သတင်း

ငွေမချေးဘဲ ဦးနှောက်သုံးရန် ဝေဖန်မှုသည် အိပ်မက်ဆန်ဟု မြို့တော်ဝန်တုန့်ပြန်

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအနေဖြင့် ငွေမချေးဘဲ ဦးနှောက်အသုံးပြု ဖြေရှင်းရန် လွှတ်တေ်ာကိုယ်စားလှယ်တစ်ဦးက ပြည်ထောင်စုလွှတ်တော်တွင် ဝေဖန်ခဲ့မှုကို အိပ်မက်ဆန်သည်ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက တုန့်ပြန်ပြောဆိုခဲ့သည်။

ဦးမောင်မောင်စိုး က “နည်းနည်းများ အိပ်မက်များ ဆန်သလားလို့။ တကမ္ဘာလုံးမှာ ချေးငွေပဲ သုံးကြတာ။ ချေးငွေက ထိထိ ရောက်ရောက် သုံးနိုင်ဖို့ပဲ လိုတာ။ ပိုက်ဆံမရှိရင် လောကမှာ ဘာမှ လုပ်လို့ မရဘူး” ဟု ပြောကြားခဲ့သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် ပြဿနာကြုံတိုင်း ချေးငွေရယူပြီး ဖြေရှင်းဖို့သာ စဉ်းစားမနေဘဲ ကိုယ်ပိုင် ဦးနှောက်ကို အသုံးပြု ဖြေရှင်းရန် မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၈) ကိုယ်စားလှယ် ဦးမျိုးဝင်းက ဝေဖန်ထောက်ပြခဲ့ခြင်းဖြစ်သည်။

ဦးမျိုးဝင်း က “ရန်ကုန်စည်ပင်ရွေးကောက်ပွဲကို ၂ ဘီလီယံလောက်တောင် အကုန်ခံလုပ်ခဲ့ပြီး ဒါကြမှ ဘာကြောင့် ငွေချေးပြီး လုပ်ရတာလည်းဆိုတာ စဉ်းစားမရဘူး။ ပြဿနာ တခုတွေ့တိုင်း ငွေချေးပြီး ဖြေရှင်းဖို့ချည်း မစဉ်းစားဘဲ နိုင်ငံဆင်းရဲနေချိန်မှာ မိမိရဲ့ နောင်မျိုးဆက်တွေ အကြွေးနွံထဲ ရုံးထွက်ရနိုင်အောင် တတ်နိုင်သမျှ မိမိရဲ့ ဦးနှောက်ကို အားကိုးပြီး အားထုတ်ပြီး ဖြေရှင်းပေးကြပါ” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတက ပေးပို့ထားသည့် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်ရန် ဂျပန်နိုင်ငံ အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီထံမှ ဂျပန်ယန်း ၈၂ ဒသမ ၂၇၃ ဘီလီယံ ချေးယူမည့်ကိစ္စရပ်နှင့် ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်တွင် ဧပြီလ ၃၀ ရက်နေ့တွင် ဆွေးနွေးခဲ့စဉ်က ထိုကဲ့သို့ ဝေဖန်ထောက်ပြခဲ့ခြင် ဖြစ်သည်။

ကြွေးမြီဆိုင်ရာ အစီရင်ခံစာအရ ရန်ကုန်တိုင်းဒေသကြီး၏ ပြည်ပကြွေးမြီပမာဏသည် အမေရိကန်ဒေါ်လာ ၅၆၄ ဒသမ ၆ သန်းရှိနေပြီဖြစ်သည်။

ဦးမောင်မောင်စိုး က “ချေးငွေမယူနဲ့ ဦးနှောက်နဲ့ပဲ သုံးဆိုရင် ကျနော်တော့ မသုံးတတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် Business သမားတယောက်ကလာတာ။ ကုဋေ ၈၀ သူဋ္ဌေးသား ပိုက်ဆံရှိပြီး ဦးနှောက်မရှိ မွဲသွားတယ်။ သို့သော်လည်း ဦးနှောက်ရှိပြီး ပိုက်ဆံမရှိရင် ဘာမှလုပ်လို့ မရဘူး။ ဦးနှောက်နဲ့ ပိုက်ဆံတွဲမှ ရမယ်” ဟု ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading