တရားမ အငြင်းပွားမှုများအား တရားရုံးက ဦးဆောင်သည့် စေ့စပ်ညှိနှိုင်းခြင်းဖြင့် ဖြေရှင်းရေးဆောင်ရွက်ရေးကို ရှေ့ပြေးစီမံချက် အနေဖြင့် တရားရုံး ၄ ခုတွင် ဆောင်ရွက်နေပြီဖြစ်ကြောင်း ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) ဥပဒေအကြံပေး မစ္စ တိုမိုကို နာကရှိမ ကပြောသည်။
စေ့စပ်ဖျန်ဖြေရေး နည်းလမ်းအား ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် JICA တို့ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်ပြီး ဒက္ခိဏသီရိခရိုင် တရားရုံး၊ တပ်ကုန်းမြို့နယ် တရားရုံး၊ တောင်ငူခရိုင် တရားရုံးနှင့် တောင်ငူမြို့နယ် တရား ရုံးတို့တွင် မတ်လ ၁ ရက်နေ့က စတင် ဆောင်ရွက်နေခြင်းဖြစ်သည်။
မစ္စ တိုမိုကို နာကရှိမ က “အဓိက ငွေချေးမှု၊ ကွားရှင်းလိုမှု၊ အမွေကိစ္စတွေကို ညှိနှိုင်းစေတာပါ၊ ဒါက ငွေကြေး ကုန်ကျမှုကို သက်သာစေသလို အချိန်ကြန့်ကြာမှုတွေကိုလည်း လျော့နည်းစေပါတယ်၊ နှစ်ဖက်သဘောတူ ညှိ နှိုင်းထားတဲ့ အချက်တွေကို ထပ်မံဖောက်ဖျက်ပါကလည်း မူလအတိုင်း နစ်နာသူက ပြန်လည်တရားစွဲဆိုပြီး ဥပ ဒေ အတိုင်းဆက်သွားလို့ရပါတယ်” က ပြောသည်။
စေ့စပ်ဖျန်ဖြန်ရေးဆောင်ရွက်ရာတွင် အခန်းတခုအတွင်း တရားရေးကိုယ်စားလှယ်နှင့် ကာယကံရှင်များ သုံးပွင်းဆိုင် မျက်နှာချင်းဆိုင်ထိုင်၍ ဖြေရှင်းစေသည့် စနစ်ဖြစ်သည့်အတွက် အဂတိလိုက်စားမှုဖြစ်ပေါ်စေရန် ခက်ခဲသည့်အပြင် အမှုသည်များ၏ လျှို့ဝှက်ချက်များကိုလည်း အများရှေ့ ချပြစရာမလိုဘဲ ထိန်းသိမ်း ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
တရားမမှုဖြင့် တရားစွဲဆိုပြီးနောက် နှစ်ဖက်သဘောတူညီချက်ဖြင့် တရားရေးကိုယ်စားလှယ်တဦးက ကြားဝင် ကာ စေ့စပ်ညှိနှိုင်းမှုကို ဆောင်ရွက်စေခြင်းဖြစ်ပြီး သဘောတူညီမှုရရှိပါက ထိုအချက်များအား ကတိကဝတ် အ နေဖြင့် တရားရုံးထံ တင်ပြကာ ပြေငြိမ်း ဒီဂရီချမှတ်မည်ဖြစ်ကြောင်းသိရသည်။
စေ့စပ်ဖျန်ဖြေခြင်းနည်းလမ်းသည် မူဝါဒအရ ကောင်းမွန်ပြီး တရားမမှုများ ကြန့်ကြာမှုမရှိဘဲ ပြီးဆုံးသွားနိုင်သော် လည်း စေ့စပ်ညှိနှိုင်းသူနှင့် အမှုသည်များ၊ ရှေ့နေများအနေဖြင့် ကျင့်ဝတ်စည်းကမ်းများ လိုက်နာရန်လိုအပ်ပြီး ယင်းသို့မဟုတ်ပါက ဘက်လိုက်သည့်အခြေအနေနှင့် အမှုသည်များအကြား ပိုမိုတင်းမာသည့် အခြေအနေသို့ ရောက်သွားနိုင်ကြောင်း ဥပဒေရေးရာ ကျွမ်းကျင်သူအချို့က ထောက်ပြသည်။
တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော် က “တရားမမှုတွေ ကြာနေတာမဖြစ်ဘဲ ရပ်သွားနိုင်တာပေါ့၊ ဒါပေ မယ့် မကိုင်တွယ်တတ်ရင်တော့ အန္တရာယ်ကြီးတယ်၊ ညှိမရဘဲ တဘက်နဲ့တဘက် ပိုပြီးတင်းသွားတာ ဖြစ်နိုင် တယ်၊ ကြားဝင်စေ့စပ်သူက ဘယ်လိုပင် ထိန်းပေမယ့် ဟိုဘက်ပါတာ ဒီဘက်ပါတာ ဖြစ်သွားနိုင်တယ်” ဟု သုံး သပ်သည်။
လက်ရှိတွင် စေ့စပ်သူများအဖြစ် တရားလွှတ်တော်ချုပ်က လေ့ကျင့်ပေးထားသည့် တရားရေး အရာရှိများက ဆောင်ရွက်သွားမည် ဖြစ်သော်လည်း နောက်ပိုင်းတွင် ရှေ့နေ၊ အငြိမ်းစား တရားသူကြီး၊ ဥပဒေပညာရှင် စသည်ဖြင့် ဥပဒေရေးရာ ကျွမ်းကျင်သူများက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စေ့စပ်ဖြေရှင်းရေး လုပ်ငန်းအဖွဲ့ဝင် လက်ထောက် ညွန်ကြားရေးမှူး ဦးမျိုးကျော်အောင် က ပြောဆိုထားသည်။
အမှုများကြန့်ကြာနေရခြင်းနှင့် ပတ်သက်၍လည်း တရားသူကြီးများအနေဖြင့် အမှုများအား ရာချီကိုင်တွယ်နေရ သည့် အပြင် ဖြေရှင်းမှု စနစ်အားနည်းမှုများကြောင့်လည်း ကြန့်ကြားမှုများရှိနေကြောင့် စနစ်ဟောင်းအား ပြုပြင် ပြောင်းလဲရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ဘက်ကလည်း ကြိုးပမ်းနေကြောင်း JICA ဥပဒေ အကြံပေးက ပြောသည်။
တရားရုံးဦးဆောင်သည့် စေ့စပ်ဖျန်ဖြေရေး အစီအစဉ်တွင် ညှိနှိုင်ကာလအဖြစ် ၁ လသတ်မှတ်ထားပြီး လက်ရှိ ဆောင်ရွက်လျှက်ရှိသည့် ရှေ့ပြေးစီမံချက်အား တနှစ်သတ်မှတ်ထားကာ နောက်ပိုင်းတွင် အခြားတိုင်းနှင့်ပြည် နယ်များ တွင်လည်း ဆောင်ရွက်သွားရန် အစီအစဉ်ဆွဲထားကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် ဘက် က ပြောထားသည်။
You may also like these stories:
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများပါဝင်နိုင်ခွင့် အားနည်း
JICA က မြန်မာ့ရေအားလျှပ်စစ် ထုတ်လုပ်ရေး အဆင့်မြှင့်ရန် ငွေချေးမည်