ဂျပန်နိုင်ငံ၊ တိုကျိုမြို့အနီး ကာဝါဆာကီမြို့တွင် ဘတ်စ်ကား စောင့်ဆိုင်းနေသော ကျောင်းသားငယ်တစုကို ဓားကိုင်ဆောင်ထားသူတဦးက ဝင်ရောက်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။
အခင်းဖြစ်ပွားသည့်နေရာမှ အနည်းဆုံး ၁၈ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ ထိခိုက်ဒဏ်ရာရသူများအနက် အသက် ၁၁ နှစ်ရှိ မိန်းကလေးငယ် တဦးနှင့် အသက် ၃၉ နှစ်ရှိအမျိုးသားတဦးတို့မှာ သေဆုံးသွားခဲ့သည်။
ကျူးလွန်သည်ဟု သံသယရှိသူတဦးမှာ အခင်းဖြစ်ပွားပြီးနောက် ၎င်းလည်ပင်းကို ဓါးဖြင့်ထိုးကာ နောက်ပိုင်းတွင် ဆေးရုံ၌ သေဆုံးသွားခဲ့သည်။
ယင်းသို့ အကြမ်းဖက်ရာဇဝတ်မှုမှာ ဂျပန်နိုင်ငံတွင် ဖြစ်တောင့်ဖြစ်ခဲ ရာဇဝတ်မှုဖြစ်ပြီး မည်သည့်ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်မှန်း မသိရပေ။
အဆိုပါသံသယရှိသူသည် အခင်းဖြစ်ပွားချိန် လက်နှစ်ဘက်စလုံးတွင် ဓားများကိုင်ဆောင်ထားပြီး ၎င်းတိုက်ခိုက်ခံရသူများအနက် ၁၆ ဦးမှာ ကျောင်းသူများဖြစ်ကြသည်။
ရဲက တိုက်ခိုက်ခံရသူများကို စစ်ဆေးခဲ့ရာ ဆဋ္ဌမတန်း တက်ရောက်နေသည့် ကျောင်းသူ ဟာနာကိုကူရီ ဘာယာရှီဟု ဖော်ထုတ်ရပြီး နောက်ထပ်ကလေး၏ မိဘမှာ ဂျပန်နိုင်ငံခြားရေးဌာန အရာရှိ ဆာတိုရှီအိုယာမဖြစ်သည်ဟု ယုံကြည်ရသည်။
သံသယတရားခံ၏ အမည်မှာ မည်သူမည်ဝါမှန်း မသိရသေးပေ။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ယင်းတိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချလိုက်ပြီး ၎င်းအနေဖြင့် ဒေါသပြင်းထန်စွာ ထွက်မိကြောင်း ပြောကြားလိုက်သည်။
မစ္စတာအာဘေး က “အင်မတန် မခံချိမခံသာ ဖြစ်ရတဲ့အမှုပါ။ ထိခိုက်နစ်နာသူတွေအတွက် ကျနော့်ဝမ်းနည်းစကားကို ရင်ထဲကနေ ပြောပါရစေ။ ဒဏ်ရာရတဲ့သူတွေ အမြန်ဆုံး ပြန်နာလန်ထနိုင်ကြပါစေလို့လည်း မျှော်လင့်နေမိပါတယ်” ဟု ပြောသည်။
ဘယ်လိုဖြစ်ပျက်ခဲ့တာလဲ
ယင်းတိုက်ခိုက်မှုဖြစ်စဉ်သည် အင်္ဂ ါနေ့ ဒေသစံတော်ချိန် နံနက် ၈ နာရီ၌ ပန်းခြံတခြံ နှင့် ရထားဘူတာရုံတရုံ အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ပုဂ္ဂလိက ကက်သလစ် ကျောင်းတကျောင်းဖြစ်သည့် ကာရီတက် မူလတန်းကျောင်း အနီးတွင် ဘတ်စ်ကား စောင့်ဆိုင်းနေသော ကျောင်းသားတစု ရှိနေချိန် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တန်းစီးစောင့်ဆိုင်းနေသော ကျောင်းသား၊ ကျောင်းသူများ အနီးသို့ လူတဦး ချဉ်းကပ်သွားသည်ကို မိမိမြင်ခဲ့ရကြောင်း ကာရီတက် ဘတ်စ်ကား ယာဉ်မောင်းက NHK သတင်းဌာနသို့ ပြောသည်။
ချဉ်းကပ်သွားသူသည် ကျောင်းသား ကလေးသူငယ်များကို ဓားဖြင့် စတင်တိုက်ခိုက်ခဲ့ပြီးနောက် ဘတ်စ်ကားပေါ်သို့လည်း ခုန်တက်ကာ လိုက်ပါစီးနင်းလာသူ ကလေးသူငယ်များကို ဆက်လက်တိုက်ခိုက်ခဲ့ကြောင်း ဘီဘီသတင်းဌာနမှ ဂျပန်ဌာနေ သတင်းထောက် ရူပက်ဝင်းဖီးလ်ဟေးယက်စ်၏ သတင်းပေးပို့ချက်အရ သိရသည်။
အခင်းဖြစ်ပွားနေစဉ်အတွင်း “မင်းတို့ကို သတ်ဖို့ ငါလာပြီ” ဟု လူတယောက် အော်ဟစ်ကြိမ်းမောင်းသံ ကြားခဲ့ရကြောင်း ကျိုဒိုသတင်းဌာနက ဆိုသည်။
၎င်းကို ရဲက ဖမ်းဆီးနိုင်ခဲ့ပြီး နောက်ပိုင်းတွင် ဆေးရုံ၌ သေဆုံးသွားခဲ့သည်။
အခင်းဖြစ်ပွားရာသို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ရောက်ရှိလာပြီး ဒဏ်ရာရသူများအတွက် ဆေးကုသရေး ယာယီရွက်ဖျင်တဲ နေရာချခဲ့သည်။
ဒေသခံပြည်သူများသည် အခင်းဖြစ်ပွားရာ အနီးသို့ ယခုစတင်ရောက်ရှိလာပြီး ထိခိုက်သေကြေခဲ့ရသူများအတွက် ဝမ်းနည်းသည့် အထိမ်းအမှတ်အဖြစ် ပန်းများ လာချထားကြသည်။
၎င်း၏နိုင်ငံတော် ခရီးစဉ် နောက်ဆုံးနေ့အဖြစ် ဂျပန်သို့ ရောက်ရှိနေသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ထိခိုက် သေကြေခဲ့ရသူများ အတွက် စာနာထောက်ထားကြောင်းနှင့် ဆုတောင်းမေတ္တာပို့သပါကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။
ဂျပန်မှာ အဲဒီလိုအဖြစ်အပျက်မျိုး ဘယ်လိုအများဆုံးဖြစ်တတ်လဲ
ကမ္ဘာပေါ်တွင် အကြမ်းဖက်ရာဇဝတ်မှု အနည်းဆုံး နိုင်ငံတနိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံတွင် ယင်းကဲ့သို့ဖြစ်စဉ်မှာ ကြုံတောင့်ကြုံခဲဖြစ်သည်။
ဘီဘီစီ၏ဌာန သတင်းထောက် အဆိုအရ ဂျပန်နိုင်ငံတွင် အလွန်ဘေးကင်း စိတ်ချရ၍ ၎င်း၏အိမ်နီးချင်းများသည် အသက် ၄ နှစ်ခန့် ကလေးငယ်များကိုပင် ၎င်းတို့ဘာသာ ကျောင်းသို့သွားစေသည်ကို အများအားဖြင့် တွေ့ရကြောင်း သိရသည်။
သို့ရာတွင် မကြားသေးမီ နှစ်များက အနီးကပ် တိုက်ခိုက်မှုများတွင် ဓါးများပါလာခဲ့သည်။
၂၀၁၆ ခုနှစ်က စိတ်ပိုင်းဆိုင်ရာ ချို့တဲ့သူများ ကုသမှုဌာနတွင် ၎င်းဌာနလုပ်သားဟောင်း တဦး ဓါးချက်ကြောင့် လူ ၁၉ ဦးသေဆုံးခဲ့ရသည်။ ယင်းသို့ စိတ်ကျန်းမာရေး ချို့တဲ့နေသူများကို ၎င်းရှေ့တွင် မမြင်စေလိုသည့်ဆန္ဒဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ကျူးလွန်သူက ဆိုခဲ့သည်။
၂၀၀၁ ခုနှစ်က အိုဆာကာမြို့ရှိ မူလတန်းကျောင်း တကျောင်း အတွင်းသို့ လူတဦးဝင်ရောက်သတ်ဖြတ်ခဲ့သဖြင့် ကျောင်းသား ၈ ဦး သေဆုံးခဲ့ဖူးသည်။
BBC သတင်းဌာတွင် ဖော်ပြထားသော Japan attack: Child among three dead in Kawasaki stabbing ကို ဘာသာပြန် ဖော်ပြခြင်း ဖြစ်သည်။
You May Also Like These Stories:
သွေးသွင်းစဉ် HIV ပိုးကူးစက်သွားသော လူနာအကြောင်း ဝန်ခံလိုက်တဲ့ ထိုင်းဆေးရုံ
သေသင့်၊ မသေသင့် Instagram မှာ မဲပေးခိုင်းပြီးနောက် ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့ မိန်းကလေး