• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ANP ပါတီ ဥက္ကဋ္ဌသစ် အဖြစ် ဦးသာထွန်းလှ ကို ရွေးချယ်တင်မြောက်

by မင်းအောင်ခိုင်
2 June 2019
in သတင်း
A A
ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှ  / မင်းအောင်ခိုင်

ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှ / မင်းအောင်ခိုင်

107.3k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်အတွင်း အင်အားကြီး ပါတီတခုဖြစ်သည့် ရခိုင်အမျိုးသားပါတီ (ANP) တွင် ဒုတိယ အကြိမ် ပါတီညီလာခံ ကျင်းပခဲ့ရာ လစ်လပ်လျှက် ရှိသော ဥက္ကဋ္ဌ နေရာတွင် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် တဦး ဖြစ်သူ  ဦးသာထွန်းလှကို ရွေးချယ် တင်မြောက်ခဲ့သည်။

ANP ပါတီညီလာခံကို စစ်တွေမြို့ အာရိယန် စားသောက်ဆိုင်တွင် မေလ ၃၀ ရက်နေ့မှနေ ၃၁ ရက်နေ့အထိ ၂ ရက်တာ ပြုလုပ်ခဲ့သော်လည်း ဆွေးနွေးချက်များမှာ မပြီးပြတ်သဖြင့်  ၁ ရက်  ထပ်တိုး ကျင်းပခဲ့ကြသည်။

RelatedPosts

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

13 May 2025
56
အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

13 May 2025
35
ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

13 May 2025
66

ညီလာခံ နောက်ဆုံးနေ့ဖြစ်သည့်  ဇွန်လ ၁ ရက်နေ့ကို စစ်တွေမြို့ ပါတီဗဟိုဌာနချုပ်တွင် ထပ်မံကျင်းပခဲ့ပြီး  ဗဟို အလုပ်အမှုဆောင် နေရာ၊ ဥက္ကဋ္ဌ နေရာနှင့် အတွင်းရေးမှူး နေရာတို့ကို ရွေးချယ် တင်မြောက်ခဲ့ကြသည်။

ပါတီဥက္ကဋ္ဌ အဖြစ်  ရွေးချယ် တင်မြောက်ရာတွင် မဲစနစ်ဖြင့် ရွေးချယ်ခြင်းမဟုတ်ဘဲ ပါတီဗဟို အလုပ်အမှုဆောင် ၂၅ ဦး၏ ညှိနိုင်းသဘောတူညီချက်ဖြင့် ဥက္ကဋ္ဌ နေရာ၊ အတွင်းရေးမှူး နေရာတို့ကို ရွေးချယ် တင်မြောက် တာဝန် ပေးအပ်ခြင်း ဖြစ်ကြောင်းလည်း  ပါတီဥက္ကဋ္ဌ သစ်ဖြစ်သူ ဦးသာလှထွန်းလှ က ပြောသည်။

ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှ က “ပါတီက တာဝန်ပေးအပ်လာတဲ့အတွက် ကျနော်အနနဲ့လည်း   စုစည်းမှု အားကောင်းတဲ့ ပါတီတခုကို တည်ဆောက်ပြီး နိုင်ငံရေး နည်းလမ်းအရ ရခိုင်လူမျိုးတွေရဲ့ ဆုံးရှုံး နစ်နာမှုတွေကို အားကြိုးမာန်တက် ဆောင်ရွက်သွားပါမယ်” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိ ANP ပါတီဥက္ကဋ္ဌသစ် ဦးသာထွန်းလှသည် ၈၈၈၈ လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ကာလအချိန် ကတည်းက တက္ကသိုလ်ကျောင်းသားများ အနေဖြင့်  နိုင်ငံရေးတွင် ပါဝင် လှုပ်ရှာသူ တဦး ဖြစ်ကြောင်းလည်း သိရသည်။

ယင်းနောက် ၂၀၀၈  ဖွဲ့စည်းပုံအရ နိုင်ငံရေး ပါတီများ  ထူထောင်ခွင့် ရရှိသည့် အချိန် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) တွင်  ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့ အတွင်းရေးမှူး၊ နှစ်ပါတီပေါင်းစည်းပြီး ANP ပါတီ ဖြစ်လာသည့် အခါတွင်လည်း ပါတီခေါင်းဆောင် တဦးအနေဖြင့် ပါတီတွင် တာဝန်ထမ်းဆောင် နေသူ တဦး ဖြစ်ကြောင်းလည်း သိရသည်။

ANP ပါတီ၏ ဒုတိယအကြိမ် ညီလာခံတွင်  ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်  ၂၅ ဦးကို ရွေးချယ် တင်မြောက်ခဲ့ရာ ယင်း ဗဟိုအလုပ်အမှုဆောင် ကော်မတီထဲမှ  ပါတီဥက္ကဋ္ဌ အဖြစ် ရန်ကုန်တိုင်း ဒေသကြီးတွင် နေထိုင်သည့် ဦးသာထွန်းလှ၊ ဒုဥက္ကဋ္ဌ  ၂ နေရာတွင်  ဂွမြို့နယ်တွင် နေထိုင်သည့် ဦးတင်ညို နှင့် ကျောက်တော်မြို့တွင် နေထိုင်သည့် ဦးမြင့်နိုင်တို့ကို ရွေးချယ် တင်မြောက်ခဲ့သည်။

ပါတီအထွေထွေ အတွင်းရေးမှူး အဖြစ် စစ်တွေမြိ့တွင် နေထိုသည့် ဦးခိုင်ပြည်စိုး၊ တွဲဖက်အတွင်းရေးမှူး ၂ နေရာအတွက် စစ်တွေမြို့တွင် နေထိုင်သူ ဦးအောင်မြကျော်နှင့် မြောက်ဦးမြို့တွင်နေထိုင်သူ ဦးနှင်းထွန်းတိုး တို့ကိုလည်း ရွေးချယ် တင်မြောက်ခဲ့ကြသည်။

ယင်းအပြင် ANP ပါတီ၏  ဒုတိယအကြိမ် ညီလာခံ၌ ပါတီမူဝါဒရေးရာ ဦးဆောင် ကော်မတီ တရပ်ကို ပါတီဖွဲ့စည်းပုံတွင် ထည့်သွင်း ပြဌာန်းခဲ့ပြီး ပါတီမူဝါဒရေးရာ ဦးဆောင် ကော်မတီအဖွဲ့ဝင် ၉ ဦးကိုလည်း ဖွဲ့စည်း တာဝန်ပေးခဲ့သည်။

ထိုမူဝါဒရေးရာ ဦးဆော်ကောမတီအဖွဲ့ဝင် ၉ ဦးတွင်  ကောမတီအဖွဲ့ဝင် ၇ ဦးကို ညီလာခံက တိုက်ရိုက် ရွေးချယ် တင်မြောက်ပြီး ကျန် ၂ ဦးမှာ ပါတီဖွဲ့စည်းပုံအရ ဥက္ကဌ ဖြစ်သူ နှင့် အတွင်းရေးမှူး ဖြစ်သူတို့  ထိုကော်မတီဝင် အလိုအလျှောက် ပါဝင် ပြီးသား ဖြစ်ကြောင်းလည်း ပါတီခေါင်းဆောင်များက ပြောသည်။

ပါတီမူဝါဒရေးရာ ဦးဆောင်ကော်မတီမှ ကော်မတီဝင် တဦးဖြစ်သူ ဦးဖေသန်း က “ကျနော်တို့ ကော်မတီက မူဝါဒရေးရာတွေကိုပဲ ချမှတ်မှာပါ။ စီးပွားရေးနဲ့ မူဝါဒ ရှိမယ်။ ငြိမ်းချမ်းရေးအတွက် မူဝါဒ ရှိမယ်။ လွှတ်တော်နဲ့ ပတ်သက်တဲ့ မူဝါဒ ရှိမယ်။ အဲဒီမူဝါဒတွေကို CEC အဖွဲ့ကနေ အကောင် အထည်ဖော်မယ်။ ဆိုလိုတာက ပါတီမူဝါချမှတ်ရာမှာ လွဲလျော်မှုတွေ မဖြစ်အောင် ထိန်းကျောင်းပေးရုံ သဘောပဲ” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ  ညီလာခံကို တိုက်ရိုက် ရွေးချယ်ခဲ့သော ပါတီမူဝါဒ ဦးဆောင်ကော်မတီဝင်များတွင် လက်ရှိပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစော၊ ဦးဖေသန်း၊ လက်ရှိ ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှ၊ ပါတီ ဒုတိယ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သူ ဒေါ်အေးနုစိန်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်၊ ဒေါက်တာ တင်အောင် ၊ ပါတီအထွေထွေ အတွင်းရေးမှူးဟောင်း ဦးထွန်းအောင်ကျော်  တို့ ဖြစ်သည်။

ယင်းအဖွဲ့သည် ပါတီမူဝါဒ ရေးရာချမှတ်ရာ၌ ပါတီ၏ အမြင့်ဆုံး အဖွဲ့အစည်း တခု ဖြစ်ကြောင်းလည်း ပါတီခေါင်းဆောင်များက ပြောကြားသည်။

ပါတီညီလာခံမှ ယခင် ဗဟိုကော်မတီဝင်နှင့် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် အားလုံးကို ဖျက်သိမ်းကာ အသစ်ပြန်လည် ရွေးချယ် တင်မြောက်ခဲ့ပြီး ဥက္ကဋ္ဌဟောင်း ဒေါက်တာ အေးမောင်၏ နေရာတွင်လည်း ပါတီဥက္ကဋ္ဌ အသစ် ရွေးချယ် တင်မြောက်ခဲ့ကြသည်။

ပါတီဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခဲ့သော ဒေါက်တာ အေးမောင်မှာ ပါတီကနေ နုတ်ထွက်စာ တင်ပြီးနောက် ရသေ့တောင်မြို့နယ်တွင် ပြုလုပ်ခဲ့သော စာပေဟောပြောပွဲ ကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတော် ပုန်ကန်မှု အပါအဝင်၊ နိုင်ငံတော် အကြည်အညို ပျက်စေမှုတို့ဖြင့်  လက်ရှိအချိန်တွင် နှစ်ရှည်ထောင်ချမှတ်ခံထားရသည်။

၂၀၁၄ ခုနှစ်က  ရခိုင်အမျိုးသားပါတီ၏  ပထမ အကြိမ်ညီလာခံကို ရခိုင်ပြည်နယ် တောင်ပိုင်း သံတွဲမြို့တွင် ကျင်းပခဲ့ရာ ပါတီခေါင်းဆောင်ပိုင်း ရွေးချယ်မြောက်မှု၌ အငြင်းပွားမှုများ၊ မကျေလည်မှုများ ဖြစ်ပွားခဲ့ရာမှ  ရခိုင်အမျိုးသားပါတီ (ANP) တခုတည်း အဖြစ် ပေါင်းစည်းခဲ့သော RNDP နှင့် ALD တို့ မှာ သွေးစည်းညီညွတ်မှု ပြိုကွဲကာ ပါတီနှစ်ခြမ်းကွဲသည့် သင်ခန်းသားများလည်း ရှိခဲ့သည်။

 

Your Thoughts …
Tags: ANPဒေါက်တာ အေးမောင်ရခိုင်ဦးသာထွန်းလှ
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.3k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

ခေတ်တိုင်း ခေတ်တိုင်း မှာတော့ ကျနော်တို့က ခံရစမြဲပါ

ခေတ်တိုင်း ခေတ်တိုင်း မှာတော့ ကျနော်တို့က ခံရစမြဲပါ

by ဧရာဝတီ
10 March 2025
22.1k

အနည်းဆုံးတော့ ဒေါ်လာ ၅ သန်း၊ ၆ သန်းဖိုးလောက်ရှိမှာပေါ့။ ကျနော့် စက်ယန္တရားတွေရော၊ စက်လှေ တွေရော စက်လှေဆိုရင် ၈ စီး ရှိပါတယ်။ နောက် အိမ်တွေ၊ မြေတွေ၊ “ထာဝရအောင်မြေ” ဆိုတဲ့ အိမ်ရာစီမံကိန်းရော။

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

by နွေနေ
18 September 2024
18.2k

သတင်းမီဒီယာတွေနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတွေမှာ သူ့ရဲ့ ရခိုင်လူမျိုးတွေအတွက် ရခိုင်အမျိုးသားနိုင်ငံ ထူထောင်ရေး စိတ်ကူးအိပ်မက်တွေကို ကြားရတတ်တယ်။

ARSA လို အကြမ်းဖက်အဖွဲ့ကိုတောင် မဟာမိတ်ပြုဖို့ မရှက်တော့ဘူး

ARSA လို အကြမ်းဖက်အဖွဲ့ကိုတောင် မဟာမိတ်ပြုဖို့ မရှက်တော့ဘူး

by ဧရာဝတီ
20 September 2024
13.4k

ဒီမြစ်ကမ်းကိုကူးပြေးတဲ့လူတွေကျတော့ RSO အဖွဲ့က အဓိကလုပ်တယ်။ RSO အဖွဲ့က ဒီမာမောက်ဆိုတဲ့ တယောက်ရှိ တယ် ဒီလူက ခရီးသည်တယောက်ကို ၅ သိန်းယူတယ်။ ၅ သိန်းကနေပြီး လူတွေကြောက်ပြီးမှ ပိုပြေးလာတဲ့အချိန်မှာ သူက ၈ သိန်းယူတယ်။...

မြောက်ပိုင်းမဟာမိတ် ထိုးစစ်တွင် စစ်ကောင်စီတပ် အငိုက်မိ

မြောက်ပိုင်းမဟာမိတ် ထိုးစစ်တွင် စစ်ကောင်စီတပ် အငိုက်မိ

by အောင်ဇော်
1 November 2023
12.7k

အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်သည်ကို အစွဲပြု အမည်ပေးထားသည့် စစ်ဆင်ရေး ၁၀၂၇ သည် ကွန်မြူနစ်များက ၎င်းတို့ စစ်ဆင်ရေးများကို သင်္ကေတပြုသည့် အမည်များကို သတိရဖွယ် ဖြစ်စေသည်။

ရေတပ်ဦးစီးချုပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး ထိန်ဝင်းအား ခန့်အပ်

ရေတပ်ဦးစီးချုပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး ထိန်ဝင်းအား ခန့်အပ်

by ဧရာဝတီ
13 July 2024
12k

စစ်ကောင်စီ၏မြဝတီရုပ်သံမီဒီယာမှ ဇူလိုင်လ ၁၂ ရက်ည ၈ နာရီတွင်ထုတ်ပြန်သော စစ်ခေါင်းဆောင် သစ်ပင်စိုက်ပွဲတွင် လေတပ်ဦးစီးချုပ်အားတွေ့ရသော်လည်း ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်အား မတွေ့ခဲ့ရ

Next Post
ပျားရည်ကို ညအိပ်ရာ ဝင်ခါနီးတိုင်း စားသုံးပေးရုံနဲ့ ကျန်းမာရေး ကောင်းကျိုးများစွာ ရရှိနိုင်ပါတယ်

အိပ်ရာဝင်ခါနီးတိုင်း ပျားရည် စားသုံးပေးရုံနဲ့ ရရှိနိုင်မယ့် ကျန်းမာရေးကောင်းကျိုး ၅ ခု

ငြိမ်းချမ်းရေး တည်ဆောက်ခြင်း နှစ် ၃၀ ပြည့် အခမ်းအနား (ဓာတ်ပုံ - ) / မျိုးမင်းစိုး / ဧရာဝတီ

UWSA ၏ စစ်ရေးပြ အခမ်းအနား စင်ပြိုင်အစိုးရ ပုံပေါက်နေ၍ သည်းခံနေရဟု တပ်မတော်ပြော

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
5.1k
လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

6 days ago
4.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate