တရုတ် တယ်လီကွန်ကုမ္ပဏီကြီး ဟွာဝေးကို အမေရိကန်က ပစ်မှတ်ထား၍ ပိတ်ဆို့မှုများ ပြုလုပ်သဖြင့် အမေရိကန်နှင့် တရုတ် အကြား တင်းမာမှု ပြင်းထန်လာရာ တရုတ်နိုင်ငံ၌ iPhone နှင့် Apple ထုတ်ကုန်များ မသုံးစွဲရေးသပိတ်မှောက် ကြရန် လှုံ့ဆော်မှုများ ပေါ်ပေါက်လာသည်။
လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့က သမ္မတ ဒေါ်နယ်ထရမ့်မှ နေ၍ အမေရိကန် ဆက်သွယ်ရေးကုမ္ပဏီများ အနေဖြင့် အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်မှု အလားအလာများကြောင့် ဟွာဝေး အပါအဝင် နိုင်ငံခြားမှ ဆက်သွယ်ရေး ကရိယာအသုံး အဆောင် များကို မဝယ်ယူရန်၊ အစိုးရ ခွင်ပြုချက်မပါပဲ အမေရိကန်နည်းပညာများ ဝယ်ယူခြင်း ကို တားမြစ်သည့် အမိန့် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပြီး နောက် ထိုသို့ဖြစ်ပေါ်လာခြင်းဖြစ်သည်။
တရုတ်နိုင်ငံသုံး လူမှုကွန်ရက် Weibo သုံးစွဲသူများက Apple ထုတ်ကုန်များကို မသုံးစွဲခြင်းဖြင့် ဟွာဝေး အပေါ် အမေရိကန်၏ ဖိအားပေးနေမှုကို တုံ့ပြန်ရန် လှုံဆော်နေခြင်းဖြစ်ပြီး၊“ဟွာဝေးဖုန်းရဲ့လုပ်ဆောင်ချက်ကို iPhone တွေနဲ့ ယှဉ်လို့ရပါတယ် (ဒါမှမဟုတ်) ပိုတောင် ကောင်းပါသေးတယ်။ ဒီလို ရွေးချယ်စရာ စမတ်ဖုန်းကောင်း ရှိနေလျက်နဲ့ ကျနော်တို့က ဘာလို့ iPhoneကို ကိုင်သုံးနေဦးမှာလဲ” ဟု Weibo သုံးစွဲသူတဦးက သဘောထား မှတ်ချက် ရေးသားထားသည်။
ထို့အပြင် တခြားသူတဦးကလည်း “ကုန်သွယ်စစ်ကို ကြည့်ရင်း ကိုယ့်ကိုယ်ကို အပြစ်ရှိသလို ခံစားလာရတယ်။ တချိန်ချိန် မှာ ကျနော် ပိုက်ဆံရှိရင် ကျနော့် စမတ်ဖုန်းကို လဲဦးမယ်” ဟု နောက်ထပ်သုံးစွဲသူတဦးက ၎င်း၏သဘောထားကို ထုတ် ဖော်ထားသည်။
တရုတ်နိုင်ငံတွင် iPhone များကို လူကြိုက်များသော်လည်း ၂၀၁၈ခုနှစ် နောက်ဆုံး ၃လမှ စတင်ကာ ၂၀ ရာခိုင်နှုန်း ကျဆင်းနေကြောင်း သိရပြီး၊ ဟွာဝေးမှာမူ ၂၅ရာခိုင်နှုန်း နီးပါး ရောင်းအားတက်လာကြောင်း Buzzfeed သတင်း ဝက်ဘ်ဆိုက်က ဖော်ပြသည်။
Apple၏ အစီရင်ခံစာတွင်မူ ၂၀၁၈ ခုနှစ်တွင် ပုံမှန် စွမ်းဆောင်ရည် မြှင့်တင်မှုနှင့် အပြင်ပန်း အနေအထား အနည်းငယ် ပြောင်းလဲထားသည့် အပြင် သုံးစွဲသူများအတွက် အဓိကဆန်းသစ်ထားခြင်း အထူးအထွေမရှိသော်လည်း တရုတ်နိုင်ငံ ထုတ် ဖုန်းများမှာ ဈေးနှုန်းသိသိသာသာ တက်လာခဲ့ကြောင်း၊ ထိုသို့ဖြစ်ရခြင်းမှာ ပြည်တွင်းအမှတ်တံဆိပ် ဆန်းသစ်မှုက Apple ပစ္စည်းများ ရောင်းအားချစေသည့်အကြောင်းရင်းများဖြစ်ကြောင်း ဆိုသည်။
“စီးပွားရေးအရှိန်လျှော့မှုပမာဏ ဘယ်လောက်ရှိမလဲဆိုတာ ကျနော်တို့ မှန်းလို့မရပါဘူး။ အထူးသဖြင့် တရုတ်ပြည်မှာ မှန်းလို့မရတာပါ” ဟု Apple အမှုဆောင်အရာရှိချုပ် Tim Cook က ဇန်နဝါရီလတွင် ရင်းနှီးမြှုပ်နှံသူများထံ ပေးပို့သော စာတစောင်တွင် ရေးသားထားသည်။
You May Also Like These Stories :
ခေါက်ချိုး iPhone မထုတ်နိုင်သေးတာကို စိတ်ပူမိကြောင်း Steve Wozniak ပြောကြား
နှစ်ဖက် ချိုးနိုင်မည့် Apple ရဲ့ ခေါက်ချိုးဖုန်း
iPhone နောက်ဆုံးမော်ဒယ်တွေအတွက် Qualcomm ဘက်က Chip မရောင်းခဲ့ကြောင်း Apple ပြော