• English
Friday, June 13, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကလေးထောင်တွင် အကျဉ်းသားများ ဆူပူမှုဖြစ်

by ထက်ခေါင်လင်း
8 May 2019
in သတင်း
A A
သမ္မတ လွတ်ငြိမ်း မျှတမှုရှိရေး တောင်းဆိုနေကြသည့် အကျဉ်းသားများ  / KyawThet Win / Facebook

သမ္မတ လွတ်ငြိမ်း မျှတမှုရှိရေး တောင်းဆိုနေကြသည့် အကျဉ်းသားများ / KyawThet Win / Facebook

20.2k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း၊ ကလေးထောင်တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသားများ လွှတ်ပေးခဲ့ရာတွင် တန်းတူညီမျှမှု မရှိဟုဆိုကာ ယနေ့ မနက် ၈ နာရီခန့်က စပြီး ထောင်တွင်းဆူပူမှု ဖြစ်ပွားခဲ့ကြောင်း ကလေးခရိုင် ဒုတိယရဲမှူးကြီး အောင်ကျော်က ဧရာဝတီသို့ အတည်ပြုသည်။

ဒုရဲမှူးကြီး အောင်ကျော်က “ကျနော်တို့ကတော့ အထက်အဆင့်ဆင့်ကို တင်ပြပေးမယ်လို့ပဲ သူတို့ကို ပြောပြနိုင်ခဲ့တယ်။ လွတ်ငြိမ်းတွေဘာတွေက ကျနော်တို့မှ လုပ်ပေးလို့မရတဲ့ဟာ။ ကျနော်တို့ သွားညှိလိုက်တဲ့နောက်ပိုင်း နေ့လည် ၁၂ နာရီမထိုးခင်မှာ သူတို့လည်း ငြိမ်သွားကြပါတယ်” ဟု ဆိုသည်။

RelatedPosts

သူမ နှင့် စစ်အာဏာရှင်များ

သူမ နှင့် စစ်အာဏာရှင်များ

13 June 2025
0
UWSA ထိန်းချုပ် မြန်မာ့မြေရှားသတ္တုများ တရုတ်ဆီ တင်ပို့နေ

UWSA ထိန်းချုပ် မြန်မာ့မြေရှားသတ္တုများ တရုတ်ဆီ တင်ပို့နေ

13 June 2025
111
အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

13 June 2025
1.4k

ထောင်အတွင်းရှိ အကျဉ်းသားများက လွတ်ငြိမ်းချမ်းသာခွင့်တွင် တန်းတူညီမျှ ရရှိရေး၊ အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံပေးရေး၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်နှင့် တွေ့ဆုံခွင့်ပေးရေး၊ သတင်းမီဒီယာများနှင့် တွေ့ဆုံခွင့်ပေးရေး စသည့် အချက် ၄ ခုကို တောင်းဆိုခဲ့ကြောင်း အဆိုပါ အကျဉ်းသားများနှင့် သွားရောက်ညှိနှိုင်းရာတွင် ပါဝင်ခဲ့သည့် အထက်ချင်းတွင်းလူငယ်ကွန်ရက်မှ တာဝန်ရှိသူ ဦးကျော်သက်ဝင်းက ပြောသည်။

သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့်လည်း အကျဉ်းသားတဦးချင်းဆီ၏ တင်ပြချက်များကို မှတ်သားပြီး တိုင်းဒေသကြီးအဆင့်၊ ပြည်ထောင်စုအဆင့်အထိ တင်ပြပေးမည်ဟု ညှိနှိုင်းချက်များကြောင့် ပြေလည်မှုရရှိခဲ့သည်ဟု သူက ဆက်ပြောသည်။

“ပြေလည်တယ်ဆိုပေမယ့် သူတို့ဘက်က (အကျဉ်းသားများ) မကျေနပ်တဲ့ ပုံစံတော့ ရှိသေးတယ်။ အဓိကက ပြစ်ဒဏ်လဲ တူတယ်၊ ပုဒ်မလည်း တူတယ်။ ထင်ပေါ်ကျော်ကြားတဲ့ မိုးအောင်ရင်တို့လို လူတွေကြလွတ်တယ်။ သူတို့ကြတော့ မလွတ်ဘူးဆိုသလိုပေါ့။ နောက် တခြားသော လက်နက်ကိုင်အဖွဲ့ဝင်တွေလွတ်တယ်။ နာဂတပ်ဖွဲ့က လူတွေမလွတ်ဘူး ဆိုတဲ့ သဘောတွေ တွေ့ရတယ်” ဟု သူကဆိုသည်။

နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ- ကပ္ပလန် (NSCN-K) ခေါင်းဆောင် ၅ ဦးသည် အိန္ဒိယ-မြန်မာ နယ်စပ်ရှိ အာသံနှင့် ကသဲ သူပုန်များနှင့် ဆက်သွယ်သည်ဟု ဆိုကာ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁) နှင့် ဖမ်းဆီးခံထားရသည်။

မြန်မာနှစ်ဆန်းတရက်နေ့(ဧပြီ ၁၇) ကစပြီး နိုင်ငံတော်သမ္မတ၏ အမိန့်ဖြင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁(က) အရ မြန်မာနိုင်ငံသား အကျဉ်းသားနှင့် နိုင်ငံခြားသား အကျဉ်းသား ၉၅၃၅ ဦးကိုလည်းကောင်း၊ ဧပြီလ ၂၆ ရက်နေ့က မြန်မာနိုင်ငံသား အကျဉ်းသား ၆၉၄၈ ဦး၊ မေလ ၇ ရက်နေ့က မြန်မာနိုင်ငံသား အကျဉ်းသား ၆၅၂၀ ဦးတို့ကို အသီးသီး လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။

ထိုလွတ်ငြိမ်းချမ်းသာခွင့် ရရှိသူများထဲတွင် မူးယစ်မှုဖြင့် ပြစ်ဒဏ်ကျခံခဲ့ရသူက အများစုပါဝင်ခဲ့သည်။

မြန်မာနှစ်ဆန်းတရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး နောက်ပိုင်း ဧပြီ ၂၃ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ရွှေဘိုထောင်တွင် လွတ်ငြိမ်းချမ်းသာခွင့် မမျှတမှုကြောင့်ဆိုပြီး ထောင်တွင်းဆူပူမှုဖြစ်ကာ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ကိုယ်တိုင် သွားရောက်ညှိနှိုင်း ဖြန်ဖြေခဲ့ရသည်။

ထောင်မှူးကြီးဟောင်း ဦးခင်မောင်မြင့် က “အဓိက ဘယ်မူတွေနဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးတယ်ဆိုတာ ပွင့်လင်းမြင်သာမှု မရှိတာပဲ။ သမ္မတက ဘယ်သူတွေကို လွှတ်ပေးသင့်တယ်ဆိုတာ အကျဉ်းသား အကုန်လုံးအကြောင်း သိတာမဟုတ်ဘူး။ ဘယ်လိုလူတွေက ဒီကိစ္စကို စိစစ်တာလဲ။ ဘယ်လိုပုံစံနဲ့ လွှတ်ပေးတာလဲဆိုတာကို ကျနော် ဘဝင်မကျတာ။ အဲ့ဒီတော့ ထောင်ဆူမှုဆိုတာ ဖြစ်လာမှာပဲ” ဟု သူက ဆိုသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် ယနေ့တွင် ကလေးထောင်ဆူပူမှုအကြောင်းကို ကြားသိရသော်လည်း လက်တလောတွင် သွားရောက်စစ်ဆေးနိုင်ခြင်းကို ပြုလုပ်နိုင်မည် မဟုတ်သေးကြောင်း ကော်မရှင်၏ တိုင်ကြားစာများ ကော်မတီမှ တာဝန်ရှိသူ ဦးယုလွင်အောင်က ပြောသည်။

ဦးယုလွင်အောင် က “အခုတော့ ကျနော်တို့ ချက်ချင်း သွားစစ်နိုင်မှာ မဟုတ်သေးဘူး။ ကျနော်တို့မှာ ဘယ်နေရာတွေကို သွားစစ်ရမယ်ဆိုတဲ့ စီစဉ်မှုတွေက ချထားပြီးသား။ ကလေးထောင်ကိစ္စ ဒီနေ့ပဲ ကြားပေမယ့် နောက်ပိုင်းကြမှသာ ဘယ်လိုလုပ်မယ်ဆိုတာကို ပြောလို့ရမယ်” ဟု ဆိုသည်။

Your Thoughts …
Tags: ကလေးထောင်ဆူပူမှုသမ္မတ လွတ်ငြိမ်း
ထက်ခေါင်လင်း

ထက်ခေါင်လင်း

ဧရာဝတီ

Similar Picks:

စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြထားသော ဖမ်းဆီးခံရသည့် ကလေးပင်မ သပိတ်အဖွဲ့ဝင် ၄ ဦး

တော်လှန်သင်္ကြန်ဆန္ဒပြခဲ့သူ ၄ ဦး ထောင်ထဲတွင် ဆေးကုသခွင့် မရ

by ဧရာဝတီ
15 June 2023
3.8k

ကလေးအကျဉ်းထောင်သည် ထိခိုက်ဒဏ်ရာရပြီး နာမကျန်းဖြစ်နေသည့် နိုင်ငံရေးအကျဉ်းသားများကို ‌ဆေးကုသခွင့် မပေးသည်မှာ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်သည့် ၂၀၂၁ ခုနှစ်ကတည်းကပင် ဖြစ်ကြောင်း

သာယာဝတီ အကျဉ်းထောင် အတွင်း ဆူပူမှု ဖြစ်ပွားနေစဉ် ထောင်ရှေ့၌ ထောင်ဝင်စာ တွေ့သူများအား တွေ့ရစဉ်  / ဝဏ္ဏထွန်း

သာယာဝတီ အကျဉ်းထောင် ဆူပူမှု ပြေလည်မှုရ

by ကောင်းမြတ်မင်း
9 May 2019
54.3k

ပဲခူးတိုင်း အနောက်ခြမ်း သာယာဝတီ ခရိုင် သာယာဝတီ အကျဉ်းထောင်တွင် ယနေ့ နံနက် ၈ နာရီခန့်က စတင်ပြီး အကျဉ်းသားများ ထောင်တွင်း ဆူပူ ဆန္ဒပြ တောင်းဆိုမှု ဖြစ်ပွားခဲ့သဖြင့် သွားရောက်ဖြေရှင်းခဲ့ရာတွင် ပြေလည်မှု ရှိခဲ့ကြောင်း...

မသင်္ကာမှုဖြင့် ဖမ်းဆီးထားသူ အောင်ကျော်နိုင် (ခ) ကျော်လေး / ဇော်ရှင်း

သမ္မတ လွတ်ငြိမ်းဖြင့် လွတ်လာသူ နာရီပိုင်းအတွင်း ပြန်အဖမ်းခံရ

by ကောင်းမြတ်မင်း
18 April 2019
32.1k

ပဲခူးမြို့တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နှစ်ဆန်း ၁ ရက်နေ့က လွတ်မြောက်လာသူ တဦးအား နာရီပိုင်း အတွင်းမှာပင် ခိုးမှုဖြင့် မသင်္ကာ၍ ရဲက ဖမ်းဆီးလိုက်ကြောင်း ပဲခူးမြို့ အမှတ် (၂) နယ်မြေရဲစခန်း စခန်းမှူး ချစ်ကြည်...

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က မုပ္ပလင် ကုန်ထုတ်စခန်းကို ဧပြီ ၁၉ ရက်နေ့က သွားရောက်စစ်ဆေးစဉ်  / MNHRC

သမ္မတ လွတ်ငြိမ်း ဘက်လိုက်သည်ဟုဆိုကာ အကျဉ်းထောင် ၂ ခုတွင် ဆန္ဒပြမှုဖြစ်

by ထွန်းထွန်း
23 April 2019
33.4k

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာ ပေးအပ်မှုတွင် အခွင့်အရေး တန်းတူ မရရှိဘဲ ဘက်လိုက်မှုရှိနေသည်ဟု ဆိုကာ ထပ်မံစိစစ် ဆောင်ရွက်ပေးရန် ရွှေဘိုထောင်နှင့် မုပ္ပလင် ကုန်ထုတ်စခန်းတို့တွင် အကျဉ်းကျခံနေရသူများက ဆန္ဒထုတ်ဖော်

၂၀၁၉ ခုနှစ် မေလ ၇ ရက်နေ့ မနက်ပိုင်းတွင် လွတ်မြောက်လာသော ရိုက်တာသတင်းထောက် ၂ ဦး / Reuters

သမ္မတ လွတ်ငြိမ်းက သတင်းလွတ်လပ်ခွင့်နှင့် ရင်ကြားစေ့ရေး အပြုသဘောဆောင်လာစေသည်

by ဧရာဝတီ
10 May 2019
751.3k

ယခု သတင်းထောက်နှစ်ဦး ပြန်လွတ်လာခြင်းနှင့်အတူ သတင်းသမားများကို ဖမ်းဆီးမှုများ အဆုံးသတ်ပြီဟု ကျွနု်ပ်တို့ မျှော်လင့်မိနေပါသည်။

Next Post
"Star Wars" ရုပ်ရှင်သစ်နဲ့ "Avatar" နောက်ဆက်တွဲ ရုပ်ရှင်

"Star Wars" ရုပ်ရှင်သစ်နဲ့ "Avatar" နောက်ဆက်တွဲ ရုပ်ရှင် ဖြန့်ချိ ပြသမယ့်ရက်များ ကြေညာ

CNG ဆိုင်တွင် တန်းစီနေသော YBS ယာဉ် တချို့အား တွေ့ရစဉ် / Lwin Naing

မီးပျက်ပြီး CNG မရလို့ YBS ရာခိုင်နှုန်းပြည့် မပြေးဆွဲနိုင်

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

4 days ago
5.3k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

2 days ago
4.4k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate