• English
Tuesday, June 17, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တပ်မတော် အပစ်ရပ်စာချုပ်ကို ချိုးဖောက်နေဟု NSCN-K ပြော

by ချစ်မင်းထွန်း
31 May 2019
in သတင်း
A A
NSCN-K လှုပ်ရှားနယ်မြေအတွင်း တပ်မတော်က ဝင်ရောက်ရှင်းလင်းပြီးရာမှ သိမ်းဆည်းခဲ့သော မှတ်တမ်းများ / တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး

NSCN-K လှုပ်ရှားနယ်မြေအတွင်း တပ်မတော်က ဝင်ရောက်ရှင်းလင်းပြီးရာမှ သိမ်းဆည်းခဲ့သော မှတ်တမ်းများ / တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး

20.4k
VIEWS
Share on FacebookShare on Twitter

မြန်မာ့တပ်မတော်သည် ပဏာမ အပစ်အခတ်ရပ်စဲရေးစာချုပ်ပါ သဘောတူညီချက်များကို ချိုးဖောက်ပြီး နာဂဒေသတွင် စစ်ပွဲ ဖန်တီးနေသည်ဟု နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ-ကပ္ပလန် (NSCN-K) က သတင်း ထုတ်ပြန်သည်။

NSCN/GPRN က မြန်မာ့တပ်မတော်သည် မိမိတို့ နာဂတပ်ဌာနချုပ်ကို ယခုနှစ် ဇန်နဝါရီ ၂၉ ရက်က ဝင် ရောက်လာခဲ့ပြီး နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်ခဲ့ပြီး နာဂဒေသတွင် စစ်ပွဲဖြစ်အောင် ဖန်တီးနေကြောင်း မေ ၃၀ ရက်စွဲဖြင့်ထုတ်ပြန်ထားသော သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

RelatedPosts

ချင်းမိုင်မှာလုပ်မယ့် မြန်မာ့အရေးဆွေးနွေးပွဲ ပျက်ဟုဆို (ရုပ်/သံ)

ချင်းမိုင်မှာလုပ်မယ့် မြန်မာ့အရေးဆွေးနွေးပွဲ ပျက်ဟုဆို (ရုပ်/သံ)

16 June 2025
96
ဖယ်ခုံ ဘက ကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့တိုက် (ရုပ်/သံ)

ဖယ်ခုံ ဘက ကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့တိုက် (ရုပ်/သံ)

16 June 2025
49
ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့ ဆုတောင်းစကားများ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့ ဆုတောင်းစကားများ (ရုပ်/သံ)

16 June 2025
37

NSCN/GPRN ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး ဂျိုးဇက်လမ်ကန် က “အခု လတ်တလောမှာ မြန်မာ့ တပ်မတော်က နာဂဒေသတဝိုက်မှာ တပ်တွေ၊ အမြောက်တွေ၊ အများကြီး ဖြန့်ချပြီးတော့ စစ်ပွဲလိုမျိုး အခြေ အနေတွေ ဖန်တီးနေတဲ့အတွက် နာဂပြည်သူတွေကြားမှာ ကသောင်းကနင်းနဲ့ ရတက်မအေး ဖြစ်နေရပါတယ်” ဟု ဆိုထားသည်။

ထို့ပြင် ပြီးခဲ့သည့် ရက်ပိုင်းက မြန်မာ့တပ်မတော်သည် အမြောက်များ၊ လက်နက်ကြီးများနှင့် ကွန်ညက်ဒေ သက တောထဲနှင့် လူနေထိုင်သည့် နေရာများထဲသို့ ပစ်၍ တော်လှန်ရေး လုပ်နေသူများအပြင် အများပြည်သူ များ အထိတ်တလန့်ဖြစ်အောင် ဆောင်ရွက်နေကြောင်းလည်း ဆိုထားသည်။

NSCN/GPRN ၏ စွပ်စွဲချက်နှင့် ပတ်သက်ပြီး တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူး ချုပ် ဇော်မင်းထွန်း က မိမိတို့အနေဖြင့် အပစ်ရပ်စာချုပ်ကို ချိုးဖောက်ခြင်းမရှိကြောင်း၊ NSCN-K က အိမ်နီးချင်း နိုင်ငံကို ဆန့်ကျင်နေသော သူပုန်များကို ခိုအောင်းခွင့်ပေးခဲ့ခြင်းကြောင့် ဝင်ရောက် ထိန်းသိမ်းခြင်းဖြစ်ကြောင်း၊ စစ်ပွဲကိုလည်း မိမိတို့ ဖန်တီးခြင်းမရှိကြောင်း၊ နာဂဒေသတွင် လက်နက်ကြီးနှင့် အမြောက်များ တပ်ဆင် ထားခြင်းမရှိဘဲ ခြေမြန်တပ်ရင်းများဖြင့်သာ နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း ဆိုသည်။

ဗိုလ်မှူး ချုပ် ဇော်မင်းထွန်း က “ကျနော်တို့ ဖန်တီးခဲ့တာ မရှိပါဘူးဗျ၊ အဓိကက သူတို့ ဖန်တီးတဲ့ဟာ သူတို့ဖန်တီး တာပဲ။ အရင်က ဒီဒေသကြီးမှာ ကျနော်တို့ ငြိမ်းငြိမ်း ချမ်းချမ်းနေခဲ့တာ တဖက်နိုင်ငံကို ဆန့်ကျင် နေတဲ့ အဖွဲ့အစည်းတွေကို သူတို့ လက်ခံထားတာမျိုး၊ သင်တန်းပေးတာတွေ၊ စခန်း ဆောက်တာတွေကို လက်ခံထားခဲ့တယ်။ အဲကနေ ပြဿနာက စခဲ့တာ ဖြစ်တယ်။ အဲဘက်ကနေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ချိုးဖောက်တဲ့အတွက် ကျနော်တို့က ဝင်ရောက် ထိန်းသိမ်းရခြင်း ဖြစ်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

မြန်မာနှင့် အိန္ဒိယနိုင်ငံတို့သည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေး မူကြီး (၅) ရပ်ကို သဘောတူ ထား ကြောင်း၊ မိမိတို့ နိုင်ငံအတွင်း အခြေချပြီး မည်သည့် အိမ်နီးချင်း နိုင်ငံကိုဖြစ်စေ ဆန့်ကျင်နေသော လုပ်ရပ် များကို ခွင့်မပြုနိုင်ကြောင်း၊ ထို့ကြောင့်လည်း NSCN-K နယ်မြေမှာ ဝင်ရောက် ထိန်းချုပ်ရခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ထပ်လောင်း ပြောဆိုသည်။

လက်ရှိတွင် တပ်မတော်သည် NSCN-K ၏ တကားဒေသရှိ ဗဟိုဌာနချုပ်ကို ယခုနှစ် ဇန်နဝါရီ ၂၉ ရက်မှ စတင်၍ ယနေ့ချိန်ထိ ထိန်းချုပ်ထားပြီး NSCN-K မှ ခေါင်းဆောင် (၅) ဦးကိုလည်း ဖမ်းဆီး၍ ခန္တီးခရိုင်ရဲတပ်ဖွဲ့ မှူးရုံးတွင် ပုဒ်မ ၁၇/၁ ဖြင့် အမှုဖွင့် တရားစွဲဆိုထားသည်။

အလားတူ အာသံနှင့် ကသည်း သူပုန်များဖြစ်သည့် မဏိပူရ် ပြည်သူ့တပ် (MPA)၊ ညီညွတ်သော အမျိုးသား လွတ်မြောက်ရေး တပ်ဦး (UNLF)၊ Kanglei Yawol Kanna Lup (KYKL)၊ People’s Liberate Army (PLA)၊ PREPAK ကသည်းသူပုန် People’s Revolutionary Party of Kangleipak စသည့် အဖွဲ့များမှ အဖွဲ့ဝင် ၂၄ ဦးကိုလည်း ဖမ်းဆီးကာ ပုဒ်မ ၁၇/၁ ဖြင့် အမှုဖွင့် တိုင်ကြားခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်၊ မေ ၁၅ ရက်တွင် ထောင်ဒဏ် ၂ နှစ်စီ ကျခံစေရန် ခန္တီးခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့သည်။

NSCN-K ကတော့ မြန်မာ့တပ်မတော်သည် တကားဒေသရှိ NSCN ဗဟိုဌာန ချုပ်နှင့် လမ်းကြောင်းများကို ပိတ်ဆိုခဲ့ခြင်းနှင့် NSCN-K မှ ထိပ်သီးခေါင်းဆောင်များ ဖမ်းဆီးပြီး ခန္တီးထောင်တွင် ချုပ်ထားခြင်းက အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

NSCN/GPRN မှ ဗိုလ်မှူး ဂျိုးဇက်လမ်ကန် က “မြန်မာ့တပ်မတော်ရဲ့အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တပ်ရင်း ၈ ရင်းကနေ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်မှာ တာကားကောင်စီ ဌာနချုပ်နဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့ခဲ့တာဟာ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို အတိအလင်း ချိုးဖောက်တာပဲဖြစ်ပါတယ်။ ဒီလိုဖရိုဖရဲ ဖြစ်နေ တဲ့ကြားမှာ ထိပ်တန်းခေါင်းဆောင် တချို့နဲ့ နာဂတပ် အမာခံတွေကို မြန်မာစစ်တပ်က ဖမ်းသွားပါ သေးတယ်။ သူတို့ကို ဒီနေ့အထိ ခန္တီးထောင်မှာ ချုပ်ထားပါ တယ်” ဟု ထုတ်ပြန်ချက်တွင် ပြောထားသည်။

NSCN-K နှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရတို့သည် တိုင်းဒေသကြီးအဆင့် (Bilateral) အပစ်အခတ်ရပ်စဲရေး စာချုပ်ကို ၂၀၁၂ ခုနှစ်၊ ဧပြီ ၉ ရက်က လက်မှတ်ထိုးထားသည်။

အဆိုပါ သဘောတူညီချက်တွင် တပ်မတော်နှင့် နာဂလက်နက်ကိုင် (NSCN-K) အဖွဲ့တို့သည် ၂၀၁၂ ခုနှစ်၊ ဧပြီ ၉ ရက်နေ့မှစ၍ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု များကို ရပ်ဆိုင်းထားရန်၊ နှစ်ဦး နှစ်ဖက် အပြန် အလှန် ပြောဆို၊ ဆက်ဆံ၊ ဆွေးနွေးမှုများပြုလုပ်နိုင်ရန် အတွက် NSCN-K အဖွဲ့၏ ဆက်ဆံရေးရုံးကို နှစ်ဖက် သဘောတူညီသော ခန္တီးမြို့တွင် ဖွင့်လှစ်ရန်၊ အပစ်အခတ် ရပ်ဆိုင်းထားစဉ်ကာလအတွင်း နှစ်ဦး နှစ်ဖက် သဘောတူညီထားသော နေရာများမှအပ နယ်မြေ ကျော်လွန်၍ လက်နက်ကိုင်ဆောင်သွားလာမှုများကို နှစ်ဖက် ကြိုတင်ညှိနှိုင်းပြီးမှ ဆောင်ရွက်ရန်တို့ ပါရှိသည်။

ထို့ပြင် အပစ်အခတ်ရပ်စဲထားစဉ် ကာလအတွင်း NSCN-K အဖွဲ့အား လက်နက်ကိုင်ဆောင်ခြင်း မပြုဘဲ မြန်မာနိုင်ငံ အတွင်း လွတ်လပ်စွာ ခရီးသွားလာခွင့်ပြုရန်၊ ပြည်ထောင်စုအစိုးရက ဖွဲ့စည်းသည့် ငြိမ်းချမ်း ရေး ဖော်ဆောင်ရွက်အဖွဲ့နှင့် NSCN-K အဖွဲ့မှ ဖွဲ့စည်းသည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့များသည် နှစ်ဦး နှစ်ဖက် သဘောတူညီသောနေရာ၊ သဘောတူညီသော အချိန်ကာလတွင် နာဂဒေသအတွင်း တည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးစသည့် ကိစ္စရပ်များ ဖော်ဆောင်နိုင်ရေးအတွက် ဆက်လက်တင်ပြ ညှိနှိုင်း ဆွေးနွေးကြရန်ဆိုသော အချက်များ ပါရှိကြောင်း သိရသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “ ဘာလို့ တရားစွဲရလည်းဆိုရင် တခြားနိုင်ငံကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းကို ကျနော်တို့ နိုင်ငံအတွင်းထဲမှာ လက်ခံထားတာ၊ အဲဒီအပစ်အခတ်ရပ်စဲထားတဲ့ ကာလအတွင်းမှာ မြန်မာနိုင်ငံ အတွင်းမှာ လက်နက်ကိုင် ဆောင်ခြင်းမရှိဘဲ လွတ်လပ်စွာ သွားလာခွင့်ရှိတယ်လို့ နောက်ပြီးတော့ နှစ်ဦး နှစ် ဖက် သဘောတူညီထားသော နေရာများမှအပ နယ်မြေကျော်လွန်ပြီး လက်နက်ကိုင်ဆောင်မှုကို နှစ်ဦး နှစ်ဖက် က ကြိုတင် ညှိနှိုင်းပြီးမှ ဆောင်ရွက်ရန်လို့ ကျနော်တို့ပါတယ်၊ ပါတဲ့အထဲမှာမှ သူတို့တင် အဲအထဲမှာ နေပြီး လက်နက်ကိုင် တာမဟုတ် ဘဲနဲ့ တခြားအဖွဲ့တွေပါ ခေါ်သွင်းပြီး လက်ခံထားတဲ့အတွက်ကြောင့် ကျနော်တို့ ဆောင်ရွက်ရတာဖြစ်တယ်” ဟု ပြောသည်။

တပ်မတော်နှင့် NSCN-K ကြား ရှုပ်ထွေးသော ပဋိပက္ခဖြစ်နေစဉ်မှာဘဲ အိန္ဒိယ- မြန်မာနယ်စပ် ဘီဘီ ၁၄၉ ပတ်ဝန်းကျင်အနီးမှာ မေ ၁၆-၁၇ ရက်များက တိုက်ပွဲ ဖြစ်ပွားခဲ့ကြသေးသည်။

ထိုတိုက်ပွဲ ဖြစ်စဉ်ကို တပ်မတော်ဘက်က အိန္ဒိယသူပုန် ဘိုဒိုလန်းအမျိုးသား လွတ်မြောက်ရေးတပ်ဦး (NDFB) နှင့် ဖြစ်ခြင်းဟုဆိုသည်။ သို့သော် NSCN-K ဘက်ကတော့ မိမိတို့နှင့် ဖြစ်ပွားခြင်း ဖြစ်သည်ဟုဆိုသည်။

လက်ရှိ ဖြစ်ပွားနေသော ပဋိပက္ခကို ဖြေရှင်းနိုင်ရန် အတွက်ဆိုလျှင် NSCN-K အနေဖြင့် တဖက်နိုင်ငံကို ဆန့်ကျင်နေသော အဖွဲ့အစည်းများကို လက်မခံရန်လိုအပ်ပြီး NCA လမ်းကြောင်းကို ရိုးရိုးသားသား လျှောက်လှမ်းရန်နှင့် NCA ပါ သဘောတူညီချက်များကို လိုက်နာရန်လိုကြောင်း၊ တိုင်းဒေသကြီးအဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးထားသော အချက်များကို တိတိကျကျ လိုက်နာရန် လိုအပ်ကြောင်း တပ်မတော်ဘက်က ဆိုသည်။

“မြန်မာနိုင်ငံမှာ ကသည်း-အာသံ အဖွဲ့ကလူတွေ သင်တန်းတက်ပြီးတော့ ပြန်သွားတဲ့အချိန်မှာ အိန္ဒိယက မိ တယ်၊ အိန္ဒိယက ဖမ်းမိတဲ့အခါမှာ အိန္ဒိယ မီဒီယာတွေမှာလည်း တော်တော်များများ ပါလာတယ်၊ သူတို့ကို စုံစမ်း စစ်ဆေးတော့ မြန်မာနိုင်ငံတွင်းက တကားဒေသမှာ သူတို့သင်တန်းတက်သွားတယ်ဆိုတဲ့ဟာတွေ အဲလို မျိုး သင်တန်းတက်ပြီးတော့မှ ဟိုဘက်ကို ပြန်ပြီးလွတ်တာပေါ့လေ၊ အဲဒါမျိုးတွေကျတော့ ကျနော်တို့ အနေနဲ့ ဒါက ဘယ်လိုမှ လက်ခံလို့မရဘူး၊ NCA စာချုပ်အရရော နှစ်ဖက် တိုင်းဒေသကြီး သဘောတူစာချုပ်ပါ သဘော တူ ချက်တွေကို ဒါချိုးဖောက်တာဖြစ်တယ်၊ ချိုးဖောက်လို့မလို့ ကျနော်တို့ ဝင်ရောက်ပြီးတော့ ထိန်းသိမ်းရတာ ဖြစ်ပါတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောသည်။

NSCN-K သည် တိုင်းဒေသကြီးအဆင့် (Bilateral အဆင့်) အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားသော အဖွဲ့ ဖြစ်သော်လည်း အစိုးရနှင့် တပ်မတော်ဘက်က ပြည်ထောင်စု အဆင့်နှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ထိုးရန် တိုက်တွန်းလျက်ရှိသည်။
ယခု ဖြစ်ပေါ်နေသော အခြေအနေနှင့်ပတ်သက်ပြီး NSCN-K က အိန္ဒိယအစိုးရအား တစုံတရာ ပတ်သက်မှု ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ထို့ကြောင့် အိန္ဒိယအစိုးရကို အပြစ်တင်ထားသည်။

NSCN-K သည် အိန္ဒိယနှင့် မြန်မာနိုင်ငံအတွင်းရှိ နာဂတိုင်းရင်းသားများကို တစုတစည်းတည်း ဖြစ်တည်ပြီး နာဂ ပြည်ထောင်စု ထူထောင်ရေး ကြိုးပမ်းနေသော နာဂလက်နက်ကိုင်ဖြစ်ရာ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ အစိုးရလုံးက ကန့်ကွက်လျက်ရှိသည်။

ဆက်စပ်ဖတ်ရှူရန်

အာသံနှင့် ကသည်းသူပုန် ၂၄ ဦးကို ထောင် ၂ နှစ်စီ ချမှတ် 

အိန္ဒိယ သူပုန်များကို လက်ခံထား၍ နာဂ ဌာနချုပ်ကို သိမ်းကြောင်း တပ်မတော်ထုတ်ပြန် 

နာဂဒေသ၌ အာသံနှင့် ကသည်း လက်နက်ကိုင်အဖွဲ့များကို ခိုလှုံခွင့်မပေးရန် NPSC ပြော 

Your Thoughts …
Tags: NSCN-Kတပ်မတော်နာဂ
ချစ်မင်းထွန်း

ချစ်မင်းထွန်း

ဧရာဝတီ

Similar Picks:

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

by ဉာဏ်သစ်
17 November 2024
8.3k

၁၉၉၁ ခုနှစ်က တက္ကသိုလ်များတွင် ကျောင်းသား ၂၀ ရှိတိုင်း သူလျှို ၁ ယောက်ကျ ရှိသည်ဟု ခန့်မှန်းထား… လက်နက်ကိုင် တပ်ဖွဲ့များတွင်မူ စစ်သည် ၁၀ ဦး ရှိတိုင်း “သူလျှို” ၁ ဦး...

မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

by ဧရာဝတီ
22 May 2025
3.2k

ဒီနှစ်အကုန်မှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ အတင်း ကြော်ငြာထိုးပြီး မင်းအောင်လှိုင် ပြောနေတာကတော့ သူဟာ သမ္မတ အဖြစ် ရာထူး ဆက်ယူထားဖို့ကို ကြံစည်နေတာပဲ ဖြစ်ပါတယ်။

စွမ်းသေးရဲ့လား

စွမ်းသေးရဲ့လား

by မသီတာ(စမ်းချောင်း)
7 April 2025
3.1k

တပ်ထဲက တပ်မှူး၊ တပ်သား လူစွမ်းကောင်းတွေ လိုနေပါတယ်။

၂၀၂၀ နိုဝင်ဘာ လပြည့်ည အင်းလျားကန်ဘောင်ပေါ်တွင် အပန်းဖြေနေကြသူများ / ဧရာဝတီ

အင်းလျားဘေးက စစ်အာဏာသိမ်းခေါင်းဆောင်၏ အိမ်ကြီးများ

by ပေါ်ထွန်း
15 January 2022
53.1k

သူများနှင့် မတူသည်က သူသည် အိမ် ၂ လုံး ပိုင်ဆိုင်ထားသည်။

ဒီအချိန်က ဘုရားထီးသွားတင်နေရမယ့် အချိန်မဟုတ်ဘူး  (ရုပ်/သံ)

ဒီအချိန်က ဘုရားထီးသွားတင်နေရမယ့် အချိန်မဟုတ်ဘူး (ရုပ်/သံ)

by ဧရာဝတီ
12 April 2025
3k

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဇနီးဖြစ်သူ ဒေါ်ကြူကြူလှ၊ သား အောင်ပြည်စုံ၊ သမီး ခင်သိရီသက်မွန် တို့နဲ့အတူ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာရှိတဲ့ “ရွှေဘုန်းပွင့်” စေတီတော်ကို ဧပြီလ ၁၁ ရက်နေ့က မိသားစုလိုက် ရွှေထီးတော်တင်အခမ်းအနားကျင်းပခဲ့ပါတယ်။

တပ်မတော် စစ်သမိုင်း ပြတိုက်တွင် တွေ့ ရသည့် စစ်ရာထူးခန့်ထားသည့် ဇယား

တပ်မတော် ထိပ်ပိုင်းရာထူး အပြောင်းအလဲ မျိုးဆက်သစ် အရာရှိများ နေရာပေးခံရ

by ထက်နိုင်ဇော်
8 May 2020
169.5k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တက္ကသိုလ် အပတ်စဉ် ၃၅ မှဖြစ်ပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး(မန္တလေး) မဖြစ်မီ စစ်ဦးစီး အရာရှိ ဗိုလ်မှူးချုပ် တာဝန်ထမ်းဆောင်ခဲ့သူ တဦးဖြစ်သည်။

Next Post
သရုပ်ဆောင် အကယ်ဒမီ ထွန်းအိန္ဒြာဗို / ယုဖြူဟန် / ဧရာဝတီ

"ခသုံးလုံးရဲ့ တတိယမြောက်ရုပ်ရှင် ထူးပိုင်ဇော်ဦးကို အကုန်အပ်ထားတယ်"လို့ ထွန်းအိန္ဒြာဗိုပြော 

သရုပ်ဆောင် အောင်ရေချမ်း / ချစ်ပိုး / ဧရာဝတီ

"ကျနော်က စာဖတ်အားနည်းတယ်"လို့ ဝန်ခံလိုက်တဲ့ အောင်ရေချမ်း 

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

6 days ago
5.9k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

2 days ago
5.4k

Most Read

  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate