စင်ကာပူ အမျိုးသားတက္ကသိုလ်ရဲ့ သုသေသနတွေအရ စင်ကာပူနိုင်ငံမှာ လိင်တူဆက်ဆံသူ အမျိုးသား ၂ သိန်းကျော် ရှိနေပြီး သူတို့ဟာ ခုခံအားကျဆင်းမှု ရောဂါကို ခံစားနေရတယ်လို့ သိရပါတယ်။
စင်ကာပူနိုင်ငံမှာ ခုခံအားကျဆင်းမှုရောဂါ ဖြစ်ပွားနိုင်ချေရှိတဲ့ လျှို့ဝှက်အုပ်စု ၄ ခုရှိပါတယ်။ အဲဒီအထဲမှ လိင်တူဆက်ဆံသူ အမျိုးသား ၂ သိန်း ၁ သောင်း၊ လိင်အလုပ်သမများနဲ့ ဆက်ဆံသူ အမျိုးသား ၇သောင်းကျော်၊ လိင်အလုပ်သမ ၄ ထောင်ကျော်နဲ့ မူးယစ်ဆေးဝါးသုံးစွဲသူ ၁သောင်းကျော်တို့ဟာ ကူးစက်ပြီး ဖြစ်တယ်လို့ စင်ကာပူနိုင်ငံ အမျိုးသားကျန်းမာရေးကျောင်း Saw Swee Hock က ခန့်မှန်းထားပါတယ်။
သုသေသနပြုလုပ်သူတွေ ဖြစ်တဲ့ Alvin Teo, Dr Kiesha Prem, Dr Mark Chen, Dr Adrian Roellin, Associate Professor Wong Mee Lian, Dr Hanh Hao La နဲ့ Dr Alex Cook တို့ကတော့ ဒီလို သုသေသနပြုလုပ်တာဟာ ခုခံအားကျဆင်းမှုရောဂါကို ထိန်းချူပ်ဖို့၊ ကုသဖို့နဲ့ ဖြစ်ပွားနေသူတွေကို ထောက်ပံ့ပေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီသုသေသနဟာ နိုင်ငံတော်အဆင့် ပြုလုပ်တာဖြစ်ပြီး ၂၀၁၇ ခုနှစ် သြဂုတ်လမှာ စတင်ကာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် မေလ ၉ ရက်နေ့မှာ သုသေသနအကြောင်း တရားဝင် ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
အခုလို ရောဂါခံစားနေရသူတွေကို နိုင်ငံတော် အဆင်နဲ့ ကုသပေးခြင်းတွေ ပြုလုပ်ဖို့ စီစဉ်နေပြီး နိုင်ငံသားတွေအနေနဲ့ ခုခံအားကျဆင်းမှုရောဂါနဲ့ သက်ဆိုင်တဲ့ ဗဟုသုတတွေ ဖြန့်ဝေဖို့ လုပ်ကိုင်နေတယ်လို့ သုသေသနပြုလုပ်သူတွေက ဆိုပါတယ်။
Ref; bangkokpost
You may also like these stories:
ထိုင်းအမျိုးသား လိင်ကျွန်များ၏ တိတ်တိတ်ပုန်း ကမ္ဘာသို့
HIV ပိုးရှိသူ ထိုင်းစစ်သား၊ လူငယ် ၇၅ဦးကို အဓမ္မပြုကျင့်မှုဖြင့် ဖမ်းဆီး
ဟယ်ရီပေါ်တာဝတ္ထုမှ ဇာတ်ကောင် ၂ခုကြား လိင်တူဆက်ဆံရေးရှိကြောင်း ပြောတဲ့ JK Rowling ဝေဖန်ခံရ