• English
Thursday, July 10, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရွှေဘိုထောင် ဆူပူမှု အကျဉ်းသားတချို့ကို ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှုဖြင့် အရေးယူမည်

by ထက်ခေါင်လင်း
31 May 2019
in သတင်း
A A
ရွှေဘိုထောင် ဆူပူမှု ဖြစ်စဉ်တွင် သေဆုံးသွားသူများ၏ရုပ်အလောင်းကို ထောင်ဘူးဝမှ သယ်ထုတ်လာစဉ်  / ဧရာဝတီ

ရွှေဘိုထောင် ဆူပူမှု ဖြစ်စဉ်တွင် သေဆုံးသွားသူများ၏ရုပ်အလောင်းကို ထောင်ဘူးဝမှ သယ်ထုတ်လာစဉ် / ဧရာဝတီ

18.3k
VIEWS
Share on FacebookShare on Twitter

ရွှေဘိုထောင် ဆူပူမှုဖြစ်စဉ်တွင် ထောင်ဆေးရုံ အပါအဝင် ထောင်တွင်းရှိ ပစ္စည်းများ ဖျက်ဆီးခဲ့သည့် အကျဉ်းသားများ ကို ပြည်သူူပိုင်ပစ္စည်း ဖျက်ဆီးမှု ပုဒ်မ ၆(၁) ဖြင့် အမှုဖွင့် အရေးယူမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အကျဉ်းဦးစီးဌာန၏ စုံစမ်းစစ်ဆေးရေး အဖွဲ့မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးစီးပြီး အစီရင်ခံစာ ရေး သား နေပြီဖြစ်ကြောင်း၊ ထောင်တွင်းရှိ ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးခဲ့ကြသည့် အကျဉ်းသား မည်မျှကို အရေးယူ မည် ကိုတော့ စိစစ်နေဆဲဖြစ်ကြောင်း အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုညွှန်မှူး ဦးမင်းထွန်းစိုးက ပြောသည်။

RelatedPosts

ဒီမိုကရေစီတိုက်ပွဲ ဘာကြောင့် ၃၇ နှစ် ကြာတာလဲ

ဒီမိုကရေစီတိုက်ပွဲ ဘာကြောင့် ၃၇ နှစ် ကြာတာလဲ

10 July 2025
187
ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ပဋိပက္ခပြင်းထန်နေ (ရုပ်/သံ)

ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ပဋိပက္ခပြင်းထန်နေ (ရုပ်/သံ)

9 July 2025
92
ICRC ကိုယ်စားလှယ် မန္တလေးရောက်နေစဉ် အိုးဘိုထောင်၌ နိုင်/ကျဉ်းတဦး ထပ်မံသေဆုံး

ICRC ကိုယ်စားလှယ် မန္တလေးရောက်နေစဉ် အိုးဘိုထောင်၌ နိုင်/ကျဉ်းတဦး ထပ်မံသေဆုံး

9 July 2025
225

ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု ပုဒ်မ ၆(၁) သည် အမြင့်ဆုံးပြစ်ဒဏ် အဖြစ် ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်သလို ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း သိရသည်။

ဦးမင်းထွန်းစိုးက“ထောင်ဆေးရုံ အပါအဝင် ထောင်ထဲမှာ ကျပ်သိန်းပေါင်း ၁၈၀၀ ဖိုးလောက်အထိ ဖျက်ဆီးခံလိုက်ရ တာ။ ဘယ်အကျဉ်းသားတွေကို အရေးယူမယ်ကိုတော့ စိစစ်နေဆဲမို့ အရေအတွက် မသိရသေးဘူး။ ဒီလိုဖြစ်စဉ်တွေ မှာ တာဝန်ယူမှု၊ တာဝန်ခံမှုအနေနဲ့ ထောင်မှူးကြီးကိုတော့ ဌာနပြောင်းလိုက်တာ။ ဖြစ်စဉ် ဖြစ်ပွားမှုအပေါ်မှာ သူ့ အား နည်းချက်လား၊ အုပ်ချုပ်ရေးပိုင်း အားနည်းချက်လား ဆိုတာလည်း စိစစ်နေဆဲပါ”ဟုလည်း သူက ဆိုသည်။

ရွှေဘိုထောင်က ဝန်ထမ်း တဦးကတော့ ထောင်တွင်း ဖျက်ဆီးမှု ဖြစ်စဉ်တွင် ပါဝင်သူ ၃၀ ထက် မနည်း ရှိနိုင်ကြောင်း ပြောသည်။

မေလ ၇ ရက်နေ့နှင့် ၈ ရက်နေ့တို့တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့် ၃ ကြိမ်အဖြစ် အကျဉ်းသား ၂၀၀၀၀ ကျော်ကို လွှတ်ပေးခဲ့ရာတွင် အကျဉ်းသားများအပေါ် တန်းတူညီမျှမှု မရှိဟု ဆိုပြီး စစ်ကိုင်းတိုင်း ကလေး ထောင်နှင့် ရွှေဘို ထောင်၊ ကရင်ပြည်နယ် ဘားအံထောင်၊ ပဲခူးတိုင်း သာယာဝတီထောင်၊ ကချင်ပြည်နယ် မြစ်ကြီးနား ထောင်၊ တနင်္သာရီတိုင်း ထားဝယ်ထောင်၊ ဧရာဝတီတိုင်း ပုသိမ်ထောင်တို့တွင် ထောင်တွင်း ဆူပူမှု ဖြစ်ပွားခဲ့သည်။

ထို ၇ ထောင်ထဲတွင် ရွှေဘိုထောင်က ပစ်ခတ် နှိမ်နင်းရသည် အထိ ဖြစ်ခဲ့ပြီး အကျဉ်းသား ၄ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာ ရခဲ့သည်။

ယင်းသို့ ထောင်တွင်း ဖြစ်ပျက်နေမှုကို အကျဉ်းသား ၂ ဦးက လူမှုကွန်ရက် (Facebook Live) မှ တိုက်ရိုက် ထုတ်လွှင့် ခဲ့သည့် အတွက် ပြည်သူများကြားတွင် ထောင်တွင်းစည်းကမ်းပိုင်း ဆိုင်ရာကို ဝေဖန်မှု ဖြစ်ပေါ်ခဲ့သည်။

ထောင်တွင်းသို့ ဖုန်းသွင်းပေးသည့် အကျဉ်းဦးစီးဌာန၏ ဝန်ထမ်းဖြစ်သူကို အကျဉ်းထောင်လက်စွဲ ဥပဒေအရ ဖုန်း ၂ လုံး သွင်းခဲ့သည့် အတွက် ထောင်ဒဏ် တနှစ်နှင့် လူမှုကွန်ရက်မှ တိုက်ရိုက် ထုတ်လွှင့်ခဲ့သည့် အကျဉ်းသား ၂ ဦးကို ထောင်ဒဏ် ၆ လစီ အသီးသီး အပြစ် ပေးခဲ့ကြောင်း သိရသည်။

ဦးမင်းထွန်းစိုးက“ကျနော့်အတွေ့အကြုံအရ အရင်က အမျိုးသမီး အကျဉ်းသူတွေ မပါခဲ့ဘူး။ ဒီတခါဖြစ်တာမှာ အမျိုးသမီး တွေက စတာလို့ ထူးဆန်းတာတွေ့ရတယ်။ ထောင်ထဲမှာ သတ်မှတ်အင်အားထက် ၂ ဆလောက်ရှိလို့ လူကျပ်တာနဲ့ ဆူပူတာက မဆိုင်ဘူး။ ဆူရပူရတာဆိုတာ စားရေး၊ နေရေးအဆင်မပြေတာ၊ အုပ်ချုပ်ရေးပိုင်း အဆင် မပြေတာနဲ့ ဖြစ်ကြတာ။ အခု စုံစမ်းစစ်ဆေးရေးအဖွဲ့က တွေ့ရှိချက်တွေကို ဥပဒေအကြံပေးအဖွဲ့ကိုတင်မယ်။ အဲ့ဒီက ဆုံးဖြတ်ချက်တွေကို အထက်ကိုထပ်တင်ပြီး အပြစ်ပေးမယ်။ ဝန်ထမ်းတချို့ပါ ထိမလား ဆိုတာကတော့ အစီရင်ခံစာ ရေးနေတုန်းမို့ မပြောနိုင်သေးဘူး”ဟု ပြောသည်။

ဌာနတွင်း စုံစမ်းစစ်ဆေးမှုသည် ထင်သာမြင်သာမှု မရှိဖြစ်နေသည့်အပြင် အကျဉ်းသားများအနေဖြင့်လည်း သူတို့ကို ထိန်းချုပ်နေသည့် အကျဉ်းဦးစီးဝန်ထမ်းများကပင် စစ်ဆေးသည့်အတွက် စိုးရိမ်စိတ်ဖြင့် အမှန်ကို အမှန်အတိုင်း ပြောရဲ နိုင်မလားဆိုသည့် မေးခွန်းကလည်း ထွက်ပေါ်လာကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) မှ တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က ပြောဆိုသည်။

ထို့အတွက် ပြည်ထဲရေးဌာနနှင့် အကျဉ်းဦးစီးဌာနမှ လူများမပါဝင်သည့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်၊ ဥပဒေ ကျွမ်းကျင်ပညာရှင်များ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၊ အကျဉ်းသားများကို စောင့်ရှောက် ကူညီနေ သည့် ပြင်ပ အဖွဲ့အစည်းများနှင့် တရားရေးဆိုင်ရာ ပညာရှင်များ စုပေါင်းသည့် လွတ်လပ်သော စုံစမ်း စစ်ဆေးရေး ကော်မရှင်တရပ်ကို ဖွဲ့စည်းပြီး ထောင်ဆူပူမှု၏ အကြောင်းရင်းများကို စိစစ်ခိုင်းလျှင် ပြည်သူများကပါ လက်ခံနိုင်သည့် အဖြေကို ရရှိနိုင်မည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။

ကိုဘိုကြည်က“အကျဉ်းသားတွေကို အကျဉ်းဦးစီးကလူတွေပဲ စစ်မေးတဲ့အခါ သူတို့တခုခုပြောလိုက်ရင် အရေးယူ ခံရ နိုင်မလား ဆိုတဲ့ စိုးရိမ်စိတ်က အကျဉ်းသားတိုင်းမှာရှိတယ်။ နောက်ပြီး အကျဉ်းဦးစီးက ဝန်ထမ်းတွေကို အကျဉ်းဦးစီး က ပဲ စစ်ဆေးတယ် ဆိုတော့ ကိုယ့်လူကိုယ် ကာကွယ်မလားဆိုတဲ့ ပြည်သူတွေရဲ့ သံသယကို မချေဖျက်နိုင်ဘူး။ အဲ့ဒီ တော့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့လိုက်ပြီး အကျဉ်းသားတွေကိုလည်း တန်ပြန် အရေးယူတာတွေ မလုပ် ဘူး ဆိုတဲ့ အာမခံချက်သာ ပေးပြီး စုံစမ်းစစ်ဆေးကြည့်။ အကျဉ်းသားတွေက သူတို့တွေ့ခဲ့ ကြုံခဲ့တာတွေကို အမှန်တိုင်း ပြောကြမှာပဲ”ဟုလည်း ပြောဆိုသည်။

ထောင်မှူးကြီးဟောင်း ဦးခင်မောင်မြင့်ကလည်း လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းရန်မှာ နိုင်ငံတော် သမ္မတမှသာ ညွှန်ကြား ဖွဲ့စည်းခွင့် ရှိကြောင်း၊ ဝန်ထမ်းရေးရာများနှင့် ပက်သက်ပြီး ပြည်သူ့ဝန်ထမ်း ဥပဒေအရ ဌာန တွင်း စုံစမ်းစစ်ဆေးရေး အဖွဲ့ကိုသာ ဖွဲ့စည်းစစ်ဆေးခွင့် ရှိကြောင်း ပြောသည်။

ယခုလို ထောင်ဆူပူမှုဖြစ်ခဲ့ခြင်း၏ အဓိက အကြောင်းရင်းသည် နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်တွင် လွှတ် ပေးမည့် လူအမျိုးအစားကို စိစစ်သောအဖွဲ့၏ လုပ်ဆောင်ချက် အားနည်းခဲ့ခြင်းက အဓိကဟု ယူဆပြီး ထောင် ဆူ ခဲ့သည့် ထောင်များတွင် အုပ်ချုပ်မှုပိုင်းဆိုင်ရာ ညံ့ဖျင်းမှုကြောင့်ဟု မယူဆကြောင်း သူက ဆက်ပြောသည်။

ဦးခင်မောင်မြင့်က“ဆူခဲ့တဲ့ထောင်က တာဝန်ရှိသူတွေ အားနည်းချက်လို့တော့ ကျနော်မထင်ဘူး။ နိုင်ငံတော်သမ္မတ ကလည်း သူ့လုပ်ပိုင်ခွင့် ရှိတဲ့ ဘောင်ထဲကနေ လွတ်ငြိမ်းသက်သာခွင့်ကို သူ့သဘောနဲ့ ပေးလို့ရအောင် စီစဉ်တာ။ သူ ကတော့ ဘယ်သူ့ကိုလွှတ်လို့ အကျဉ်းသားတိုင်းကို မစိစစ်နိုင်ဘူး။ မူပဲချပေးမှာ။ အဲ့ဒီ သမ္မတချပေးတဲ့မူကို အကောင် အထည်ဖော်တဲ့ အဖွဲ့အစည်းက အဓိက တာဝန်ရှိတာ။ အကျဉ်းထောင် ဝန်ထမ်းတွေမှာ အဲ့ဒီလိုဖြစ်ခဲ့တဲ့ အတွက် ဖိအား တအားကြီးသွားတယ်။ မသကာ အကုန်လုံးတောင် နုတ်ထွက်ကြမလား ဆိုတာတောင် ဖြစ်ခဲ့တာ”ဟုလည်း ပြောဆို သည်။

ထို့ပြင် ထောင်ဆူပူမှု ဖြစ်ခဲ့သည့် ၇ ထောင်ထဲတွင် ရွှေဘိုထောင် တခုတည်းကိုသာ စုံစစ်စစ်ဆေးပြီး ပတ်သက်သူ အားလုံး ကို အရေးယူမည် ဖြစ်ကြောင်း၊ ကျန်သော ဆူပူမှုဖြစ်ခဲ့သည့် ထောင်များကို စစ်ဆေးမည် မဟုတ်ဟု အကျဉ်း ဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒုညွှန်မှူး ဦးမင်းထွန်းစိုးက ပြောသည်။

ဆူပူမှုဖြစ်ခဲ့သည့် ကျန်သော ထောင် ၆ ထောင်ကို စုံစမ်းစစ်ဆေးရေး မလုပ်ရသည့် အဓိက အကြောင်းရင်းက ထောင် ဆူမှုဖြစ်ခဲ့သော်လည်း ထောင်တွင်းပစ္စည်းများ ဖျက်ဆီးမှု မပြုလုပ်သည့်အပြင် အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းများကို မထိ ခိုက်ကြောင်း၊ ထောင်ဖွင့်ချိန်၊ ထောင်ပိတ်ချိန်များတွင် စည်းကမ်းနှင့်အညီ အိပ်ဆောင်သို့ ဝင်ရောက်ခဲ့ကြသဖြင့် အရေး မယူရခြင်း ဖြစ်ကြောင်းလည်း သူက ဆက်ပြောသည်။

ထိုကဲ့သို့ ပြုလုပ်သည်မှာလည်း နည်းလမ်းကျသည့် အခြေအနေမရှိဘဲ ထောင်ဆူပြီ ဆိုကတည်းက ထောင်ပိုင်များ၊ ထောင်မှူးကြီးများတွင် တာဝန်ရှိနေကြောင်း၊ ထောင်ဆူမည့် အခြေအနေရှိသည် ဆိုသည်နှင့် ထောင်အာဏာပိုင်များက ကြိုတင်ပြင်ဆင်မှု ပြုလုပ်ရမည့် တာဝန်ရှိကြောင်း AAPP တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က ပြောသည်။

ရွှေဘိုထောင် တခုတည်းတွင် ဖုန်းသုံးသည့်ကိစ္စ မဟုတ်ကြောင်း၊ ထောင်တိုင်း လိုလိုတွင် ထိုကဲ့သို့ ထောင်ဝန်ထမ်း များနှင့် အကျဉ်းသားများကြား အပေးအယူဖြင့် ဖုန်းများ သုံးစွဲမှုရှိမရှိ စစ်ဆေးသင့်ကြောင်း၊ ထောင်ဆူမှုဖြစ်ခဲ့သော် လည်း ယခုလို စုံစမ်းစစ်ဆေးမှု မလုပ်ခဲ့လျှင် နောင်တချိန်တွင် ထောင်ဆူပေမယ့် ဘာမှမဖြစ်သည့် အဓိပ္ပာယ်မျိုး သက်ရောက် သွားမည်ကို စိတ်ပူမိကြောင်း သူက ဆက်ပြောသည်။

ကိုဘိုကြည်က“အခုလို ထောင်ဆူခဲ့ပြီးမှ ဆူတဲ့အကျဉ်းသားရော၊ ထောင်အာဏာပိုင်တွေပါ အရေးမယူတော့ဘူး ဆိုတာ ကတော့ ထူးခြားဖြစ်စဉ် ဖြစ်တာပဲ။ ဥပဒေနဲ့ ညီမညီ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မတီကို ဖွဲ့ပြီးတော့ ဆူခဲ့တဲ့ ထောင်တိုင်းကို စစ်ဆေးရမှာပဲ။ ထောင်ဆူတဲ့အထိ ဖြစ်ခဲ့တာကိုက ထောင်အာဏာပိုင်တွေ ပေါ့လျော့တာ။ နောက် ဆူတဲ့ အကျဉ်းသားတွေကိုလည်း ဥပဒေနဲ့မညီရင် အနည်းဆုံး တိုက်ပိတ်ပြစ်ဒဏ်မျိုး၊ ထောင်ပြောင်းရွှေ့တာမျိုး လုပ်ခဲ့တာ ပဲ”ဟုလည်း ပြောဆိုသည်။

You may also like these stories:

ထောင်ပိုင်ကြီး ပြန်ရှင်းပြတဲ့ ရွှေဘိုထောင် ဆူပူမှုဖြစ်စဉ်

ရွှေဘိုထောင် ဆူပူမှု Live လွှင့်သည့် အကျဉ်းသား ၃ ဦးကို ထောင် ၆ လ ချ

ထောင်ဆူပူမှု စစ်ဆေးရေးအဖွဲ့ လွတ်လပ်ပွင့်လင်းရန် လိုအပ်ဟုဆို

Your Thoughts …
Tags: AAPPထောင်ဆူပူမှုပုဒ်မ ၆(၁)ရွှေဘိုထောင်အကျဉ်းဦးစီး
ထက်ခေါင်လင်း

ထက်ခေါင်လင်း

ဧရာဝတီ

Similar Picks:

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

by ခင်နဒီ
7 February 2024
10.1k

မြန်မာသည် အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့နှင့်အတူ ကမ္ဘာ့အငတ်ဘေး ဗဟိုချက်တွင် ပါဝင်ပြီး လူဦးရေ ၄ ပုံ ၁ ပုံသည် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂက ဖော်ပြသည်။

၂၀၂၁ ခုနှစ်၊ မတ်လက ဗီဒီယိုကွန်ဖရင့်မှတဆင့် ကျင်းပသည့် ၁၈ ကြိမ်မြောက် အာဆီယံ စစ်ထောက်လှမ်းရေး အစည်းအဝေး တက်ရောက်နေသည့် ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး  / Cincds

စစ်ကောင်စီ ငရဲခန်းများ တာဝန်ခံ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး

by ဧရာဝတီ
11 October 2022
19.8k

စစ်ထောက်လှမ်းအဖွဲ့ဝင်များကဲ့သို့ပင် စရခ အဖွဲ့ဝင်များသည် ဖမ်းဆီးထားသူများထံမှ သတင်းရယူရန် ညှဉ်းပန်းနှိပ်စက်သည့်နည်းကို အသုံးပြုရာတွင် ကျွမ်းကျင်ကြသည်။

ဒိုက်ဦးထောင်မှ ခေါ်ထုတ်သွားသော အကျဉ်းသား ၃၇ ဦး၏ ကံကြမ္မာ

ဒိုက်ဦးထောင်မှ ခေါ်ထုတ်သွားသော အကျဉ်းသား ၃၇ ဦး၏ ကံကြမ္မာ

by ခင်နဒီ
29 February 2024
5.1k

"၂၀၂၃ ခုနှစ်မှာ နိုင်ငံရေးအကျဉ်းသား သတ်ဖြတ်ခံရမှု အများဖြစ်တယ်" ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

လျှို့ဝှက်သော ထောင်တိုးချဲ့မှုများ ဂြိုဟ်တုမှ တွေ့ရ

လျှို့ဝှက်သော ထောင်တိုးချဲ့မှုများ ဂြိုဟ်တုမှ တွေ့ရ

by ဧရာဝတီ
2 February 2024
3.6k

အာဏာသိမ်းပြီးကာလ ထောင်စနစ်တိုးချဲ့ခြင်းသည် နိုင်ငံရေး အတိုက်အခံများ၊ သတင်းသမားများနှင့် တက်ကြွလှုပ်ရှားသူများကို အစုလိုက်အပြုံလိုက်ဖမ်းဆီးချိန်နှင့် တိုက်ဆိုင်နေသည်။

နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေးသည် အပေးအယူကိစ္စ မဟုတ်

နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေးသည် အပေးအယူကိစ္စ မဟုတ်

by ဘိုကြည်
29 March 2024
2.4k

ပြန်လည် သိမ်းပိုက်ခံလိုက်ရတဲ့ ကောလင်းထောင် အပါအဝင် စစ်ကောင်စီထိန်းချုပ် ထောင်အားလုံးက အခြေအနေဟာ အရမ်းကို ဆိုးရွားပါတယ်။

နိုင်ငံရေး အကျဉ်းသားများသည် စစ်ကောင်စီ၏ ဥပဒေမဲ့ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှု ကြုံနေကြရသည်။ (ဓာတ်ပုံ - ဧရာဝတီ)

ဘယ်အချိန်မှာ ခေါ်ထုတ်ပြီး သတ်မလဲဆိုတာကို မသိနိုင်ဘူး

by ဧရာဝတီ
15 July 2023
2.6k

အကျဉ်းထောင်ထဲရောက်ရင်တောင်မှ ဘယ်အချိန် ငါ့ကိုဆွဲထုတ်ပြီး သတ်မလဲဆို တာမျိုး၊ ဘယ်အချိန် ငါ့ကိုခေါ်ထုတ်ပြီး ညှဉ်းပန်းနှိပ်စက်မလဲဆိုတာ စိုးရိမ်နေရတယ်။ အလားတူပဲ မိသားစုတွေကလည်း စိုးရိမ်နေကြရ တယ်။ ငါတို့သားလေး ထောင်ထဲရောက်နေလို့ အေးအေးဆေးဆေးဖြစ်သွားပြီလို့ တွေးလို့မရတော့ဘူး။ ဘယ်အချိန်မှာ ခေါ်ထုတ်ပြီး သတ်မလဲဆိုတာကို...

Next Post
ဟာသ သရုပ်ဆောင် မျိုးမျိုးခိုင် / Myo Myo Khine's Facebook

"ထီပေါက်ရင် ခွေးတွေအတွက် ဂေဟာ ဆောက်ပေးချင်တယ်"လို့ မျိုးမျိုးခိုင် ပြော 

ဦးဝီရသူကို အရေးယူမှု အစိုးရ တာဝန်ရှိသူတွေ ဘာပြောလဲ (ရုပ်/သံ)

ဦးဝီရသူကို အရေးယူမှု အစိုးရ တာဝန်ရှိသူတွေ ဘာပြောလဲ (ရုပ်/သံ)

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

5 days ago
3.8k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

3 days ago
3.4k

Most Read

  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • မြေရှားနဲ့ပတ်သက်ပြီး တရုတ်ခြိမ်းခြောက်မှုမရှိဟု KIA ပြော

    shares
    Share 0 Tweet 0
  • ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

    shares
    Share 0 Tweet 0
  • ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate