• English
Saturday, July 12, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဦးဝီရသူကို တပတ်အတွင်း မမိပါက တရားခံပြေး ကြေညာကာ မျက်ကွယ်အမှုစစ်ဖွယ်ရှိ

by ထွန်းထွန်း
5 June 2019
in သတင်း
A A
ဦးဝီရသူ (ဘဒ္ဒန္တ ဝိစိတ္တာ ဘိဝံသ)  / ဧရာဝတီ

ဦးဝီရသူ (ဘဒ္ဒန္တ ဝိစိတ္တာ ဘိဝံသ) / ဧရာဝတီ

32.5k
VIEWS
Share on FacebookShare on Twitter

ထွက်ပြေးတိမ်းရှောင်နေသည့် ဦးဝီရသူ (ဘဒ္ဒန္တ ဝိစိတ္တာ ဘိဝံသ) အား ရာဇဝတ်အထွေထွေမှု ထပ်ဖွင့်ကာ ဝရမ်းပေးထားသည့် ဇွန် ၁၁ ရက်နေ့အထိ ဖမ်းမမိပါက တရားခံပြေးအဖြစ် ကြေညာကာ မျက်ကွယ်အမှုစစ်ဆေးခြင်း ဆောင်ရွက်ဖွယ်ရှိ ကြောင်း ဥပဒေဆိုင်ရာ ကျွမ်းကျင်သူများက ပြောသည်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် ဝရမ်းထုတ်ခံရသည့် ဦးဝီရသူအား ဝရမ်းပြန်အပ်ရန် နောက် ဆုံးရက် ဇွန်လ ၄ ရက်နေ့အထိ ဖမ်းမိခြင်းမရှိသည့်အတွက် အနောက်ပိုင်းခရိုင် တရားရုံးက ပုဒ်မ ၁၂၄(က)/ ရာ ဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၂ အရ ရာဇဝတ် အထွေထွေမှုဖွင့် လှစ်ကာ ဇွန်လ ၁၁ ရက်နေ့အထိ ဝရမ်းထပ်မံ ထုတ်ပေးထားခြင်းဖြစ်သည်။

RelatedPosts

ဗုံးကြဲမှုများကြား ရင်းနှီးမြုပ်နှံရန် TNLA ဖိတ်ခေါ်

ဗုံးကြဲမှုများကြား ရင်းနှီးမြုပ်နှံရန် TNLA ဖိတ်ခေါ်

11 July 2025
424
နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

11 July 2025
1.4k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

11 July 2025
2.9k

ဥပဒေအကြံပေးဖြစ်သူ ဦးခင်မောင်မြင့် က “ကျင့်ထုံးဥပဒေ ၅၁၂ အရ တရားခံပြေးကြေညာပြီဆို ဖမ်းဆီးဖို့ ရဲတပ် ဖွဲ့ရဲ့ လုပ်ပိုင်ခွင့်ကလဲ ကျယ်ပြန့်သွားတယ်၊ သူ့ကိုမမိခဲ့ရင်လည်း မျက်ကွယ်စစ်ဆေးမှုအနေနဲ့ တရားလို ဘက်က တင်ပြတဲ့ သက်သေတွေ စစ်ဆေးပြီး အမှုလုပ်ငန်းစဉ်တွေက ဆက်သွားလို့ရတာပေါ့” ဟု ရှင်းပြသည်။

လက်ရှိတွင် ဦးဝီရသူအား တရားရုံးမှ တရားခံပြေးအဖြစ် သတ်မှတ်ကြေညာခြင်းမရှိသေးဘဲ ဖမ်းဆီးရမိရေးအ တွက် ဝရမ်းထပ်မံထုတ်ပေးထားကြောင်း အနောက်ပိုင်း ခရိုင် တရားရုံး၊ ဒုတိယခရိုင်တရားသူကြီး(၃)၊ သတင်း ပြန်ကြားရေး အရာရှိ ဦးမင်းသန့်က ဧရာဝတီသို့ပြောသည်။

ဦးမင်းသန့် က “ရဲက ဝရမ်းပြန်အပ်တဲ့အခါမှာ ဦးဝီရသူက တိမ်းရှောင်နေတဲ့အတွက် ဖမ်းမမိလို့ ဝရမ်း အတည်မပြု နိုင်ခဲ့ဘူး၊ အဲ့ဒီအတွက် ပုဒ်မ ၁၂၄(က)/ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၂ အရ ရာဇဝတ် အထွေထွေမှု ပြောင်းဖွင့်ပြီး ဝရမ်းထပ်ပေးထားတာ၊ တရားခံပြေးကြေညာတဲ့ အဆင့်မရှိသေးပါဘူး” ဟု ပြောသည်။

ဦးဝီရသူအား ၎င်းနေထိုင်သည့် ကျောင်းတွင် သွားရောက်ရှာဖွေခဲ့သည့် ရဲအရာရှိ ရဲအုပ်ဇော်ဝေလင်း မဟာ အောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းဌေး တို့ကိုလည်း မေလ ၄ ရက်နေ့က တရားရုံး တွင် မေးမြန်း စစ်ဆေးခဲ့ကြောင်းသိရသည်။

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် က “တရားခံပြေးလို့ တရားရုံးက တရားဝင် ထုတ်မကြေညာသေးပေမယ့် သွားနေတာကတော့ မျက်ကွယ်မှာ ဆက်လက်စစ်ဆေးသွားမယ့်  လမ်းကြောင်းပါပဲ၊ ကျင့်ထုံးဥပဒေအရ တလ အထိ သူနေတဲ့နေရာမှာ စာကပ်အသိပေးရပေမယ့် လိုအပ်ရင် တရားသူကြီး ဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်တာတွေလဲ ရှိပါတယ်” ဟု ပြောသည်။

ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၂ တွင် စွပ်စွဲခံရသူမှ ထွက်ပြေး တိမ်းရှောင်နေကြောင်း ထင်ရှားအောင်ပြုလုပ် ပြီးပါက တရားလိုသက်သေများအား စွပ်စွဲခံရသူ မျက်ကွယ်တွင် စစ်ဆေးကာ အစီအရင်ခံချက်များ ရေးမှတ်ယူ နိုင်ပြီး စွပ်စွဲခံရသူ ဖမ်းမိသည့်အခါ အမှုစစ်ဆေးရာတွင် သက်သေခံချက်အဖြစ် တင်ပြနိုင်ကြောင်း ဆိုထားသည်။

ဦးဝီရသူအနေဖြင့် တရားခံပြေးကြေညာခံရပြီး  မျက်ကွက်တွင် အမှုစစ်ဆေးခြင်းခံရပါက တရားလိုသက်သေ များ၏ ထွက်ဆိုတင်ပြချက်များအား ခုခံချေပပိုင်ခွင့်ဆုံးရှုံးမည်ဖြစ်ပြီး ၎င်းအား လက်ခံထားသူများ၊ ကူညီအား ပေးသူများအနေဖြင့်လည်း ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၁၂၊ ပုဒ်မ ၁၀၉ တို့ဖြင့် ငြိစွန်းကာ အရေးယူခံရနိုင် ကြောင်းလည်း ဦးခင်မောင်မြင့်က သုံးသပ်ပြောသည်။

ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၁၂ ဖြင့်အရေးယူမှုအနေဖြင့် တရားလွှတ်တော် ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှုတွင် တရားခံ အောင်ဝင်းဇော်နှင့်အတူ ကားတစီးတည်းအတူသွားခဲ့သည့် အောင်ဝင်းထွန်းအား မြောက်ပိုင်းခရိုင် တရားရုံးက ပုဒ်မ ၂၁၂ အရ အပြစ်ရှိကြောင်းဆုံးဖြတ်ကာ ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့သည်။

ဦးဝီရသူ၏ ဟောပြောမှုများနှင့်ပတ်သက်ပြီး အရေးယူပေးရန် အနောက်ပိုင်းခရိုင်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးက အနောက်ပိုင်းခရိုင်တရားရုံးတွင် မေလ ၂၈ ရက်နေ့က တရားရုံးဦးတိုက် လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ဦးဝီရသူအား အမှုဖွင့်ဝရမ်းထုတ်ထားသည့် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၂၄ (က) အရ ပြစ်မှုထင်ရှားပါက ကျူး လွန်သူအား အမြင့်ဆုံး ထောင်ဒဏ်နှစ် ၂၀ နှင့် ငွေဒဏ်ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။

ထွက်ပြေးတိမ်းရှောင်နေသည့် ဦးဝီရသူအနေဖြင့် ၎င်းအပေါ် ဝရမ်းထုတ်ရှာဖွေနေခြင်းနှင့် ပတ်သက်ပြီး ဆရာ တော်ကြီးများ၏ ဓမ္မစက်ဖြင့် သြဝါဒခံယူပြီးမှသာ အာဏာစက်ဖြင့် အရေးယူမှုကို ရင်ဆိုင်ဖြေရှင်းမည် ဖြစ်ကြောင်း မေ ၃၁ ရက်နေ့ရက်စွဲဖြင့် နိုင်ငံတော် သံဃမဟာနာယက (မဟန) အဖွဲ့ထံ လျှောက်ထားသည့် စာတွင် ပြောထား သည်။

နိုင်ငံတော်သံဃ မဟာနာယက(မဟန)အနေဖြင့် ဦးဝီရသူအား သြဝါဒပေးရန် မေလ ၃၀ ရက်နေ့ ချိန်ဆိုခဲ့သော် လည်း ပြန်လည်ဆိုင်းငံ့ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့အနေဖြင့် သြဝါဒပေးမည့်အစီအစဉ်အား အကြောင်းညီညွတ်သည့် အချိန်တွင် ထပ်မံထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဦးဝီရသူအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့မှ ခေါ်ယူသြဝါဒပေးမှုအပေါ် လိုက်နာခြင်းမရှိပါက လည်း သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေအမှတ် (၂၀/၉၀) ဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်းလည်း သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဆက်စပ်ဖတ်ရှူရန်

မန္တလေးတိုင်း အတွင်း ဆန္ဒပြပွဲများ၌ သံဃာများ မပါဝင်ရေး သတိပေး

တပ်ချုပ်က ဦးဝီရသူကို ဆွမ်းကပ်မှု သံဃာကို ရည်မှန်း ဆက်ကပ်ခြင်းသာဖြစ်ဟု တပ်မတော် ပြော

ဦးဝီရသူ အရေး ပြတ်ပြတ်သားသား ကိုင်တွယ်မည်ဟု သမ္မတရုံး ပြော

ဦးဝီရသူ အရေး ပြတ်ပြတ်သားသား ကိုင်တွယ်မည်ဟု သမ္မတရုံး ပြော

အဖမ်းခံမည်ဟု ဦးဝီရသူ ပြော

Your Thoughts …
Tags: တရားခံပြေးရာဇဝတ်အထွေထွေအမှုဦးဝီရသူ
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

ဦးဝီရသူ ပြန်လာပြီ

ဦးဝီရသူ ပြန်လာပြီ

by အောင်သူရ
24 January 2025
10k

“ကြံ့ခိုင်ရေးက ဘူးလက် လှဆွေတို့၊ မင်းကင်း မောင်မြင့်တို့ ခဏခဏ လာကြတယ်”

ထောက်ခံသူများကပင် မင်းအောင်လှိုင်ကို ပြန်ရှုတ်ချနေကြပြီ

ထောက်ခံသူများကပင် မင်းအောင်လှိုင်ကို ပြန်ရှုတ်ချနေကြပြီ

by မောင်ကဝိ
19 August 2024
5.6k

စစ်တပ်ထောက်ခံသူတွေနဲ့ အမျိုးသားရေး အစွန်းရောက်တွေဟာ သူ့ရဲ့ မအောင်မြင်တဲ့ ခေါင်းဆောင်မှုကို တိုက်ရိုက်တမျိုး သွယ်ဝိုက်တဖုံ ညည်းတွားနေကြတယ်။

ဒေါ်အောင်ဆန်းစုကြည်၏ ကျင့်ဝတ် သတ္တိနှင့် မြန်မာ့လွတ်လပ်မှု ခရီးရှည်

ဒေါ်အောင်ဆန်းစုကြည်၏ ကျင့်ဝတ် သတ္တိနှင့် မြန်မာ့လွတ်လပ်မှု ခရီးရှည်

by Nandita Haksar
24 June 2024
2.3k

"ပန်းလေးတပွင့် ကိုင်ထားသူကို စစ်တပ်က ဘာကြောင့် ကြောက်တာလဲ"

၂၀၁၉ ခုနှစ် မေလ ၅ ရက် ရန်ကုန်တွင် ပြုလုပ်သော ၅၉ စ မပြင်ဆင်ရေး ဆန္ဒပြပွဲတွင် ဦးဝီရသူ တရားဟောစဉ်  / ဧရာဝတီ

ဦးဝီရသူကို စစ်ကောင်စီ၏ သဘောဆန္ဒအတိုင်း လွတ်ငြိမ်းခွင့် ပေးလို့ မရ

by ဧရာဝတီ
1 September 2021
91.6k

ဦးဝီရသူကို လွတ်ငြိမ်းခွင့် ပေးမရခြင်းမှာ ၎င်းကို တရားလို ပြုလုပ်ထားသူမှာ ယခင် နိုင်ငံတော် အစိုးရ ကိုယ် စား ရန်ကုန်တိုင်း အစိုးရအဖွဲ့ ကိုယ်တိုင် ဖြစ်နေ၍ လူပုဂ္ဂိုလ်က တရားလို မဟုတ်သဖြင့် ကျေးအေးခွင့် မရှိသည့်...

ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်းက ဦးဝီရသူကို လှူဖွယ်ပစ္စည်းဆက်ကပ်စဉ်

အစွန်းရောက် အမျိုးသားရေးဝါဒီ ဘုန်းကြီးများကို စစ်ကောင်စီ ဂုဏ်ပြု

by ဧရာဝတီ
21 February 2023
10.1k

အခမ်းအနားကို ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်မှ အဓိကအားဖြင့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ငွေကြေးထောက်ပံ့လှူဒါန်းထားသည့် သီရိမင်္ဂလာ မဟာသာသနဗိမ္မာန်တွင် ကျင်းပခဲ့သည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ဦးဝီရသူအား တပ်ချုပ် ဆွမ်းကပ်နေသောပုံ

တပ်ချုပ်က ဦးဝီရသူကို ဆွမ်းကပ်မှု သံဃာကို ရည်မှန်း ဆက်ကပ်ခြင်းသာဖြစ်ဟု တပ်မတော် ပြော

by ထက်နိုင်ဇော်
3 June 2019
48.4k

အမျိုးသားရေး ဆရာတော် ဦးဝီရသူ (ဘဒ္ဒန္တ ဝိစိတ္တာ ဘိဝံသ) ကို တပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆွမ်းဆက်ကပ် လှူဒါန်းခြင်းသည် သံဃာကို ရည်မှန်း၍ ဆွမ်း ကပ်ခြင်းသား ဖြစ်ကြောင်း...

Next Post
ဆန္ဒပြသူများက ဟောင်ကောင်၏ ဘဏ္ဍာရေး အချက်အချာနေရာရှိ ဝိတိုရိယပန်းခြံတွင် စုစည်းခဲ့ကြသည် / Reuters

နှစ် ၃၀ ပြည့် တီယန်နန်မင် အထိမ်းအမှတ် ဟောင်ကောင်နှင့် ထိုင်ပေ မှာ ကျင်းပ

Lesswalk ကို တည်ထောင်သူများတွင် တဦးဖြစ်သည့် မိုက်ခ်သန်းထွန်းဝင်းကို စက်ဘီးများ နှင့် အတူ တွေ့ရစဉ် / Lesswalk

Lesswalk အဖွဲ့မှ မြန်မာကျောင်းသားများ အတွက် စက်ဘီး အစီး ၁သောင်း လှူမည်

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

2 days ago
3.8k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

5 days ago
3.5k

Most Read

  • NUG ဘာတွေပြင်သင့်သလဲ

    NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate