သတင်း

SME လုပ်ငန်းရှင်များ၏ နစ်နာမှုကို ကာကွယ်သည့် ဥပဒေကြမ်း လွှတ်တော်သို့ တင်သွင်း

Want create site? Find Free WordPress Themes and plugins.

ပြည်ပမှ တင်သွင်းဝင်ရောက်လာသော သွင်းကုန်များကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စား လုပ်ငန်းရှင်များ ကြုံတွေ့နေရသည့် အခက်ခဲများကို ကာကွယ်ပေးနိုင်မည့် သွင်းကုန်ပမာဏ မြင့်တက်ခြင်းမှ ကာကွယ်ပေးမှု ဥပဒေကြမ်းကို ယမန်နေ့ကျင်း ပသည့်အမျိုး သား လွှတ်တော်သို့ တင်သွင်းလိုက်သည်။

ပြည်တွင်းစီးပွားရေးလုပ်ငန်း ဖြစ်သည့် အသေးစား ၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်း အချို့မှာ ဆက်လက် ယှဉ်ပြိုင် ရောင်း ချ နိုင် ခြင်း မရှိသည် လုပ်ငန်းများရှိနေကြောင်း၊ အချို့လုပ်ငန်းများမှာ ပျောက်ကွယ်သွားသည့် လုပ်ငန်း များ ထိပါ ရှိနေသည့် အတွက် သွင်း ကုန် ပမာဏ မြှင့်တင်ခြင်းမှ ကာကွယ်ပေးမှု ဥပဒေကြမ်းကို တင်သွင်းရခြင်း ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက ဆိုသည်။

ဒုတိယ ဝန်ကြီးဦးအောင်ထူးက “လုပ်ငန်းရှင်များ ကြုံတွေ့နေရတဲ့ ထိခိုက်နစ်နာမှုများကို ကာကွယ်နိုင်ဖို့( သို့မဟုတ်) ကုစားနိုင်ဖို့ အတွက် WTO (ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ )မှ ခွင့်ပြုထားတဲ့ ကုန်သွယ်မှု ကုစားရေး အစီအစဉ်ကို တင်ပြရခြင်းဖြစ်ပါတယ်” ဟု ဇွန်လ ၅ ရက်နေ့က ကျင်းပသည့် အမျိုးသား လွှတ်တော်တွင် ထည့်သွင်းပြောကြားခဲ့သည်။

ပြည်ပမှ တင်သွင်းလာသည့် သွင်းကုန်များကြောင့် ပြည်တွင်း လုပ်ငန်းရှင် အချို့မှာ ထိခိုက်နစ်နာမှုများရှိနေသည့် အတွက် အဆိုပါ ဥပဒေကြမ်းကို ပြဌာန်းပေးရန် ပုဂ္ဂလိက ကဏ္ဍဘက်မှလည်း တောင်းဆိုမှုများ ရှိနေသည်ဟု လည်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ ဥပဒေကြမ်းကို ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ – World Trade Organization (WTO) ပြဌာန်းချက်များကို အခြေခံပြီး၊ သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၏ သဘောထား မှတ်ချက်များ ၊ အကြံပြုချက်များ၊ ကုန်သည် လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ၊ ဥပဒေ ပညာရှင်များ၊ ဘာသာရပ် ဆိုင်ရာ ပညာရှင်များ နှင့် ပြည်ထောင်စု ရှေ့နေချုပ် ရုံး၏ အကြံပြုချက် များ ရယူကာ ရေးဆွဲခဲ့သည်ဟု သိရသည်။

ပြည်တွင်းSME လုပ်ငန်းများကို မြှင့်တင်ချင်ပါက ပြည်ပမှ တင်ပို့လာသည့် သွင်းကုန်များကို ကိုတာ သတ်မှတ်ရုံဖြင့် SME လုပ်ငန်းများ မတိုးတက်နိုင်ကြောင်း၊ သွင်းကုန် အစားထိုး လုပ်ငန်းများ ဆောင်ရွက်ပေးမှသာ တိုးတက်နိုင်မည် ဖြစ် ကြောင်း၊ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ အရည်အသွေးမြင့်မားစေရန် အတွက် အစိုးရဘက်မှ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ရန်ကုန်မြို့ရှိ SME လုပ်ငန်းရှင် တဦး ဖြစ်သူ Nara (နာရာ) လ္ဘက်လုပ်ငန်းရှင် ဦးကျော်သီဟက ပြောသည်။

ဦးကျော်သီဟ က “ဥပဒေနဲ့ ကာကွယ်ရုံလောက်နဲ့ ခိုးသွင်းတဲ့ လမ်းကြောင်းပဲဖြစ်မှာ။ မှောင်ခိုဖြစ်သွားမှာ။ သူတို့ဆီက ကုန်ပစ္စည်းက အရည်အသွေးကောင်းတယ်။ ဈေးသက်သာတယ်။ ကိုယ့်နိုင်ငံက ထုတ်ကုန်ကလည်း အဲ့ဒီလို ဖြစ်ဖို့ လိုပါတယ်” ဟု ပြောသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်လည်း တိုင်းရင်းသား စည်းလုံး ညီညွှတ်ပါတီ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် ဒေါက်တာကျော်ဆွေက ပြည်တွင်းရှိ SME လုပ်ငန်းများ ပြို လဲသွားသည့် အဆင့်ရောက်နေသဖြင့် နိုင်ငံတော်မှ တာဝန်ရှိသူများ သိစေချင်ကြောင်း ၊ အစိုးရ အနေဖြင့် ပြုပြင်ပြောင်းလဲရေး လုပ် ငန်း များ ဆောင်ရွက်သင့်ပြီ ဖြစ်ကြောင်း တိုက်တွန်းပြောဆိုသွားသည်။

တိုင်းရင်းသားပါတီ ၂၄ ပါတီမှ နိုင်ငံတော် သမ္မတ ထံ ပေးပို့သည့် အိတ်ဖွင့်ပေးစာ၌လည်း မြန်မာနိုင်ငံ၏ လက်ရှိ စီးပွားရေး အခြေနေ ၊ နှစ် အလိုက်ကုန်ဈေးနှုန်း မြင့်တက်နေမှုများနှင့် SME လုပ်ငန်းရှင်များ စီးပွားရေးလုပ်ငန်း အဆင်မပြေမှုများ ပါရှိကြောင်း သိရသည်။

ရင်းနှီးမြှပ်နှံမှုနှင့် စက်မှု လက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းက “ ဥပဒေ ပြဌာန်းရုံနဲ့ လုံလောက်သလားဆိုတော့ မလုံလောက်ဘူး။ ကိုယ့်ပြည်တွင်းမှာ ရှိတဲ့ ကုန်ထုတ်လုပ်ငန်းရှင် တွေကို ကာကွယ်ဖို့ရယ်။ နိုင်ငံခြား ရင်းနှီး မြှပ်နှံ မှုတွေကို ရည်ရွယ်ပြီးတော့ အခု ဥပဒေကို ပြဌာန်းတာပါ ” ဟု ပြော သည်။

ဥပဒေ ပြဌာန်းရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းလာသည့် ကုန်စည်တမျိုးမျိုး၏ သွင်းကုန်ပမာဏ မြင့်တက်ခြင်းကြောင့် ပြည်တွင်းရှိ အလားတူ ကုန်စည် (သို့မဟုတ်) တိုက်ရိုက် ယှဉ်ပြိုင်သည့် ကုန်စည် ထုတ်လုပ်မှုများ အပေါ် ခြိမ်းခြောက်မှုများ ဖြစ်ပေါ်လာပါက ကာကွယ်မှု နှင့်ကုစားပေးနိုင်မှုများကို ကျင့်သုံးနိုင်ရန် နှင့် သွင်းကုန်အပေါ် လုံလောက်သော ကာကွယ်မှု အခွန်စည်းကြပ်ရန် စသည်အချက်များ ပါဝင်သည်။

အမျိုးသားလွှတ်တော် ဥက္ကဌ ဦးမန်းဝင်းခိုင်သန်းက သွင်းကုန်ပမာဏ မြှင့်တက်ခြင်းမှ ကာကွယ်ပေးမှု ဥပဒေ ကြမ်းကို ဆွေးနွေးလိုသည့် ကိုယ်စားလှယ် များ ရှိပါက ပြင်ဆင်လိုသည့် အပိုဒ်၊ အပိုဒ်ခွဲများကို အသေးစိတ် ဖော်ပြ လက်မှတ်ရေး ထိုးပြီး ဇွန်လ ၁၀ ရက်နေ့ နောက် ဆုံးထားပြီး ညွှန်ကြားရေးချုပ်ထံ စာရင်း ပေးနိုင်ကြောင်းကြေညာ ခဲ့သည်။

You May Also Like These Stories: 

SME တွေ ချေးငွေရဖို့ ဘာလို့ခက်နေလဲ

မန္တလေးတိုင်း SME ဖွံ့ဖြိုးရေး ကဏ္ဍ ၇ ရပ် အခြေခံ ရေးဆွဲထား< နိုင်ငံခြားဘဏ်များ ထပ်မံ ခွင့်ပြုရန် စီစဉ်နေ

Loading