• English
Sunday, June 22, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပြည်ထောင်စု ရာထူးဝန်အဖွဲ့ကို ကော်မတီဖွဲ့ စုံစမ်းစစ်ဆေးနေဟု သမ္မတရုံးပြော

by ကျော်မျိုး
8 June 2019
in သတင်း
A A
ပြည်ထောင်စု ရာထူးဝန်အဖွဲ့ / ucsb.gov

ပြည်ထောင်စု ရာထူးဝန်အဖွဲ့ / ucsb.gov

52k
VIEWS
Share on FacebookShare on Twitter

အရည်အသွေး မမီဟု ဝေဖန်ခံနေရသော နိုင်ငံခြားတက္ကသိုလ် နှစ်ခုတို့နှင့် ပူးပေါင်းခဲ့မှု အပါအဝင် ပြည်ထောင်စု ရာထူး ဝန် အဖွဲ့၏ ဆောင်ရွက်ချက်အချို့နှင့် ပတ်သက်၍ ကော်မတီတရပ်ဖွဲ့ကာ စုံစမ်းစစ်ဆေး နေကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဇွန်လ ၇ရက် ညနေကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အဆိုပါ စစ်ဆေးမှု၏ ရလဒ်များကိုလည်း အထက်လူကြီးများထံ ဆက်လက်တင်ပြသွားမည်ဟုလည်း သူက သတင်းထောက်များကို ပြောသည်။

RelatedPosts

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

22 June 2025
40
မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

21 June 2025
127
မဲဆောက်မှာ လျှပ်စစ်ဆိုင်ကယ်နဲ့ သုံးဘီးတွေကို ဆက်တိုက်ဖမ်းနေ (ရုပ်/သံ)

မဲဆောက်မှာ လျှပ်စစ်ဆိုင်ကယ်နဲ့ သုံးဘီးတွေကို ဆက်တိုက်ဖမ်းနေ (ရုပ်/သံ)

21 June 2025
99

“အစောကြီးကတည်းက၊ ကိုနေယံဦး မရေးခင် ကတည်းက အစိုးရအနေနဲ့ သိပါတယ်။ ဝေဖန်မှုတွေဖြစ်တဲ့အချိန်မှာ အထောက်အထားတွေ ပြန်ပြီး စုပါတယ်။ စုပြီး အဲဒီအပေါ်မှာ  ပြည်ထောင်စုဝန်ကြီးတွေပါတဲ့ ကော်မတီဖွဲ့ စုံစမ်း စစ်ဆေးမှုတွေ လုပ်ပါတယ်။ လုပ်တဲ့ အပေါ်မှာ ပြည်ထောင်စုဝန်ကြီး တချို့ပေါ့၊ နာမည်တော့မပြောတော့ပါဘူး။ အနည်းစု စိစစ်ပြီးတော့မှ လူကြီးတွေဆီ တင်ပြဖို့ ရှိပါတယ်” ဟု ဦးဇော်ဌေးက ပြောသည်။

သို့ရာတွင် စစ်ဆေးနေသည့် အခြေအနေနှင့် စစ်ဆေးမှု ရလဒ်များအပေါ် မည်သို့ ဆက်လက်လုပ်ဆောင်မည်ကို မူ ပြောကြားခဲ့ခြင်းမရှိပေ။

“အသေးစိတ်တော့ ပြောဖို့ မရှိပါဘူး။ ဘွဲ့ကိစ္စ၊ ဝန်ထမ်း ရွေးချယ်ရေးနဲ့ တွဲလုပ်နေတဲ့ ပြည်ပတက္ကသိုလ်ပေါ့၊ သင်ရိုးတွေ ဘာတွေ အကုန်လုံးပါပါတယ်။ တခုလုံးနဲ့ ဆက်စပ်နေတာတွေကို စိစစ်ဖို့ ခိုင်းထားပါတယ်”ဟု ဦးဇော်ဌေးက ပြောသည်။

ပြည်ထောင်စု ရာထူးဝန်အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေသော အမေရိကန်နိုင်ငံ Akamai University နှင့် မလေးရှား နိုင်ငံမှ EDS Business School တို့သည် သက်ဆိုင်ရာ နိုင်ငံများက အသိအမှတ် ပြုထားသည့် စာရင်းတွင် မပါရှိသော အမည်ခံ တက္ကသိုလ်များ ဖြစ်ကြောင်း၊ ယင်းတက္ကသိုလ်များနှင့် ပူးပေါင်းခြင်းကြောင့် နိုင်ငံ ထိခိုက်နစ်နာရ၍ တာဝန်ရှိသူများကို စုံစမ်းအရေးယူပေးရန် အင်္ဂလန်နိုင်ငံ၊ အောက်စဖို့ဒ် တက္ကသိုလ်တွင် ပညာသင်ကြားနေသူ ကိုနေယံဦးက နိုင်ငံတော် သမ္မတရုံးသို့ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလက တိုင်ကြားခဲ့သည်။

ကိုနေယံဦးသည် အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ်တွင် ပြည်သူ့ရေးရာ မူဝါဒ တက်ရောက် သင်ကြားနေသူ တဦး ဖြစ်ပြီး  လွန်ခဲ့သော ငါးလခန့်မှစတင်ကာ ၎င်း၏ လူမှုကွန်ယက်စာမျက်နှာနှင့် သတင်းဂျာနယ်များတွင် ရာထူးဝန်အဖွဲ့နှင့် ယင်းတက္ကသိုလ်များ၏ ပူးပေါင်းမှုအပေါ် ဝေဖန်ရေးသားနေသူဖြစ်သည်။

“ကော်မတီဖွဲ့ စစ်ဆေးနေတယ် ဆိုတာ သိရလို့ ဝမ်းသာပါတယ်။ တွေ့ရှိချက်တွေကို အမြန်ဆုံး အထက်လူကြီးတွေဆီ တင်ပြပြီး၊ အပြစ်ရှိပါက ရာထူးဝန်အဖွဲ့ကို ထိထိရောက်ရောက် အရေးယူပေးဖို့ မျှော်လင့်ပါတယ်”ဟု ကိုနေယံဦးက ဧရာဝတီကို ပြောသည်။

သမ္မတရုံးသို့  ၎င်း၏ တိုင်ကြားမှုအပေါ် စုံစမ်းစစ်ဆေးမှုမှာ အချိန်ကြာမြင့်ခြင်းနှင့်  သတင်းထုတ်ပြန်မှုပိုင်းကို အားမရ ကြောင်း ၎င်းက ဝေဖန်သည်။

“စုံစမ်းစိစစ်မှု ပြီးခဲ့ရင်လည်း ရာထူးဝန်အဖွဲ့ကို အရေးယူမှာလား၊ အရေးမယူဘူလားဆိုတာသိရဖို့ နောက်ထပ် ဘယ် လောက်တောင် စောင့်ရမလဲ မသိဘူး။ အစိုးရသည် ပြည်သူတွေရဲ့ တောင်းဆိုမှု၊ တိုင်ကြားမှုတွေကို တုံ့ပြန်တာ အရမ်း နှေးပြီး၊ သတင်းထုတ်ပြန်မှု အားနည်းတာကို တွေ့ရတယ်” ဟု ကိုနေယံဦးက ပြောသည်။

ကိုနေယံဦး၏ သမ္မတရုံးထံ တိုင်ကြားစာ၌ မလေးရှား အစိုးရသည် မလေးရှား အခြေစိုက် တက္ကသိုလ် ဒီဂရီ ကောလိပ် များကို အရည်အသွေး စစ်ဆေးကာ သတ်မှတ်ချက်နှင့် ညီလျှင် တရားဝင် အသိအမှတ်ပြု ထုတ်ပေး သော်လည်း EDS Business Schlool သည် မလေးရှား အစိုးရ၏ အသိအမှတ်ပြုမှုကို ရရှိထားသော အဖွဲ့အစည်း မဟုတ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ဟာဝိုင်ယီ အခြေစိုက် Akami University သည်လည်း အမေရိကန် ပညာရေး ဝန်ကြီးဌာန၏ အသိအမှတ်ပြုမှု ကို မရထားသည့် ပညာရေး အဖွဲ့အစည်း ၁၂ ခုတွင် တခု အပါအဝင် ဖြစ်ပြီး ဟာဝိုင်ယီ ဒေသခံများ၏ ဓာတ်ပုံ ဗီဒီယို မှတ်တမ်း များအရ တက္ကသိုလ် အဆင့် မရှိဘဲ သင်တန်းကျောင်း သာသာ အဖွဲ့အစည်း ဖြစ်ကြောင်း ရေးသားထားသည်။

ပြည်ထောင်စု ရာထူးဝန် အဖွဲ့သည် ခိုင်မာမှု မရှိသည့် အဆိုပါ တက္ကသိုလ် နှစ်ခုနှင့် ၂၀၁၇ ခုနှစ်မှ စတင် ပူးပေါင်းကာ နိုင်ငံ့ ဝန်ထမ်းများအား သင်တန်းနှင့် မာစတာဘွဲ့များ ပို့ချပေးခြင်း၊ ဝန်ထမ်းများကို မလေးရှားရှိ EDS School သို့ စေလွှတ် သင်ကြားစေခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းကဲ့သို့ သင်တန်းကျောင်း သာသာ အဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက် ခြင်းကြောင့် နိုင်ငံ့ ဂုဏ်သိက္ခာ ကျဆင်းခြင်း၊ ပြည်သူ့ ဘဏ္ဍာများ လေလွင့် ဆုံးရှုံးခြင်းတို့ ဖြစ်ရသည့် အတွက် နောက် ကွယ်တွင် အဂတိလိုက်စားမှု ရှိမရှိ စုံစမ်း စစ်ဆေးစေလိုခြင်း ဖြစ်ကြောင်း ကိုနေယံဦးက ဆိုထားသည်။

ယင်းကဲ့သို့သော ဝေဖန်မှုများကြောင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့က နိုင်ငံတော် သမ္မတရုံးထံ တင်ပြပြီး တက္ကသိုလ်နှစ်ခုနှင့် ပူးပေါင်းမှုကို ဇန်နဝါရီလ ၄ ရက်တွင်  ရပ်ဆိုင်းခဲ့သည်။

ရာထူးဝန်အဖွဲ့က ပြည်သူ့ဝန်ထမ်း အကယ်ဒမီ ဖွင့်လှစ်ပြီးနောက် ဆရာ ဆရာမများကို အရည်အသွေး မြှင့် တင်ပေးရန် အတွက် နိုင်ငံတော် တာဝန်ရှိသူများထံ အဆင့်ဆင် တင်ပြပြီး ၂၀၁၇ ခုနှစ်တွင် အဆိုပါ တက္ကသိုလ် နှစ်ခုနှင့် ပူးပေါင်းကာ သင်ကြားစေခဲ့ခြင်း ဖြစ်ကြောင်း၊ အခြားသော နိုင်ငံ့ ဝန်ထမ်း အဆင့်မြှင့်တင်သည့် သင်တန်းများနှင့် သက်ဆိုင်ခြင်း မရှိ ဟုလည်း  ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးမြင့်ဆွေက ဧရာဝတီသို့ ပြောဆိုထားသည်။

ယင်းတက္ကသိုလ် ၂ခုနှင့် ပတ်သက်ပြီး ဘဏ္ဍာငွေသုံးစွဲရာတွင် အလေအလွင့် မရှိခဲ့ဟုလည်း ၎င်းက ပြောဆိုထားသည်။

လက်ရှိ အခြေအနေများနှင့် ပတ်သက်ပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ အမြဲတမ်း အတွင်းဝန် တဦးထံ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပဲ၊ ဒုတိယညွှန်ကြားရေးမှူးချုုပ် တဦးထံ ထပ်မံ ဆက်သွယ် ခဲ့သော်လည်း ၎င်းအနေဖြင့် မှတ်ချက်ပြု ပြောကြားနိုင်ခြင်းမရှိဟုသာ ပြောဆိုခဲ့သည်။

ကိုနေယံဦးက အထက်ပါကိစ္စနှင့်ပတ်သက်ပြီး သမ္မတရုံးနှင့် နိုင်ငံတော်၏အတိုင်ပင်ခံရုံးသို့ တိုင်ကြားမှုမှာ သုံးလကြာ သည်အထိ ထူးခြားမှုမရှိ၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ ထပ်မံတိုင်ကြားထားသည်ဟုလည်း ဇွန်လ ၅ရက်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

၎င်းအနေဖြင့် တစုံတစ်ဦး နစ်နာစေရန် ရည်ရွယ်တိုင်တန်းခြင်း မဟုတ်ဘဲ တရားဝင်အသိအမှတ်ပြုမှု မရှိသော ပြည်ပ တက္ကသိုလ် နှစ်ခုဖြင့်  ပူးပေါင်းလုပ်ဆောင်မှုကြောင့် နိုင်ငံတော်ဘဏ္ဍာငွေတွေ ဆုံးရှုံးခဲ့ခြင်းနှင့် အကျိုးစီးပွားဆက်နွှယ်မှု၊ အကျင့်ပျက်ခြစားမှု၊ အဂတိလိုက်စားမှုများ ပါဝင်နိုင်၍ ပြည်သူများကိုယ်စား တိုင်တန်းရခြင်းဖြစ်ကြောင်း ရေးသားထား သည်။

ဆက်စပ်ဖတ်ရှု့ရန် – ပြည်ထောင်စု ရာထူးဝန် အဖွဲ့ကို အရေးယူရန် သမ္မတရုံးသို့ တိုင်ကြား

ပြည်ပ တက္ကသိုလ် နှစ်ခုနှင့် ပူးပေါင်းမှု ရပ်ဆိုင်းပြီးဖြစ်ဟု ရာထူးဝန် အဖွဲ့ အတည်ပြု

ရာထူးဝန်အဖွဲ့ ကို စုံစမ်းစစ်ဆေးရေး ဖိအားတွေ တိုးလာနေ

ပြည်ပ တက္ကသိုလ် နှစ်ခုနှင့် ပူးပေါင်းမှု ရပ်ဆိုင်းခြင်း ရာထူးဝန် အဖွဲ့ အတည်မပြု

Your Thoughts …
Tags: Akamai UniversityEDS Business Schoolပြည်ထောင်စု ရာထူးဝန်သမ္မတရုံး
ကျော်မျိုး

ကျော်မျိုး

ဧရာဝတီ

Similar Picks:

စစ်ကောင်စီ၏ အသုံးချခံ ရုပ်သေးသမ္မတ ဦးမြင့်ဆွေ

စစ်ကောင်စီ၏ အသုံးချခံ ရုပ်သေးသမ္မတ ဦးမြင့်ဆွေ

by ဒေးဗစ်အောင်
28 July 2023
11.5k

သမ္မတ ဦးမြင့်ဆွေသည် နေအိမ်အကျယ်ချုပ် ခံထားရသကဲ့သို့ ဖြစ်နေသည်ဟု စစ်တပ်ဝါရင့်အရာရှိများနှင့် ဌာနအကြီးအကဲများက မှတ်ချက်ချသည်။

နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးကို သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်

ကုန်းဘောင် စာဆိုရှင် မယ်ခွေ ၏ “လက်ဆောင်” ကဗျာ ကိစ္စ သမ္မတရုံး ဝင်ပါနေရ

by မိုးမိုး
8 June 2019
23.2k

ယင်းကဗျာတွင် ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် ပတ်သက်သည့် အကြောင်းအရာ ပါသည်ဆိုကာ နေပြည်တော် ကုတင် ၁၀၀၀ ပြည်သူ့ ဆေးရုံကြီးမှ ပါမောက္ခ အမျိုးသမီး ဆရာဝန်ကြီး တဦးက ထိုကဗျာ ကြောင့် ကလေးများ ဆေးလိပ် ၊...

သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး  / ထက်နိုင်ဇော် /  ဧရာဝတီ

သမ္မတရုံး ပြောခွင့်ရှိသူ ဦးဇော်ဌေး ပြန်လည်လွတ်မြောက်

by ဧရာဝတီ
26 June 2021
96.8k

အာဏာမသိမ်းမီ နောက်ဆုံးလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူပြောတာတွေကို တပ် ချုပ်က တော်တော် စိတ်ဆိုးတယ်လို့ ကျနော်တို့ သိရတယ်။ ရွေးကောက်ပွဲရလဒ်ကို ဝေဖန်တဲ့လူတွေ၊ အဖွဲ့အစည်းတွေက Political Suicide နိုင်ငံရေး ဆွဲကြိုးချသလို ဖြစ်မယ်ဆိုပြီး ပြောတာ။ သူက...

အောက်တိုဘာ ၂၅ရက်က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်း ထောက်များနှင့် တွေ့ ဆုံနေသည့် ဦးဇော်ဌေး / ထက်နိုင်ဇော် / ဧရာဝတီ

ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီမနှင့် ယောက်ဖ အဖမ်းခံရမှု ဖောက်ခွဲပစ္စည်းများနှင့် ဆက်စပ်ဟုဆို

by ထက်နိုင်ဇော်
26 October 2019
17.5k

ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ညမ မမိုးနှင်းဖြူ၊ ယောက်ဖဖြစ်သူ ကိုကျော်နိုင်တို့ကို အောက်တိုဘာ၁၉ ရက်နေ့က မြန်မာနိုင်ငံ ရဲတပ် ဖွဲ့က ဖမ်းဆီးခဲ့သော်လည်း သက်ဆိုင်ရာက သတင်းထုတ်ပြန်မှု တစုံတရာ မရှိသေးသဖြင့် မနေ့က နေပြည်တော်တွင် ဧရာဝတီက ယင်း...

Wisdom Hill ကျောင်း  / ထက်နိုင်ဇော် / ဧရာဝတီ

Wisdom Hill ကျောင်းကို အရေးယူမည်ဟု သမ္မတရုံး ပြော

by မိုးမိုး
5 July 2019
32.1k

Wisdom Hill ပုဂ္ဂလိက ကျောင်းတွင် အသက် ၃ နှစ်မပြည့်သေးသည့် ကလေးငယ် မဖွယ်မရာ ပြုကျင့်ခံ ရ သည့် အမှုနှင့် ပတ်သက်၍ တရားဝင် ခွင့်ပြုချက်မရဘဲ ဖွင့်ထားသည့် ကျောင်းဖြစ်သည့် အတွက် အရေးယူသွားမည်...

သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး / ကျော်မျိုး

AA ကို စစ်ဆင်ပြီး နှိမ်နှင်းမည်ဟု သမ္မတ ရုံး ပြော

by မိုးမိုး
7 January 2019
157.2k

ရက္ခိုင့်တပ်မတော် AA ကို သောင်းကျန်းသူ နှိမ်နှင်းရေး စစ်ဆင်ရေးများ ပြုလုပ်ပြီး ထိရောက်စွာ ဖြေရှင်းနိုင်ရန် နိုင်ငံတော် သမ္မတ ရုံးမှ ညွှန်ကြားထားသည်

Next Post
မန္တလေးမြို့တွင် ယနေ့ နံနက်ပိုင်းက တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း ထုတ်ပြန်မှုကို ကြည့်နေသည့် ကျောင်းသားတချို့   / ဇော်ဇော် / ဧရာဝတီ

ဘာသာစုံ ဂုဏ်ထူးရှင် ပေါ်ထွက်မှု မန္တလေးတိုင်း ထိပ်ဆုံးမှရပ်တည်

ပြည်တွင်းကုန်သည်များကို မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ကျောက်မျက်ပွဲ စတင် (ရုပ်/သံ)

ပြည်တွင်းကုန်သည်များကို မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ကျောက်မျက်ပွဲ စတင် (ရုပ်/သံ)

No Result
View All Result

Recommended

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

6 days ago
4.6k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

2 days ago
3.9k

Most Read

  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate