• English
Thursday, July 10, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လွှတ်တော်တွင် ဒီမိုကရေစီ “အနိုင်ကျင့်ခံရပြန်ပြီ” ဟု တပ်မတော်ပြော

by ထက်နိုင်ဇော်
14 May 2019
in သတင်း
A A
လွှတ်တော်တွင်းက တပ်မတော်သား အမတ်များ  / ထက်နိုင်ဇော် / ဧရာဝတီ

လွှတ်တော်တွင်းက တပ်မတော်သား အမတ်များ / ထက်နိုင်ဇော် / ဧရာဝတီ

43.3k
VIEWS
Share on FacebookShare on Twitter

၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး နည်းလမ်း အပေါ်တွင် သဘောထား ကွဲလွဲမှုများ ရှိနေသည့်အပေါ် အာဏာရ အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ကြီးစိုးသည့် ပြည်ထောင်စု လွှတ်တော်က မဲခွဲဆုံးဖြတ် အနိုင်ယူလိုက်ရာ “ဒီမိုကရေစီ အနိုင်ကျင့် ခံရပြန်ပြီ” ဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တဦးက ပြောဆိုလိုက်သည်။

တပ်မတော်က လိုလားနေသည့် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၆၁ ပြင်ဆင်ရေး သီးသန့် ဆောင်ရွက်ရန် အတိုက်အခံ ကြံ့ခိုင်ရေး ပါတီ၏ အားထုတ်မှုမှာ ယနေ့ လွှတ်တော်တွင် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး ပူးပေါင်း ကော်မတီ အောက်သို့ ပုဒ် မ ၂၆၁ ပြင်ဆင်ရေး ဆောင်ရွက်နေသည့် ကော်မတီကို ထည့်သွင်းခံလိုက်ရခြင်းဖြင့် အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။

RelatedPosts

ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ပဋိပက္ခပြင်းထန်နေ (ရုပ်/သံ)

ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ပဋိပက္ခပြင်းထန်နေ (ရုပ်/သံ)

9 July 2025
56
ICRC ကိုယ်စားလှယ် မန္တလေးရောက်နေစဉ် အိုးဘိုထောင်၌ နိုင်/ကျဉ်းတဦး ထပ်မံသေဆုံး

ICRC ကိုယ်စားလှယ် မန္တလေးရောက်နေစဉ် အိုးဘိုထောင်၌ နိုင်/ကျဉ်းတဦး ထပ်မံသေဆုံး

9 July 2025
161
KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

9 July 2025
167

ဗိုလ်မှူးချုပ် မောင်မောင် က “ဒီမိုကရေစီ၊ ဒီမိုကရေစီ ဆိုပြီးတော့မှ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး၊ အခြေခံ ပြည်သူလူထု တွေရဲ့ အကျိုးစီးပွား အတွက်ကို လုပ်သင့်လုပ်ထိုက်တာ မှန်ရဲ့ လားဆိုတာ စဉ်းစား ဆုံးဖြတ်တာ မဟုတ်ဘဲနဲ့ မဲအများနဲ့ ဆုံးဖြတ်ပြီးတော့ ငါတို့ လုပ်ချင်ရာ လုပ်မယ်ဆိုတဲ့ သဘောမျိုး လုပ်နေတာ ဖြစ်တယ်။ ဒါက ဒီမိုကရေစီ ကျသလားဆိုရင် ဒီမိုကရေစီ အနိုင် ကျင့်တာလို့ပဲ ပြောရမှာ” ဟု လွှတ်တော် ခေတ္တရပ်နားစဉ် သတင်းထောက်များကို ပြောသည်။

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များသည် လွှတ်တော်တွင်း ဆောင်ရွက်ချက်တချို့ကို မဲခွဲ ဆုံးဖြတ်သည့်အခါ ကိုယ် စားလှယ် အများစု ရှိနေသည့် NLD ပါတီကို ရှုံးနိမ့်သည့်အခါတိုင်းတွင် “ဒီမိုကရေစီ အနိုင်ကျင့်ခံရသည်” ဟု ပြောဆိုလေ့ရှိသည်။

အတိုက်အခံ ကြံ့ခိုင်ရေးပါတီမှ ဦးသိန်းထွန်း တင်သွင်းသည့် ပုဒ်မ ၂၆၁ ပြင်ဆင်ရေးကို လွှတ်တော်တွင် တိုက်ရိုက် မဆောင်ရွက်ဘဲ လူပုဂ္ဂိုလ် ၄၅ ဦးဖြင့် ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီအောက်သို့ ထည့်သွင်းသင့်ကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက် ပြုစဉ်ကပင် တပ်မတော်သား ကိုယ်စားလှယ်များက ပြီးခဲ့သည့် မတ်လအတွင်းက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီး ဖြစ်သည်။

ထို့ကြောင့် ၂၀၀၈ ဖွဲ့ စည်းပုံ ပြင်ဆင်ရေးအတွက် လမ်းကြောင်း ၂ ခု ဖြစ်ပေါ်လာရာ လမ်းကြောင်း တခုတည်း ဖြစ်စေရန် ဖွဲ့ စည်းပုံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီက မဲခွဲပေးဆုံးဖြတ်ရန် ယနေ့ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရာ လွှတ်တော်က မဲခွဲ ဆုံးဖြတ် သည့်အခါတွင်လည်း ကြံ့ခိုင်ရေးပါတီနှင့် တပ်မတော်တို့က မတ်တပ်ရပ် ကန့်ကွက် ပြောဆိုကြသည်။

လွှတ်တော် နာယက ဦးတီခွန်မြတ်က လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအရ မတ်တပ်ရပ် ပြောဆိုသူများကို ဆွေးနွေးခွင့် မပြုနိုင်ကြောင်း၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ရာတွင် စေတနာထား ဆောင်ရွက်ကြရန် ပြောဆိုခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆက်လက်ဆောင်ရွက်နိုင်ရန် အငြင်းပွားမှုများ ရှိနေသဖြင့် လွှတ်တော် နာယကတွင် ဆုံးဖြတ်ခွင့် မရှိ သည့်အခါ လွှတ်တော် နည်းဥပဒေအရ ပြည်ထောင်စု လွှတ်တော်၏ အဆုံးအဖြတ်ကို ခံယူခြင်းသည် လိုအပ်ချက် ရှိသဖြင့် ဆောင် ရွက်ရသည့် ကိစ္စတရပ် ဖြစ်ပြီး ဒီမိုကရေစီ အနိုင်ကျင့်ခြင်း မဟုတ်ကြောင်း အာဏာရ NLD ပါတီမှ အမျိုးသား လွှတ်တော်ကိုယ်စား လှယ် ဦးအောင်ကြည်ညွှန့်က ပြောသည်။

ဦးအောင်ကြည်ညွန့် က “ဒီမိုကရေစီ အနိုင်ကျင့်ခြင်း၊ အနိုင်မကျင့်ခြင်းဆိုတဲ့ ပြောတဲ့အနေအထားက တကယ်တမ်းကျ အဆင်မပြေဘူး။ ဆိုလိုချင်တာက အခုလို ဖြစ်နေတဲ့ လမ်းကြောင်း ၂ ခုရှိတဲ့အခါ ဥပဒေအရ နည်းဥပဒေ အရ လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ရယူဖို့ရာက နာယကရဲ့ လုပ်ပိုင်ခွင့် ဖြစ်တယ်။ မဲခွဲပြီး ရယူရမှာဖြစ်တဲ့အတွက် အနိုင်ကျင့်တယ်လို့ ပြောလို့မရဘူး။ ဒီမိုကရေစီ ဆိုတဲ့ သဘောဟာ အဲဒါ ပဲ” ဟု ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးကို ပထမအကြိမ် လွှတ်တော် သက်တမ်း၌ တပ်မတော်က ကန့်ကွက်သော် လည်း ယခုအခါ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်တွင် ပုဒ်မ ၂၆၁ ပြင်ဆင်ပေးရန် လေသံပြောင်းလာခြင်း ဖြစ်သည်။

ယခု လွှတ်တော်က ပုဒ်မ ၂၆၁ ပြင်ဆင်ရေးကို တိုက်ရိုက်မဆောင်ရွက်ဘဲ ပူးပေါင်း ကော်မတီအောက်သို့ ထည့်သွင်းလိုက်သဖြင့် တိုင်းနှင့် ပြည်နယ် လွှတ်တော်များတွင် တိုင်းရင်းသား ဝန်ကြီးချုပ်များ ရွေးချယ်ခန့်အပ်ခွင့် မျှော်လင့်ချက်များ ဆုံးရှုံးသွားရပြီ ဖြစ်ကြောင်း ပုဒ်မ ၂၆၁ ပြင်ဆင်ရေး ဥပဒေကြမ်း တင်သွင်းခဲ့သူ ကြံ့ခိုင်ရေးပါတီမှ ဦးသိန်းထွန်းက ပြောသည်။

ဦးသိန်းထွန်း က “ဘာဆက်ဖြစ်မယ်၊ မဖြစ်ဘူး။ ဘာဆက်လုပ်မယ်၊ မလုပ်ဘူးကတော့ ကျနော်တို့ စဉ်းစားရမယ့် သဘော ဖြစ်နေတယ်။ ဟိုဖက် ၄၅ ဦး ကော်မတီကရော ဒါကိုလက်ခံမှာလား၊ ဆက်လုပ်မှာလား ဆိုတာဆက်ပြီး တင်ထားတဲ့ သဘောရှိတဲ့ အတွက် ဇူလိုင်လမှာ ထွက် လာမယ့် ၄၅ ဦး ကော်မတီရဲ့ အစီရင်ခံစာမှာမှ ဒါကိုစောင့်ကြည့်ရမယ့် သဘောရှိတယ်”ဟု ပြောသည်။

သမ္မတရုံး ဝန်ကြီးဟောင်းလည်းဖြစ်၊ ကယားပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းကလည်း “ဒီမိုကရေစီ သွား ချင်တယ် ဆိုရင်တော့ တည်ဆဲ ဥပဒေကို လိုက်နာရတယ်။ ဥပဒေ မလိုက်နာရင် ဒီမိုကရေစီ အရွေ့က ကျကွဲတတ်တယ်။ ဒါကို အ ခြေခံရတယ်။ နောက်တခုက ဥပဒေအတိုင်း သွားရတာလေ။ ဒါက ဥပဒေနဲ့ နည်းနည်း အံချော်နေနိုင်တယ်။ ဒါလေးတွေ သတိပြုဖို့ လိုတယ်” ဟု ပြောသည်။

သမ္မတ ဦးသိန်းစိန် လက်ထက် ပထမအကြိမ် လွှတ်တော် သက်တမ်းတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို ထိုစဉ်က လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ကော်မရှင်၊ ကော်မတီ အဆင့်ဆင့် ဖွဲ့စည်းပေးပြီး ဆောင်ရွက်ခဲ့သော်လည်း တပ်မတော်က မ ထောက်ခံသဖြင့် အောင်မြင်မှု မရရှိခဲ့ပါ။

ယခု အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) အစိုးရ လက်ထက်တွင်လည်း တပ်မတော်၏ ထောက်ခံမှု မရသဖြင့် ဖွဲ့ စည်းပုံ ပြင် ဆင်နိုင်ရေး မလွယ်ကူသော်လည်း ယခုအစိုးရက လွှတ်တော်တွင်း လမ်းကြောင်းမှ ပြင်ဆင်နိုင်ရေး ဆက်လက် ကြိုးစားလျက်ရှိ သည်ကို တွေ့ရသည်။

လွှတ်တော်တွင် လူပေါင်း ၄၅ ဦးဖြင့် ဖွဲ့ စည်းထားပြီး အာဏာရ NLD ပါတီ၊ ကြံ့ခိုင်ရေး၊ တပ်မတော်နှင့် တိုင်းရင်းသား ပါတီများမှ ကိုယ်စားလှယ်များ ပါဝင်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး ပူးပေါင်း ကော်မတီ၏ အစည်းအဝေးများကို ဆက် လက် ဆောင်ရွက်နေသော်လည်း သတင်းထောက်များကို သတင်းယူခွင့် မပြုသဖြင့် မည်သည့် အခြေအနေရှိကြောင်း မရှင်းလင်း တော့ပေ။

လက်ရှိ ပြည်ထောင်စု လွှတ်တော်တွင် NLD ပါတီမှ ကိုယ်စားလှယ် ၅၉ ရာခိုင်နှုန်း၊ တိုင်းရင်းသား ပါတီ အသီးသီးမှ ကိုယ်စားလှယ် ၁၁ ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေး ပါတီမှ ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းနှင့် တပ်မတော်မှ ၂၅ ရာခိုင်နှုန်း အသီးသီး ပါဝင်ပြီး ကိုယ်စားလှယ် စုစုပေါင်း ၆၅၇ ဦး ရှိကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဆောလျင်စွာ ပြင်ဆင်နိုင်ရေးအတွက် ပူးပေါင်း ကော်မတီ တခု ဖွဲ့စည်းနိုင်ရေး ပြည်ထောင်စု လွှတ်တော်သို့ တိုက်တွန်းကြောင်း အရေးကြီး အဆိုကို NLD ပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စား လှယ် ဦးအောင်ကြည်ညွန့်က ဖေဖော်ဝါရီလ ၈ ရက်၌ တင်သွင်းခဲ့ပြီး ထိုစဉ်ကလည်း မဲခွဲ ဆုံးဖြတ်ကာ အတည်ပြုခဲ့ရသည်။

You May Like These Stories: 

ပုဒ်မ၂၆၁ ပြင်ဆင်ရေး NLD အစိုးရ လက်ထက် တပ်မတော် သဘောထား ပြောင်း 

ကိုယ့် ဝန်ကြီးချုပ် ကိုယ်ခန့်အပ်ခွင့်သည် ပြဿနာများ ပြေလည်မည့် လမ်းစဟု တပ်မတော်ပြော 

ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ရေး ဂယက် နှင့် သဘောထား အမြင်များ

Your Thoughts …
Tags: တပ်မတော်ဒီမိုကရေစီလွှတ်တော်
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

“စစ်ကောင်စီ ကျဆုံးတော့မယ်ဆိုတဲ့ လမ်းကြောင်းတခုကိုပဲ ပြသနေတယ်”

“စစ်ကောင်စီ ကျဆုံးတော့မယ်ဆိုတဲ့ လမ်းကြောင်းတခုကိုပဲ ပြသနေတယ်”

by Luke Hunt
20 September 2024
10.6k

ကျနော် မြန်မာနိုင်ငံမှာ ရှိနေခဲ့တဲ့အကြောင်းရင်းက အရမ်းခိုင်မာတဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်နဲ့ သူတို့ကို ကူညီဖို့ပဲ။

ပြည်သူ့ပါဝါ ထပ်မံအောင်ပွဲခံသည့် ကိုရီးယား

by ဝင်းပေါ်မောင်
21 December 2024
8.7k

ထိုညက လွှတ်တော်တွင်း ပုံရိပ်များသည် အမည်ဆိုး တင်ကျန်ခဲ့သော်လည်း စစ်တပ်သည်ပင် စစ်အုပ်ချုပ်ရေးကို လိုလားဟန် မပြခဲ့ပေ။ နှစ်ပေါင်းလေးဆယ်ခန့် ဒီမိုကရေစီကို စောင့်ရှောက်သော စစ်တပ်အဖြစ် တည်ရှိခဲ့သော ၎င်း၏ဂုဏ်သိက္ခာကို ဆက်လက်ထိန်းသိမ်းရန်သာ လိုလားပုံရသည်။

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

by ဉာဏ်သစ်
17 November 2024
8.3k

၁၉၉၁ ခုနှစ်က တက္ကသိုလ်များတွင် ကျောင်းသား ၂၀ ရှိတိုင်း သူလျှို ၁ ယောက်ကျ ရှိသည်ဟု ခန့်မှန်းထား… လက်နက်ကိုင် တပ်ဖွဲ့များတွင်မူ စစ်သည် ၁၀ ဦး ရှိတိုင်း “သူလျှို” ၁ ဦး...

ထိုင်းနိုင်ငံရေးလွန်ဆွဲပွဲတွင် ဘုရင်စနစ် ရှေ့ဆုံးရောက်လာ

ထိုင်းနိုင်ငံရေးလွန်ဆွဲပွဲတွင် ဘုရင်စနစ် ရှေ့ဆုံးရောက်လာ

by ဧရာဝတီ
18 July 2023
4.9k

ဘုရင်စနစ်ကို ကာကွယ်သည့် ဥပဒေကို ပြုပြင်ပြောင်းလဲရန် ဆန္ဒသည် မျှော်လင့်မထားဘဲ Move Forward ပါတီကို မဲအများစု ရစေသည်။

ကင်မလာနိုင်မည်ဟု အမေရိကန် ရွေးကောက်ပွဲ သမိုင်းပညာရှင် ဟောကိန်းထုတ်

ကင်မလာနိုင်မည်ဟု အမေရိကန် ရွေးကောက်ပွဲ သမိုင်းပညာရှင် ဟောကိန်းထုတ်

by ဧရာဝတီ
31 October 2024
4.7k

စစ်တမ်းများကို လျစ်လျူရှုသည့် တယူသန်သော စနစ်တခုကို ပါမောက္ခ လစ်ချ်မင်းက မှီခိုအားထားသည်။

စစ်ဗိုလ်လူထွက်များ ရေးသားခဲ့သည့် သမိုင်းကို ပုံဖျက်သော စာအုပ်များ

စစ်ဗိုလ်လူထွက်များ ရေးသည့် သမိုင်းကို ပုံဖျက်ထားသော စာအုပ်များ

by ဧရာဝတီ
24 June 2022
16.3k

လက်ရှိ စစ်အာဏာသိမ်းပြီးနောက်မှာလည်း ဒီလိုစာအုပ်တွေ ဆက်လက် ထွက်ရှိနေသလို ဦးသိန်းစိန်အစိုးရလက်ထက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွေမှာလည်း ထွက်ရှိခဲ့တာ တွေ့ရပါတယ်။

Next Post
ပစ်ခတ်ခံရသော သင်္ဘောတစင်းကို  ရေတပ်က စစ်ဆေးနေစဉ် / Reuters

အီရန် ပြဿနာ တင်းမာနေချိန် ဆော်ဒီရေနံတင် သင်္ဘောများ တိုက်ခိုက်ခံရ

စာနယ်ဇင်းပွဲမှာ တွေ့ရတဲ့ သရုပ်ဆောင် နေမင်း / ချစ်ပိုး / ဧရာဝတီ

“ပထမဦးဆုံး စဖြစ်တာကတော့ သေဖို့များတယ် တွေးမိတာပေါ့”လို့ ပြောတဲ့ နေမင်းရဲ့ အတွေ့အကြုံ 

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

5 days ago
3.8k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

3 days ago
3.3k

Most Read

  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

    shares
    Share 0 Tweet 0
  • မြေရှားနဲ့ပတ်သက်ပြီး တရုတ်ခြိမ်းခြောက်မှုမရှိဟု KIA ပြော

    shares
    Share 0 Tweet 0
  • ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate