သတင်း

ဦးဝီရသူအား ဝရမ်းထုတ်ခြင်း မတရားဟု ဝန်းရံသူများတုံ့ပြန်

Want create site? Find Free WordPress Themes and plugins.

မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝိစိတ္တာဘိဝံသ (ဦးဝီရသူ) အား နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် ပုဒ်မတပ် ဝရမ်းထုတ်ခြင်းမှာ တရားမျှတမှုမရှိကြောင်း ၎င်းအားဝန်ရံထောက်ခံသူများက ပြောသည်။

ဦးဝီရသူအား ဝန်းရံသူ ဦးဝင်ကိုကိုလတ် က  “အမှုဖွင့်တာ မတရားဘူးပေါ့ဗျာ။ ဆရာတော်က နိုင်ငံတော်ကို ပုန် ကန်တာမှ မဟုတ်တာ။ အမျိုးဘာသာ သာသနာအတွက် မြန်မာပြည်သူ ပြည်သားတွေ အတွက် သူပြောသင့် ပြောထိုက်တာတွေကို ပြောတာဖြစ်ပါတယ်။ နိုင်ငံတော်ပုန်ကန်တဲ့ အနေအထားမျိုးအထိ ပုဒ်မနဲ့စွဲတယ်ဆိုတာ  တော့ လွန်တာပေါ့၊ မတရားဘူးပေါ့ဗျာ။ တရားစွဲဆိုတဲ့သူ လွန်တာပေါ့ဗျာ”ဟု ပြောသည်။

ဦးဝီရသူ၏ ဟောပြောမှုများနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း၊ အနောက်ပိုင်းခရိုင်၊ ဒုခရိုင် အုပ်ချုပ်ရေးမှူး ဦးဆန်း မင်း က အရေးယူပေးရန် ဦးတိုက်လျှောက်ထားလာမှုအပေါ် အနောက်ပိုင်းခရိုင်တရားရုံးက ဖမ်းဝရမ် ထုတ် ထားခြင်းဖြစ်သည်။

ဦးဝီရသူအား ဝရမ်းထုတ်ထားသည့် ပုဒ်မ ၁၂၄ (က) သည် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၇ ရက်နေ့က ရာဇသတ်ကြီး ဥပဒေအား ပြင်ဆင်သည့် ဥပဒေအရ ပြစ်မှုထင်ရှားသူအား ငွေဒဏ်နှင့်တကွ နှစ် ၂၀ အထိထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်နှင့်တကွ ၇ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်သက်သက်ဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း ပြဌာန်း ထားသည်။

ဦးဝီရသူအား ဝန်းရံသူများအနေဖြင့် ယနေ့မွန်းလွဲပိုင်းကလည်း ရန်ကုန်တိုင်း သံဃနာယကရုံးရှေ့တွင် စုရုံးခဲ့ကြ ပြီးနောက် ရွှေတိဂုံဘုရားပေါ်တွင် ဦးဝီရသူ ဘေးကင်းရေး ဆုတောင်းမှုများပြုလုပ်ခဲ့ကြကြောင်း အဖွဲ့ဦးဆောင် သူ တိုက်ကြီးဆရာတော် ဦးဇနိက က မိန့်သည်။

ဦးဇနိက က “အဲ့ဒီဟောပြောချက်တွေက သာသနာညိုးနွမ်းတယ်ဆိုရင် ဦးဝီရသူ တပါးတည်းမဟုတ်ဘူးလေ။ တခြားဘုန်းကြီးတွေလဲ ရှိသေးတယ်လေ။ ဥပမာ ရွှေညဝါဆိုသူ့ထက်တောင် ကြမ်းသေးတယ်။ မဟန တောင် ငါနဲ့ ကိုင်တုတ်သွားတာ။ သူ့ကျတော့ ဘာဖြစ်လို့ သာသနာညိုးနွမ်းမှုနဲ့ ပုဒ်မ မတပ်လဲ” ဟု တရားစွဲထားမှုအား ဝေဖန်ခဲ့သည်။

၎င်းတို့စုရုံးစဉ် ဦးဝီရသူအား ထောက်ခံသူအချို့က တိုင်းသံဃနာယကရုံး နံရံတွင် “ အမျိုးသားရေး ဖိနှိပ်မှုကို ဆန့်ကျင်ကြ”၊ “နိုင်ငံခြားသား  အတိုင်ပင်ခံများ တိုင်းပြည်တွင်းက ထွက်သွား” ဟူသည့် စာသားပါ စာရွက်များ ကပ်ခဲ့သည်ကိုလည်း တွေ့ရသည်။

ဦးဝီရသူအနေဖြင့် တရားစွဲထားမှုအား အဖမ်းခံမည်ဖြစ်ကြောင်း မီဒီယာများထံ ပြောကြားထားသော်လည်း ယနေ့မွန်းလွဲပိုင်းအထိ ဖမ်းဆီးခံရခြင်းမရှိသေးကြောင်း သိရပြီး ရဲတပ်ဖွဲ့ကလည်း ရှာဖွေလျှက်ရှိကြောင်း ရဲမှူးကြီး မျိုးသူစိုးက ဧရာဝတီသို့ပြောထားသည်။

ယမန်နေ့ မေလ ၂၉ ရက်နေ့ကလည်း ၎င်းနေထိုင်သည့် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မစိုး ရိမ် တိုက်သစ်အတွင်းရှိ ဓမ္မသဟာယကျောင်းသို့ ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့သော်လည်း ဖမ်းမိခဲ့ခြင်းမရှိ ကြောင်း သိရသည်။

ဦးဝီရသူ တရားစွဲခံရခြင်းနှင့်ပတ်သက်ပြီး တရားမျှတမှုကို အလိုရှိကြောင်းနှင့် ဥပဒေနှင့်အညီသာ ငြိမ်းငြိမ်းချမ်း ချမ်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းအား ဝန်းရံထောက်ခံသူများက ပြောသည်။

ဆက်စပ်ဖတ်ရှူရန် – ရဲတပ်ဖွဲ့က ဦးဝီရသူကို ရန်ကုန်မြို့တွင် လိုက်လံ ရှာဖွေနေ

အဖမ်းခံမည်ဟု ဦးဝီရသူ ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading