သတင်း

ဟန်ဂေရီမှာ မော်တော်ဘုတ် နစ်မြုပ်မှုကြောင့် တောင်ကိုးရီးယား ၇ ဦး သေဆုံး

Want create site? Find Free WordPress Themes and plugins.

ခရီးသွား မော်တော်ဘုတ် နစ်မြုပ်မှုကြောင့် တောင်ကိုးရီးယားနိုင်ငံသား ၇ ဦး သေဆုံးပြီး ၁၉ ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ အဲဒီ ယာဉ်ဟာ ဟန်ဂေရီနိုင်ငံ၊ Budapest မြို့အနီးတဝိုက်မှာ ရှုခင်းကြည့်ဖို့ ထွက်လာတဲ့ မော်တော်ဘုတ်ဖြစ်တယ်လို့ ဟန်ဂေရီနဲ့ တောင်ကိုးရီးယား အစိုးရတို့က တရားဝင် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

မေလ ၂၉ ရက်နေ့က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် နစ်မြုပ်ရတာ ဖြစ်တယ်လို့ ဒေသခံသတင်းဌာနတွေက ပြောပါတယ်။ ဆိုးလ်မြို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အဲဒီယာဉ်ပေါ်မှာ တောင်ကိုးရီးယားနိုင်ငံသား ၃၃ ဦး ပါရှိပြီး သေဆုံးသူ ၇ ဦးဟာ တောင်ကိုးရီးယားနိုင်ငံသားတွေ ဖြစ်ကြောင်း အတည်ပြုထားပါတယ်။

ဟန်ဂေရီနိုင်ငံ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ Pal Gyorfi က ဒဏ်ရာရရှိသူ ၇ ဦးကို ဆေးရုံပို့ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ပျောက်ဆုံးနေသူတွေကိုတော့ ရေငုပ်ရှာဖွေခြင်းတွေ ပြုလုပ်နေပြီး ရေစီးသန်မှု၊ ရေတက်မှုနဲ့ မကြာခဏ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ရှာဖွေရေးမှာ ပြဿနာတွေ ရှိနေတယ်လို့လည်း ဒေသခံ သတင်းဌာနတွေက ပြောပါတယ်။

တောင်ကိုးရီးယားနိုင်ငံ သမ္မတဖြစ်သူ Moon Jae-in ကတော့ ထောက်ပံ့မှု ရနိုင်သလောက်သုံးပြီး ပျောက်ဆုံးနေသူတွေကို ရှာဖွေမှာ ဖြစ်ကြောင်းနဲ့ တောင်ကိုးရီးယားမှာ ရှိတဲ့ ကယ်ဆယ်ရေးအဖွဲ့ ၁၈ ဖွဲ့ကိုလည်း ဟန်ဂေရီနိုင်ငံကို ပို့လွှတ်သွားမှာ ဖြစ်ကြောင့် တောင်ကိုးရီးယား နိုင်ငံပိုင်သတင်းစာတွေမှာ ဖြေကြားထားပါတယ်။

You may also like  these stories:

သီပေါတွင် တွေ့သော အလောင်းသည် ပျောက်ဆုံး ကိုရီးယား အမျိုးသမီး မဟုတ်

 

Did you find apk for android? You can find new Free Android Games and apps.
Loading