• English
Tuesday, June 24, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မြို့နယ် ၃ ခုတွင် တိုက်ပွဲများ ဖြစ်ပွား ဟုဆို

by နန်းလွင်နှင်းပွင့်
15 May 2019
in သတင်း
A A
ရက္ခိုင် စစ်တပ်  (AA) တပ်ဖွဲ့ဝင်တဦး / နန်းလွင်နှင်းပွင့် / ဧရာဝတီ

ရက္ခိုင် စစ်တပ် (AA) တပ်ဖွဲ့ဝင်တဦး / နန်းလွင်နှင်းပွင့် / ဧရာဝတီ

23.8k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မြို့နယ် ၃ ခု၌ ရက္ခိုင် စစ်တပ် (AA) နှင့် တပ်မတော် ကြား တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု သတင်း ရရှိသည်။

တိုက်ပွဲ ဖြစ်ပွားသည့် မြို့နယ်များမှာ ကျောက်တော်၊ မြောက်ဦးနှင့် ပုဏ္ဏားကျွန်း မြို့နယ်တို့ အတွင်း ဖြစ်သည်ဟု AA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက ပြောသည်။

RelatedPosts

စစ်တပ်က ကလေးစစ်သား ဆက်လက်စုဆောင်းနေသည်

စစ်တပ်က ကလေးစစ်သား ဆက်လက်စုဆောင်းနေသည်

24 June 2025
161
“ဝ” ထိန်းချုပ်ဒေသမှာ ၁၀ နှစ်အတွင်း မြေရှားတူးဖော်မှု ၈ ဆ တိုးလာ (ရုပ်/သံ)

“ဝ” ထိန်းချုပ်ဒေသမှာ ၁၀ နှစ်အတွင်း မြေရှားတူးဖော်မှု ၈ ဆ တိုးလာ (ရုပ်/သံ)

23 June 2025
77
အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

23 June 2025
3.3k

ဦးခိုင်သုခ က “မေလ ၁၄ ရက်မှာ တိုက်ပွဲ ၃ ကြိမ် ဖြစ်တာ ရှိတယ်။ မနက် ၃ နာရီခန့်မှာ ကျောက်တော် မြို့နယ်၊ သာစည်ရွာရဲ့ ၄ ကီလိုမီတာ အကွာ ကျောက်တော်၊ ပလက်ဝ ကားလမ်း ထက်မှာ ဗမာ စစ်တပ်ရဲ့ကား ၁၃ စီး ပါတဲ့ စစ် ယာဉ်တန်းကို ကျနော်တို့ ကွန်မန်ဒိုတွေက ကြားဖြတ် တိုက်ခိုက်ခဲ့တာ ရှိတယ်” ဟု ပြောသည်။

ကျောက်တော်-ပလက်ဝ ကားလမ်းတွင် ဖြတ်သန်း သွားလာနေသည့် တပ်မတော် စစ်ယာဉ်တန်းမှာ AA ကို တိုက်ခိုက်ရန် အတွက် အင်အားဖြည့်လာသည့် ကားများ ဖြစ်သဖြင့် တိုက်ခိုက်ရခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

စစ်ယာဉ်တန်းကို တိုက်ခိုက်သည့် နေရာ၏ အရှေ့မြောက်ဘက် ၂ ကီလိုမီတာ အကွာတွင်လည်း တပ်မတော်၏ ကား ၁၁ စီးပါ စစ်ယာဉ်တန်းကို ထပ်မံ ပစ်ခတ်ရာ တိုက်ပွဲ ၃ နာရီကြာ ဖြစ်ပွားခဲ့သည် ဟုလည်း ဦးခိုင်သုခက ပြောဆိုသည်။

၎င်းက ဆက်လက်၍ “အဲဒီမှာ ပစ္စတို ၁ လက်ရယ် MG 42 ၁ လက်ရယ် နောက် MA ၂ လက်ရယ် အဲဒါတွေ အပါအဝင် ရန်သူရဲ့ အသုံးအဆောင် စစ်လက်နက် ပစ္စည်းတွေ သိမ်းဆည်းရမိတယ်။ တိုက်ပွဲမှာ ကျနော်တို့ဘက်က အလတ်စား ဒဏ်ရာရတဲ့သူ တချို့တော့ ရှိခဲ့တယ်” ဟု ပြောသည်။

ယနေ့ မနက်ပိုင်း ၉ နာရီခွဲခန့်တွင် မြောက်ဦး မြို့နယ်၊ ပေါက်တောပြင်ရွာနှင့် အုတ်ဖိုကန်ရွာ ကြားတွင်လည်း တိုက်ပွဲ ဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့နယ် လောင်းပုတ်ရွာ အနီးတွင်လည်း တိုက်ပွဲ ဖြစ်သည်ဟု ဦးခိုင်သုခ က ဆိုသည်။

တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ကျနော် သိရသလောက်ကတော့ ကျောက် တော်ဘက်မှာတော့  ဒီနေ့ မနက်ပိုင်း ဖြစ်ခဲ့တယ်လို့ သိရတယ်။ မနက်က၂ နာရီ ၃ နာရီလောက် တိုက်ပွဲ ဖြစ်တယ်လို့ သိရတယ်။ ဟိုဘက်ကတော့ မသိဘူး။ ကျနော်တို့ ဘက်ကတော့ စစ်သည် တယောက် ဒဏ်ရာ ရတာ ရှိပါတယ်” ဟု မေ ၁၄ ရက်နေ့က ပြောသည်။

မေ ၁၄ ရက်နေ့ မနက်ပိုင်းတွင် ကျောက်တော်မြို့နယ်တွင်း ဖြစ်ပွားသည့် တိုက်ပွဲ ၁ ပွဲသာ ဖြစ်ပြီး တပ်မတော်ဘက်မှ ကျဆုံး ရဲ ဘော်များ မရှိပါ ဟုလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။

မေ ၁၃ ရက်ကလည်း ကျောက်တော် မြို့နယ်တွင်း တိုက်ပွဲ ဖြစ်ပွားပြီး ယူနီဖောင်းများဖြင့် AA ရဲဘော် ၃ ဦး၏ အလောင်း များကို လက်နက်များဖြင့် သိမ်းဆည်းရမိသည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

၎င်းက ဆက်လက်၍ “မနေ့ကတော့ ကျောက်တော်ဘက်မှာပဲ ဖြစ်ပါတယ်။ ကျန်တဲ့ နေရာတွေမှာတော့ မဖြစ်ပါဘူး။ ဒီနေ့ အခြေအနေကလည်း ကျောက်တော် တခုတည်းမှာ လို့ပဲ ကျနော်လည်း သိရပါတယ်” ဟုလည်း ဆိုသည်။

ဦးခိုင်သုခက တပ်မတော် ပြောသည့် အလောင်းများမှာ AA ရဲဘော်များ မဟုတ်ပါဟု ငြင်းဆိုသည်။

တပ်မတော်နှင့် AA သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃၀ မှစ၍ ယနေ့ထိ ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ် အတွင်း တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။

တိုက်ပွဲများကြောင့် အရပ်သား ၃ သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးရပြီး စစ်ဘေးရှောင် ဒုက္ခသည်များ ဖြစ်နေသည်။

အစိုးရ၏ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) မှ ကိုယ်စားလှယ်များက AA အပါအဝင် မြောက်ပိုင်း မဟာမိတ် အဖွဲ့များနှင့် အပစ်ရပ် စာချုပ် တခု ချုပ်ဆိုရေး ညှိနှိုင်းနေသော်လည်း AA နှင့် တပ်မတော်ကြား တိုက်ပွဲ လျှော့ချရေး ကိစ္စရပ်များကို ညှိနှိုင်းခြင်း မရှိသေးပါ။

တိုက်ပွဲကာလ အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းမှ အရပ်သား ၃၀၀ ခန့် မသင်္ကာမှုဖြင့် တပ်မတော်၏ ဖမ်းဆီး စစ်ဆေး ခံခဲ့ရပြီး တပ်မတော်မှ ဖမ်းဆီး ထိန်းသိမ်းထားစဉ် ရိုက်နှက်ခံရမှု၊ ပစ်ခတ်ခံရမှုများကြောင့် အရပ်သား ၉ ဦး သေဆုံး ထားသည်။

မေ ၁၃ ရက်ကလည်း ကျောက်တော်မြို့နယ်၊ မျောက်တောင်ရွာ၏ အရှေ့ဘက်တောင်တန်းတွင် တိုက်ပွဲများ ဖြစ်ပွားပြီး တပ်မတော် စစ်သင်္ဘော တစင်းက ကုလားတန်မြစ်ထဲမှ AA တပ်ဖွဲ့ဝင်များ ရှိရာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ပါသည် ဟုလည်း AA က သတင်း ထုတ်ပြန်ထားသည်။

ဦးခိုင်သုခကလည်း “သူတို့ စစ်သင်္ဘောကနေ ပစ်တာ မနေ့က ပထမဆုံး စပစ်တာပဲ” ဟု ပြောသည်။

AA၏ မေ ၁၃ ရက် သတင်း ထုတ်ပြန်ချက်ထဲတွင် မြောက်ဦး မြို့နယ်၊ တောင်ဦးရွာနှင့် စေတီတောင် ရွာကြား၊ ပုဏ္ဏားကျွန်း မြို့နယ်၊ အောင်မကျော် ရွာ၏ အရှေ့တောင်ဘက်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားပါသည်ဟု ရေးသားထားသည်။

You May Also Like These Stories:

ကျောက်တော် ပစ်ခတ်မှု၌ သေဆုံးသူမှာ တပ်မတော်ကို မိုင်းဆွဲတိုက်သူဟုဆို 

မြန်မာနိုင်ငံသည် ISIS ၏ ပစ်မှတ်တခု ဖြစ်လာဟု သမ္မတရုံး ပြော

ကျောက်တန်း ဖြစ်စဉ်တွင် အဖမ်းခံရသူ အားလုံး လွှတ်ပေးပြီး ဟု တပ်မတော် ပြော 

AA ကို “အကြမ်းဖက် သောင်းကျန်းသူ”ဟု သတ်မှတ်ထားဆဲ ဖြစ်ကြောင်း တပ်မတော် ပြော 

Your Thoughts …
Tags: ရခိုင်ပြည်နယ် တိုက်ပွဲ
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
စမတ်အစိုးရ

စမတ်အစိုးရ

River gallery တွင် ပြုလုပ်နေသည့် ပန်းချီ ထိန်လင်း၏ ထဘီကိစ္စပြပွဲ / အောင်ကျော်ထက် / ဧရာဝတီ

မြန်မာ့ထဘီအပေါ် အယူသီးမှုတွေ ရှိနေဆဲလား

No Result
View All Result

Recommended

စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

5 days ago
8.8k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

4 days ago
4.7k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate