ပြ ဆွေးနွေးသွားသည်။

အဆိုပါ ဟိုတယ်များထဲမှ Aureum Palace ဟိုတယ် ၁ လုံးကိုသာ တရားစွဲဆိုမှုများ ရှိပြီး ကျန် ဟိုတယ် ၈ လုံးကို တရား စွဲဆိုခြင်း မရှိသေးကြောင်းလည်း ၎င်းက ပြောသည်။

ဦးနိုင်ကြွေအေးက“၇ လပိုင်းလောက်က စည်ပင် ကော်မတီ အဖွဲ့က ရောက်ရှိလာပြီးတော့ ဒီဟိုတယ်က ဘယ်လောက် ကျူးကျော်ထားတယ်။

ဘယ်လောက်ပေး ဆိုပြီးတော့၊ Aureum Palace ကိုလည်း သိန်း ၁၅၀ တောင်းတဲ့ အသံဖိုင်ကို လည်း လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြပါမယ်။ အဲဒီ အချိန် Aureum Palace ကလည်း ကန်တော်ကြီး Palace မီး လောင်တဲ့ အခါ သိန်း ၁၅၀ မပေးနိုင်ဘဲ ကြန့်ကြာသွားတယ်။ အဲဒီတော့ နောက် ၁ လ ၊ ၂ လ လောက်ကြာသွားတဲ့ အခါ ငွေကြေး မပေးတဲ့ ဟိုတယ်ကို တရားစွဲပြီးတော့ ငွေကြေးပေးတဲ့ ဟိုတယ်တွေကို တရားမစွဲဆိုခြင်း ဖြစ်ပါတယ်”ဟု ပြောဆိုသည်။

အဆိုနှင့် ပတ်သက်ပြီး မာန်အောင် မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသိမ်းမောင်က ထောက်ခံ ဆွေး နွေးခဲ့ရာ လွှတ်တော်တွင် ကန့်ကွက်သူ မရှိသဖြင့် အဆိုအား လွှတ်တော်တွင် ဆက်လက် ဆွေးနွေးမည် ဖြစ်သည်။

ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင် စီမံ/ဘဏ္ဍာ ဝန်ကြီး ဦးကျော်အေးသိန်းကမူ ယခု ရက်ပိုင်း အတွင်း သံတွဲမြို့နယ်သို့ သွား ရောက်ကာ စိစစ်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောသည်။

၎င်းက“ငွေတောင်းတယ် ဆိုတာကိုတော့ မကြားဘူး။ အခု ရက်ပိုင်း အတွင်း အဲဒီနေရာကို သွားပြီးတော့ စိစစ်ရင် အဖြေ ထွက်မှာပါ။ တကယ် ငွေတောင်းရင်တော့ တောင်းတဲ့သူ အရေးယူခံရမှာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။

အဆိုရှင် ဦးနိုင်ကြွေအေးသည် ပြီးခဲ့သော ဖေဖော်ဝါရီလ ၁၃ ရက်က ကျင်းပခဲ့သော ပြည်နယ်လွှတ်တော် အစည်းအဝေး တွင်လည်း ငပလီကမ်းခြေ သဲသောင်ပြင်တွင် ကျူးကျော် ဆောက်လုပ်ထားကြသည့် ဟိုတယ်များ အား Aureum Palace ဟိုတယ်ကဲ့သို့ တရားစွဲဆို အရေးယူရန် ကြယ်ပွင့်ပြ မေးမြန်းခဲ့သည်။

ထိုသို့ မေးမြန်းရာတွင် ပြည်နယ် ဝန်ကြီး ဦးကျော်အေးသိန်းက သက်ဆိုင်ရာ ခရိုင် စီမံခန့်ခွဲရေး ကော်မတီကို စိစစ်ရန် တာဝန် ပေးထားကြောင်း ၊ စိစစ် တွေ့ရှိချက် အပေါ်မူတည်ပြီး ပြည်နယ် အစိုးရ အနေဖြင့် လိုအပ်သလို ဆောင်ရွက်သွား မည်ဟု ဖြေကြားခဲ့ကြောင်း သိရသည်။

ဝန်ကြီး ဦးကျော်အေးသိန်း၏ ဖြေကြားချက် အပေါ် ဦးနိုင်ကြွေအေးက ဟိုတယ်များအား အချိန်ကာလ မည်မျှ သတ်မှတ် ကာ တရားစွဲဆိုမှုများ လုပ်သွားမည်ကို သိလိုကြောင်း ထပ်မံ မေးမြန်းခဲ့ရာတွင်လည်း ဝန်ကြီးက ခရိုင် စီမံခန့်ခွဲရေး ကော်မတီ ၏ အဖြေ အပေါ် မူတည်ပြီး ဆောင်ရွက် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှက အဆိုပါ ကိစ္စအပေါ် သက်ဆိုင်ရာက စိစစ်မှုများ ပြုလုပ်ရာတွင် အမြန်ဆုံး ဆောင်ရွက် လုပ်ကိုင်သင့်ကြောင်း ပြောဆိုသွားသည်။

အဆိုပါ ပင်လယ် ကမ်းခြေ သဲသောင်ပေါ်တွင် ကျူးကျော်၍ တရားစွဲဆို ခံနေရခြင်း အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်း က ငွေကြေး တောင်းခံသည် ဆိုသည့် ကိစ္စနှင့် ပတ်သက်ပြီး မေးမြန်းရန် Aureum Palace ဟိုတယ်သို့ ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ် ခဲ့သော်လည်း ဖြေကြားမှု မရှိပေ။

Your Thoughts …
Tags: ငပလီ ကမ်းခြေ ဟိုတယ်
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

No Content Available
Next Post
ယနေ့ မူဆယ်ဆွေးနွေးပွဲမြင်ကွင်း / Hla Maung Shwe/ FB

မြောက်ပိုင်းမဟာမိတ်နှင့် Bilateral ချုပ်ဆိုရေးကို ဦးတည် ဆွေးနွေးရန် အစိုးရလက်ခံ

တပ်မတော်နို့စားနွားမွေးမြူရေး စီမံကိန်းဧရိယာ မြေအငြင်းပွားမှု ဖြစ်ပွား (ရုပ်/သံ)

တပ်မတော်နို့စားနွားမွေးမြူရေး စီမံကိန်းဧရိယာ မြေအငြင်းပွားမှု ဖြစ်ပွား (ရုပ်/သံ)

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

6 days ago
5.9k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

2 days ago
5.4k

Most Read

  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate