• English
Saturday, July 19, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

၂၀၂၀ ရွေးကောက်ပွဲတွင် သမ္မတ ဦးဝင်းမြင့် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဝင်ရောက် အရွေးခံမည်

by မိုးမိုး
9 June 2019
in သတင်း
A A
သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်  / ဧရာဝတီ

သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် / ဧရာဝတီ

13.2k
VIEWS
Share on FacebookShare on Twitter

သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း မျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွှန့်က ပြောသည်။

၎င်းက“အင်မတန် အရည်အချင်း ရှိတဲ့သူတွေကို တိုင်းပြည်အတွက် ဆက်ပြီးတော့ သူတို့ရဲ့လုပ်အားကိုလိုအပ်ပါတယ်။ ကျနော်တို့ လို အပ်ပါတယ်။ ဟုတ်ပါတယ်၊ ဆက်ပြီး အရွေးခံပါမယ်”ဟု နေပြည်တော်ရှိ စည်ပင်ရိပ်သာတွင် ဇွန်လ ၈ ရက် က ပြုလုပ်သော NLD ပါတီ ဗဟို အလုပ်အမှုဆောင် (CEC) အစည်းအဝေး အပြီးတွင် မီဒီယာများ၏ မေးမြန်းမှုကို ဒေါက်တာ မျိုးညွန့်က ပြန်လည် ဖြေကြားခဲ့သည်။

RelatedPosts

ရေချယ်တေဇအကြောင်း ဖော်ပြထားမှုကို အီတလီ ဖက်ရှင်မဂ္ဂဇင်းဖယ်ရှား (ရုပ်/သံ)

ရေချယ်တေဇအကြောင်း ဖော်ပြထားမှုကို အီတလီ ဖက်ရှင်မဂ္ဂဇင်းဖယ်ရှား (ရုပ်/သံ)

18 July 2025
58
လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဥ့်ကူးရောက်

လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဥ့်ကူးရောက်

18 July 2025
1.6k
မြန်မာဒုက္ခသည်တွေကို အလုပ်လုပ်ခွင့်ပေးဖို့ တောင်းဆို (ရုပ်သံ)

မြန်မာဒုက္ခသည်တွေကို အလုပ်လုပ်ခွင့်ပေးဖို့ တောင်းဆို (ရုပ်သံ)

18 July 2025
43

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် သမ္မတနှင့် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ အနေဖြင့် ၎င်းတို့ ၏ မဲဆန္ဒနယ်များတွင် မဲ ဆွယ်ခွင့် ရှိသဖြင့် မဲဆွယ် စည်းရုံးရေး လုပ်ပိုင်ခွင့် ရှိကြောင်း၊ တပြည်လုံး အနေဖြင့် မဲဆွယ်မည်ဆိုပါက အုပ်ချုပ်ရေး ပိုင်းအရ ထိပ်ပိုင်း တာဝန်များကို စွန့်လွှတ်မည် ဖြစ်ကြောင်း လည်း ဒေါက်တာ မျိုး ညွန့်က ဆက်ပြောသည်။

သို့သော် နိုင်ငံတော် အကြီးအကဲများ ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်ကိုမူ ဒေါက်တာ မျိုးညွှန့်က အတိအကျ ပြောကြား ခြင်း မရှိခဲ့ပေ။

၂၀၂၀ ရွေးကောက်ပွဲတွင် နိုင်ငံတော် အကြီးအကဲများ ဝင်ရောက် ယှဉ်ပြိုင်မည်ဟု တရားဝင် ကြေညာလိုက်ခြင်းသည် NLD အနေဖြင့် အနိုင်ရရှိမည်ဟု ယုံကြည်ချက် ရှိသဖြင့် ပြောဆိုလိုက်ခြင်း ဖြစ်ကြောင်း၊ ပြည်သူလူထုက တင်မြှောက်သည့် အစိုးရ ကို တည်ဆောက်မည် ဆိုသည့် အချက် ပြချင်၍ ဝင်ရောက်ယှဉ်ပြိုင်ခြင်းလည်း ဖြစ်နိုင်ကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးရဲထွန်းက ဧရာဝတီသို့ ပြောသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး ပါတီ မှ ပြောရေးဆိုခွင့် ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေ ကလည်း “သူတို့ရဲ့ ထင်ကြေးက သူတို့ ထင်နိုင်တယ်။ အစ်မတို့ကလည်း ၂၀၂၀ မှာ အစ်မတို့ ပါတီ အောင်နိုင်မယ်၊ အစ်မတို့ ပါတီ ဥက္ကဋ္ဌ ကို သမ္မတ ဖြစ်မယ်လို့ အစ်မတို့ ယုံကြည်တယ်။ ဒါ အစ်မတို့ ယုံကြည်ချက်ပဲ”ဟု ပြောဆိုသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတ ဦးဝင်းမြင့် သည် တာမွေမြို့နယ်၊ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးမြို့နယ်မှ ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

ဦးရဲထွန်းက “နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် အနေနဲ့ တပြည်လုံးမှာ သွားခွင့်ရှိတယ်။ တပြည်လုံးမှာ လူထုနဲ့တွေ့ဆုံပွဲ ကိစ္စ မျိုးတွေ လုပ်ရင်းနဲ့  အစိုးရရဲ့ ကိစ္စတွေ ဆောင်ရွက်တာမျိုုးတွေ  လုပ်နိုင်တယ်။ တကယ် လို့ NLD ကို မဲထည့်ကြပါလို့ ပွင့်ပွင့် လင်းလင်း တိုက်တွန်းလိုက်ရင်တော့ တာဝန်ကနေ နုတ်ထွက်ရမယ်”ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၁၈ နိုဝင်ဘာ  ၃ ရက်က ကျင်းပခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲတွင်လည်း နိုင်ငံတော်သမ္မတ အနေဖြင့် ၎င်း၏ မဲဆန္ဒနယ်ဖြစ်သည့် တာမွေ မဲဆန္ဒနယ်သို့ ကိုယ်တိုင်သွားရောက် မဲပေးခဲ့သကဲ့သို့  အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ၎င်း၏ မဲဆန္ဒနယ်တွင် ကြိုတင် ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။

၂၀၂၀ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှုဖြစ်ရန် အစွမ်းကုန် ကြိုးစားမည်ဖြစ်ပြီး မတရားသော နည်းလမ်းဖြင့် အနိုင်ရခြင်းထက် တရားသဖြင့် ရှုံးနိမ့်ခြင်းကို လက်ခံမည့် စနစ်ဖြင့် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ဒေါက်တာ မျိုးညွှန့်က ပြောသည်။

ရွေးကောက်ပွဲ ကော်မရှင်တွင်လည်း NLD ပါတီမှ အမာခံများသာ ထည့်သွင်းထားခြင်း မဟုတ်ဘဲ ယခင် လူဟောင်း များ နှင့် ဖွဲ့စည်းထားကြောင်း၊ ကော်မရှင်ကို သမာသမတ်ရှိသည့် အဖွဲ့အစည်း တခုဖြစ်ရန် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း ဒေါက်တာ မျိုးညွှန့်က ဆိုသည်။

ဆက်လက်၍ NLD ပါတီ အနေဖြင့် ပြည်သူလူထု ပါတီဝင်များ နှင့် ဆက်ဆံရာတွင် မောက်မာမှုများ၊ အုပ်ချုပ်ရေး ပိုင်းတွင် ဝင်ရောက် စွက်ဖက်ခြင်းများ အစရှိသည့် အကြောင်းအခြင်းများကြောင့် ပါတီဝင် ၄၅ ဦးကျော်ကို အရေးယူထားကြောင်း၊ လာမည့် ရွေးကောက်ပွဲတွင် အဆိုပါ အရေးယူ ခံထားရသူများ ပြန်ပါလာမည် မဟုတ်တော့ကြောင်းလည်း ဒေါက်တာ မျိုးညွှန့်က ဆက်ပြောသည်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို  ၂၀၂၀ နိုဝင်ဘာ လအတွင်း ကျင်းပနိုင်ဖွယ် ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

You may also like these stories:

လုပ်ငန်းရှင်များ ပေးသော ကျန်းမာရေး စောင့်ရှောက်မှု သမ္မတနှင့် အတိုင်ပင်ခံတို့ လက်မခံ

ပါတီ စည်းကမ်းဖြင့် အရေးယူခံရသူများ ကိုယ်စားလှယ် ပြန်မဖြစ်နိုင်တော့ဟု NLD ပြော

မဲစာရင်း ပြုစုသည့် UEC အဖွဲ့ဝင်များ အမှားပါလျှင် တာဝန်ယူရမည်ဟု ဆို

သမ္မတ လွတ်ငြိမ်းခွင့် အပေါ် ဝေဖန်မှုများ သေချာ လေ့လာ၍ ပြောရန် သမ္မတရုံး သတိပေး

Your Thoughts …
Tags: ၂၀၂၀ ရွေးကောက်ပွဲဒေါ်အောင်ဆန်းစုကြည်သမ္မတ ဦးဝင်းမြင့်
မိုးမိုး

မိုးမိုး

...

Similar Picks:

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.3k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.5k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.5k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.6k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

by ဇုန်းရိန်
27 July 2023
22.9k

စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

by ဝေမင်းထွန်း
12 July 2024
20.2k

ယခုအခါ သူတို့၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက် စစ်တပ်ခေါင်းဆောင်ပိုင်းကို ပုန်ကန်ရန် လိုအပ်လာပြီ ဖြစ်၏။

Next Post
ကမ္ဘာ့ပထမဆုံး ဂစ်တာဟိုတယ်

ဂစ်တာပုံစံ ဆောက်လုပ်ထားတဲ့ ကမ္ဘာ့ပထမဆုံး ဂစ်တာဟိုတယ်

နဖူးတဝိုက်က ဝက်ခြံတွေဟာ မျက်နှာပေါ်မှာ ပေါက်တဲ့ ဝက်ခြံတွေထက် ကုသရခက်ပါတယ်

နဖူးတဝိုက်က ဝက်ခြံတွေကို ပျောက်ကင်းစေမယ့် နည်းလမ်းကောင်းများ

No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

2 days ago
3.4k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

3 days ago
3.4k

Most Read

  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဥ့်ကူးရောက်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate