• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရန်ကုန်မြို့လယ် လူကူး မျဉ်းကျားနှင့် ခုံးတံတားမှ လမ်း မကူးသူများကို ဒဏ်ငွေ ၃ သောင်း ရိုက်မည်

by ထက်ခေါင်လင်း
14 May 2019
in သတင်း
A A
မေလ ၁၅ ရက်နေ့မှစတင်ပြီး ပညာပေးခြင်းလုပ်ငန်းနှင့်အတူ ပြစ်ဒဏ်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည် / ထက်ဝေ

မေလ ၁၅ ရက်နေ့မှစတင်ပြီး ပညာပေးခြင်းလုပ်ငန်းနှင့်အတူ ပြစ်ဒဏ်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည် / ထက်ဝေ

24.7k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြို့တွင် သတ်မှတ်ထားသော လူကူးမြင်းကြားများ၊ ခုံးကျော်တံတားများမှ ကူးခြင်းမပြုပဲ လမ်းစည်းကမ်းဖောက်ဖျက်သူများကို မေလ ၁၅ ရက်နေ့မှစတင်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဥပဒေချိုးဖောက်မှုဖြင့် အမြင့်ဆုံးဒဏ်ငွေ ၃ သောင်းအထိ တပ်ကာ ဒဏ်ရိုက်အပြစ်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

ယနေ့အထိ ပညာပေးကာလ တိုးမြှင့်ဆောင်ရွက်ခြင်းကို ပြုလုပ်နေသော်လည်း မနက်ဖြန်မှ စတင်ပြီး ပညာပေးခြင်းလုပ်ငန်းနှင့်အတူ ပြစ်ဒဏ်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဟု အမှတ် ၇ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုတပ်ခွဲမှူး ရဲမှူးမျိုးအောင်မြင့်က ပြောသည်။

RelatedPosts

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

15 May 2025
27
ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

15 May 2025
28
မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

15 May 2025
428

ရဲမှူး မျိုးအောင်မြင့်က “ကျနော်တို့က အရင်ထဲက ပြစ်ဒဏ်ပေးမှုတွေလုပ်ခဲ့ပါတယ်။ ဒါပေမယ့် ပြည်သူတွေက စည်းကမ်းမလိုက်နာတဲ့အပြင် အရင်တုန်းက ပြစ်ဒဏ်ကလည်း ဒဏ်ငွေ ၁ ထောင်ကျပ်ပဲဆိုတော့ ဖောက်ဖျက်မြဲ ဖြစ်နေတာ။ အခုတော့ ၂၀၁၅ ခုနှစ်မှာ ပြစ်ဒဏ်တွေတိုးမြှင့်ထားတဲ့အတိုင်း ကျနော်တို့က တိတိကျကျ ဆောင်ရွက်သွားမယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ယာဉ်မတော်တဆမှုများအားလုံး၏ ၂၀ ရာခိုင်နှုန်းခန့်သည် လမ်းဖြတ်ကူးသူများ၏ စည်းကမ်းမဲ့ဖြတ်ကူးမှုများကြောင့် ဖြစ်ပေါ်ခဲ့ကြောင်း၊ တကမ္ဘာလုံးတွင် တနှစ်လျှင် လူဦးရေ ၁ ဒဿမ ၄ သန်းခန့်သည် ယာဉ်မတော်တဆမှုကြောင့် သေဆုံးခဲ့ရကြောင်း၊ ကမ္ဘာ့လူဦးရေ ၅ သန်းခန့်သည် ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ ထုတ်ပြန်ချက်တွင် ပါရှိခဲ့သည်ဟု သူက ဆက်ဆိုသည်။

မြန်မာတနိုင်ငံလုံးတွင် ၂၀၁၇ ခုနှစ်က ယာဉ်မတော်တဆမှု ၁၄၅၀၀ ကျော်အထိ ဖြစ်ခဲ့ကာ သေဆုံးသူ ၅၁၀၀ ကျော်ရှိပြီး တရက်လျှင် ပျမ်းမျှ ၁၄ ခန့် သေဆုံးလျှက်ရှိကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ယာဉ်မတော်တဆမှု ၁၄၆၄ မှုဖြစ်ပွားခဲ့ရာတွင် သေဆုံးသူ ၅၀၀ နီးပါးမျှအထိ ကျဆင်းလာပေမယ့် ဖြစ်ပွားမှုနှုန်းနှင့် နှိုင်းယှဉ်သည့်အခါ တရက်လျှင် ၁၅ ဦးကျော်အထိ သေဆုံးခဲ့သည်ကို တွေ့ရှိရကြောင်း မြန်မာနိုင်ငံ ယာဉ်ထိန်းတပ်ဖွဲ့၏ မှတ်တမ်းများအရ သိရသည်။

သို့ရာတွင် လက်ရှိ ရန်ကုန်မြို့ရှိ လူကူး ခုံးတံတားတချို့သည် ရန်ကုန်မြို့နေ ပြည်သူများအားလုံးအတွက် အဆင်ပြေသည့် အနေအထားမျိုးမရှိဟု သန်လျင်မြို့နယ်နေ ဦးမိုးကျော်က ဝေဖန်လိုက်သည်။

တချို့ လူကူး ခုံးကျော်တံတားများသည် သာမန်လမ်းဖြတ်ကူးရမည့် ခရီးအကွာအဝေးထက် ၂ ဆကျော် သွားလာရသည့်အပြင် သက်ကြီးရွယ်အိုများ၊ ပစ္စည်းအထုတ်အပိုးပါသူများနှင့် လူဝများအတွက် သင့်တော်သည့်အနေအထားမျိုးကို ပြုလုပ်ပေးမထားဟု သူက ဆက်ပြောသည်။

ဦးမိုးကျော်က “ သွားရမယ့် ခရီးထက်လည်း ၂ ဆလောက်သွားရတော့ ခုံးကျော်တံတားတွေကို မတက်ချင်ကြတော့ဘူး။ တချို့ ခုံးကျော်တံတားတွေမှာတော့ အတက်ကို စက်လှေကားတက်ထားတော့ အဆင်ပြေတယ်။ အဲ့ဒီလို လူကူးခုံးကျော်တံတားတိုင်းမရှိဘူး။ မရှိတော့ နီးစပ်ရာကပဲ ဖြတ်သွားနေကြရောပေါ့” ဟု သူက ဆိုသည်။

ယနေ့နေလည်ပိုင်းတွင် ရန်ကုန်မြို့ ဆူးလေလမ်းမနှင့် အနော်ရထာလမ်းမ လမ်းဆုံတွင် ပညာပေးမှု ခေတ္တရပ်နားချိန် လမ်းဖြတ်ကူးသူများသည် မူလအတိုင်း ဂုံးကျော်တံတားသို့ မတက်ပဲ ခုံးကျော်တံတားအောက်မှ ဖြတ်မြဲတိုင်း ဖြတ်သွားနေကြသည်ကို တွေ့ရသည်။

ထိုသို့ ဖြစ်နေရခြင်းသည် ပြည်သူအများ၏ အလျင်လိုမှုကြောင့်ဖြစ်ကြောင်း၊ မတော်တဆ ယာဉ်အန္တရယ်ဖြစ်လာလျှင် အဓိက ထိခိုက်မည့်သူများ မိမိတို့ပင်ဖြစ်သည်ကို ထည့်သွင်းစဉ်းစားသင့်ကြောင်း ဆူးလေလမ်းမနှင့် အနော်ရထာလမ်းမ လမ်းဆုံရှိ မီးပွိုင့်တွင် တာဝန်ကျနေသည် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ကြပ် ထက်လှိုင်ဘွားက ပြောသည်။

တပ်ကြပ်ထက်လှိုင်ဘွားက “ကျနော် ဒီပွိုင့်မှာ တာဝန်ထမ်းဆောင်ခဲ့တာ ၁၀ နှစ်နီးပါးရှိပြီ။ တနှစ်ကို အဲ့ဒီလို ကားသွားနေတုန်း လမ်းဖြတ်ကူးတာတွေကြောင့် ယာဉ်တိုက်မှုက ၁ မှုတော့ အနည်းဆုံးပဲ။ ကျနော်အော်ပြောလည်း ဘယ်သူမှ ဂရုစိုက်ကြတာမဟုတ်ဘူး။ ခုံးကျော်တံတားဆောက်ပြီးလဲ အောက်ကနေ ဖြတ်နေမြဲပဲ” ဟု သူက ဆိုသည်။

Your Thoughts …
Tags: ဒဏ်ငွေလမ်းကူးသူများလမ်းစည်းကမ်း
ထက်ခေါင်လင်း

ထက်ခေါင်လင်း

ဧရာဝတီ

Similar Picks:

ထိုင်းဝန်ကြီးချုပ် Mask မတပ်ထားတဲ့ပုံ ပျံ့နှံ့သွားပြီးနောက် ဝေဖန်သံတွေ ထွက်လာအပြီးမှာ အရေးယူဖို့ ဖြစ်လာခဲ့တာပါ။

Mask မတပ်တဲ့ ထိုင်းဝန်ကြီးချုပ် စည်းကမ်း ချိုးဖောက်မှုနဲ့ ဒဏ်ရိုက်ခံရ

by Aurora
27 April 2021
8.3k

“အဆိုပါ စည်းကမ်းချက် ချိုးဖောက်ခဲ့ရင် ကူးစက်ရောဂါ ထိန်းချုပ်ရေးအက်ဥပဒေ ၅၁ အရ အများဆုံး ထိုင်းဘတ်ငွေ ၂၀,၀၀၀ ထိ ဒဏ်ကြေး ပေးဆောင်ရမှာ ဖြစ်တယ်” လို့ ဆိုပါတယ်။

၂၀၁၈ ခုနှစ်၊ ဇွန်လ ၉ ရက်က ရန်ကုန်တွင် ကျင်းပသည့် တရားဝင် လုပ်ငန်းစတင်သည့် အခမ်းအနား / Snr-Gen Min Aung Hlaing  / Facebook

ဆင်းကတ်များ အခမဲ့ဝေငှမှုဖြင့် Mytel ကို ဒဏ်ငွေ ကျပ်သန်း ၃၀၀ ချ

by စမ်းယမင်းအောင်
23 July 2019
176.3k

Mytel သည် ဆင်းကတ် (SIM card) များကို အခမဲ့ဝေငှခြင်းကြောင့် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန (PTD) က ဒဏ်ငွေ ကျပ်သန်း ၃၀၀ ချမှတ်ခဲ့သည်။

အီတလီနိုင်ငံ၊ ဆာဒီးနီးယားကမ်းခြေ

အီတလီကမ်းခြေက သဲခိုးယူခဲ့တဲ့ ပြင်သစ်ခရီးသွား ဒဏ်ငွေရိုက်ခံရ

by ညီညီသူ
8 September 2020
15.5k

ကမ်းခြေက ခိုးယူဖို့ ကြိုးစားခဲ့တဲ့ထဲမှာ သဲအပြင် ကျောက်စရစ်ခဲတွေလည်း ပါဝင်ပါတယ်။ အီတလီနိုင်ငံ အာဏာပိုင်တွေအနေနဲ့ ကမ်းခြေက အဖြူရောင်သဲတွေကို ကာကွယ်ပေးထားပါတယ်။

Mr. Crush Bar တွင် သင်္ကြန် ကျင်းပနေပုံများ

ဥပဒေချိုးဖောက်၍ ရေကစားခဲ့သူများကို ဒဏ်ငွေ ၅၀၀၀ ကျပ် ချမှတ်မှု ဝေဖန်နေကြ

by လဲ့လဲ့
29 April 2020
57k

ဒေသန္ထရအမိန့်ဖောက်ဖျက်မှုဟာ ကျပ် ၅ ထောင်၊ ထိုင်းဘတ်ငွေ ၁၀၀နဲ့ဘဲ တန်သလား။ ဒါဆိုရင် Quarantine ဝင်နေတဲ့ လူနာတွေ ၂၁ ရက် မပြည့်ဘဲ အများကြီးထွက်ပြေး ကြမှာပေါ့။ ဖမ်းမိလည်း ဒဏ်ငွေ ၅ ထောင်...

ပူတာအိုမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေကြစဉ်

ပူတာအိုတွင် ဖမ်းဆီးခံရသည့် လူငယ် ၅ ဦး ငွေ ၁ သိန်းစီ ဒဏ်ဆောင်စေ၍ ပြန်လွှတ်ပေး

by ဧရာဝတီ
5 March 2021
51k

ကချင်ပြည်နယ် စေ့စပ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့က စစ်ကောင်စီ၏ ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီထံ တွင် လူငယ်များကို ပြန်လွှတ်ပေးရန် တင်ပြပြီး ခွင့်ပြုချက်ရသည့်အချိန်တွင် ပူတာအိုသို့ သွားကာ ရဲတပ်ဖွဲ့၊ တရားရုံးတို့နှင့် ထပ်မံညှိနှိုင်း မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Mask မတပ်ဘဲ ဓာတ်ပုံ အရိုက်ခံခဲ့တဲ့ ချီလီသမ္မတ

Mask မတပ်ဘဲ ဓာတ်ပုံ အရိုက်ခံတဲ့ ချီလီသမ္မတ ဒဏ်ရိုက်ခံရ

by Aurora
21 December 2020
2.6k

ဒီဇင်ဘာ အစောပိုင်း နှာခေါင်းစည်း Mask မတပ်ဘဲ ရိုက်ကူးထားတဲ့ ဓာတ်ပုံ ဆိုရှယ်မီဒီယာပေါ် တက်လာချင်းမှာပဲ သမ္မတ Pinera က ပြည်သူတွေကို တောင်းပန်လိုက်ပါတယ်။

Next Post
မင်းသား Daniel Craig

မင်းသား Daniel Craig ခြေကျင်းဝတ်ဒဏ်ရာရလို့ "Bond 25" ရိုက်ကူးရေး ခေတ္တ ရပ်နားထားရ

မြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများကို အမှောင်ရိပ်ထဲတွင် မြင်တွေ့ရစဉ် / Getty Image

မြန်အောင်တွင် ဘုန်းကြီး အချင်းချင်း ဓားခုတ်မှုကြောင့် တပါး ပျံလွန်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
6.5k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate