သတင်း

အင်ဒိုနီးရှား အဓိကရုဏ်း ၆ ဦးသေ၊ ၂၀၀ ဒဏ်ရာရ

Want create site? Find Free WordPress Themes and plugins.

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်တွင် ရွေးကောက်ပွဲအပြီး ဒေါသထွက်နေသည့် လူအုပ်က မော်တော်ယာဉ်များ မီးရှို့ခြင်း၊ မီးကျည် မီးပန်းများ ပစ်ဖောက်ခြင်း၊ မိုလိုတော့ ဓာတ်ဆီပုလင်း များဖြင့် ပစ်ပေါက် မီးရှို့ခြင်းတို့ ပြုလုပ်ရာ ၆ဦးသေဆုံးကာ ၂၀၀ ဒဏ်ရရှိကြောင်း သိရသည်။

လက်ရှိသမ္မတ ဂျိုကို ဝီဒိုဒို အနေဖြင့် ဒုတိယ သမ္မတ သက်တမ်းတာဝန်ထမ်းရန် ထောက်ခံမဲ ၅၅ ဒဿမ ၅ ရာခိုင်နှုန်း ရရှိခဲ့ခြင်းအပေါ် မကျေနပ်၍ ဆန္ဒပြခဲ့ခြင်း ဖြစ်ပြီး၊ ကျောက်ခဲများ ပစ်ပေါက်ခြင်း၊ မီးရှို့ခြင်းကြောင့် လုံခြုံရေးတပ် အင်အား ၅ သောင်းက မျက်ရည်ဗုံးနှင့် မီးသတ်ရေပိုက်များသုံး၍ ဖြိုခွင်းခြင်း ဖြစ်သည်။

သမ္မတ ဂျိုကို ဝီဒိုဒို၏ ပြိုင်ဘက်ဖြစ်သူ ပရာဘို ဝိုစူဘီယန်တိုက ရွေးကောက်ပွဲ ရလာဒ်ကို ငြင်းပယ်ပြီး၊ လိမ်လည်မှုဟု စွပ်စွဲသော်လည်း သက်သေ အထောက်အထားပြ နိုင်ခြင်းမရှိပေ။

မီးရှို့နေသည့် ဆန္ဒပြသူများ /Reuters

ဝီဒိုဒိုက စူဘီယန်တိုကို မဲ ၁၇ သန်း (သို့မဟုတ်) အကြမ်းဖျင်း တနိုင်ငံလုံးလူဦးရေ၏ ၁၅ ရာခိုင်နှုန်း ထောက်ခံမဲဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ စူဘီယန်တိုက အင်ဒိုနီးရှားဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး၏ အဆုံးအဖြတ်ယူရန် စိန်ခေါ်ခဲ့သည်။

လူမှုကွန်ရက်များတွင် တွေ့ရသော ပုံများအရ ညလုံးပေါက်မငြိမ်မသက်ဖြစ်ခဲ့ပြီး အချို့နယ်မြေများတွင် အကြမ်းဖက်မှုများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။

အာဏာပိုင်များက သတိပေးချက်များ တင်းကြပ်စွာထုတ်ပြန်ခဲ့ပြီး ရွေးကောက်ပွဲနှင့်နောက်ဆက်တွဲဆန္ဒပြမှုများကို ပစ်မှတ် ထားလျက် အသေခံဗုံးခွဲမည့်သူ ၃၀ ကိုလည်း ဖမ်းဆီးထားကြောင်း၊ အမျိုးသားရဲတပ်ဖွဲ့ပြောခွင့်ရသူက ဒဲဒီပရာစက်ယို၏ အဆိုအရ လူ ၂၀ ခန့် ဖမ်းဆီးထားကြောင်း သိရသည်။

လတ်တလော သေဆုံးသူ အများစုမှာ လုံခြုံရေး တပ်ဖွဲ့ ဝင်များ ဖြစ်ပြီး လူအုပ်အတွင်းသို့ လက်နက်မဲ့ ဝင်ရောက် ရှင်းလင်း စဉ် သေဆုံးသွားခြင်း ဖြစ်ကြောင်းလည်း သူက ဆိုသည်။

အဓိကရုဏ်း နှိမ်နင်းရေး တပ်ဖွဲ့များ /Reuters

“ကျနော်တို့ စစ်ဆေးနေတုန်းပါ။ ဒါပေမယ့် ကျနော့်အနေနဲ့ ရဲအရာရှိများအနေနဲ့ ကျည်ဆန်အစစ် မသုံးဘူးဆိုတာ ထပ်လောင်း အတည်ပြုပြောကြားလိုပါတယ်” ဟု ပရာစက်ယိုက သတင်းထောက်များကို ရှင်းပြသည်။

အငြိမ်းစား ဗိုလ်ချုပ်ကြီးတဦးနှင့် အငြိမ်းစား အင်ဒိုနီးရှား အထူးတပ်ဖွဲ့ တပ်မှူး တဦးအပါအဝင် စူဘီယန်တိုကို ထောက်ခံ ၃ ဦးကိုလည်း အာဏာပိုင်များက ပုန်ကန်မှုသံသယဖြင့် ဖမ်းဆီးထိန်းသိမ်းထားသည်။

တချိန်တည်းမှာပင် အင်ဒိုနီးရှားလုံခြုံရေးဝန်ကြီးက အစိုးရအနေဖြင့် လှုံ့ဆော်ခြင်း သတင်းအမှားများ ပျံ့နှံ့ခြင်းတို့အတွက် လူမှုကွန်ရက်များကို တစိတ်တပိုင်း ဖြတ်တောက်ပိတ်ဆို့သွားမည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာခဲ့သည်။

You may also like these stories:

လူ ၆ ဦးသေဆုံးသော အင်ဒိုနီးရှားရွေးကောက်ပွဲ အဓိကရုဏ်းကို ထိန်းချုပ်နိုင်ပြီဟု ဆို

သီရိလင်္ကာကို ISIS ဗုံးခွဲမှု လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုသစ် ဖြစ်

သင်တန်းတွင် မိုင်း အစစ် မှားသုံးမိ၍ မန္တလေးတိုင်း ရဲ ၁၁ ဦး ဒဏ်ရာရ

ပတ္တရားကမ်းခြေက လိင်ပါတီပွဲ ထိုင်းရဲ နှိမ်နင်း

Did you find apk for android? You can find new Free Android Games and apps.
Loading