သတင်း

ထိုင်းကြည်းတပ် အမေရိကန် သံချပ်ကာ ကားများ ဝယ်ယူရန် သဘောတူညီမှုရရှိ

ထိုင်းကြည်းတပ်သည် ဒေါ်လာ သန်း ၈၀ တန်ဖိုးရှိ ပြန်လည် မွမ်းမံထားသော အမေရိကန်လုပ် M1126 အမျိုးအစား သံချပ်ကာ ကား ၃၇ စီး ဝယ်ယူရန် သဘောတူညီမှုရှိ ထားကြောင်း Bangkok Post သတင်းက ဆိုသည်။

ထို့အတွက် ထိုင်းနိုင်ငံဟာ အမေရိကန်ကနေ ပထမဆုံး သံချပ်ကာကားရောင်းချပေးတဲ့ နိုင်ငံ ဖြစ်လာကြောင်း စစ်ရေး သတင်းရင်းမြစ်တခုက ပြောသည်။

M1126 ကျည်ကာ ၈ ဘီးတပ် သံချပ်ကာ ကားများသည် ကမ္ဘာ့အဆင့်မီ စစ်သုံး ယာဉ်ယန္တရားအဖြစ် ဆွဲဆောင်မှု ကောင်း နေပြီး စစ်မျက်နှာ များစွာတွင် တိုက်ပွဲဝင် သုံးစွဲခဲ့ပြီး ဖြစ်ကြောင်း အဆိုပါ သတင်းရင်းမြစ်၏ အဆိုအရ သိရသည်။ အဆိုပါ မော်ဒယ် အမျိုးအစားကို အမေရိကန်စစ်တပ်တွင် ၂၀၃၀ ပြည့်နှစ်အထိ ဆက်လက်သုံးစွဲနေဦးမည်ဖြစ်သည်။

တဆက်တည်းမှာပင် ယခု ရောင်းချမည့် စစ်သုံးယာဉ် ယန္တရား အုပ်စုနှင့် အတူ လက်နက်များနှင့် ဆက်သွယ်ရေး စနစ် များ အပြင် ဂိုဒေါင်၊ လက်တွေ့ကွင်းဆင်း လေ့ကျင့်မှု၊ ယာဉ် အပိုပစ္စည်းနှင့် ထိန်းသိမ်း မွမ်းမံရေးတို့ပါ ထည့်သွင်းပေးထား သည်။

ထို့ပြင် အမေရိကန် စစ်တပ်က ထိုင်းကြည်းတပ် အတွက် နောက်ထပ် သံချပ်ကာကား ၂၃ စီးကို အခမဲ့ပေးအပ်သွား မည် ဟု သိရသည်။

အစောပိုင်းက ထိုင်းကြည်းတပ် အနေဖြင့် တရုတ်လုပ် ယာဉ်ယန္တရားများ နောက်ထပ်ဝယ်ယူဖွယ်ရှိသည်ဟု ခန့်မှန်ထားကြ သော်လည်း ထိုင်းကြည်းတပ်ဦးစီးချုပ် အပီရတ် ကွန်ဆွမ်ပေါင်က အမေရိကန်နှင့် သဘောတူညီမှု လုံခြုံစိတ်ချရအောင် စီမံ နေခဲ့ကြောင်း အဆိုပါသတင်းရင်းမြစ်ထံမှ သိရသည်။

ဗိုလ်ချုပ်ကြီးအပီရတ်သည် အမေရိကန်နိုင်ငံ အတွင်း စစ်ရေးလေ့ကျင့်မှု အစီအစဉ်များနှင့် လှုပ်ရှားမှုများသို့ တက်ရောက် လေ့လာခဲ့ပြီးဖြစ်သည်။

ထိုင်းနှင့် အမေရိကန်ကြည်းတပ် အကြား ဆက်ဆံရေးသည် ဗိုလ်ချုပ်ကြီး အပီရတ်၏ ဦးဆောင်မှုအောက်၌ ပိုမိုခိုင်မာလာကြောင်း ပြောဆိုမှုများ ထွက်ပေါ်ခဲ့ပြီး ဟာဝိုင်အီကျွန်း၊ Lightning Forge 2019 အမည်ရှိ ပူးတွဲစစ်ရေးလေ့ကျင့်မှုသို့လည်း ထိုင်း စစ်သားများ ပါဝင်လေ့ကျင့်ခဲ့ကြသည်။ ယခုဝယ်ယူရန်သဘောတူထားသည့် သံချပ်ကာကားများကို ချာချိုအမ်ဆောင် အခြေစိုက် အမှတ် ၁၁ ခြေလျင်တပ်မသို့ ပို့မည်ဖြစ်သည်။

You may also like these stories:

ကုန်သွယ်ရေးစစ်ကြောင့် တရုတ်ခရီးသွား အမေရိကန်သို့ လာရောက်မှု နည်းပါး

သီရိလင်္ကာ အသေခံဗုံးခွဲသူများသည် ပညာတတ် လူလတ်တန်းစားများဖြစ်

အကြမ်းဖက်မှုအလွန် သီရိလင်္ကာ ခရီးသွားလုပ်ငန်း အထိနာလျက်ရှိ

Loading