• English
Tuesday, June 24, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကုန်းဘောင် စာဆိုရှင် မယ်ခွေ ၏ “လက်ဆောင်” ကဗျာ ကိစ္စ သမ္မတရုံး ဝင်ပါနေရ

by မိုးမိုး
8 June 2019
in သတင်း
A A
နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးကို သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်

နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးကို သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်

23.2k
VIEWS
Share on FacebookShare on Twitter

အဋ္ဌမတန်း မြန်မာစာ သင်ရိုးညွှန်းတမ်းပါ ကုန်းဘောင်ခေတ် စာဆို မယ်ခွေ၏ “လက်ဆောင်”ကဗျာကို ယခု ပညာ သင်နှစ်မှ စ၍ ပယ်ဖျက်ခြင်း အပေါ် လူမှုကွန်ရက် စာမျက်နှာ၌ ဝေဖန်မှုများ မြင့်တက်လာသဖြင့် သမ္မတရုံး ကိုယ် တိုင် ပါဝင်ဖြေရှင်းပေးနေရသည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်၍ သင်ရိုးညွှန်းတမ်း ပြင်ဆင်ရေး ကိစ္စများကို ပေါ့ပေါ့ဆဆ မလုပ်ရန် နိုင်ငံတော် သမ္မတရုံးက လည်း ပညာရေးဝန်ကြီးဌာနသို့ အသိပေးထားကြောင်း၊ နိုင်ငံတော်သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ယမန် နေ့က ပြုလုပ်သည့် သမ္မတ အိမ်တော် သတင်းစာရှင်းလင်းပွဲ တွင် မီဒီယာများကို ပြောသည်။

RelatedPosts

“ဝ” ထိန်းချုပ်ဒေသမှာ ၁၀ နှစ်အတွင်း မြေရှားတူးဖော်မှု ၈ ဆ တိုးလာ (ရုပ်/သံ)

“ဝ” ထိန်းချုပ်ဒေသမှာ ၁၀ နှစ်အတွင်း မြေရှားတူးဖော်မှု ၈ ဆ တိုးလာ (ရုပ်/သံ)

23 June 2025
43
အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

23 June 2025
3.1k
TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

23 June 2025
903

ကုန်းဘောင်ခေတ် စာဆိုရှင် မယ်ခွေ၏ “လက်ဆောင်” ကဗျာမှာ ချစ်သူမောင်ကို သောက်သုံးဖို့ ဆေးလိပ်ကို အပင်မှခူး ကာ ဆင်းရဲသည့် ကြားမှ တယုတယ လိပ်ထားပုံကို တင်စား ဖွဲ့ဆိုထားခြင်းဖြစ်သည်။

သို့သော် ယင်းကဗျာတွင် ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် ပတ်သက်သည့် အကြောင်းအရာ ပါသည်ဆိုကာ နေပြည်တော် ကုတင် ၁၀၀၀ ပြည်သူ့ ဆေးရုံကြီးမှ ပါမောက္ခ အမျိုးသမီး ဆရာဝန်ကြီး တဦးက ထိုကဗျာ ကြောင့် ကလေးများ ဆေးလိပ် ၊ ဆေးရွက်နှင့် ပတ်သက်ပြီး နားလည်မှု လွဲနိုင်ကြောင်း ပညာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ထံသို့ တင်ပြလာဖြင့် မယ်ခွေ ကဗျာကို ဖြုတ်ချ လိုက် ခြင်း ဖြစ်သည်ဟု သိရကြောင်း သမ္မတရုံးမှ ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက ဆိုသည်။

ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်ပါ “လက်ဆောင်” ကဗျာကြောင့် ကျောင်းသားလူငယ်များ အကြား ဆေးလိပ်သောက်သုံး မှု ဖြစ်စေနိုင်သည် ဆိုသည်မှာ မည်သည့် အချက်ကို သုံးသပ်၍ ပြောသနည်း၊ ဤကဗျာကြောင့် လူငယ်များ ဆေးလိပ် သောက်သည် ဆိုလျှင်လည်း စစ်တမ်း အချက်အလက် ရှိပါသလား ဆိုသည်ကို သမ္မတရုံးက ပညာရေး ဝန်ကြီးဌာနသို့ မေးမြန်းခဲ့ကြောင်း မီဒီယာများသို့ ရှင်းပြသည်။

“ဆိုလိုတာက ခိုင်မာတဲ့ သုတေ သန ပြုချက်တွေ စစ်တမ်းကောက်ယူချက်တွေ လုပ်သင့်တယ်လို့ ပညာရေးဝန်ကြီး ဌာနကို ပြော ထားတယ်” ဟု သူက ပြောသည်။

ယခုအခါ ပညာရေး ဝန်ကြီးဌာနသည် ကုန်းဘောင်ခေတ် စာဆိုရှင် မယ်ခွေ၏ လက်ဆောင်ကဗျာအစား ကုန်းဘောင် ခေတ် စာဆိုတဦးဖြစ်သည့် စုံနံသာမြိုင် ဦးကြော့၏ သမီး မအိ ရေးသားသည့် “အေးခွင့်မဖန်” ကဗျာဖြင့် အစားထိုး လိုက်ကြောင်း သိရသည်။

ကုန်းဘောင်ခေတ် စာဆိုရှင် မယ်ခွေ၏ “လက်ဆောင်” ကဗျာမှာ

မဝယ်ဘူး၊ မယ်ခူးမယ်တဲ့ ဖက်စို။

မီးမကူ

နေပူမှာ မကင် အားလို့၊ ထားရတယ် အိပ်ရာ အောက်မှာ

မင်းသောက်ဖို့ကို။

ညှာအနား၊ ရှေ့ သွားနှင့်ကိုက်လို့ တို၊

မချိုတောင့်လိပ်ဆေး။

ပိုး မကူ

ဝါချည်ဖြူတစ်ပင်ရစ်ကယ်နှင့်

ငယ်ချစ်မောင် ရွှေဝသွားကို

ပါးလိုက်တယ်လေး

ဟူ၍ ဖွဲ့ဆိုထားခြင်းဖြစ်သည်။

ဤသို့ ရှေးစာဆိုတဦး၏ ချစ်ရာကောင်းသော ကဗျာတွင် ဆေးလိပ်၊ ဆေးရွက်ကြီးအ ကြောင်းပါသော်လည်း ထိုအကြောင်း အရာထက် မိန်းမပျို၏ ချစ်ခြင်း မေတ္တာကိုသာ ဖော်ကျူးထား သဖြင့် ယင်းသို့ ပြဋ္ဌာန်းစာအုပ်မှ ပယ်ဖျက်ခြင်းကို လူမှုကွန်ရက်တွင် ဝေဖန်မှုများ မြင့်တက်နေသည်။

ပြန်ကြားရေး ဝန်ကြီးဟောင်း ဝန်ကြီးဟောင်း ဦးရဲထွဋ်ကလည်း လူငယ်များ ဆေး လိပ်သောက်သုံး နေမှုမှာ လက်ဆောင် ကဗျာကြောင့်လား ၊ ဆေးလိပ်ကို အလွယ်တကူ ဝယ်၍ ရနေခြင်းကြောင့်လား ဟူ၍ ၎င်း၏ Facebook စာမျက်နှာ တွင်ရေးသားထားသည်။

“ပညာရေးဝန်ကြီး ဌာနအနေနဲ့ စာသင်ကျောင်းတွေ အနီးတိုဝိုက်မှာ ဆေးလိပ် မရောင်းချရဘူး ဆိုတဲ့ ကန့်သတ်ချက်ကို အားလုံး လိုက်နာအောင် အကောင် အထည်ဖော်တာက ပိုပြီးလက်တွေ့ကျမယ်ထင်ပါတယ် ” ဟု ဦးရဲထွဋ်က ထောက်ပြရေးသား ထားသည်။

ထိုသို့ ထောက်ပြ ဝေဖန်မှုများနှင့် ပတ်သက်၍ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ကျောင်းသူ၊ ကျောင်းသားများ မူးယစ် ဆေးနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ ကိုယ်တိုင်အထူးအလေး ထားဆောင်ရွက်နေကြောင်း၊ စာသင်ကျောင်းများနှင့် နီးစပ်သည့် နေရာများတွင် ကွမ်းယာဆိုင်နှင့် မူးယစ်ဆေး ဝါး အလွယ်တကူဝယ် ယူရရှိနိုင်သော ဆိုင်များမရှိရန် လည်း ညွန်ကြားထားကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေ ဖြင့်လူငယ်များမူးယစ်ဆေးဝါးသုံးစွဲမှုမရှိစေရန် အဆိုပါ ညွှန်ကြား ချက်ကို မြှင့်တင်ဆောင်ရွက်ရန်လိုအပ်မည် ဖြစ်ကြောင်း ဆိုသည်။

မယ်ခွေသည် ကုန်းဘောင် ခေတ်တွင် နန်းတက်သော ဘိုး တော်ဘုရားလက်ထက်၌ ထင် ရှားသော အမျိုးသမီးစာဆိုတဦး ဖြစ်သည်။ ရာသီဘွဲ့များကို အဲချင်းကဗျာအဖွဲ့အနွဲ့ဖြင့်ရှေးဦးစွာဖွဲ့ဆိုသူဖြစ်သည်။

You may also like these stories:

ဗိုလ်မှူးကြီး ဗထူး ကျောက်တိုင် ဖြိုဖျက်ခံရမှု ပုံများကြောင့် စိုးရိမ်မှု ဖြစ်ဟု သမ္မတရုံးပြော

ဦးဝီရသူကို အရေးယူနိုင်ဖို့ အစိုးရ ကြိုးစားနေ

Your Thoughts …
Tags: ဆေးလိပ်ပညာရေး ဝန်ကြီးဌာနမယ်ခွေလက်ဆောင် ကဗျာသမ္မတရုံး
မိုးမိုး

မိုးမိုး

...

Similar Picks:

စစ်ကောင်စီ၏ အသုံးချခံ ရုပ်သေးသမ္မတ ဦးမြင့်ဆွေ

စစ်ကောင်စီ၏ အသုံးချခံ ရုပ်သေးသမ္မတ ဦးမြင့်ဆွေ

by ဒေးဗစ်အောင်
28 July 2023
11.5k

သမ္မတ ဦးမြင့်ဆွေသည် နေအိမ်အကျယ်ချုပ် ခံထားရသကဲ့သို့ ဖြစ်နေသည်ဟု စစ်တပ်ဝါရင့်အရာရှိများနှင့် ဌာနအကြီးအကဲများက မှတ်ချက်ချသည်။

လက်လီဆိုင်များတွင် ဆေးလိပ်ဗူးကို မြင်သာအောင် ထားခြင်းကို ပိတ်ပင်ရန် လိုသည်  / http://sea-globe.com

ဆေးလိပ်ကို မြန်မာတို့ ထိန်းချုပ်ချိန်တန်ပြီ

by Mary Assunta
10 January 2017
13.9k

လတ်တလော မြန်မာနိုင်ငံတွင် ဆေးလိပ်သောက်သုံးသူ ၆ သန်းကျော်ရှိသည်။ အရွယ်ရောက်ပြီးသူ အမျိုးသားများ၏ ၄၄ % ဆေးလိပ်သောက်ကြသည်

သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး  / ထက်နိုင်ဇော် /  ဧရာဝတီ

သမ္မတရုံး ပြောခွင့်ရှိသူ ဦးဇော်ဌေး ပြန်လည်လွတ်မြောက်

by ဧရာဝတီ
26 June 2021
96.8k

အာဏာမသိမ်းမီ နောက်ဆုံးလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူပြောတာတွေကို တပ် ချုပ်က တော်တော် စိတ်ဆိုးတယ်လို့ ကျနော်တို့ သိရတယ်။ ရွေးကောက်ပွဲရလဒ်ကို ဝေဖန်တဲ့လူတွေ၊ အဖွဲ့အစည်းတွေက Political Suicide နိုင်ငံရေး ဆွဲကြိုးချသလို ဖြစ်မယ်ဆိုပြီး ပြောတာ။ သူက...

အောက်တိုဘာ ၂၅ရက်က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်း ထောက်များနှင့် တွေ့ ဆုံနေသည့် ဦးဇော်ဌေး / ထက်နိုင်ဇော် / ဧရာဝတီ

ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီမနှင့် ယောက်ဖ အဖမ်းခံရမှု ဖောက်ခွဲပစ္စည်းများနှင့် ဆက်စပ်ဟုဆို

by ထက်နိုင်ဇော်
26 October 2019
17.5k

ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ညမ မမိုးနှင်းဖြူ၊ ယောက်ဖဖြစ်သူ ကိုကျော်နိုင်တို့ကို အောက်တိုဘာ၁၉ ရက်နေ့က မြန်မာနိုင်ငံ ရဲတပ် ဖွဲ့က ဖမ်းဆီးခဲ့သော်လည်း သက်ဆိုင်ရာက သတင်းထုတ်ပြန်မှု တစုံတရာ မရှိသေးသဖြင့် မနေ့က နေပြည်တော်တွင် ဧရာဝတီက ယင်း...

Wisdom Hill ကျောင်း  / ထက်နိုင်ဇော် / ဧရာဝတီ

Wisdom Hill ကျောင်းကို အရေးယူမည်ဟု သမ္မတရုံး ပြော

by မိုးမိုး
5 July 2019
32.1k

Wisdom Hill ပုဂ္ဂလိက ကျောင်းတွင် အသက် ၃ နှစ်မပြည့်သေးသည့် ကလေးငယ် မဖွယ်မရာ ပြုကျင့်ခံ ရ သည့် အမှုနှင့် ပတ်သက်၍ တရားဝင် ခွင့်ပြုချက်မရဘဲ ဖွင့်ထားသည့် ကျောင်းဖြစ်သည့် အတွက် အရေးယူသွားမည်...

သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး / ကျော်မျိုး

AA ကို စစ်ဆင်ပြီး နှိမ်နှင်းမည်ဟု သမ္မတ ရုံး ပြော

by မိုးမိုး
7 January 2019
157.2k

ရက္ခိုင့်တပ်မတော် AA ကို သောင်းကျန်းသူ နှိမ်နှင်းရေး စစ်ဆင်ရေးများ ပြုလုပ်ပြီး ထိရောက်စွာ ဖြေရှင်းနိုင်ရန် နိုင်ငံတော် သမ္မတ ရုံးမှ ညွှန်ကြားထားသည်

Next Post
Ano ko no Toriko ဇာတ်ကား ဇာတ်ဝင်ခန်း

သုံးပွင့်ဆိုင်ချစ်ခြင်းမေတ္တာကို အဓိပ္ပာယ်ဖွင့်ဆိုပြမယ့် "Ano ko no Toriko"

အစားမှားတာကြောင့်လည်း ဝမ်းဗိုက်အောင့်တာနဲ့ နာကျင်တာတွေကို တခါတရံမှာ ခံစားရတတ်ပါတယ်

ဝမ်းဗိုက်နာကျင်မှု နေရာတွေပေါ်မူတည်ပြီး သိနိုင်တဲ့ ရောဂါများ

No Result
View All Result

Recommended

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

22 hours ago
8.2k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

4 days ago
4.7k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate