• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သေဆုံးသွားသည့် ရွာသား ၆ ဦးအား သြင်္ဂိုဟ်ရာတွင် သရဏံဂုံ တင်ခွင့်မရ

by မင်းအောင်ခိုင်
4 May 2019
in သတင်း
A A
ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိပြီး စစ်တွေ ဆေးရုံသို့ ရောက်လာ / မင်းအောင်ခိုင် / ဧရာဝတီ

ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိပြီး စစ်တွေ ဆေးရုံသို့ ရောက်လာ / မင်းအောင်ခိုင် / ဧရာဝတီ

65.4k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာတွင် တပ်မတော်က ပစ်ခတ်၍ သေဆုံးသွားသည့် ရွာသား ၆ ဦး၏ ရုပ်အလောင်းများကို သြင်္ဂိုဟ်ရာတွင် ဗုဒ္ဓဘာသာဝင် တို့၏ ဓလေ့ ထုံးတမ်းအရ သရဏဂုံ တင်ခွင့် မရခဲ့ကြောင်း ဒေသခံများက ဧရာဝတီသို့ ပြောသည်။

သေဆုံးသူများ၏ ရုပ်အလောင်းများကို မေ ၃ ရက်နေ့က သြင်္ဂိုဟ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

RelatedPosts

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

15 May 2025
38
ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

15 May 2025
36
မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

15 May 2025
467

ကျောက်တန်း ကျေးရွာသူ မစိုးစိုးက “ပထမတော့ အလောင်းတွေကို မိသားစုဝင်တွေကို ကြည့်ခွင့်မပေးဘူး။ စစ်သားတွေက အလောင်းကို သင်္ချိုင်းကို ထုတ်ယူသွားပါတယ်။ ပြီးမှ မိသားစုဝင်တွေနဲ့ ရွာသားတွေကို အကြောင်း ကြားလာတာ။ ဆရာတော်နဲ့ သရဏဂုံ တင်ခွင့်လည်း မရဘူး။ ဒီအတိုင်း ဖြစ်သလို သြင်္ဂိုဟ် လိုက်ရတာ” ဟု ဧရာဝတီသို့ ပြောသည်။

ဗုဒ္ဓဘာသာဝင်များ၏ အစဉ်အလာအရ သေဆုံးသူ ဘဝကူးကောင်းစေရန် အတွက် ရည်ရွယ်ပြီး ကျန်ရစ်သူ မိသားစု ဆွေမျိုးများက ကောင်းမှု ကုသိုလ်ပြုလုပ်၍ မေတ္တာပို့၊ အမျှအတန်း ပေးဝေခြင်း ဖြစ်သည်။

ရသေ့တောင် သမီးလှဆရာတော် ဦးဝဏ္ဏသီရိ က “သေဆုံးသွားသူ အတွက် သရဏဂုံ မတင်လိုက်ရတော့ ဗုဒ္ဓဘာသာ အယူအဆအရ သူ့အတွက် ကောင်းမှု၊ ကုသိုလ်လုပ်ခွင့်မရ၊ အမျှမေတ္တာ ပို့်သခွင့် မရလိုက်တဲ့ အတွက် သူရသင့်၊ ရထိုက်တဲ့ အခွင့်အရေး တခု ဆုံးရှုံးသွားရခြင်း ဖြစ်ပါတယ်” ဟု မိန့်ကြားသည်။

သေဆုံးသူများကို သြင်္ဂိုဟ်မည့် ကျောက်တန်းရွာ သုဿန်သို့ ရောက်ရှိလာသည့် ရွာသားများအား လက်ကိုင်ဖုန်း ယူဆောင်ခြင်း၊ ဓာတ်ပုံရိုက်ခြင်းများကို ဟန့်တား ပိတ်ပင်ခဲ့ကြောင်းလည်း ရွာသားများက ပြောသည်။

တပ်မတော် သတင်းမှန် ပြန်ကြားရေအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ယင်းနေ့ နံနက် ၉ နာရီ ခွဲကတည်းက သေဆုံးသွားသည့် ရုပ်အလောင်းများကို မိသားစုဝင်များ လက်ထဲသို့ အပ်နှံခဲ့ပြီး ဘာသားရေး၊ ထုံးတမ်း ဓလေ့ နှင့် အညီလည်း သြင်္ဂိုဟ်ခွင့်ပြုခဲ့ကြောင်း ပြောသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ဓာတ်ပုံ၊ ဗွီဒိယို ရိုက်ခွင့်မရဘူးဆိုတာ မဟုတ်ပါဘူး။ ရုပ်အလောင်း တွေကို မိသားစုဝင်တွေ လက်ထဲကို အပ်ပြီး ဘာသာရေး၊ ဓလေ့ထုံးတမ်းနဲ့အညီ သြင်္ဂိုဟ်ခွင့် ပြုလိုက်တာပါ” ဟု ဧရာဝတီသို့ ပြောသည်။

၎င်းက ဆက်၍ “ရထားတဲ့ သတင်းအရတော့ အကုန်လုံး လုပ်ခွင့်ပေးတယ်လို့တော့ သတင်း ရထားတယ်။ သရဏဂုံ တင်ဖို့လည်း အဲဒီကဆရာတော်တွေတောင် ပါတယ်လို့ ကျနော်တို့ကို ပြောထားတယ်။ သရဏဂုံ တင်ရပါတယ်လို့ ပြောထားတယ်” ဟု ဆိုသည်။

မစိုးစိုးကတော့ “ဆရာတော်တောင် ကျောင်းထဲကနေ ထွက်ခွင့် မရတာ။ ဘယ်လို သရဏဂုံတင်ပြီး သြင်္ဂိုဟ်ခွင့်ရမလဲ။ ကျမ ကိုယ်တိုင် သချိုင်းကိုသွားပြီး သဂြိုဟ်ဖို့ လိုက်သွားခဲ့တာ။ မိသားစုဝင်တွေလည်း အလောင်းတွေကို ခဏလောက်ပဲ ကြည့် ခွင့်ရခဲ့တယ်။ အလောင်းတွေ အကုန် ရုပ်ပျက်နေကြပြီ” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါကျေးရွာ ဖြစ်စဉ်များနှင့် ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန်အတွက် တပ်မတော်က အရာရှိကြီးတဦးကို မေ ၃ ရက်နေ့ညက လွှတ်ကာ ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိပြီး ရရှိလာသည့် အချက်များကို တပ်မတော်ဘက်က တရားဝင် ထုတ်ပြန်ပေးသွားမည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ထို့အပြင် စစ်ဆေးမှုများပြုလုပ်နေသည့် ၁၃၁ ဦးထဲမှ ရက္ခိုင်စစ်တပ် (AA) နှင့် ဆက်နွယ်မှု မရှိသူများကိုလည်း ထပ်မံလွှတ်ပေးရန် ရှိကြောင်း ထိုသတင်းကိုလည်း တရားဝင် ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

ဖမ်းဆီးခံ ကျောက်တန်း ကျေးရွာသားများအနက် မေ ၃ ရက်နေ့ မနက်ပိုင်းက လူပေါင်း ၁၂၆ ဦးကို ပြန်လည်လွတ်ပေးခဲ့ပြီး ကျန်ရွာသား ၁၃၁ ဦးကို ဆက်လက် စစ်ဆေးနေကြာင်းလည်း တပ်မတော် က ပြောထားပြီးဖြစ်သည်။

တပ်မတော်သားများသည် ဧပြီလ ၃၀ ရက်နေ့ နံနက် ၁၁ နာရီ အချိန့်က ကျောက်တန်း ကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး အသက် ၁၀ နှစ်အထက် ယောကျ်ားများကို အစည်းအဝေးခေါ်ယူခဲ့ကြောင်း၊ ယင်းနောက် ရွာသား ၂၇၅ ဦးကို AA အဖွဲ့နှင့် ပတ်သက်မှု ရှိသည်ဟုဆိုကာ ရွာရှိ စာသင်ကျောင်းထဲတွင် ခေါ်ယူ စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးခဲ့နေစဉ် မေလ ၁ ရက်နေ့ ညက လက်နက်ကြီး ပစ်ခတ်သံများကို ကြားရပြီးနောက် စိတ်မနှံသည့် ဦးမောင်သန်းဦး ဆိုသည့် အသက် ၃၀ အရွယ် လူတဦးမှ ပြေးကြရန် ထအော်ရာမှ ထကြည့်မိသော ရွာသားများ ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း စစ်တွေ ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ရွာသားများက ပြောသည်။

သေနတ်ဒဏ်ရာ ၂ ချက်ရရှိကာ စစ်တွေဆေးရုံတွင် ကုသမှုခံယူနေသူ ကိုကျော်ကျော်ငြိမ်း က “ကျနော်တို့ အိပ်နေကြတာ။ သေနတ်သံတွေ ရုတ်တရက်ကြားတော့ အကုန်လုံး လန့်ပြီး ထကြည့်ကြတာပေါ့။ အဲဒီအချိန် စိတ်မနှံတဲ့သူ ရွာသားတဦးက ပြေးကြ၊ ပြေးကြ အော်ပြီးတော့ လူအုပ်ထဲကို ပြေးဝင်လာတယ်။ အဲဒီ အချိန်မှာ ဝိုင်းပစ်ကြတာ လူတွေက ပစ်တဲ့အချိန် ကြောက်ပြီး ဟိုနားပြေး၊ ဒီနားပြေးကြတာတော့ရှိတယ်။ သူတို့ပြောသလို အော်ဟစ်တာလည်း မရှိဘူး။ ဒီလောက် စစ်သားတွေ အတွင်းရော၊ အပြင်ရော ဝိုင်းထားတာ ဘယ်လို သေနတ်လုပါမလဲ” ဟု ဧရာဝတီသို့ ပြောသည်။

Your Thoughts …
Tags: ကျောက်တန်းရသေ့တောင်သရဏဂုံ
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

ရသေ့တောင် ရေစိုးချောင်းဗျူဟာမှူးနှင့် တပ်သား ၁၀၀ ကျော် AA ထံ လက်နက်ချ

ရသေ့တောင် ရေစိုးချောင်းဗျူဟာမှူးနှင့် တပ်သား ၁၀၀ ကျော် AA ထံ လက်နက်ချ

by ဧရာဝတီ
15 January 2024
8.7k

ရေစိုးချောင်းဗျူဟာကုန်းအား AA တပ်ဖွဲ့ဝင်များမှ ဝိုင်းပတ်ပိတ်ဆို့၍ ထိုးစစ်ဆင်တိုက်ခိုက်ရာ ယမန်နေ့က တပ်ဆုတ်ထွက်ပြေးသွားပြီးနောက် ယနေ့မနက်ပိုင်းတွင် လက်နက်ချ အညံ့ခံလာခြင်း ဖြစ်

မြောက်ပိုင်းတခွင် စစ်ရေးက စစ်တွေကို ဦးတည်လာပြီ

မြောက်ပိုင်းတခွင် စစ်ရေးက စစ်တွေကို ဦးတည်လာပြီ

by ဧရာဝတီ
18 March 2024
4.7k

လူထုကတော့ စစ်ရေးကာလ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ကြားကနေ AA ရဲ့ အောင်မြင်မှုကို စောင့်ကြည့် ပြီး အားတက်နေကြသလို တိုက်ပွဲတွေ မြန်မြန်ပြီးပြတ်စေဖို့ စိတ်ဆန္ဒတွေလည်း ရှိနေကြပါတယ်။

ရသေ့တောင် ကျောင်းဆရာမ သတ်ခံရမှု၌ သံသယရှိသူ ထွက်ပြေးရာမှ ပြန်ဖမ်းမိ

ရသေ့တောင် ကျောင်းဆရာမ သတ်ခံရမှု၌ သံသယရှိသူ ထွက်ပြေးရာမှ ပြန်ဖမ်းမိ

by ဧရာဝတီ
27 September 2023
2.7k

ဆရာမဒေါ်နှင်းယုနွယ်မေသည် ကျွန်းပေါ်ပေါက်တောရွာမှ လယ်ကွင်းများ ပုဇွန်ကန်များကို ဖြတ်၍ နာရီဝက်ခန့် လမ်းလျှောက် ရသည့် ပန်းဖော်ပြင်ရွာ ကျောင်း၌ တာဝန်ထမ်းနေသူ ဖြစ်ကာ စက်တင်ဘာ ၁၆ ရက် နံနက် ကျောင်းသွားစဉ် လမ်း တွင် အသတ်ခံရခြင်းဖြစ်သည်။

AA တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ ရသေ့တောင်မြို့

AA တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ ရသေ့တောင်မြို့

by ယဉ်မွန်
18 March 2024
458

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း ၂ ပတ်ကျော်ကြာ တိုက်ပွဲတွေပြင်းထန်ပြီးတဲ့နောက်စစ်ကောင်စီရဲ့ တပ်စခန်းအားလုံးကို ရက္ခိုင့်တပ်တော် (AA) က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီလို့ မတ်လ ၁၈ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

လွေးနွန်ခန်းနှင့် မိခင် / ရွှေဖီမြေ

ရန်ကုန်ရှိ သီလရှင်ကျောင်းမှ တအာင်းမိန်းကလေးငယ်များ ညှဉ်းပန်းနှိပ်စက်ခံထားရ

by ဧရာဝတီ
25 February 2023
7.2k

လွေးမြအောင်သည် ပိန်ချုံးနေပြီး လမ်ကောင်းစွာ မလျှောက်နိုင်တော့ကြောင်း ဖခင်ဖြစ်သူ ဦးကျော်ခင်က ပြောသည်။

ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

by ဧရာဝတီ
13 May 2025
133

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာဟောင်းကို စစ်ကောင်စီက မေလ ၁၃ ရက်နေ့ နံနက်ပိုင်းမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူ ၁၃ ဦး အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရတယ်လို့ အာရက္ခတပ်တော် (AA) က ပြောပါတယ်။

Next Post
ဋ္ဌာနေချင်းတိုင်းရင်းသားများပါတီ အမည်ဖြင့် မှတ်ပုံတင်ခွင့်မရ (ရုပ်/သံ)

ဋ္ဌာနေချင်းတိုင်းရင်းသားများပါတီ အမည်ဖြင့် မှတ်ပုံတင်ခွင့်မရ (ရုပ်/သံ)

မွန်ပြည်သစ်ပါတီ (NMSP) ၏ ဘုရားသူံးဆူမြို့နယ်ဥက္ကဋ္ဌ (အုပ်ချုပ်ရေးတာဝန်ခံ) နိုင်အာကာ  / Ahaka Sa/FB

ဒီတိုက်ပွဲ ဖြစ်လာမယ်ဆိုရင် ပြည်သူလူထုပဲ ထိခိုက်ကြမယ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
6.6k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate