• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

၅ နှစ်အောက် ကလေးငယ် သေဆုံးမှုနှုန်း ၁၀၀၀ လျှင် ၄၈ ဦးကျော်အထိ ရှိနေ

by ထက်ခေါင်လင်း
1 June 2019
in သတင်း
A A
လူမမယ် ကလေးငယ်လေးနှင့် မြန်မာမိခင် တဦး  / ဧရာဝတီ

လူမမယ် ကလေးငယ်လေးနှင့် မြန်မာမိခင် တဦး / ဧရာဝတီ

5.5k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံရှိ ၅ နှစ်အောက် ကလေးငယ် သေဆုံးမှုနှုန်းသည် ကလေး ၁၀၀၀ လျှင် ၄၈ ဦးကျော် ရှိကြောင်း Save the Children အဖွဲ့၏ မေလအတွင်း ထုတ်ပြန်သည့် Global Childhood Report အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုသို့ ၅ နှစ်အောက် ကလေးငယ်များ သေဆုံးနေကြရမှုသည် အာဟာရ မပြည့်ဝမှုနှင့် အာဟာရ မပြည့်ဝမှုကြောင့် ဖြစ်ပေါ် လာသည့် ဆက်စပ်ရောဂါများကြောင့် ဖြစ်ကြောင်း၊ ထို့ပြင် တချို့ ကျေးလက်ဒေသများတွင် မိရိုးဖလာ ကလေး စောင့်ရှောက်မှု ပုံစံများကလည်း အဟန့်အတား ဖြစ်နေသေးကြောင်း Save the Children အဖွဲ့မှ အကြီးတန်း Programme Advisor ဖြစ်သူ ကိုဆွေလင်းမောင်က ပြောသည်။

RelatedPosts

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

21 May 2025
102
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

21 May 2025
946
တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

21 May 2025
22

ကိုဆွေလင်းမောင်က“ကျနော်တို့ အတွေ့အကြုံအရ အာဟာရ ချို့တဲ့လာတာကြောင့် နောက်ဆက်တွဲ ဝင်လာတဲ့ ဝမ်းပျက် ဝမ်းလျှော ရောဂါ၊ နမိုးနီးယားလို နေမကောင်းတာ မျိုးတွေကနေတဆင့် ကလေးတွေမှာ သေဆုံးခဲ့ကြရ တယ်။ နောက် ကိုယ်ဝန်ဆောင်နေတဲ့ အချိန်မှာ မိရိုးဖလာအရ ဘာမစားရ၊ ညာမစားရနဲ့။ မွေးပြီး မီးတွင်းနေတဲ့ အချိန် ဆိုလည်း ဟင်းချိုလေးနဲ့ အခြောက်အခြမ်းလေးနဲ့ပဲ ဆိုတော့ ကလေးတွေဆီကို အာဟာရ ပြည့်ပြည့်ဝဝ မရတော့ဘူး။ အဲ့ဒီ အမူအကျင့်တွေကိုလည်း ပြင်ဖို့လိုတယ်”ဟု ပြောဆိုသည်။

၂၀၁၆ ခုနှစ်ကတည်းက အဆိုပါ စီမံချက်ကို စတင်လာခဲ့ရာ ကနဦးအစတွင် မြန်မာနိုင်ငံရှိ ကလေးငယ်များ၏ ၃ ပုံ ၂ ပုံ သည် အာဟာရပြည့်ဝမှု မရှိသည့် အနေအထားမျိုး ရှိခဲ့ကြောင်း၊ ယနေ့ အချိန်အထိ အာဟာရ ပြည့်ဝမှု စံနှုန်းများက ပြည့်မီမှု မရှိသေးကြောင်းလည်း သူက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် ကလေးသူငယ်များ အာဟာရ မပြည့်ဝမှုနှင့် ပက်သက်ပြီး မိမိအတွေ့အကြုံအရ အများစုသည် မွေးပြီး စ တရက်အတွင်း သေဆုံးမှုနှုန်း အမြင့်ဆုံး ဖြစ်ခဲ့ကြောင်း၊ ဒုတိယ အမြင့်ဆုံးက မွေးပြီး တပတ်အတွင်း သေဆုံးမှုနှုန်း ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ခင်စိုးစိုးကြည် က ပြောသည်။

ထို့ပြင် ပြည်သူများ အနေဖြင့်လည်း ကလေးပြုစု စောင့်ရှောက်ရေးတွင် မမွေးခင်ကတည်းက ဗီတာမင်ပြည့်၀ စေရေး အတွက် အစားအစာနှင့် နေထိုင်မှု အားလုံးကို မိရိုးဖလာ စံနှုန်းတွေထက် ကျော်လွန်ရမည် ဖြစ်ကြောင်း၊ မွေးပြီး ၆ လအထိ ကလေးကို မိခင်နို့တမျိုးတည်းကိုသာ တိုက်ကျွေးသင့်ကြောင်း ပဲခူးတိုင်း ပြည်မြို့မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဒေါက်တာ ခင်စိုးစိုးကြည်က ဆက်ပြောသည်။

လက်ရှိ နိုင်ငံတော်မှ စီမံချက်ချခဲ့သည့် ကိုယ်ဝန်ဆောင် မိခင်များနှင့် မွေးပြီးကလေး ၂ နှစ်အထိရှိ မိသားစုများ အပေါ် ကျပ် တသောင်းခွဲ ထောက်ပံ့ပေးမည့် အစီအစဉ်ကလည်း နောက်ပိုင်း ကာလတွင် ၅ နှစ်အောက် ကလေးများ သေဆုံး မှု နှုန်းကို အတိုင်းအတာ တခုအထိ လျှော့ချနိုင်မည်ဟု ယူဆကြောင်းလည်း သူက ဆိုသည်။

ဒေါက်တာ ခင်စိုးစိုးကြည်က“ကျမတို့မိခင်တွေမှာ ရှိတာနဲ့ အာဟာရဖြစ်အောင် လုပ်နိုင်ဖို့လိုတယ်။ ထမင်း၊ အသီး အရွက် နဲ့ နောက်ဆုံး ငါးပိရည်မှာတောင် ဗီတာမင် ပါတယ်။ အဲ့ဒါတွေကို ကလေးတွေအတွက် စားသုံးဖို့လိုတယ်။ နောက်ပြီး လူမှုအဖွဲ့အစည်းတွေ၊ မီဒီယာတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ကလည်း ဒီကိစ္စအပေါ်မှာ အလေး ထား လုပ်ဖို့လိုတယ်။ အခုက ကျေးလက်ဒေသက မိခင်တွေမှာက မိရိုးဖလာထုံးစံတွေကို ကျော်လွန်ဖို့ ခက်ခဲ နေ တုန်းပဲ”ဟု ပြောဆိုသည်။

အစီရင်ခံစာတွင် တခြားသော ကလေးများနှင့် သက်ဆိုင်သည့် ကဏ္ဍများတွင် တိုးတက်မှု ရှိလာသော်လည်း ကလေး ငယ်များ ပုညှက်မှုနှုန်းသည် ၂၉ ရာခိုင်နှုန်းကျော်၊ ကလေးသူငယ်များ ကျောင်းထွက်လိုက်ရသည့် နှုန်းက ၁၈ ရာခိုင် နှုန်း ကျော်၊ ကလေး လုပ်သားက ၉ ရာခိုင်နှုန်းကျော်နှင့် အရွယ်မတိုင်မီ အိမ်ထောင် ကျမှုနှုန်းက ၁၂ ရာခိုင်နှုန်း နီးပါး ရှိနေကြောင်း ဖော်ပြထားသည်။

ထို့ပြင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းကိုလည်း အမြန်ဆုံး အတည်ပြုနိုင်ရန် တိုက်တွန်းကြောင်း၊ ထိုဥပဒေက အားနည်းပြီး အထိခိုက် အလွယ်ဆုံးဖြစ်သည့် ကလေးများကို အကောင်းဆုံး ကာကွယ်ပေးနိုင်မည့် အခွင့် အရေး ဖြစ်ကြောင်း Save the Children အဖွဲ့၏ မြန်မာနိုင်ငံတာဝန်ခံ မစ္စတာ Michael McGrath က ပြောသည်။

မစ္စတာ Michael McGrath က“ဒီဥပဒေကြမ်းကို အတည်ပြုလိုက်ခြင်းက ကလေးသူငယ်တွေအပေါ် ညှဉ်းပန်း နှိပ်စက် မှု၊ လျစ်လျူရှုမှု၊ ခေါင်းပုံဖြတ် အမြတ်ထုတ်မှုနဲ့ ဘယ်လို အကြမ်းဖက်မှုကိုမဆို ကာကွယ်တုံ့ပြန်နိုင်မယ့် တာဝန်ကို အစိုးရ အနေနဲ့ ထင်ထင်ရှားရှား အသိအမှတ် ပြုလိုက်ခြင်း ဖြစ်ပါတယ်။ ဥပဒေကြမ်းကို အတည်ပြုလိုက်တယ် ဆိုတာ နဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်တာတွေ ဆက်လုပ်ပြီး ဒီဥပဒေအရ ကလေးသူငယ်တွေ ကို အကောင်းဆုံး အကျိုးရလဒ်အတွက် အကောင်အထည်ဖော်နိုင်ဖို့ ဥပဒေပြုရေး လွှတ်တော်အမတ်တွေကို ကျနော် တိုက်တွန်းလိုပါတယ်”ဟု သူက ဆိုသည်။

လက်ရှိ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၏ မှတ်ချက် များ၊ သဘောထား ကွဲလွဲမှုများနှင့်အတူ ပြည်ထောင်စု လွှတ်တော်သို့ တင်းသွင်းထားပြီး ဖြစ်ကြောင်း သိရ သည်။

ပြည်ထောင်စု လွှတ်တော်အနေဖြင့် မကြာခင် အချိန်တွင် အဆိုပါ ဥပဒေကြမ်းကို လွှတ်တော် ၂ ရပ် သဘောထား ကွဲလွဲမှုများနှင့် ပတ်သက်ပြီး ဆွေးနွေးအတည်ပြုကာ နိုင်ငံတော် သမ္မတထံ ပေးပို့သွားရန် စီစဉ်ထားသည်ဟု ဒေါက်တာ ခင်စိုးစိုးကြည်က ပြောသည်။

ဒေါက်တာ ခင်စိုးစိုးကြည်က“ဒီဥပဒေကို အတည်ပြုလိုက်မယ် ဆိုရင် ကလေးသူငယ်တွေရဲ့ အခွင့်အရေးတွေကို အတိုင်း အတာ တခုအထိတော့ ကာကွယ်ပေးလာနိုင်မှာပါ။ ဒါပေမယ့် ခုနက ပြောခဲ့တဲ့ အာဟာရချို့တဲ့မှုကြောင့် ၅ နှစ်အောက် ကလေးသူငယ်တွေ သေဆုံးမှုနှုန်း လျော့ကျရေး အတွက်တော့ အပြည့်အ၀ အထောက်အကူ ဖြစ်လာ ပါ့ မလားလည်း တွေးမိတယ်”ဟု ဆိုသည်။

၂၀၁၅ ခုနှစ်က ကလေးအားလုံး ကျန်းမာရေးအတွက်နှင့် ကလေးသူငယ် သေဆုံးမှုနှုန်း လျှော့ချရေး အတွက် စီမံချက် များ လုပ်ဆောင်ခဲ့ကြောင်း၊ သို့သော် တိုင်းပြည်၏ အခြေအနေ အရပ်ရပ်အရ လိုချင်သည့် ဦးတည်ချက်အထိ မရောက် ရှိခဲ့ကြောင်း၊ ဥပဒေ ပြဌာန်းလိုက်ရုံမျှနှင့် ၅ နှစ်အောက် ကလေးငယ်များ သေဆုံးမှုကို လျှော့ချနိုင်မည်ဟု ပြော၍ မရ သော်လည်း အတိုင်းအတာတခုအထိ သက်ရောက်မှု ရှိနိုင်ကြောင်းလည်း သူက ပြောဆိုသည်။

You may also like these stories:

ကလေးငယ်များ ဘဝဆုံးရှုံးနေရမှု နိုင်ငံတကာသတ်မှတ်ချက်တွင် မြန်မာပါဝင်

ခွဲစိတ်ခန်းဝင်မယ့် ကလေးတွေ မကြောက်လန့်စေဖို့ အရုပ်ကားလေးတွေ ပေးစီးတဲ့ဆေးရုံ

Your Thoughts …
Tags: ၅ နှစ်အောက် ကလေး သေဆုံးမှုနှုန်း
ထက်ခေါင်လင်း

ထက်ခေါင်လင်း

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC)၊ တိရစ္ဆာန်ဆေးကုနှင့် အသားထုတ်လုပ်ရုံများဌာန လက်ထောက် ညွှန်ကြားရေးမှူ ဒေါက်တာ လွင်မင်းစိုး  / ဇူးဇူး / ဧရာဝတီ

လေလွင့်ခွေး လမ်းပေါ်မှာ ရှိနေသမျှ အချိန်မရွေး ကိုက်နိုင်တယ်

ချစ်ခြင်းကို မခွဲပါနဲ့

ချစ်ခြင်းကို မခွဲပါနဲ့

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

2 days ago
3.5k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate