သတင်း

ရခိုင်အရေး မြန်မာအပေါ် နိုင်ငံတကာ၏ ဖိအားပေးမှုများ ဂျပန်လက်မခံ

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်အရေး ပြဿနာများ ဖြေရှင်းဆောင်ရွက်ရာတွင် နိုင်ငံတကာမှ ဖိအားပေး၊ အရေးယူမှုများအား သဘောမတူနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ မာရူယာမ က ပြောသည်။

၂၀၁၇ ခုနှစ်အတွင်း အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) အဖွဲ့မှ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ် ခဲ့ပြီးနောက် ပဋိပက္ခများ ကြီးမားလာခဲ့ပြီး ဘင်္ဂါလီ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်သို့ ထွက်ပြေးခဲ့ရမှုတွင် ကုလ သမဂ္ဂနှင့် ဥရောပနိုင်ငံများက မြန်မာနိုင်ငံအပေါ် ဖိအားပေး ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့ကြသည်။

မစ္စတာ မာရူယာမ က “ရခိုင်ပြည်နယ်ကိစ္စကို အရေး ယူဖိအားပေးပြီး အကောင်းဘက်ကို သွားနိုင်မယ်၊ ဖြေ ရှင်းနိုင်မယ်ဆိုရင် ကျနော်တို့ ဂျပန်အစိုးရလဲ အရေးယူပါမယ်၊ ဖိအားပေးပါမယ်၊ ဒါပေမယ့် အဲ့ဒီလိုလုပ်ရင် အ ခြေအနေက ပိုပြီးရှုပ်သွားပါမယ်။ အဲ့ဒီနည်းမဟုတ်ဘဲ တခြားနည်းနဲ့ ပြေလည်အောင် ဖြေရှင်းမယ်ဆိုတာက ဂျပန်အစိုးရရဲ့ ရပ်တည်ချက်ဖြစ်ပါတယ်” ဟု ပြောသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများနှင့် ပတ်သက်၍ နိုဘယ်ဆုအား ရုတ်သိမ်းရန်အထိ တောင်းဆိုခံရမှုများရှိခဲ့သည့်အပြင် အဖွဲ့အစည်းအချို့မှ ပေးအပ်ခဲ့သည် လူ့အခွင့်အရေးဆိုင်ရာ ဂုဏ်ပြုဆုများ ရုတ်သိမ်းခံခဲ့ရသည်။

အမေရိကန်နိုင်ငံ၏ ပိတ်ဆို့အရေးယူမှု စာရင်းတွင် ရခိုင်ပြည်နယ်ပြသနာနှင့်ပတ်သက်၍ တပ်မတော် ခေါင်းဆောင် အချို့အား တဦးချင်း သီးခြားပိတ်ဆို့ အရေးယူများ ပြုလုပ်ခဲ့သည့်အပြင် ဥရောပနိုင်ငံ အချို့ကလည်း လူမျိုးတုန်းသတ်ဖြတ်မှု အဖြစ် ပြစ်တင်ရှုတ်ချကာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှ အရေးယူ ဆောင်ရွက်ရန် အထိ ဖိအားပေးမှုများရှိခဲ့သည်။

မြန်မာအစိုးရအနေဖြင့် ရခိုင်ပြည်နယ်မှ စွန့်ခွာထွက်ပြေးခဲ့သည့် ဘင်္ဂါလီများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် များအတွက် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့နှင့် ပူးပေါင်း ဆောင်ရွက်ရေး အတွက် တနှစ်သက်တမ်းတိုး နားလည်းမှုစာချွန်လွှာအား မေလ ၂၈ ရက်နေ့က နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

ယင်းသဘောတူညီမှုအား အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် ကွင်းဆင်း အကဲဖြတ်ဆောင်ရွက်ရန် ကျေးရွာအုပ်စုများ အတည်ပြုပြီးဖြစ်ကြောင်းနှင့် နေရပ်စွန့်ခွာသူများ ပြန်လက်လက်ခံရေး၊ နေရာချထားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် နီးကပ်စွာ ဆက်လက်ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက လက်မှတ်ရေးထိုးပွဲတွင် ပြောကြားခဲ့သည်။

ယင်းသို့ ကုလသမဂ္ဂအဖွဲ့များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ခြင်းအပေါ် ကောင်းမွန်သည့်အချက်တခုအနေ ဖြင့် ရှုမြင်ပြီး ပူးပေါင်းဆောင်ရွက်မှုများ အတွင်း ပါဝင်ကူညီဆောင်ရွက်သွားမည်မှာ ဂျပန်အစိုးရ၏ ရပ် တည်ချက်ပင်ဖြစ်ကြောင်းလည်း မစ္စတာ မာရူယာမ က ဆိုသည်။

မစ္စတာ မာရူယာမ က “ဟိုဘက်ကလူတွေ ပြန်လာနိုင်ဖို့ မြန်မာအစိုးရက ကြိုးပမ်းနေတယ်ဆိုတာက ကျနော် အတည်ပြုပါတယ်၊ ဒါပေမယ့် နိုင်ငံတကာက အတည်မပြုရသေးပါဘူး၊ အဲ့ဒီအဆင့်မရောက်သေးပါဘူး၊ ဝေဖန် နေတာတွေရှိနေပါသေးတယ်၊ ပါးစပ်ကပြောနေယုံနဲ့ နိုင်ငံတကာက အတည်ပြုလက်ခံမှာမဟုတ်ပါဘူး၊ ကုလ သမဂ္ဂအဖွဲ့ အစည်းတွေနဲ့ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်” ဟု သုံးသပ်ပြောကြားသည်။

ARSA ၏ အကြမ်းဖက်တိုက်ခိုက်မှု နောက်ဆက်တွဲ ပဋိပက္ခများအတွင်း နေရပ်စွန့်ခွာသူများ၏ ဒုက္ခသည်စခန်း များနှင့် ရက္ခိုင်စစ်တပ် (AA) နှင့် တပ်မတော်အကြား တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသည့် ဒေသခံများ၏ ဒုက္ခသည်စခန်းများ ရခိုင်ပြည်နယ်အတွင်း ရှိနေသည်။

ယင်းဒုက္ခစခန်းများပိတ်သိမ်းနိုင်ရေး ကြိုးပမ်းနေသည့် မြန်မာအစိုးရအနေဖြင့် အခက်အခဲများရှိမည်ကို နား လည်သော်လည်း ထိုသို့ဆောင်ရွက်နေမှုများအပေါ် ပြည်သူလူထုနှင့် နိုင်ငံတကာသိရှိနားလည်အောင် ဆောင် ရွက်ရမည်ဖြစ်ပြီး ဒုက္ခသည်စခန်းများ ပိတ်သိမ်းရေးနှင့် တဖက်နိုင်ငံသို့ ထွက်ပြေးခဲ့သူများ ပြန်လည်ဝင်ရောက် လာရေးအတွက်လည်း အခြေအနေကောင်းများကို ဖန်းတီးဆောင်ရွက်ရန် ဂျပန်အစိုးရအနေဖြင့် ပူးပေါင်းကူညီ နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းလျှက်ရှိကြောင်းသိရသည်။

ရခိုင်ပြည်နယ်အတွင်း အခြေအနေများ၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များနှင့် ပတ်သက် ပြီး အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ (ASEAN-ERAT) အဖွဲ့၏ ကနဦးလိုအပ်ချက် လေ့လာဆန်းစစ်ချက် အစီအရင်ခံစားကိုလည်း ၂၀၁၉ ခုနှစ် ဇွန်လတွင် ကျင်းပမည့် အာဆီယံထိပ်သီး အစည်း အဝေးတွင် တင်ပြရန်စီစဉ်ထားကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာထားသည်။

အာဆီယံအနေဖြင့် မြန်မာနိုင်ငံမှ ဆောင်ရွက်လျှက်ရှိသည့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ရေရှည်ဖွံ့ ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အာဆီယံအတွင်းရေးမှူးချုပ် ဒါတိုလင် ကျောက်ဟွိုင်က မေလ ၂၇ ရက်နေ့က ကျင်းပသည့် အစည်းအဝေးတွင် ပြောထားသည်။

You May Also Like These Stories:

မြန်မာနိုင်ငံသည် ISIS ၏ ပစ်မှတ်တခု ဖြစ်လာဟု သမ္မတရုံး ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading