သတင်း

မန္တလေး လေပြင်းကြောင့် အိမ် ၉၀ ကျော် ပြို၍ ၁ ဦး သေ၊ ၇  ဦး ဒဏ်ရာရ

Want create site? Find Free WordPress Themes and plugins.

မန္တလေးခရိုင် ပုသိမ်ကြီး မြို့နယ် ဇီးအုပ် ကျေးရွာ၌ မေ ၂၃ ရက် ညပိုင်းက လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ် ၉၀ ကျော် ပြိုလဲ ပျက်စီးခဲ့ပြီး အမျိုးသမီး ၁ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာနက သိရသည်။

ပုသိမ်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှုး ဦးညွန့်လင်းက “မနေ့ညက တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် ကျုးကွက်သစ်ထဲက နေအိမ် ၉၀ ကျော် ပြိုခဲ့တယ်။ ကျနော်တို့ သတင်းရတာက ဒီနေ့ မနက်မှပါ။ သတင်း ရတာနဲ့ မြို့နယ် မီးသတ် တပ်ဖွဲ့၊ ကယ်ဆယ်ရေး အဖွဲ့တွေ၊ လူမှုရေး အသင်းကားတွေနဲ့ ချက်ချင်း သွားပြီး ကူညီပေးခဲ့ပါ တယ်။ လက်ရှိက ဖယ်ရှား ရှင်းလင်းတာတွေ လုပ်ပေးနေပါတယ်” ဟု ပြောသည်။

လေပြင်း တိုက်ခတ်မှုကြောင့် ပြိုလဲ ပျက်စီးခဲ့ရသည့် နေအိမ်တချို့ (ဓာတ်ပုံ-ဇော်ဇော်/ဧရာဝတီ)

လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ် ၉၇ လုံး အမိုးလန်ခြင်း၊ လွင့်စင်ခြင်း၊ ပြိုလဲပျက်စီးခြင်းတို့ ဖြစ်ပေါ်ကာ လေပြင်း တိုက် ခတ်ရာ နေရာသို့ ပုသိမ်ကြီးမြို့နယ် မီးသတ် တပ်ဖွဲ့နှင့် အတူ လူမှုကူညီရေး အသင်းများမှ ကူညီမှုများကို လုပ်ဆောင်ပေး လျက် ရှိကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ် မီးသတ် ဦးစီးဌာနမှ ဦးစီးမှူး ဦးနေမျိုးလင်းက “မနေ့ညက ဖြစ်တယ်။ ဒီနေ့မနက်မှ သတင်းရတယ်။ ချက်ချင်း သွားပြီး ကူညီ ကယ်ဆယ်ရေးတွေ လုပ်ပေးခဲ့တယ်။ ဒဏ်ရာရတဲ့ သူတွေကို အသင်းကားတွေနဲ့ ဆေးရုံကြီး ပို့ပေးခဲ့တယ်။ တယောက်ကတော့ ရထားတဲ့ ဒဏ်ရာနဲ့ပဲ ဆုံးသွားတယ်”ဟု ပြောသည်။

သေဆုံးသူ အမျိုးသမီးမှာ ဇီးအုပ် ကျေးရွာ ရွှေမန်းလမ်းနှင့် ၄၅ လမ်း၊ ၄၆ လမ်း နှင့် ၄၇ လမ်းကြားနေ ဒေါ်သန်းဝင်းဋ္ဌေး ဆိုူ ဖြစ်ပြီး ထရံကာ၊ သွပ်မိုးနှစ်ထပ် နေအိမ်ပြိုလဲမှုကြောင့် ဒဏ်ရာ ရရှိကာ မန္တလေး အထွေထွေ ရောဂါကု ဆေးရုံကြီး သို့ တင်ပို့စဉ် ရရှိသည့် ဒဏ်ရာများဖြင့် သေဆုံးခဲ့ရကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading